အပိုင်း ၎

1.8K 100 0
                                    

မားရဲ့ မီးငယ်လေး
- အပိုင်း - ၎
- GL Story
- စာရေးသူချယ်

" ဟဲ့ စောလေး နင့်မျက်နှာဘာဖြစ်လာတာလဲ ဆူပုတ်နေတာဘဲ ဘာလဲ နင့်ဘွားတော်က ဆူလိုက်ပြန်ပြီးလား "
" ဆုမြတ် နင်ကလဲ သိသာနေတာကို မေးနေပြန်ပြီး ဒီကမ္ဘာမှာ စောနှင်းဖွင့်ဖြူကို ဒီလိုမျက်ခွက်ဖြစ်အောင် လုပ်နိုင်တာ အန်တီဧဘဲ ရှိတာကို ဘာဖြစ်လာတာလဲဘဲ မေးလိုက်စမ်းပါ "
" နင်တို့တွေကလဲ တအားစကားများတာဘဲ ငါ့ဟာငါ စိတ်ကောက်နေတာတောင် အေးဆေးမကောက်ရဘူး "
" ကောက်တာက ကောက်ပါ ခုဘာဖြစ်လာတာလဲဘဲပြော နင့်ဘွားတော်က နင်တို့တော်တော်ဆူလိုက်တာလား "
" ဆုမြတ် ငါ့ရဲ့ မားကို ဘွားတော် ဘွားတော်နဲ့ ဘယ်လိုပြောနေတာလဲ ငါမကြိုက်ဘူး မခေါ်နဲ့ မားက ငါ့ကိုမဆူပါဘူး ဘာမှလဲမပြောဘူး "
" ဘာမှမဆူဘူးဆို မျက်နှာက ပြိုတော့မယ့်မိုးလို အုံ့မဲနေတာလဲဟ " အာကာ က နားမလည်သလိုပုံစံမျိုးနဲ့ မေးတော့
" ဘာမှမဟုတ်ဘူးဟာ မနက်က မားလေ ငါ့ကို morning kiss မပေးဘဲနဲ့ အစည်းအဝေးနောက်ကျနေပြီးဆိုပြီး လောလော လောလောနဲ့ ကုမ္မဏီကို ထွတ်သွားတယ်ဟယ် မားကလေ ငါ့ကို ဂရုမစိုက်တော့ဘူးနဲ့တူတယ် " စောနှင်း မျက်နှာငယ်လေးနဲ့ ပြောလိုက်တော့ ဆုမြတ်နဲ့ အာကာရဲ့ အကြည့်တွေက စောနှင်းကို အရမ်းအကဲပိုတဲ့ပုံစံမျိုးနဲ့ ခေါင်းတခါခါဖြစ်နေကြသည်။ ဆုမြတ်နဲ့ အာကာက စောနှင်းရဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်သည်။ စောနှင်း​ဆိုးသမျှကိုလဲ သည်းခံပေးတဲ့ ပြောမနာဆိုမနာလေးတွေပင်။ စောနှင်း မားကို ဘယ်လောက်ချစ်တယ်ဆိုတာ သူတို့ငယ်ငယ်တည်းက သိသလို မားကလဲ စောနှင်းကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ သူတို့အသိဆုံးပင်။ တစ်ခါတလေ မားနဲ့ စောနှင်းတို့ကို ကြည့်ပြီး ပိုလွန်သည်ဟုထင်ကာ အမြင်ကပ်နေကြသေးသည်။ စောနှင်းရဲ့ ဖုန်းလေးက massage ringtoneသံလေးကြားလို့ ကြည့်မိတော့ မားဆီကစာပင်
" မီးငယ်လေး မနက်က မားအစည်းအဝေးနောက်ကျနေလို့ morning kiss မပေးလိုက်ရဘူး မားကို စိတ်မကောက်နဲ့နော် မားနေ့လည်ကျောင်းဆင်းရင် လာကြိုမယ်နော် မီးငယ်လေး morning kiss အာဘွား 😙 " မား​က ပြန်ချော့တော့လဲ စောနှင်းက ဘာသားနဲ့ထုထားတာမို့လို့လဲ၊ စောနှင်းမျက်နှာလေးချက်ခြင်းပင် ပြုံးယောင်သန်းသွားသည်။ အဲတာကို မြင့်ဖြစ်အောင်လိုက်တဲ့သူကတော့ စောနှင်းရဲ့ သူငယ်ချင်းစုတ်နှစ်ယောက်၊ စောနှင်းကို မဲ့ကာရွဲကာနှင့် မကြားအောင်စောင်ပြောနေကြသည်။
" အောင်မလေး တချို့တချို့တွေ အပြောင်းအလဲအရမ်းမြန်တာနော် တော်ကြာတစ်မျိုး ခုတစ်မျိုးနဲ့ " ဆုမြတ်ကပြောတော့ အာကာကပါ ပြန်ချေပတယ်
" ဟုတ်ပ့ ဟုတ်ပ့ စောစောကကျတော့ သူဘဲမတရားခံရသလို ရုပ်ကတစ်မျိုး ဟိုကပြန်ချော့တော့ ချက်ခြင်းကိုရုပ်က စပ်ဖြီးဖြီးဖြစ်သွားတယ် "
" နင်တို့တွေ ငါအတင်းတုတ်လို့ ပြီးပြီးလား ပြီးရင် အတန်းသွားတတ်မယ် ထကြတော့လာ "
" အေး...အေ... လာပြီး စောင့်ဦးလေဟယ် "
" မြန်မြန်လာလေဟာ အတန်းထဲမှာ တီချယ်ရောက်တော့မယ် တော်ကြာ အတန်းထဲဝင်တာ နောက်ကျလို့ အဆူခံနေရဦးမယ် " စောနှင်းတို့ အတန်းထဲရောက်ပြီး သိပ်မကြာ ဆရာမ၀င်လာသည်။ ဆရာမရဲ့ဘေးမှာလဲ ကျောင်းယူနီဖောင်းဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်။ အသားဖြူဖြူ ဗမာမကျ တရုတ်မကျတဲ့ မျက်နှာပေါက်လေးနဲ့ ကျောလယ်လောက်ဆံပင်လေးကို ဖြန့်ချထားတာ ချစ်စရာလေးပင်။ ကျောင်းပြောင်းလာတဲ့ ကျောင်းသူတစ်ယောက်ဖြစ်မယ်လို့ စောနှင်းတွေးလိုက်မိသည်။
" ဒီကသူငယ်ချင်းက ဆရာမတို့ ကျောင်းကို ပြောင်းလာတာတဲ့ အားလုံးဘဲ သူငယ်ချင်းအသစ်လေးကို ဂရုစိုက်ပေးလိုက်ဦးနော် သမီး သူငယ်ချင်းတွေကို မိတ်ဆတ်ပေးလိုက်ပါဦး "
" သူငယ်ချင်းတို့ ငါ့နာမည်က သဇင်နွယ်ပါ ကူညီပေးကြပါဦးနော် "
" သမီးသဇင်နွယ် စောနှင်းပွင့်ဖြူရဲ့ ဘေးမှာ နေရာလွတ်ရှိတယ် အဲမှာထိုင်လိုက်နော်၊ သမီးစောနှင်း သူငယ်ချင်းကို ခေါ်လိုက်ဦးလေ "
" ဟုတ် တီချယ်၊ ဟို.... နေရာက ဒီမှာပါ " စောနှင်းပြပေးတဲ့ နေရာကို သူဝင်ထိုင်ကာ စောနှင်းဘက်လှည့်ပြီး ပြုံးပြတာကြောင့် စောနှင်းလဲ ပြန်ပြုံးပြလိုက်သည်။
             ========================
စာသင်ချိန်ပြီးသွားတော့ မားလာကြိုမယ်ပြောထားတာကြောင့် စောနှင်းကျောင်းရှေ့မှာရပ်စောင့်နေသည်။ စောနှင်းစောင့်နေတုန်း နောက်ကျောကို တစ်ယောက်ယောက်လာပုတ်ခေါ်လို့ လှည့်ကြည့်လိုက်တော့ ဒီနေ့မှကျောင်းကိုပြောင်းလာတဲ့ ကျောင်းသူသစ်ဖြစ်နေသည်။
" ဟေး နွယ်ကိုမှတ်မိတယ်မလား ကျောင်းသူသစ်လေ ခင်လို့ရမလားဟင် နွယ့်မှာ သူငယ်ချင်းမရှိလို့ ဒါနဲ့ ဘယ်လိုခေါ်ရမလဲဟင် နာမည် "
" အာ... ရပါတယ် စောနှင်းပွင့်ဖြူပါ စောနှင်းသူငယ်ချင်းတွေက စောလေးလို့ခေါ်ကြတယ် နွယ်အဆင်ပြေသလိုခေါ်ပါ "
" အင်း... နှင်းလို့ဘဲခေါ်မယ်လေ ရတယ်မလား "
" ရပါတယ် ကြိုက်သလိုခေါ်ပါ "
" နှင်းက မပြန်သေးဘူးလား လာကြိုမယ်သူကိုစောင့်နေတာလား "
" ဟုတ်တယ်နွယ် မားလာကြိုမယ်ဆိုလို့ စောင့်နေတာ "
" ကောင်းလိုက်တာ နွယ်မှာက နွယ်၅နှစ်သမီးထဲက ဖေဖေကော မေမေကော မရှိတော့ဘူး နွယ့်ထက် ဆယ်နှစ်ကြီးတဲ့ နွယ့်အကိုအရင်းကဘဲ ခုချိန်ထိစောင့်ရှောက်လာတာ ဖေဖေတို့ မေမေတို့ ကိုယ်တိုင်လာကြိုကြတဲ့သူတွေဆို နွယ်အရမ်းအားကျတာ " နွယ်ရဲ့အပြောကြောင့် စောနှင်းစိတ်မကောင်းဖြစ်မိသည်။ စောနှင်းနဲ့ ဘ၀တူတွေဖြစ်တာကြောင့်လဲ ကိုယ်ချင်းစာမိသည်။ နွယ့်အပေါ် ဘ၀တူတွေမို့ ပိုပြီးခင်မင်ရင်းနှီအောင်နေဖို့လည်း စောနှင်းဆုံးဖြတ်ထားလိုက်သည်။ ဒါကြောင့် စောနှင်းဘ၀အကြောင်းကိုလဲ နွယ့်ကို ပြောပြဖြစ်သည်။
" နှင်းလဲ နွယ်နဲ့ တူတူပါဘဲ နှင်းငါးနှစ်သမီးအရွယ်မှာ ဖေဖေကော မေမေကော တစ်ပြိုင်တည်းဆုံးသွားတာပါ၊ မားဆိုတာက နှင်းကို မွေးစားထားတာပါ နှင်းကိုလဲ မားက အရမ်းချစ်ပြီး အရမ်းဂရုစိုက်တာ သမီးအရင်းလိုဘဲ " စောနှင်းပြောပြီး မျက်နှာလေးငယ်ကျသွားတာမို့ နွယ့်ကဘဲ ပြန်ပြီးအားပေးရသည်။
" အဲတာဆို နွယ်နဲ့နှင်းနဲ့က ဘ၀တူတွေဘဲပေါ့ နွယ်တို့တွေ သူငယ်ချင်းကောင်းတွေ လုပ်ကြမယ်နော် ပြီးတော့ နှင်းမှာလဲ နှင်းကိုအရမ်းချစ်တဲ့ မားရှိသလို နွယ့်မှာလဲ နွယ့်ကို အရမ်းချစ်တဲ့ ကိုကိုရှိတာဘဲ ဘာအားငယ်စရာလိုလို့လဲ ဟုတ်တယ်မလား "
" တီ..... တီ..... " ကားဟွန်းတီးသံကြောင့် မော့ကြည့်တော့ မား၊ ကားပေါ်ကဆင်းလာပြီး လှပကြော့ရှင်းတဲ့ ခြေလှမ်းတွေနဲ့ စောနှင်းဆီလျှောက်လာနေတာ အရမ်းကြည့်ကောင်းနေတယ်။ စောနှင်းရဲ့အနားရောက်လာတာနဲ့ နဖူးလေးကို နမ်းပြီး ခေါင်းလေးဖွဖွလေးပုတ်ပြီး
" မီးငယ်လေး မျက်နှာလည်းမကောင်းပါလား၊ နေမကောင်းဘူးလား မီးငယ် တစ်ခုခုဖြစ်လို့လား မားကိုပြောလေ " မားရဲ့နွေးထွေးတဲ့စကားသံတွေအောက်မှာ စောနှင်း နွယ်ရှိနေတာတောင် မရှက်နိုင်တော့ဘဲ မားရဲ့ရင်ခွင်ထဲ ကလေးတစ်ယောက်လို တိုးဝင်ကာ
" မဟုတ်ပါဘူးမားရေ မီးငယ် မေမေ့ကို သတိရသွားလို့ပါ ဟင့်... "
" မီးငယ်ရယ် ဘာလို့ငိုနေတာလဲ မီးငယ်နားမှာ မားရှိနေတာဘဲလေကွယ် မငိုနဲ့တိတ် ​ငိုနေရင်ရုပ်ဆိုးတယ် "
" မားကလဲလို့ အော် မီးငယ်မေ့နေတာ မားကိုမိတ်ဆတ်ပေးမယ် သူက ဒီနေ့မှ ကျောင်းကို အသစ်ပြောင်းလာတဲ့ ကျောင်းသူသစ် သဇင်နွယ်တဲ့ မီးငယ်တို့ သူငယ်ချင်းတွေဖြစ်သွားပြီးမား " မီးငယ်ပြောတဲ့ သူငယ်ချင်းဆိုတဲ့ ကောင်မလေးကို ခေါင်းညိမ့်အသိအမှတ်ပြုပြီး
" နွယ် ဒါက နှင်းရဲ့မား Royal Group CEO ဒေါ်ဧကရီတဲ့ နှင်းရဲ့သူငယ်ချင်းတွေကတော့ မားကို အန်တီဧလို့ခေါ်ကြတယ် နှင်းလဲ အဲလိုဘဲခေါ်ပေါ့ " နွယ်ကို မိတ်ဆတ်ပေးနေတဲ့ နှင်းရဲ့ မားဆိုတဲ့သူကတော့ နွယ့်ကို ပြုံးပြနှုတ်ဆတ်ရုံသာ
" မီးငယ်လေး မားတို့ပြန်ကြမယ်လေ သူငယ်ချင်းကို နှုတ်ဆတ်လိုက်ဦးနော် "
" ဟုတ်... မား၊ နွယ် နှင်းတို့ ပြန်တော့မယ်နော် နွယ်ကိုကိုကော လာမကြိုသေးဘူးလား "
" ခနနေလာတော့မှာပါ တာတာ့နှင်း မနက်ဖြန်တွေ့မယ်နော် "
              ========================
ဒီနေ့ကျောင်းဆင်းတော့ နွယ့်ကိုကိုက နွယ့်သူငယ်ချင်းတွေကို ဆိုင်မှာ မုန့်တစ်ခုခုလိုက်ကျွေးချင်တယ်ဆိုတာကြောင့် အာကာ၊ ဆုမြတ်တို့နဲ့အတူ နှင်းပါ ဆိုင်လေးတစ်ခုကို ရောက်နေသည်။
"အားလုံးနဲ့ မိတ်ဆတ်ပေးမယ်နော် ဒါက ငါ့ကိုကို The Sun Groupရဲ့ CEO ကိုဟိန်းမင်းလတ်ပါ၊ ကိုကို သူတို့က ညီမလေးရဲ့သူငယ်ချင်းတွေ သူက စောနှင်းပွင့်ဖြူ၊ ဆုမြတ်နဲ့ အာကာတဲ့ "
" ညီတို့၊ညီမတို့ အကို့ညီမလေးကို ကျောင်းမှာဂရုစိုက်ပေးကြတာ ကျေးဇူးပါနော် အကို့ညီမလေးရဲ့သူငယ်ချင်းတွေက အကို့ညီလေး ညီမလေးတွေဘဲ ဆိုတော့ အကူအညီလိုရင် အကို့ကိုပြောကြနော် "
" ဟုတ်ကဲ့ အကိုဟိန်းမင်းလတ် "
" ကိုဟိန်းလို့ဘဲခေါ်ပါ သက်တောင့်သက်သာနေနော် စားချင်တာ မှာစားကြနော် ဘာမှအားမနာနဲ့နော် နွယ် ညီမလေးကော ဘာစားမလဲ "
" ညီမလေးက ကိတ်နဲ့ ပိန်းဥမစ်ရှိတ်ဘဲသောက်မယ် နှင်းတို့ကော ဘာစားကြမလဲ စားချင်တာမှာနော် "
" နှင်းတို့လဲ ကိတ်နဲ့ မစ်ရှိတ်ဘဲသောက်မယ်လေ " နွယ်တို့စားချင်တာတွေ ကိုကိုက မှာပေးပြီး စားစရာမလာခင် ရောက်တတ်ရာရာစကားပြောကြရင် ကိုကိုနဲ့ နွယ့်သူငယ်ချင်းတွေ နည်းနည်းရင်းနှီးလာကြသည်။ နွယ်သတိထားမိတယ် ကိုကိုက နှင်းနဲ့စကားပြောနေတဲ့ချိန်ဆို မျက်လုံးလေးတွေ ရွှင်လတ်တောက်ပနေပြီး ကလေးတစ်ယောက်လိုဘဲ ပျော်နေသည်။ ကိုကို့မှာ နွယ့်ထက်ပိုပြီး ချစ်တဲ့သူပေါ်လာမှာကို နွယ်ကြောက်မိသည်။ နွယ် စွန့်ပစ်ခံရမှာကိုကြောက်သည်။ နွယ့်ကို ဘယ်သူမှ မလိုအပ်တော့မှာကို ကြောက်သည်။ အခုတော့ နွယ်ကြောက်မိနေတာကြီးကို နွယ်မကြာခင် ရင်ဆိုင်ရတော့မယ်ထင်တယ်။ .......
" ကိုကို " နွယ်ခေါ်လိုက်တော့ ကားမောင်းနေရင်း လှည့်ကြည့်တယ်။
" အင်း.... ညီမလေးပြောလေ ခေါ်ပြီးတော့ ဘာတွေမှိုင်နေတာလဲ "
" ကိုကို ညီမလေးသူငယ်ချင်း နှင်းကို သဘောကျနေတာလာ "
" ဟာ ဒီကလေးကတော့ ကိုကို့ကို စနောက်စရာမှတ်နေလား "
" ညီမလေးက စနေတာမှမဟုတ်တာ အကောင်းမေးနေတာကို နှင်းကို ကြည့်နေတဲ့ ကိုကို့မျက်လုံးတွေက နှင်းကို သဘောကျနေမှန် အရမ်းသိသာတယ်ကိုကို "
" ဟုတ်လား အဲလောက်တောင် သိသာသွားတာလား "
" နွယ်က ကိုကို့မျက်နှာကိုဘဲ ကြည့်ပြီး ကြီးပြင်းလာတာပါ ကိုကိုရဲ့၊ ကိုကို့အကြောင်း ညီမလေးမသိဘဲနေမလား "
" ညီမလေးက သိတယ်ဆိုရင်လဲ ပြောပါဦး ညီမလေးရဲ့သူငယ်ချင်းကို ယောင်းမတော်နိုင်လား "
" မတော်နိုင်စရာတော့ မရှိပါဘူး နှင်းက နွယ်ရဲ့ သူငယ်ချင်းဘဲ တော်လဲတော်တယ် ရုပ်လဲချောတယ် ဒါပေမယ့် .... "
" ဒါပေမယ့် ဘာဖြစ်လဲ ဆက်ပြောလေ ညီမလေးရဲ့ "
" ကိုကိုမှာ ညီမလေးထက်ပိုပြီး ချစ်ရမယ့် ဂရုစိုက်ရမယ့်သူ ပေါ်လာရင် ညီမလေးက ချောင်ထဲရောက်သွားမှာကြောက်တယ် ကိုကို ညီမလေးကို မလိုချင်တော့မှာ ကြောက်တယ် " မျက်ရည်တွေ ကျပြီးပြောနေတဲ့ နွယ့်ကြောင့် ကိုကို မနေသာတော့ဘဲ ကားကို လမ်းဘေးတစ်နေရာထိုးရပ်လိုက်သည်။ နွယ်ရဲ့ခေါင်းလေးကို ခပ်ဖွဖွလေးပုတ်ပြီး
" ဒီမှာ ညီမလေး ကိုကိုပြောတာ နားထောင် ညီမလေးက ကိုကို့ရဲ့ တစ်ဦးတည်းသော မိသားစုဝင်လေ ကိုကိုချစ်ရတဲ့ ညီမလေးဘဲ ညီမလေးကော နှင်းကောက ကိုကို့ဘ၀မှာ အရေးပါတဲ့သူတွေချည်းဘဲ ကိုကို ဘယ်သူကိုမှ ပစ်ပယ်မထားဘူး အဲတာစိတ်ချနော် "
" တကယ်လာ ကိုကို နှင်းနဲ့ အဆင်ပြေသွားရင်တောင် ညီမလေးကို ပစ်မထားရဘူးနော် "
" ပစ်မထားဘူး ညီမလေးရယ် ကိုကို ကတိပေးတယ်နော် "
" ကတိ " လက်သန်းလေးနဲ့ လက်မလေးချိတ်ပြီး ကိုကို့ကို ပြုံးပြတော့ ကိုကိုကလဲ နွယ့်ကို နှစ်လိုဖွယ်ပြန်ပြုံးပြလာသည်။
" ကိုကိုသာ ကတိတည်တယ်ဆိုရင် နှင်းနဲ့အဆင်ပြေအောင် ညီမလေးကူညီပေးမယ် ညီမလေးရဲ့ ယောင်းမအချောအလှလေးကို ကိုကို့နားရောက်အောင် ခေါ်လာပေးပါမယ် "
" ဟား..... ဟား..... ကိုကို့ညီမလေးကတော့ တော်တော်စကားတတ်နေတာဘဲ "
" ဟီး ..... "
                  ======================
အားပေးကြတဲ့ ဒါဒါလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်နော် Review လေးတွေလဲ သိချင်ပါတယ် သာသာရဲ့ ချစ်သူကောင်မလေးက update မတင်မချင်း နားပူနားဆာလုပ်နေလို့ စောစောလေးတင်ပေးလိုက်ပါပြီးနော် ဖတ်ပြီးအားပေးကြပါဦးရှင့်

မားရဲ့ မီးငယ်လေး (Completed )Where stories live. Discover now