အပိုင်း ၆

1.7K 94 0
                                    

မားရဲ့ မီးငယ်လေး
- အပိုင်း- ၆
- ‎GL Story
- ‎စာရေးသူ ချယ်
           
        နွယ် ဒီအိမ်ကို ရောက်နေတာ သုံးရက်လောက်ပင်ရှိခဲ့ပြီး၊ နွယ် နှင်းကို အားကျသည်။ နွယ်နဲ့ နှင်းက ငါးနှစ်သမီးအရွယ်မှာ မိဘတွေ ဆုံးရှုံးခဲ့တာချင်းတူတူပေမယ့် နှင်းအနားမှာ အရမ်းချစ်ပြီး အမြဲဂရုစိုက်ပေးတဲ့ အန်တီဧလို လူမျိုးရှိသည်။ နွယ့်မှာ ကိုကိုရှိနေပေမယ့် အမြဲတမ်းအလုပ်ကိုဘဲ ဦးစားပေးတဲ့သူ ဖြစ်တာကြောင့် နွယ်မှာ တစ်ယောက်တည်းအထီးကျန်နေခဲ့ရသည်က များသည်။ နွယ့်ဘဝမှာ လိုလေသေးမရှိ ပြည့်ပြည့်စုံစုံနေခဲ့ရပေမယ့် နွေးထွေးတဲ့မေတ္တာကိုတော့ နွယ်မရခဲ့ပေ။ နှင်းကတော့ နွယ့်လိုမဟုတ် ငယ်စဉ်တည်းကလဲ အန်တီဧရဲ့မေတ္တာကို မိဘတစ်ယောက်ရဲ့မေတ္တာနဲ့ မခြားရခဲ့သလို အခုချိန်မှာလဲ အန်တီဧက နှင်းကို မျက်စိအောက်က အပျောက်မခံ သဲသဲလှုပ်ချစ်နေခြင်းပင်။ နွယ့်ရဲ့ အားကျမှုတွေကနေ ဘယ်တုန်း မနာလိုဝန်တိုမှုအဖြစ် ပြောင်းလဲသွားလဲမသိ။ အန်တီဧရဲ့ နွေးထွေးတဲ့မေတ္တာကို နွယ်လဲတစ်ခါလောက်ပိုင်ဆိုင်ချင်သည်။ အန်တီဧ နှင်းကိုချစ်သလို နွယ့်လဲ အချစ်ခံချင်သည်။ လရောင်အောက်က စံပယ်ရုံကြီးဘေးမှာ ပျော်ရွှင်နေတဲ့ နှင်းနဲ့ အန်တီဧတို့ရဲ့ မြင်ကွင်းက နွယ့်ရင်ထဲမှာ အမုန်းတရာတွေပေါက်ဖွားလာစေသည်။ အန်တီဧဂရုစိုက်တာခံရတဲ့ နှင်းကို နွယ်အရမ်းမုန်းသည်။ နွယ် အန်တီဧကို ပိုင်ဆိုင်ခွင့်ရချင်သည်။ အန်တီဧကို နွယ်တစ်ယောက်တည်းပိုင်ဆိုင်ခွင့်ရဖို့ဆိုရင် နွယ်ဘာဘဲလုပ်ရလုပ်ရ လုပ်မယ်လို့ ဆုံးဖြတ်ထားသည်။ အန်တီဧနားမှာ နှင်းမရှိနေစေဖို့အတွက် နွယ်နည်းလမ်းပေါင်းစုံသုံးမည်သာ။
        ‎" နွယ် ဘာတွေအဲလောက်တောင်တွေးနေတာလဲ နှင်းခေါ်နေတာ ကြာလှပြီး "
        ‎" မဟုတ်ပါဘူးနှင်းရယ် တစ်ယောက်တည်းပျင်းနေတော့ ဟိုတွေးဒီတွေးပါ "
        ‎" ဟုတ်ပါပြီး နွယ့်ခြေထောက်ဘယ်လိုနေသေးလဲ သက်သာလား ဆုမြတ်နဲ့ အာကာကလဲ နွယ့်ကို စိတ်ပူနေကြတယ် "
        ‎" နွယ် သက်သာပါတယ်နှင်း ဆုမြတ်နဲ့ အာကာကိုလဲ ကျေးဇူးတင်ပါတယ်လို့ ပြောပေးနော် "
        ‎" အင်းပါ နှင်းပြောပေးမယ် ဒါနဲ့ ဒီလကုန်ရင် ကျောင်းမှာ လပတ်စာမေးပွဲရှိတယ်နော် နွယ် "
        ‎" ဟင် ဟုတ်လား နွယ် ပျက်ရက်ကစာတွေရော၊ လွတ်သွားတဲ့စာတွေရော ပြန်လုပ်ရဦးမှာဘဲ "
        ‎" ဘာမှ စိတ်မပူပါနဲ့နွယ်ရယ်၊ နှင်းရှိတာဘဲလေ နွယ်ပျက်ထားတဲ့စာတွေရော လွတ်သွားတဲ့စာတွေရောကို နှင်းအတူတူ ကူလုပ်ပေးမယ်လေ "
        ‎" ကျေးဇူးပါ နှင်းရေ၊ နှင်းသိလား နှင်းက နွယ့်အတွက် သူငယ်ချင်းကောင်းတစ်ယောက်ပါ " နှင်းကြောင့် နွယ်ချစ်တဲ့ အန်တီဧနဲ့ တွေ့ခွင့်ရတာလေ၊ ဒါပေမယ့်လည်း အန်တီဧကို ပိုင်ဆိုင်ခွင့်ရမယ့်လမ်းက နှင်းကြောင့် ပိတ်နေတယ်ဆိုရင်တော့ နွယ့်အဆိုးမဆိုပါနဲ့ နှင်းရယ် နွယ်ရင်ထဲ တိတ်တိတ်လေးသာပြောလိုက်သည်။
        ‎" ဒီသူငယ်ချင်းနှစ်ယောက် တဟီးဟီး၊ တဟားဟားနဲ့ ဘာတွေပြောနေကြတာလဲ " နှင်းတို့နှစ်ယောက် သူငယ်ချင်းတွေရဲ့ အရင်တုန်းက ရယ်စရာတွေ ပြန်ပြောနေတုန်း မားရောက်လာတာဖြစ်သည်။
        ‎" ဟီး... မားပြန်လာပြီးလား၊ မွ...မွ... အမောပြေအနမ်းလေးပါ မား " ဒါကတော့ မားအလုပ်ကပြန်လာနဲ့ နှင်းအမြဲအနမ်းပေးနေကျပင်၊ မားက နှင်းရဲ့နဖူးလေးကို ပြန်နမ်းပြီး
        ‎" သူငယ်ချင်းနဲ့ နှစ်ယောက်သား ဘာတွေလေပေါနေလို့ မားပြန်လာတာတောင် မသိတာလဲမီးငယ် "
        ‎" အခြားမဟုတ်ပါဘူး မားရယ် ဆုမြတ်ရယ် အာကာနဲ့ မီးငယ်တို့ရဲ့ အရင်တုန်းက အခွီးတွေပြန်ပြောပြီး ရယ်နေကြတာပါ "
        ‎" ဟုတ်ပါပြီး " မားအဲလိုလေသံနဲ့ ပြောရင် နှင်းကို မားစိတ်ကောက်နေပြီးဆိုတာ နှင်းသိလိုက်သည်။ တကယ်တော့ မားအလုပ်ကပြန်ရောက်ပြီးဆိုတာနဲ့ နှင်းက အောက်ဆင်းပြီး မားကို ကြိုနေကျပင် အခုတော့ နွယ့်နဲ့လေပေါနေတာကြောင့် မားပြန်လာတာ မသိလိုက်လို့ ဆင်းမကြိုဖြစ်တာကြောင့် စိတ်ကောက်နေတာဖြစ်သည်။
        ‎" နွယ် သက်သာတယ်မလား ဘယ်လိုနေသေးလဲ "
        ‎" သက်သာပါတယ် အန်တီဧ "
        ‎" အင်း... ကိုယ့်အိမ်လိုဘဲ သဘောထားနော် အဆင်ပြေသလိုနေပါ သဘက်ခါကျောက်ပတ်တီဖြည်ရမယ်နော် နွယ် " နွယ်ကိုဘဲ စကားပြောနေပြီး နှင်းကို ဂရုမစိုက်သလို စိတ်ကောက်နေတဲ့ပုံကြီးက ကလေးတစ်ယောက်လိုပင်။ မားက တစ်ခါတလေ နှင်းပေါ်မှာ မကြီးမငယ်နှင့်လဲ စိတ်ကောက်တတ်သေးသည်။ နှင်း အသည်းယားလာတာကြောင့် မားရဲ့ ပါးတစ်ဖက်ကို ရွှတ်ခနဲ့ နမ်းလိုက်သည်။
        ‎" ရွှတ် "
        ‎" မီးငယ် ဘယ်လိုဖြစ်နေတာလဲ မားစကားပြောနေတယ်လေ  "
        ‎" မား မီးငယ်ကို စိတ်ကောက်နေတာမလား "
        ‎" စိတ်ကောက်နေတယ် မဟုတ်တာ မားက စိတ်ကောက်ရအောင် ကလေးမှမဟုတ်တာ "
        ‎" မားစိတ်ကောက်နေမှန်း အသိသာကြီးပါမားရယ် မားကို မီးငယ် ဆင်းမကြိုဖြစ်လို့လေ" မီးငယ်ပြောတာကြောင့် ဧကရီရှက်တောင် ရှက်သွားသည်။ အဲလောက်တောင် သိသာသွားသည်လား၊ တကယ်ဆို ဧကရီအလုပ်က ပြန်လာတာနဲ့ မီးငယ်ကို အရင်ဆုံးတွေ့ချင်မိသည်။ ဧကရီအလုပ်မှာ ဘယ်လောက်ဘဲ ပင်ပန်းနေပါစေ အိမ်ပြန်ရောက်လို့ မီးငယ်မျက်နှာလေးတွေ့လိုက်ရရင် ဧကရီပင်ပန်းတာတွေ အကုန်ပျောက်သည်။ ဧကရီလဲ ရှက်ရမ်းရမ်းကာဖြင့်
        ‎" တော်ပြီး မီးငယ်နဲ့ မပြောတော့ဘူး နွယ် အန်တီဧ ရေသွားချိုးတော့မလို့ အခန်းပြန်ပြီး နားတော့မယ်နော် " နွယ့်ကို အသိပေးရုံသဘောနှင့် လှည့်တောင်မကြည့်ဘဲ ပြောပြီးထွတ်သွားသည်။ နှင်းကတော့ အန်တီဧနောက်ကို ဖတ်တွယ်ပြီးလိုက်ကာ ချော့နေသည်။ နွယ်လဲ အန်တီဧနဲ့ အဲလိုလေးနေခွင့်ရချင်သည်။
        ‎" မားရေ... မားကလဲလို့ မီးငယ်ခေါ်နေတယ်လေ " ဧကရီရေချိုးဖို့ ပြင်နေတုန်း ဧကရီနောက်တကောက်ကောက်လိုက်ပြီး၊ တကြောကြောခေါ်နေသူ မီးငယ်ရယ်ပါ၊
        ‎" မီးငယ်လေး မားရေချိုးမလို့လေ ဘာလို့လိုက်နှောက်ယှက်နေတာလဲ စိတ်ရှုပ်လိုက်တာကွာ " တကယ်တော့ ဧကရီ မီးငယ်ကို စလိုက်တာပင်၊ သို့သော် ဧကရီလေသံ နည်းနည်း မာသွားသည်ထင် မျက်နှာလေးငယ်သွားသည်။ ဧကရီလဲ မသိချင်ယောင်ဆောင်ပြီး ရေချိုးခန်းထဲ ဝင်ကာရေချိုးလိုက်သည်။ ဧကရီရေချိုးခန်းထဲက ပြန်ထွတ်လာတော့ ကုတင်ပေါ်မှာ ငိုင်ငိုင်ကြီးထိုင်နေတဲ့ မီးငယ်၊ ဧကရီလေသံမာသွားတာကြောင့် ဝမ်းနည်းနေတယ်ဆိုတာ ဧကရီသိသည်။
        ‎" မီးငယ်လေး... ကလေးလေး... မားရဲ့ ဝက်ပေါက်လေးရေ " နှင်းရဲ့ မျက်နှာပေါ် ရေစက်တွေကျလာတာကြောင့် နှင်းမော့ကြည့်လိုက်သည်။ မားခေါင်းလျော်ထားတာကြောင့် ဆံဖျားက ရေစက်တွေက ဧကရီမျက်နှာပေါ် ကျလာတာဖြစ်သည်။
        ‎" မားကလဲကွာ ခေါင်းလျော်ထားတာကို ခြောက်အောင်အရင်မသုတ်ဘဲ မီးငယ်ကို လာခေါ်နေတယ် ဖျားသွားရင် ဘယ်လိုလုပ်မလဲ၊ တဘက်ပေး မီးငယ်သုတ်ပေးမယ် "
        ‎" မားရဲ့ ခွေးပေါက်လေး ဝမ်းနည်းသွားတယ်မလား မားလေးသံမာသွားလို့လေ "
        ‎" ဟင့် ... " မီးငယ်ဆီက ဘာသံမှထွတ်မလာ ရှိုက်သံတစ်ခုသာ ထွတ်လာသည်။ ဧကရီလဲ မီးငယ်ကို ဧကရီရှေ့ကို ဆွဲခေါ်ပြီး ဧကရီပေါင်ပေါ် ထိုင်စေကာ
        ‎" မီးငယ်လေး ဘာလို့ငိုနေတာလဲကွယ် စောစောက မားက မီးငယ်ကို စလိုက်တာပါ မငိုနဲ့တော့နော် လိမ်မာတယ် "
        ‎" မားက မီးငယ်ရဲ့ကမ္ဘာကြီးပါ မားရဲ့လေသံမာတာလေးတောင် မီးငယ်မခံစားနိုင်ဘူး မား၊ ပြီးတော့ မီးငယ်က မားအတွက် စိတ်အနှောက်အယှက်ဖြစ်စေတယ်ဆိုရင် မီးငယ်ထွတ်သွားပေးမှာပါ "
        ‎" မဟုတ်တာမီးငယ်ရယ် ဘာတွေပြောနေတာလဲ၊ မားအခုချိန်ထိ ရှင်သန်နေတာ မီးငယ်လေးကြောင့်ပါ နောက်ဆို မားအဲလို မပြောတော့ဘူးနော် မားကတိပေးတယ် " ဧကရီစကားကြောင့် မီးငယ်မျက်နှာလေး ပြုံးယောင်သန်းလာသည်။ နှင်းကို မားမုန်းသွားမှာ နှင်းအရမ်းကြောက်သည်။ တစ်နေ့မှာ မားအပေါ် မရိုးသားတဲ့စိတ်တွေရှိနေတာ မားသိသွားရင် နှင်းကို စိတ်ပျက်သွားမည်လား။

မားရဲ့ မီးငယ်လေး (Completed )Where stories live. Discover now