မားရဲ႕ မီးငယ္ေလး
- အပိုင္း ၁၅
- GL story
- စာေရးသူ ခ်ယ္
Royal Group ရွယ္ယာရွင္မ်ားအစည္းအေဝးတြင္ျဖစ္သည္။ ဧကရီ မီးငယ္ေလးကို ကုမၼဏီမွာတရားဝင္ဝန္ထမ္းအျဖင့္ ခန္႔ဖို႔ကို အစည္းအေဝးမွာတင္ျပျခင္းၿပီး ရွယ္ယာရွင္အားလံုးရဲ႕အႀကံညဏ္ကို ေတာင္းေနတာျဖစ္သည္။ ဧကရီရဲ႕တင္ျပခ်က္အၿပီးတြင္ ကုမၼဏီရဲ႕အႀကီးဆံုးအမႈေဆာင္ဒါရိုက္တာျဖစ္တဲ့ ဦးနန္းမိုးရဲ႕ကန္႔ကြက္တဲ့စကားေတြ ထြတ္ေပၚလာသည္။ ဦးနန္းမိုးကန္႔ကြက္သည္နွင့္ ရွယ္ယာရွင္အမ်ားစုကလဲ ဦးနန္းမိုးရဲ႕သေဘာထားနွင့္ တူတူပင္ျဖစ္ေၾကာင္း ထုတ္ျပလာသည္။အမွန္ဆို ကုမၼဏီရဲ႕ရွယ္ယာရွင္ေတြက ဧကရီဘာလုပ္လုပ္ ကန္႔ကြက္ေနတာက မ်ားသည္။ ေဖေဖမရွိေတာ့တဲ့ေနာက္ ေနာက္တတ္မယ့္CEOေနရာကို ဦးနန္းမိုးလို႔ေ႐ြးခ်ယ္ထားၿပီးမွ CEOေနရာဆက္ခံသူသည္ ဧကရီဆိုတဲ့ ေဖေဖမေသခင္ကထားခဲ့တဲ့ ေသတမ္းစာေၾကာင့္ ဧကရီသည္ CEOျဖစ္လာခဲ့ရသည္။ ဦးနန္းမိုးသည္ ကုမၼဏီရဲ႕အမႈေဆာင္ဒါရိုက္တာျဖစ္လာၿပီးတဲ့ေနာက္မွာ ရွယ္ယာရွင္အမ်ားစုကို သူ႔ဘက္ပါလာေအာင္ဆြဲေဆာင္ထားသည္။ ရွယ္ယာရွင္ေတြကို ဘယ္လိုမက္လံုးေတြေပးၿပီး ဆြဲေဆာင္ထားလဲေတာ့မသိ ဦးေအာင္မိုးကဘူးဆို ရွယ္ယာရွင္ေတြကလဲဘူးဘဲ။ ဧကရီအမွားတစ္ခုလုပ္တာနဲ႔ ရိုက္ခ်ဖို႔ကို က်ားေခ်ာင္းေခ်ာင္းေနၾကသူေတြက အပံုသားမို႔ ဧကရီမမွားေအာင္သာဂရုစိုက္ေနရတာေၾကာင့္ အခုထိၿမဲေနျခင္းပင္။
" ဧကရီရဲ႕ေမြးစားသမီးကို ကုမၼဏီမွာ တရားဝင္ဝန္ထမ္းခန္႔မယ္ဆိုတာ ဘာကိုဆိုလိုတာလဲ မဟုတ္မွ ေနာက္တတ္မယ့္CEOေနရာကို ေသြးမေတာ္သားမစပ္တဲ့လူတစ္ေယာက္ကို လႊဲေပးဖို႔ စဥ္းစားေနတာလား "
" အဲလိုေျပာဖို႔ေစာပါေသးတယ္ဦးနန္းမိုး ဘယ္တုန္းကဒီကုမၼဏီက ပုဂိၢဳလ္စြဲေတြရွိသြားရတာလဲ ဘယ္သူ႔ေသြးသားျဖစ္ျဖစ္ ေတာ္ရင္ေတာ္သလို ေျမာက္စားေပးရမွာက ကုမၼဏီရဲ႕ေဆာင္းပုဒ္ဘဲေလ မဟုတ္ဘူးလား "
" ဟုတ္တယ္ေလ မင္းရဲ႕ေမြးစားသမီးက ဘယ္လိုအရည္အခ်င္းရွိလဲမစမ္းသပ္ရေသးဘဲနဲ႔ CEOအာဏာသံုးၿပီး ေနရာေပးခ်င္ေနတာမဟုတ္ဘူးလား "
" မဟုတ္တာ ဦးနန္းမိုးတို႔ေတြ အထင္လြဲေနၿပီး ဧကရီေျပာတာ မီးငယ္ကို ရာထူးႀကီးႀကီးမားမားေပးထားတာမဟုတ္ဘူး ေအာက္ေျခဝန္ထမ္းေနရာကေနဘဲ စလုပ္ခိုင္းမွာ အရည္အခ်င္းမရွိဘူး ကုမၼဏီအတြက္အသံုးမဝင္ဘူးဆိုရင္ ဧကရီကိုယ္တိုင္ထုတ္ပယ္မွာမို႔ ဦးနန္းမိုးတို႔ေတြ စိတ္ခ်ေနပါ "
" ေျပာတဲ့စကားအတိုင္းတည္ပါေစဧကရီ မင္းက ကုမၼဏီCEOဆိုၿပီး လုပ္ခ်င္တိုင္းလုပ္လို႔ရမယ္မထင္နဲ႔ေနာ္ ဒီကရွယ္ယာရွင္ေတြသာ မရွိေတာ့ဘူးဆိုရင္ မင္းေကာ ဒီကုမၼဏီေကာ ဘယ္လိုျဖစ္သြားမလဲဆိုတာ ေတြးထားလိုက္ပါ " ဦးနန္းမိုးသည္ေျပာၿပီးတာနဲ႔ အစည္းအေဝးခန္းမွထထြတ္သြားသည္။ က်န္တဲ့ရွယ္ယာရွင္ေတြလည္း အလ်ိဳလ်ိဳနဲ႔ထြတ္သြားၾကေတာ့မွ ဧကရီ ဆံုလည္ကုလားထိုင္ေပၚ ထိုင္ခ်လိုက္ၿပီး ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္သည္။ ဦးနန္းမိုးေျပာတာလဲ မွန္ပါသည္။ ဒီရွယ္ယာရွင္ေတြသာ မရွိရင္ ကုမၼဏီကက်ိန္ေသေပါက္ယိုင္လဲသြားမွာပင္။ ဦးနန္းမိုးရဲ႕ေနာက္မွာ ရွယ္ယာရွင္အမ်ားစုနဲ႔ Asia groupရဲ႕ပိုင္ရွင္ဦးေအာင္ေသာင္းပါရွိေနတာမို႔ ဧကရီဆန္႔က်င္လို႔မရေပ။ ဧကရီသည္ ယေန႔အခ်ိန္ထိ အရည္အခ်င္းရွိတဲ့သူတစ္ေယာက္ျဖစ္သလို၊ ေဖေဖ့လက္ထပ္ကထက္ ပိုပိုၿပီးေအာင္ျမင္မႈရေနတာေၾကာင့္သာ ေတာ္ရံုအမွားေလးေလာက္နဲ႔ ဧကရီကိုျဖဳတ္ခ်လို႔မရလို႔သာ ၿငိမ္ေနၾကျခင္းျဖစ္သည္။ ဧကရီသာ အမွားတစ္ခုခုလုပ္မိပါက ဧကရီကိုျဖဳတ္ခ်ဖို႔က အေနွးနဲ႔အျမန္ဘဲျဖစ္သည္။
ညစာစားပြဲတစ္ခုတြင္ ျဖစ္သည္။
" အကိုႀကီး... ဘာေတြလုပ္ေနတာလဲ ေျပာေတာ့ ကုမၼဏီCEOေနရာကေန ဧကရီကိုအျမန္ဆံုးျဖဳတ္ခ်မယ္ဆို အခုေတာ့သူက ေသြးမေတာ္သားမစပ္တဲ့သမီးကိုေတာင္ ေနရာေပးဖို႔လုပ္ေနၿပီး "
" အမ္ နန္းေျပာတာ ဧကရီေမြးစားသမီးေစာနွင္းပြင့္ျဖဴကိုလား ဧကရီက ကုမၼဏီမွာအလုပ္ခန္႔မလို႔ေပါ့ "
" ဟုတ္တယ္အကိုႀကီး ေဖေဖကလဲစိတ္ပူေနတယ္ ဧကရီေမြးစားသမီးက တကယ္အရည္အခ်င္းရွိတဲ့သူတစ္ေယာက္သာဆို CEOေနရာကိုေပးလိုက္ရလိမ့္မယ္တဲ့ "
" အဲလိုမျဖစ္ေအာင္လုပ္ေပးမွာမို႔ စိတ္ေအးေအးထားဖုိ႔ နန္းရဲ႕ေဖေဖကိုေျပာလိုက္ပါ ၿပီးေတာ့ဟိုကေလးမကို ကုမၼဏီမွာခန္႔ဖို႔ လက္ခံေပးလိုက္လို႔ပါေျပာလိုက္ "
" ဟင္ အကိုႀကီးကလဲ အစတည္းကေျမာက္ေနတဲ့သူကို အေတာင္တပ္ေပးလိုက္သလို ျဖစ္မေနဘူးလား ေတာ္ၾကာေနတကယ္ နန္းတို႔ေတြျပႆနာတတ္လိမ့္မယ္ေနာ္ "
" အကိုႀကီးမွာ နည္းလမ္းရွိပါတယ္ အကိုႀကီးကိုသာ ယံုလိုက္ အဆင္ေျပရင္ ဒီသံုးလအတြင္းမွာ နန္းရဲ႕ေဖေဖက CEOျဖစ္လာေစရယ္ နန္းကလဲ အသက္အငယ္ဆံုးအမႈေဆာင္ဒါရိုက္တာျဖစ္လာလိမ္မယ္ဟုတ္ၿပီးလား " ဦးေအာင္ေသာင္းရဲ႕စကားေၾကာင့္ မ်က္လံုးေတြ ေတာက္ပသြားတဲ့နန္းစႏၵာက ရံုပေတသီးကိုအဘြားေခၚရေလာက္ေအာင္ ခြၽဲပ်စ္ေနတဲ့နွာသံႀကီးနဲ႔ ဦးေအာင္ေသာင္းကိုခ်ဳပ္ေနေတာ့သည္။
" နန္းဘာဘဲလိုခ်င္လိုခ်င္ ရေအာင္ျဖည္ဆည္းေပးတဲ့အကိုႀကီးကို နန္းကအရမ္းေတြခ်စ္ေနရတာ " ခပ္ခြၽဲခြၽဲေျပာတဲ့နန္းကို ဦးေအာင္ေသာင္းတစ္ေယာက္ တဏွာမ်က္လံုးေတြနဲ႔ ၾကည့္ကာျဖင့္
" နန္းလိုခ်င္တာကို အကိုႀကီးရေအာင္လုပ္ေပးသလို အကိုႀကီးလိုခ်င္တာကိုလဲ နန္းကလုပ္မေပးခ်င္ဘူးလား "
" အကိုႀကီးက ဘာလိုခ်င္တာလဲ နန္းလုပ္ေပးနိုင္တာဆိုရင္ လုပ္ေပးမွာေပါ့အကိုႀကီးရဲ႕ "
" နန္းလုပ္ေပးနိုင္ပါတယ္ အရင္တစ္ေခါက္လိုဘဲ နန္းနဲ႔ေနခ်င္လို႔ေလ အကိုႀကီးကိုေပးမယ္မလားနန္း " ေဘးခ်င္းကပ္ရက္ထိုင္ေနတဲ့ နန္းရဲ႕ေပါင္သားေဖြးေဖြးကို ပြတ္သတ္ရင္းေျပာလာေတာ့ ဦးေအာင္ေသာင္းရဲ႕လိုခ်င္တဲ့အရာကို နန္းသေဘာေပါက္သြားသည္။ ေလာဘအမိုက္ေမွာင္ဖံုးေနတဲ့အတြက္ေၾကာင့္ လုပ္သင့္မလုပ္သင့္ကို မစဥ္းစားေတာ့ဘဲ ဦးေအာင္ေသာင္းရဲ႕အလိုကို လိုက္ေပးဖို႔ နန္းသေဘာတူလိုက္သည္။ တစ္ခုကိုလိုခ်င္ရင္ တစ္ခုကိုေပးဆပ္ရမယ္ ႀကီးႀကီးမားမားလိုခ်င္ရင္ ႀကီးႀကီးမားမားေပးဆပ္ရမယ္ဆိုတာ နန္းရဲ႕ခံယူခ်က္ပင္။ အခုလဲ နန္းလိုခ်င္တဲ့အာဏာနဲ႔ စည္းစိမ္အတြက္ နန္းကိုယ့္ကိုယ္ကိုနဲ႔ ေပးဆပ္ေနသည္ဘဲေလ။ ဒီလိုမ်ဳိးလုပ္လိုက္ရတဲ့အတြက္လဲ နန္းေနာင္တမရတဲ့အျပင္ ပန္တိုင္းေရာက္ေတာ့မယ့္လူတစ္ေယာက္လိုသာ ဂုဏ္ယူေနရသည္။
=====================
" မီးငယ္ေလး ဒီေန႔ကုမၼဏီမွာ အလုပ္စဆင္းလို႔ရၿပီးေနာ္ ဒီေန႔အတန္းခ်ိန္ၿပီးတာနဲ႔ ကုမၼဏီကိုတန္းလာခဲ့လိုက္ မားေစာင့္ေနမယ္ " မနက္စာစားရင္းေျပာလာတဲ့ မားရဲ႕စကားေၾကာင့္ နွင္းထခုန္မိမတတ္ပင္ ေပ်ာ္သြားခဲ့သည္။ ေက်ာင္းကိုတင္ရတဲ့ရီပိုစ့္ေၾကာင့္ မားရဲ႕ကုမၼဏီမွာ ယာယီဝန္ထမ္းသာလုပ္ခဲ့ေပမယ့္ အလုပ္လုပ္ရတာ ဘယ္ေလာက္ပင္ပန္းလဲဆိုတာကို နွင္းနားလည္ခဲ့ရသည္။ ခနလုပ္ခဲ့ရတဲ့ နွင္းေတာင္ဒီေလာက္ပင္ပန္းေနရင္ အၿမဲတမ္းလုပ္ေနရတဲ့ မားဆိုဘယ္ေလာက္ပင္ပန္းေနမယ္ဆိုတာ နွင္းစာနာမိတာေၾကာင့္ မားနဲ႔အတူတူအလုပ္လုပ္ခ်င္သည္ဟု ေျပာခဲ့တာျဖစ္သည္။ နွင္းသည္လည္း မားရဲ႕ပင္ပန္းမႈေတြကို နည္းနည္းပါးပါးေတာ့ ဝင္ၿပီးမ်ွယူေပးခ်င္သည္။ မီးငယ္ေလးတစ္ေယာက္ လိုခ်င္တဲ့ရသြားတဲ့ကေလးတစ္ေယာက္ပမာ ဧကရီကိုၿပံဳးကာ ေခါင္းၿငိမ့္ျပလာသည္။ ေက်ာင္းတစ္ဖတ္နဲ႔မို႔ ပင္ပန္းမွာဆိုးတာေၾကာင့္ မီးငယ္ေလးကို ဧကရီအလုပ္မလုပ္ေစခ်င္ေပမယ့္လည္း ဒီကေလးကအရမ္းေတြစိတ္အားထက္သန္ေနတာေၾကာင့္ ဧကရီဘဲအေလ်ာ့ေပးကာ လက္ခံေပးခဲ့သည္။ အမွားကိုဘဲမ်က္စိေဒါင့္ေထာက္လိုက္ၾကည့္ေနမယ္ လူတစ္စုၾကာင့္ ဧကရီ မီးငယ္ေလးကို မွာသင့္တာေတာ့မွာထားရမည္။
" မီးငယ္ေလး မားေျပာတာေသခ်ာနားေထာင္ေနာ္ ကုမၼဏီမွာ မီးငယ္ေလးကို လိုတဲ့သူရွိတယ္ မလိုတဲ့သူရွိတယ္ အဲတာေၾကာင့္ မီးငယ္ေလးအစစအရာရာဂရုစိုက္ေနာ္ " ဧကရီေျပာတာေတြကို စိတ္ဝင္တစားနဲ႔ေသခ်ာနားေထာင္ေနတာေၾကာင့္ ဧကရီလဲေသခ်ာဆက္ေျပာရသည္။
" အမွားတစ္ခုခုလုပ္မိရင္ေတာင္ ကိုယ္အမွားကိုယ္တာဝန္ယူနိုင္ရမယ္ မားက မီးငယ္ေလးေနာက္ကေနၿပီးလိုက္ၿပီးေတာ့ ေျဖရွင္းေပးေနရမယ္ဆိုရင္ ကုမၼဏီမွာမလိုလားအပ္တဲ့ျပႆနာေတြျဖစ္လာနိုင္တယ္ အဲတာေၾကာင့္ မားကမီးငယ္ေလးဘက္ကေန ဝင္ပါေပးနိုင္မွာမဟုတ္ဘူး "
" စိတ္ခ်ပါ မားရယ္ မီးငယ္ဒီအလုပ္ကိုစလုပ္မယ္ဆိုတည္းက အကုန္လံုးကိုႀကိဳတင္ျပင္ဆင္ၿပီးသားပါမား ဘာဘဲျဖစ္လာျဖစ္လာ မီးငယ္အေကာင္းဆံုးႀကိဳးစားမွာပါ "
" ဟုတ္ပါၿပီးေနာ္ ၿပီးေတာ့ မီးငယ္ေလး မတရားမႈတစ္ခုခုမွာ ဝင္ပါခ်င္တယ္ဆိုရင္ေတာင္ ခိုင္လံုတဲ့သက္ေသရွိမွျဖစ္မွာမို႔ ခိုင္လံုတဲ့သက္ေသမရွိဘဲနဲ႔ ပါစပ္နဲ႔ေျဖရွင္းဖို႔ကို ဘယ္ေတာ့မွမလုပ္ပါနဲ႔ေနာ္ "
" ဟုတ္ကဲ့ပါ မား "
" ကဲ... စားၿပီးၿပီးဆို မားတို႔ေတြသြားရေအာင္ မီးငယ္ေလးကို ေက်ာင္းပို႔ၿပီးတာနဲ႔ မားကုမၼဏီကိုသြားရမယ္ အတန္းဆင္းရင္ မားလာမႀကိဳဘူးေနာ္မီးငယ္ေလး ကိုယ့္ဘာသာလာဖို႔ အဆင္ေျပတယ္မလား "
" အင္း... ေျပတယ္မား "
နွင္း အတန္းခ်ိန္ၿပီးတာနဲ႔ မားရဲ႕ကုမၼဏီကို ေစာေစာေရာက္လာခဲ့သည္။ ပထမဆံုးအလုပ္တတ္ရက္မွာ ေနာက္မက်ေစခ်င္တာေၾကာင့္ရယ္ ေက်ာင္းကရီပိုစ့္ကိစၥနဲ႔ ခနဘဲကုမၼဏီမွာေနခဲ့တာေၾကာင့္ ေနရာစံုေအာင္မေရာက္ဖူးေသးတဲ့ မားရဲ႕ကုမၼဏီကို နွံ႔ေအာင္ေလ်ွာက္ပတ္ၾကည့္ခ်င္တာလဲပါသည္။ အထပ္၈ထပ္ပါဝင္တဲ့ ကြန္တိုႀကီးတစ္လံုးတြင္ ဆိုင္ရာကုမၼဏီဝန္ထမ္းေတြ အျပည့္ရွိသည္။ ကုမၼဏီရဲ႕ ေျမညီထပ္နဲ႔တစ္ထပ္ကိုအဆင္မေျပတဲ့ကုမၼဏီဝန္ထမ္းေတြကို ေထာင္ပ့ံနိုင္ရန္အတြက္ အျမတ္ႀကီးမယူတဲ့ဆိုင္ခန္းေလးေတြ ဖြင့္ေစသည္။ ဆိုင္ခန္းဌားတာကေနရတဲ့အပိုေငြကို ကုမၼဏီရဲ႕အသက္ႀကီးသူေတြ ကေလးမိခင္ေတြ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြနဲ႔ အခက္အခဲရွိသူေတြကို ျပန္လွည္ေထာက္ပံ့ေပးသည္။ နွစ္ထပ္အထပ္တစ္ထပ္လံုးနဲ႔ ေခါင္မိုးထပ္ကိုေတာ့ ဝန္ထမ္းမ်ားအနားယူနိုင္ရန္ ပန္းၿခံငယ္ေလးပံုစံလုပ္ေပးထားသည္။ နွစ္ထပ္အလႊာမွာ Gymပစၥည္းအစံုအလင္ လ်ွပ္စစ္အနွိပ္ကုလားထိုင္ေတြနဲ႔ အေညႇာင္းအညႇာေျပေအာင္လုပ္ေပးနိုင္တဲ့ပစၥည္ကိရိယာအစံုအလင္ထားေပးထားသည္။ ေခါင္မိုးထပ္တြင္ ေလတျဖဴးျဖဴးနဲ႔အေပၚစီးကေန ျမင္ကြင္းေသးေသးေလးေတြကို ျမင္နိုင္သလို ေရကူးကန္ေလးေသးေသးေလးေတာင္ ထားထားေပးသည္။အေပၚဆံုးထပ္ျဖစ္တဲ့ ရွစ္ထပ္တြင္ ညဂ်ဴတီဆင္းတဲ့ဝန္ထမ္းေတြအိပ္စက္ဖို႔အတြက္နဲ႔ နိုင္ငံျခားသားရင္းနွီးျမႇပ္နွံသူေတြလာရင္ တည္းဖို႔အတြက္ျပဳလုပ္ေပးထားသည္။ ခုနွစ္ထပ္ေျမာက္သည္ ရွယ္ယာရွင္အစည္းအေဝးလုပ္ရန္နွင့္ ရင္နွီးျမႇပ္နွံသူေတြနဲ႔ေတြ႕ဆံုရန္အတြက္ ေဟာခန္းႀကီးတစ္ခန္းျဖစ္သည္။ ေျခာက္ထပ္တြင္ မားရဲ႕ရံုးခန္းနဲ႔ ရာထူးႀကီးပိုင္းတခ်ိဳ႕ရဲ႕ရံုးခန္းေတြရွိၾကတယ္။ က်န္တဲ့သံုးထပ္၊ ေလးထပ္နဲ႔ငါးထပ္တြင္ သက္ဆိုင္ရာဌာနမွ ဝန္ထမ္းအသီးသီးတို႔ အလုပ္လုပ္ရာဌာနမ်ားရွိၾကသည္။ ထိုအထပ္သံုးထပ္လံုးတြင္လဲ ဝန္ထမ္းမ်ားသက္သက္သာသာအလုပ္လုပ္နိုင္ရန္ အဲကြန္း၊ ေရခဲေသတၲာ၊ ေရပူေရေအးစက္ေတြ၊ အေမာေျဖနိုင္ရန္အတြက္ ေကာ္ဖီထုတ္နဲ႔အေအးထုတ္ေလးေတြနဲ႔ တစ္ခါသံုးခြက္ေလးေတြကို အဆင္သင့္ထားေပးထားသည္။ အပူအေအးႀကိဳက္ရာကို ေသာက္လို႔ရတယ္။ အဆာေျပမုန္႔ေလးေတြလဲ ထားထားသလို၊ မနက္စာျပင္ဆင္ခ်ိန္ေၾကာင့္ အလုပ္ေနာက္က်တာမ်ိဳးမျဖစ္ရေအာင္လဲ မနက္စာဘူေဖးပံုစံမ်ိဳးေလးလုပ္ထားေပးေသးသည္။ ဝန္ထမ္းေတြေပ်ာ္မွ ကုမၼဏီကႀကီးပြားတိုးတတ္မွာဆိုတဲ့ မားရဲ႕စကားကို နားထဲၾကားေယာင္ရင္း မားေလးရဲ႕အစီအစဥ္က်မႈကို နွင္းေလးစားမိသည္။ (စိတ္ကူးထဲက သာသာလုပ္ခ်င္တဲ့ လုပ္ငန္းခြင္ပံုစံမ်ိဳးကို ေရးထားတာပါ) ဧကရီေလ်ွာက္ပတ္ၾကည့္ေနရင္း ကုမၼဏီရဲ႕ဌာနမႈျဖစ္တဲ့ မနန္းစႏၵာဆိုသူသည္ နွင္းနားကို ေရာက္လာၿပီး မေက်မခ်မ္းျဖစ္ေနတဲ့ ေလသံနဲ႔
" နင္ ေရာက္ေနၿပီးဆိုရင္လဲ နင္အလုပ္လုပ္ရမယ့္ေနရာလိုက္ျပမယ္ ငါနဲ႔လိုက္ခဲ့ ေရာက္တာၾကာၿပီးမလား ဝန္ထမ္းေရးရာဌာနကို ေရာက္ေနေၾကာင္းအသိမေပးဘဲ ဘယ္ကိုအေလလိုက္ေနတာလဲ "
" မဟုတ္ပါဘူး မမနန္း ကုမၼဏီကိုလိုက္ပတ္ၾကည့္ေနတာပါ ေနရာစံုေအာင္မေရာက္ဖူးလို႔ေလ မားရဲ႕ကုမၼဏီကအရမ္းခမ္းနားတာဘဲေနာ္ မမနန္း "
" ငါ့ကို မမနန္းလို႔ေခၚစရာမလိုဘူး ကုမၼဏီမွာဌာနမႈလို႔ဘဲေခၚ နင့္လိုလက္ေအာက္ဝန္ထမ္းတစ္ေယာက္က မမနန္းလို႔ေခၚပိုင္ခြင့္ရွိလို႔လား ဘယ္လိုဘဲCEOနဲ႔ပတ္သတ္မႈရွိပါတယ္ေျပာေျပာ ဒီကုမၼဏီမွာ နင္ကေအာက္ေျခဝန္ထမ္းဘဲဆိုတာ မွတ္ထားပါ "
" ဟုတ္.. မမ.. အဲ.. ဌာနမႈ "
" ၿပီးေတာ့တစ္ခုမွတ္ထားဦး ဒီကုမၼဏီက နင္နဲ႔ဘာမွပတ္သတ္မႈမရွိဘူးမို႔ ဒီကုမၼဏီအေပၚမွာ ေလာဘတတ္ေနတာေတြရွိလာရင္ တစ္ခါတည္းေခါင္းထဲကထုတ္ထားပါ ကိုယ့္အဆင့္ကိုယ္သိထားဖို႔လဲမေမ့နဲ႔ " နွင္းရဲ႕နားထင္ကို လက္ညိဳးနဲ႔ထိုးထိုးၿပီးေျပာေနတဲ့ နန္းစႏၵာေၾကာင့္ နွင္းလက္ေတြ တင္းတင္းဆုပ္ထားမိသည္။
====================
" ကေလးက Royal Groupမွာ အလုပ္လုပ္ေနတယ္ဆို အဆင္ေျပရဲ႕လား " နွင္းကုမၼဏီရဲ႕ ေဖာက္သည္တစ္ဦးနဲ႔ေတြ႕ဆံုၿပီးအျပန္ ႏြယ္ရဲ႕အကို ကိုဟိန္းနဲ႔တိုးေတာ့ အေအးဝယ္တိုက္ခ်င္တယ္ဆိုတာေၾကာင့္ အေအးဆိုင္တစ္ခုမွထိုင္ေနၾကတာျဖစ္သည္။
" ေျပပါတယ္ ကိုဟိန္း " နွင္း မားရဲ႕ကုမၼဏီမွာဝင္လုပ္ေနတာ တစ္ပတ္ေတာင္ရွိခဲ့ၿပီး။ ကုမၼဏီဌာနမႈနဲ႔ကလြဲလို႔က်န္တဲ့သူေတြနဲ႔အဆင္ေျပပါသည္။ ဌာနမႈဆိုတဲ့နန္းစႏၵာက ဘယ္လိုအၿငိဳးေတြေၾကာင့္ နွင္းကိုအနိုင္က်င့္ေနလဲဆိုတာေတာ့မသိ။ နွင္းဘာလုပ္လုပ္စိတ္တိုင္းမက်တာေၾကာင့္ နည္းနည္းေတာ့စိတ္ညစ္စရာရွိေပမယ့္လည္း သူစိမ္းေယာက်ာ္းတစ္ေယာက္ကို ရင္ဖြင့္ရေလာက္ေအာင္ထိမလိုတာမို႔ အဆင္ေျပတယ္ဟုသာေျပာလိုက္သည္။
" ကေလးနဲ႔ မဧကရီနဲ႔က တြဲေနၾကတာဆိုဟုတ္ရဲ႕လား ညီမေလးေျပာလို႔သိရတာ "
" ႏြယ္ေျပာျပထားၿပီးသားဘဲေလ ကိုဟိန္းဘာလို႔ေမးတာလဲ "
" ကေလးပါစပ္ကေန ေျပာတာဘဲကိုဟိန္း ၾကားခ်င္လို႔ပါ "
" ဟုတ္တယ္ ကိုဟိန္း နွင္းက မားနဲ႔ခ်စ္သူေတြျဖစ္ေနၾကပါၿပီး "
" ကိုဟိန္းေဘာင္ေက်ာ္တာေတာ့မဟုတ္ပါဘူး ေျပာျပတာပါ ကေလးတို႔က မိန္းကေလးခ်င္းေတြေနာ္ ၿပီးေတာ့သားသမီးနဲ႔မိဘဆက္ဆံေရး မဧကရီကေအာင္ျမင္တဲ့လုပ္ငန္းရွင္တစ္ေယာက္ျဖစ္တဲ့အတြက္ ကေလးအေပၚမွာ ရိုက္ခတ္မႈေတြအမ်ားႀကီးရွိလာနိုင္တယ္ ကေလးျပန္မစဥ္းစားေတာ့ဘူးလား "
" အဲတာေတြအတြက္ နွင္းေရာ မားေရာနွစ္ေယာက္လံုးအဆင္သင့္ျပင္ဆင္ထားၿပီးသားမို႔ ကိုဟိန္းစိတ္မပူပါနဲ႔ နွင္းတို႔ေတြ ဘာဘဲျဖစ္လာလာ တစ္ေယာက္လက္တစ္ေယာက္မျဖဳတ္ဘူးလို႔ ကတိေပးထားၾကၿပီးသားပါ " ဟိန္းမင္းလတ္တစ္ေယာက္ ကေလးေၾကာင့္ သက္ျပင္းခိုးခ်ေနရံုသာ တတ္နိုင္သည္။ ဒီကေလးက သူ႔ရဲ႕မားအေပၚမွာ ယံုၾကည္မႈေတြအရမ္းျပင္းထန္ေနသည္ေလ။ ေရွ႕ဆက္ရမယ့္လမ္းက ဘယ္ေလာက္ၾကမ္းတယ္ဆိုတာ ကေလးမသိေလသလား။
" ဟုတ္ပါၿပီး ကိုဟိန္းအေနနဲ႔ ကေလးရဲ႕ဆံုးျဖတ္ခ်က္ကိုေလးစားမွာပါ ကေလးအေပၚမွာတြယ္ကပ္မေနပါဘူး ဒါေပမယ့္ ကိုဟိန္း ကေလးကိုအရမ္းခ်စ္တယ္ ကိုဟိန္းကို ကေလးလိုအပ္လာမယ့္အခ်ိန္အထိ ကိုဟိန္းေစာင့္ေနေပးမွာမို႔ အခ်ိန္မေ႐ြးကိုဟိန္းဆီလာခဲ့လို႔ရတယ္ဆိုတာ မေမ့ပါနဲ႔ "
" ကိုဟိန္းကို နွင္းအကိုတစ္ေယာက္လိုဘဲ ခ်စ္ပါတယ္ နွင္းရဲ႕နွလံုးသားတစ္ခုလံုးကို မားကိုေပးထားၿပီးသားမို႔ ကိုဟိန္းကိုလက္မခံနိုင္တာ နွင္းေတာင္းပန္ပါတယ္ အခုလိုေမာင္နွမဆက္ဆံေရးေလးကိုဘဲ ထိန္းသိမ္းထားေပးမယ္ဆိုရင္ ကိုဟိန္းကိုနွင္းေက်းဇူးတင္မိမွာပါ "
" ရပါတယ္ကေလးရယ္ ကေလးကိုယ္တိုင္ကိုဟိန္းရင္ခြင္ထဲ ေျခလွမ္းလာမယ့္အခ်ိန္ကို ကိုဟိန္းေစာင့္ေနမွာပါ အဲအခ်ိန္မေရာက္ခင္အခ်ိန္အထိ ကေလးေျပာတဲ့ ေမာင္နွမဆက္ဆံေရးကို ကိုဟိန္းထိန္းသိမ္းကာကြယ္သြားမွာပါ "
" ကိုကို..... နွင္းနဲ႔အတူရွိေနတာဘဲ " ႏြယ္ကိစၥတစ္ခုေၾကာင့္ ဒီဘက္ကိုလာရင္း ကိုကိုနဲ႔နွင္းကိုေတြ႕လိုက္တာေၾကာင့္ လာနႈတ္ဆတ္တာျဖစ္သည္။
" ညီမေလး ဘာလာလုပ္တာတုန္း ကိုကိုလဲ နွင္းနဲ႔မေတာ္တဆဆံုလို႔ အေအးေသာက္ရေအာင္ထိုင္ေနၾကတာ "
" ကိုဟိန္း ႏြယ္ အခုကအလုပ္ကိစၥနဲ႔အျပင္ထြတ္လာတာမို႔ ၾကာလို႔မရတာေၾကာင့္ ျပန္ေတာ့မယ္ေနာ္ ေက်ာင္းမွာျပန္ေတြ႕ၾကမယ္ေနာ္ ႏြယ္ "
" ျပန္ေတာ့မလို႔လားကေလး ကိုဟိန္းလိုက္ပို႔ေပးမယ္ေလ "
" ရတယ္ ကိုဟိန္းမပို႔နဲ႔ေတာ့ ကုမၼဏီကားနဲ႔လာတာမို႔ပါ "
" ဟုတ္ပါၿပီးဗ်ာ ဂရုစိုက္ၿပီးသြားေနာ္ကေလး " ႏြယ္ကေတာ့ ကိုကိုအကဲပိုႀကီးကို မ်က္ေတာင္မခတ္စိုက္ၾကည့္ေနလိုက္သည္။ ၿပံဳးၿပံဳးႀကီးစိုက္ၾကည့္ေနတဲ့ ညီမငယ္ေလးေၾကာင့္ အကိုျဖစ္သူရွက္ရယ္ရယ္ကာ လည္ပင္ကိုသာ ပြတ္သက္ေနေတာ့သည္။
" ေျပာပါဦး ကိုကို ဒါဘယ္လိုျဖစ္ၾကတာတုန္း ကိုကိုတို႔ေတြ အဆင္ေျပေနတာလား "
" မဟုတ္ပါဘူးညီမေလးရယ္ မေတာ္တဆဆံုၾကတာပါ အဆင္လဲမေျပပါဘူးေလ ညီမေလးရဲ႕သူငယ္ခ်င္းက သူ႔မားမွ သူ႔မားျဖစ္ေနတာ ကိုိကု႔ိအတြက္ ေနရာမရွိပါဘူး "
" ေနရာမရွိလဲ ရွိေအာင္အတင္းလုပ္ယူေလကိုိကုိရယ္ ကိုကိုေယာက်ာ္မဟုတ္ဘူးလား ကိုိကုိခ်စ္တဲ့သူကို သူမ်ားေနာက္အပါခံနိုင္လို႔လား "
" အခ်စ္ဆိုတာ အတင္းလုပ္ယူလို႔ရတာမွ မဟုတ္တာညီမေလးရယ္ သူမ်ားေနာက္အပါမခံနိုင္ေပမယ့္လည္း သူမ်ားရင္ခြင္မွာ ေပ်ာ္ေနတယ္ဆိုရင္ ကိုကိုေက်နပ္ပါတယ္ "
" ကိုိကုိဟာေလ အဲလိုပံုမ်ိဳးနဲ႔ဆို တစ္သက္လံုးလူပ်ိဳႀကီးဘဲလုပ္ေတာ့ ညီမေလးကေတာ့ ညီမေလးခ်စ္တဲ့သူကိုပိုင္ဆိုင္ရဖို႔ဆိုရင္ လူသတ္ရမယ္ဆိုရင္ေတာင္ သတ္မွာ " ဘာကိုေဒါသထြတ္သြားမွန္းမသိေပမယ့္ ေဒါသတႀကီးေျပာသြားတဲ့ညီမေလးရဲ႕စကားေတြကို ၾကားၿပီး ဟိန္းမင္းလတ္ေတာင္ၾကက္သီးေတြထသြားရသည္။ ညီမေလးခ်စ္မိတဲ့လူရဲ႕ဘဝကေတာ့ တကယ္မလြယ္ဘူး။ မျမင္ရေသးတဲ့ ညီမေလးရဲ႕ခ်စ္သူျဖစ္လာမယ့္သူအတြက္ဘဲ ဟိန္းမင္းလတ္ရင္ေလးမိသည္။
===================
ၾကာသြားလို႔ Sorryပါေနာ္ သာသာလဲအလုပ္တစ္ဖတ္နဲ႔နည္းနည္းရႈပ္ေနလို႔ပါ ဇာတ္ေကာင္ေတြမ်ားေနလို႔စိတ္ညစ္ေနၾကၿပီးလား အရမ္းစိတ္မညစ္ပါနဲ႔ ေနာက္ထပ္ဇာတ္ေကာင္ေတြ ထပ္ထြတ္လာဖို႔ရွိေသးတာေၾကာင့္ စိတ္ေလးေလ်ာ့ထားေပးပါလို႔ မွာခ်င္ပါတယ္ သာသာေရးတဲ့Ficက အရမ္းရႈပ္ေထြးေနလားဆိုတာေလးကို ေျပာေပးပါဦးေနာ္ ၿပီးသြားတဲ့အပိုင္းက ဇာတ္ေကာင္ေတြနဲ႔ Royal Groupရဲ႕ အထပ္ေတြကို ကြန္မန္႔မွာ ပံုနဲ႔ရွင္းျပေပးထားပါတယ္ေနာ္
-----------------------------------------------------------
မားရဲ့ မီးငယ်လေး
- အပိုင်း ၁၅
- GL story
- စာရေးသူ ချယ်
Royal Group ရှယ်ယာရှင်များအစည်းအဝေးတွင်ဖြစ်သည်။ ဧကရီ မီးငယ်လေးကို ကုမ္မဏီမှာတရားဝင်ဝန်ထမ်းအဖြင့် ခန့်ဖို့ကို အစည်းအဝေးမှာတင်ပြခြင်းပြီး ရှယ်ယာရှင်အားလုံးရဲ့အကြံညဏ်ကို တောင်းနေတာဖြစ်သည်။ ဧကရီရဲ့တင်ပြချက်အပြီးတွင် ကုမ္မဏီရဲ့အကြီးဆုံးအမှုဆောင်ဒါရိုက်တာဖြစ်တဲ့ ဦးနန်းမိုးရဲ့ကန့်ကွက်တဲ့စကားတွေ ထွတ်ပေါ်လာသည်။ ဦးနန်းမိုးကန့်ကွက်သည်နှင့် ရှယ်ယာရှင်အများစုကလဲ ဦးနန်းမိုးရဲ့သဘောထားနှင့် တူတူပင်ဖြစ်ကြောင်း ထုတ်ပြလာသည်။အမှန်ဆို ကုမ္မဏီရဲ့ရှယ်ယာရှင်တွေက ဧကရီဘာလုပ်လုပ် ကန့်ကွက်နေတာက များသည်။ ဖေဖေမရှိတော့တဲ့နောက် နောက်တတ်မယ့်CEOနေရာကို ဦးနန်းမိုးလို့ရွေးချယ်ထားပြီးမှ CEOနေရာဆက်ခံသူသည် ဧကရီဆိုတဲ့ ဖေဖေမသေခင်ကထားခဲ့တဲ့ သေတမ်းစာကြောင့် ဧကရီသည် CEOဖြစ်လာခဲ့ရသည်။ ဦးနန်းမိုးသည် ကုမ္မဏီရဲ့အမှုဆောင်ဒါရိုက်တာဖြစ်လာပြီးတဲ့နောက်မှာ ရှယ်ယာရှင်အများစုကို သူ့ဘက်ပါလာအောင်ဆွဲဆောင်ထားသည်။ ရှယ်ယာရှင်တွေကို ဘယ်လိုမက်လုံးတွေပေးပြီး ဆွဲဆောင်ထားလဲတော့မသိ ဦးအောင်မိုးကဘူးဆို ရှယ်ယာရှင်တွေကလဲဘူးဘဲ။ ဧကရီအမှားတစ်ခုလုပ်တာနဲ့ ရိုက်ချဖို့ကို ကျားချောင်းချောင်းနေကြသူတွေက အပုံသားမို့ ဧကရီမမှားအောင်သာဂရုစိုက်နေရတာကြောင့် အခုထိမြဲနေခြင်းပင်။
" ဧကရီရဲ့မွေးစားသမီးကို ကုမ္မဏီမှာ တရားဝင်ဝန်ထမ်းခန့်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ မဟုတ်မှ နောက်တတ်မယ့်CEOနေရာကို သွေးမတော်သားမစပ်တဲ့လူတစ်ယောက်ကို လွှဲပေးဖို့ စဉ်းစားနေတာလား "
" အဲလိုပြောဖို့စောပါသေးတယ်ဦးနန်းမိုး ဘယ်တုန်းကဒီကုမ္မဏီက ပုဂ္ဂိုလ်စွဲတွေရှိသွားရတာလဲ ဘယ်သူ့သွေးသားဖြစ်ဖြစ် တော်ရင်တော်သလို မြောက်စားပေးရမှာက ကုမ္မဏီရဲ့ဆောင်းပုဒ်ဘဲလေ မဟုတ်ဘူးလား "
" ဟုတ်တယ်လေ မင်းရဲ့မွေးစားသမီးက ဘယ်လိုအရည်အချင်းရှိလဲမစမ်းသပ်ရသေးဘဲနဲ့ CEOအာဏာသုံးပြီး နေရာပေးချင်နေတာမဟုတ်ဘူးလား "
" မဟုတ်တာ ဦးနန်းမိုးတို့တွေ အထင်လွဲနေပြီး ဧကရီပြောတာ မီးငယ်ကို ရာထူးကြီးကြီးမားမားပေးထားတာမဟုတ်ဘူး အောက်ခြေဝန်ထမ်းနေရာကနေဘဲ စလုပ်ခိုင်းမှာ အရည်အချင်းမရှိဘူး ကုမ္မဏီအတွက်အသုံးမဝင်ဘူးဆိုရင် ဧကရီကိုယ်တိုင်ထုတ်ပယ်မှာမို့ ဦးနန်းမိုးတို့တွေ စိတ်ချနေပါ "
" ပြောတဲ့စကားအတိုင်းတည်ပါစေဧကရီ မင်းက ကုမ္မဏီCEOဆိုပြီး လုပ်ချင်တိုင်းလုပ်လို့ရမယ်မထင်နဲ့နော် ဒီကရှယ်ယာရှင်တွေသာ မရှိတော့ဘူးဆိုရင် မင်းကော ဒီကုမ္မဏီကော ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးထားလိုက်ပါ " ဦးနန်းမိုးသည်ပြောပြီးတာနဲ့ အစည်းအဝေးခန်းမှထထွတ်သွားသည်။ ကျန်တဲ့ရှယ်ယာရှင်တွေလည်း အလျိုလျိုနဲ့ထွတ်သွားကြတော့မှ ဧကရီ ဆုံလည်ကုလားထိုင်ပေါ် ထိုင်ချလိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ဦးနန်းမိုးပြောတာလဲ မှန်ပါသည်။ ဒီရှယ်ယာရှင်တွေသာ မရှိရင် ကုမ္မဏီကကျိန်သေပေါက်ယိုင်လဲသွားမှာပင်။ ဦးနန်းမိုးရဲ့နောက်မှာ ရှယ်ယာရှင်အများစုနဲ့ Asia groupရဲ့ပိုင်ရှင်ဦးအောင်သောင်းပါရှိနေတာမို့ ဧကရီဆန့်ကျင်လို့မရပေ။ ဧကရီသည် ယနေ့အချိန်ထိ အရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်သလို၊ ဖေဖေ့လက်ထပ်ကထက် ပိုပိုပြီးအောင်မြင်မှုရနေတာကြောင့်သာ တော်ရုံအမှားလေးလောက်နဲ့ ဧကရီကိုဖြုတ်ချလို့မရလို့သာ ငြိမ်နေကြခြင်းဖြစ်သည်။ ဧကရီသာ အမှားတစ်ခုခုလုပ်မိပါက ဧကရီကိုဖြုတ်ချဖို့က အနှေးနဲ့အမြန်ဘဲဖြစ်သည်။
ညစာစားပွဲတစ်ခုတွင် ဖြစ်သည်။
" အကိုကြီး... ဘာတွေလုပ်နေတာလဲ ပြောတော့ ကုမ္မဏီCEOနေရာကနေ ဧကရီကိုအမြန်ဆုံးဖြုတ်ချမယ်ဆို အခုတော့သူက သွေးမတော်သားမစပ်တဲ့သမီးကိုတောင် နေရာပေးဖို့လုပ်နေပြီး "
" အမ် နန်းပြောတာ ဧကရီမွေးစားသမီးစောနှင်းပွင့်ဖြူကိုလား ဧကရီက ကုမ္မဏီမှာအလုပ်ခန့်မလို့ပေါ့ "
" ဟုတ်တယ်အကိုကြီး ဖေဖေကလဲစိတ်ပူနေတယ် ဧကရီမွေးစားသမီးက တကယ်အရည်အချင်းရှိတဲ့သူတစ်ယောက်သာဆို CEOနေရာကိုပေးလိုက်ရလိမ့်မယ်တဲ့ "
" အဲလိုမဖြစ်အောင်လုပ်ပေးမှာမို့ စိတ်အေးအေးထားဖို့ နန်းရဲ့ဖေဖေကိုပြောလိုက်ပါ ပြီးတော့ဟိုကလေးမကို ကုမ္မဏီမှာခန့်ဖို့ လက်ခံပေးလိုက်လို့ပါပြောလိုက် "
" ဟင် အကိုကြီးကလဲ အစတည်းကမြောက်နေတဲ့သူကို အတောင်တပ်ပေးလိုက်သလို ဖြစ်မနေဘူးလား တော်ကြာနေတကယ် နန်းတို့တွေပြဿနာတတ်လိမ့်မယ်နော် "
" အကိုကြီးမှာ နည်းလမ်းရှိပါတယ် အကိုကြီးကိုသာ ယုံလိုက် အဆင်ပြေရင် ဒီသုံးလအတွင်းမှာ နန်းရဲ့ဖေဖေက CEOဖြစ်လာစေရယ် နန်းကလဲ အသက်အငယ်ဆုံးအမှုဆောင်ဒါရိုက်တာဖြစ်လာလိမ်မယ်ဟုတ်ပြီးလား " ဦးအောင်သောင်းရဲ့စကားကြောင့် မျက်လုံးတွေ တောက်ပသွားတဲ့နန်းစန္ဒာက ရုံပတေသီးကိုအဘွားခေါ်ရလောက်အောင် ချွဲပျစ်နေတဲ့နှာသံကြီးနဲ့ ဦးအောင်သောင်းကိုချုပ်နေတော့သည်။
" နန်းဘာဘဲလိုချင်လိုချင် ရအောင်ဖြည်ဆည်းပေးတဲ့အကိုကြီးကို နန်းကအရမ်းတွေချစ်နေရတာ " ခပ်ချွဲချွဲပြောတဲ့နန်းကို ဦးအောင်သောင်းတစ်ယောက် တဏှာမျက်လုံးတွေနဲ့ ကြည့်ကာဖြင့်
" နန်းလိုချင်တာကို အကိုကြီးရအောင်လုပ်ပေးသလို အကိုကြီးလိုချင်တာကိုလဲ နန်းကလုပ်မပေးချင်ဘူးလား "
" အကိုကြီးက ဘာလိုချင်တာလဲ နန်းလုပ်ပေးနိုင်တာဆိုရင် လုပ်ပေးမှာပေါ့အကိုကြီးရဲ့ "
" နန်းလုပ်ပေးနိုင်ပါတယ် အရင်တစ်ခေါက်လိုဘဲ နန်းနဲ့နေချင်လို့လေ အကိုကြီးကိုပေးမယ်မလားနန်း " ဘေးချင်းကပ်ရက်ထိုင်နေတဲ့ နန်းရဲ့ပေါင်သားဖွေးဖွေးကို ပွတ်သတ်ရင်းပြောလာတော့ ဦးအောင်သောင်းရဲ့လိုချင်တဲ့အရာကို နန်းသဘောပေါက်သွားသည်။ လောဘအမိုက်မှောင်ဖုံးနေတဲ့အတွက်ကြောင့် လုပ်သင့်မလုပ်သင့်ကို မစဉ်းစားတော့ဘဲ ဦးအောင်သောင်းရဲ့အလိုကို လိုက်ပေးဖို့ နန်းသဘောတူလိုက်သည်။ တစ်ခုကိုလိုချင်ရင် တစ်ခုကိုပေးဆပ်ရမယ် ကြီးကြီးမားမားလိုချင်ရင် ကြီးကြီးမားမားပေးဆပ်ရမယ်ဆိုတာ နန်းရဲ့ခံယူချက်ပင်။ အခုလဲ နန်းလိုချင်တဲ့အာဏာနဲ့ စည်းစိမ်အတွက် နန်းကိုယ့်ကိုယ်ကိုနဲ့ ပေးဆပ်နေသည်ဘဲလေ။ ဒီလိုမျိုးလုပ်လိုက်ရတဲ့အတွက်လဲ နန်းနောင်တမရတဲ့အပြင် ပန်တိုင်းရောက်တော့မယ့်လူတစ်ယောက်လိုသာ ဂုဏ်ယူနေရသည်။
=====================
" မီးငယ်လေး ဒီနေ့ကုမ္မဏီမှာ အလုပ်စဆင်းလို့ရပြီးနော် ဒီနေ့အတန်းချိန်ပြီးတာနဲ့ ကုမ္မဏီကိုတန်းလာခဲ့လိုက် မားစောင့်နေမယ် " မနက်စာစားရင်းပြောလာတဲ့ မားရဲ့စကားကြောင့် နှင်းထခုန်မိမတတ်ပင် ပျော်သွားခဲ့သည်။ ကျောင်းကိုတင်ရတဲ့ရီပိုစ့်ကြောင့် မားရဲ့ကုမ္မဏီမှာ ယာယီဝန်ထမ်းသာလုပ်ခဲ့ပေမယ့် အလုပ်လုပ်ရတာ ဘယ်လောက်ပင်ပန်းလဲဆိုတာကို နှင်းနားလည်ခဲ့ရသည်။ ခနလုပ်ခဲ့ရတဲ့ နှင်းတောင်ဒီလောက်ပင်ပန်းနေရင် အမြဲတမ်းလုပ်နေရတဲ့ မားဆိုဘယ်လောက်ပင်ပန်းနေမယ်ဆိုတာ နှင်းစာနာမိတာကြောင့် မားနဲ့အတူတူအလုပ်လုပ်ချင်သည်ဟု ပြောခဲ့တာဖြစ်သည်။ နှင်းသည်လည်း မားရဲ့ပင်ပန်းမှုတွေကို နည်းနည်းပါးပါးတော့ ဝင်ပြီးမျှယူပေးချင်သည်။ မီးငယ်လေးတစ်ယောက် လိုချင်တဲ့ရသွားတဲ့ကလေးတစ်ယောက်ပမာ ဧကရီကိုပြုံးကာ ခေါင်းငြိမ့်ပြလာသည်။ ကျောင်းတစ်ဖတ်နဲ့မို့ ပင်ပန်းမှာဆိုးတာကြောင့် မီးငယ်လေးကို ဧကရီအလုပ်မလုပ်စေချင်ပေမယ့်လည်း ဒီကလေးကအရမ်းတွေစိတ်အားထက်သန်နေတာကြောင့် ဧကရီဘဲအလျော့ပေးကာ လက်ခံပေးခဲ့သည်။ အမှားကိုဘဲမျက်စိဒေါင့်ထောက်လိုက်ကြည့်နေမယ် လူတစ်စုကြာင့် ဧကရီ မီးငယ်လေးကို မှာသင့်တာတော့မှာထားရမည်။
" မီးငယ်လေး မားပြောတာသေချာနားထောင်နော် ကုမ္မဏီမှာ မီးငယ်လေးကို လိုတဲ့သူရှိတယ် မလိုတဲ့သူရှိတယ် အဲတာကြောင့် မီးငယ်လေးအစစအရာရာဂရုစိုက်နော် " ဧကရီပြောတာတွေကို စိတ်ဝင်တစားနဲ့သေချာနားထောင်နေတာကြောင့် ဧကရီလဲသေချာဆက်ပြောရသည်။
" အမှားတစ်ခုခုလုပ်မိရင်တောင် ကိုယ်အမှားကိုယ်တာဝန်ယူနိုင်ရမယ် မားက မီးငယ်လေးနောက်ကနေပြီးလိုက်ပြီးတော့ ဖြေရှင်းပေးနေရမယ်ဆိုရင် ကုမ္မဏီမှာမလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ် အဲတာကြောင့် မားကမီးငယ်လေးဘက်ကနေ ဝင်ပါပေးနိုင်မှာမဟုတ်ဘူး "
" စိတ်ချပါ မားရယ် မီးငယ်ဒီအလုပ်ကိုစလုပ်မယ်ဆိုတည်းက အကုန်လုံးကိုကြိုတင်ပြင်ဆင်ပြီးသားပါမား ဘာဘဲဖြစ်လာဖြစ်လာ မီးငယ်အကောင်းဆုံးကြိုးစားမှာပါ "
" ဟုတ်ပါပြီးနော် ပြီးတော့ မီးငယ်လေး မတရားမှုတစ်ခုခုမှာ ဝင်ပါချင်တယ်ဆိုရင်တောင် ခိုင်လုံတဲ့သက်သေရှိမှဖြစ်မှာမို့ ခိုင်လုံတဲ့သက်သေမရှိဘဲနဲ့ ပါစပ်နဲ့ဖြေရှင်းဖို့ကို ဘယ်တော့မှမလုပ်ပါနဲ့နော် "
" ဟုတ်ကဲ့ပါ မား "
" ကဲ... စားပြီးပြီးဆို မားတို့တွေသွားရအောင် မီးငယ်လေးကို ကျောင်းပို့ပြီးတာနဲ့ မားကုမ္မဏီကိုသွားရမယ် အတန်းဆင်းရင် မားလာမကြိုဘူးနော်မီးငယ်လေး ကိုယ့်ဘာသာလာဖို့ အဆင်ပြေတယ်မလား "
" အင်း... ပြေတယ်မား "
နှင်း အတန်းချိန်ပြီးတာနဲ့ မားရဲ့ကုမ္မဏီကို စောစောရောက်လာခဲ့သည်။ ပထမဆုံးအလုပ်တတ်ရက်မှာ နောက်မကျစေချင်တာကြောင့်ရယ် ကျောင်းကရီပိုစ့်ကိစ္စနဲ့ ခနဘဲကုမ္မဏီမှာနေခဲ့တာကြောင့် နေရာစုံအောင်မရောက်ဖူးသေးတဲ့ မားရဲ့ကုမ္မဏီကို နှံ့အောင်လျှောက်ပတ်ကြည့်ချင်တာလဲပါသည်။ အထပ်၈ထပ်ပါဝင်တဲ့ ကွန်တိုကြီးတစ်လုံးတွင် ဆိုင်ရာကုမ္မဏီဝန်ထမ်းတွေ အပြည့်ရှိသည်။ ကုမ္မဏီရဲ့ မြေညီထပ်နဲ့တစ်ထပ်ကိုအဆင်မပြေတဲ့ကုမ္မဏီဝန်ထမ်းတွေကို ထောင်ပံ့နိုင်ရန်အတွက် အမြတ်ကြီးမယူတဲ့ဆိုင်ခန်းလေးတွေ ဖွင့်စေသည်။ ဆိုင်ခန်းဌားတာကနေရတဲ့အပိုငွေကို ကုမ္မဏီရဲ့အသက်ကြီးသူတွေ ကလေးမိခင်တွေ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အခက်အခဲရှိသူတွေကို ပြန်လှည်ထောက်ပံ့ပေးသည်။ နှစ်ထပ်အထပ်တစ်ထပ်လုံးနဲ့ ခေါင်မိုးထပ်ကိုတော့ ဝန်ထမ်းများအနားယူနိုင်ရန် ပန်းခြံငယ်လေးပုံစံလုပ်ပေးထားသည်။ နှစ်ထပ်အလွှာမှာ Gymပစ္စည်းအစုံအလင် လျှပ်စစ်အနှိပ်ကုလားထိုင်တွေနဲ့ အညှောင်းအညှာပြေအောင်လုပ်ပေးနိုင်တဲ့ပစ္စည်ကိရိယာအစုံအလင်ထားပေးထားသည်။ ခေါင်မိုးထပ်တွင် လေတဖြူးဖြူးနဲ့အပေါ်စီးကနေ မြင်ကွင်းသေးသေးလေးတွေကို မြင်နိုင်သလို ရေကူးကန်လေးသေးသေးလေးတောင် ထားထားပေးသည်။အပေါ်ဆုံးထပ်ဖြစ်တဲ့ ရှစ်ထပ်တွင် ညဂျူတီဆင်းတဲ့ဝန်ထမ်းတွေအိပ်စက်ဖို့အတွက်နဲ့ နိုင်ငံခြားသားရင်းနှီးမြှပ်နှံသူတွေလာရင် တည်းဖို့အတွက်ပြုလုပ်ပေးထားသည်။ ခုနှစ်ထပ်မြောက်သည် ရှယ်ယာရှင်အစည်းအဝေးလုပ်ရန်နှင့် ရင်နှီးမြှပ်နှံသူတွေနဲ့တွေ့ဆုံရန်အတွက် ဟောခန်းကြီးတစ်ခန်းဖြစ်သည်။ ခြောက်ထပ်တွင် မားရဲ့ရုံးခန်းနဲ့ ရာထူးကြီးပိုင်းတချို့ရဲ့ရုံးခန်းတွေရှိကြတယ်။ ကျန်တဲ့သုံးထပ်၊ လေးထပ်နဲ့ငါးထပ်တွင် သက်ဆိုင်ရာဌာနမှ ဝန်ထမ်းအသီးသီးတို့ အလုပ်လုပ်ရာဌာနများရှိကြသည်။ ထိုအထပ်သုံးထပ်လုံးတွင်လဲ ဝန်ထမ်းများသက်သက်သာသာအလုပ်လုပ်နိုင်ရန် အဲကွန်း၊ ရေခဲသေတ္တာ၊ ရေပူရေအေးစက်တွေ၊ အမောဖြေနိုင်ရန်အတွက် ကော်ဖီထုတ်နဲ့အအေးထုတ်လေးတွေနဲ့ တစ်ခါသုံးခွက်လေးတွေကို အဆင်သင့်ထားပေးထားသည်။ အပူအအေးကြိုက်ရာကို သောက်လို့ရတယ်။ အဆာပြေမုန့်လေးတွေလဲ ထားထားသလို၊ မနက်စာပြင်ဆင်ချိန်ကြောင့် အလုပ်နောက်ကျတာမျိုးမဖြစ်ရအောင်လဲ မနက်စာဘူဖေးပုံစံမျိုးလေးလုပ်ထားပေးသေးသည်။ ဝန်ထမ်းတွေပျော်မှ ကုမ္မဏီကကြီးပွားတိုးတတ်မှာဆိုတဲ့ မားရဲ့စကားကို နားထဲကြားယောင်ရင်း မားလေးရဲ့အစီအစဉ်ကျမှုကို နှင်းလေးစားမိသည်။ (စိတ်ကူးထဲက သာသာလုပ်ချင်တဲ့ လုပ်ငန်းခွင်ပုံစံမျိုးကို ရေးထားတာပါ) ဧကရီလျှောက်ပတ်ကြည့်နေရင်း ကုမ္မဏီရဲ့ဌာနမှုဖြစ်တဲ့ မနန်းစန္ဒာဆိုသူသည် နှင်းနားကို ရောက်လာပြီး မကျေမချမ်းဖြစ်နေတဲ့ လေသံနဲ့
" နင် ရောက်နေပြီးဆိုရင်လဲ နင်အလုပ်လုပ်ရမယ့်နေရာလိုက်ပြမယ် ငါနဲ့လိုက်ခဲ့ ရောက်တာကြာပြီးမလား ဝန်ထမ်းရေးရာဌာနကို ရောက်နေကြောင်းအသိမပေးဘဲ ဘယ်ကိုအလေလိုက်နေတာလဲ "
" မဟုတ်ပါဘူး မမနန်း ကုမ္မဏီကိုလိုက်ပတ်ကြည့်နေတာပါ နေရာစုံအောင်မရောက်ဖူးလို့လေ မားရဲ့ကုမ္မဏီကအရမ်းခမ်းနားတာဘဲနော် မမနန်း "
" ငါ့ကို မမနန်းလို့ခေါ်စရာမလိုဘူး ကုမ္မဏီမှာဌာနမှုလို့ဘဲခေါ် နင့်လိုလက်အောက်ဝန်ထမ်းတစ်ယောက်က မမနန်းလို့ခေါ်ပိုင်ခွင့်ရှိလို့လား ဘယ်လိုဘဲCEOနဲ့ပတ်သတ်မှုရှိပါတယ်ပြောပြော ဒီကုမ္မဏီမှာ နင်ကအောက်ခြေဝန်ထမ်းဘဲဆိုတာ မှတ်ထားပါ "
" ဟုတ်.. မမ.. အဲ.. ဌာနမှု "
" ပြီးတော့တစ်ခုမှတ်ထားဦး ဒီကုမ္မဏီက နင်နဲ့ဘာမှပတ်သတ်မှုမရှိဘူးမို့ ဒီကုမ္မဏီအပေါ်မှာ လောဘတတ်နေတာတွေရှိလာရင် တစ်ခါတည်းခေါင်းထဲကထုတ်ထားပါ ကိုယ့်အဆင့်ကိုယ်သိထားဖို့လဲမမေ့နဲ့ " နှင်းရဲ့နားထင်ကို လက်ညိုးနဲ့ထိုးထိုးပြီးပြောနေတဲ့ နန်းစန္ဒာကြောင့် နှင်းလက်တွေ တင်းတင်းဆုပ်ထားမိသည်။
====================
" ကလေးက Royal Groupမှာ အလုပ်လုပ်နေတယ်ဆို အဆင်ပြေရဲ့လား " နှင်းကုမ္မဏီရဲ့ ဖောက်သည်တစ်ဦးနဲ့တွေ့ဆုံပြီးအပြန် နွယ်ရဲ့အကို ကိုဟိန်းနဲ့တိုးတော့ အအေးဝယ်တိုက်ချင်တယ်ဆိုတာကြောင့် အအေးဆိုင်တစ်ခုမှထိုင်နေကြတာဖြစ်သည်။
" ပြေပါတယ် ကိုဟိန်း " နှင်း မားရဲ့ကုမ္မဏီမှာဝင်လုပ်နေတာ တစ်ပတ်တောင်ရှိခဲ့ပြီး။ ကုမ္မဏီဌာနမှုနဲ့ကလွဲလို့ကျန်တဲ့သူတွေနဲ့အဆင်ပြေပါသည်။ ဌာနမှုဆိုတဲ့နန်းစန္ဒာက ဘယ်လိုအငြိုးတွေကြောင့် နှင်းကိုအနိုင်ကျင့်နေလဲဆိုတာတော့မသိ။ နှင်းဘာလုပ်လုပ်စိတ်တိုင်းမကျတာကြောင့် နည်းနည်းတော့စိတ်ညစ်စရာရှိပေမယ့်လည်း သူစိမ်းယောကျာ်းတစ်ယောက်ကို ရင်ဖွင့်ရလောက်အောင်ထိမလိုတာမို့ အဆင်ပြေတယ်ဟုသာပြောလိုက်သည်။
" ကလေးနဲ့ မဧကရီနဲ့က တွဲနေကြတာဆိုဟုတ်ရဲ့လား ညီမလေးပြောလို့သိရတာ "
" နွယ်ပြောပြထားပြီးသားဘဲလေ ကိုဟိန်းဘာလို့မေးတာလဲ "
" ကလေးပါစပ်ကနေ ပြောတာဘဲကိုဟိန်း ကြားချင်လို့ပါ "
" ဟုတ်တယ် ကိုဟိန်း နှင်းက မားနဲ့ချစ်သူတွေဖြစ်နေကြပါပြီး "
" ကိုဟိန်းဘောင်ကျော်တာတော့မဟုတ်ပါဘူး ပြောပြတာပါ ကလေးတို့က မိန်းကလေးချင်းတွေနော် ပြီးတော့သားသမီးနဲ့မိဘဆက်ဆံရေး မဧကရီကအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အတွက် ကလေးအပေါ်မှာ ရိုက်ခတ်မှုတွေအများကြီးရှိလာနိုင်တယ် ကလေးပြန်မစဉ်းစားတော့ဘူးလား "
" အဲတာတွေအတွက် နှင်းရော မားရောနှစ်ယောက်လုံးအဆင်သင့်ပြင်ဆင်ထားပြီးသားမို့ ကိုဟိန်းစိတ်မပူပါနဲ့ နှင်းတို့တွေ ဘာဘဲဖြစ်လာလာ တစ်ယောက်လက်တစ်ယောက်မဖြုတ်ဘူးလို့ ကတိပေးထားကြပြီးသားပါ " ဟိန်းမင်းလတ်တစ်ယောက် ကလေးကြောင့် သက်ပြင်းခိုးချနေရုံသာ တတ်နိုင်သည်။ ဒီကလေးက သူ့ရဲ့မားအပေါ်မှာ ယုံကြည်မှုတွေအရမ်းပြင်းထန်နေသည်လေ။ ရှေ့ဆက်ရမယ့်လမ်းက ဘယ်လောက်ကြမ်းတယ်ဆိုတာ ကလေးမသိလေသလား။
" ဟုတ်ပါပြီး ကိုဟိန်းအနေနဲ့ ကလေးရဲ့ဆုံးဖြတ်ချက်ကိုလေးစားမှာပါ ကလေးအပေါ်မှာတွယ်ကပ်မနေပါဘူး ဒါပေမယ့် ကိုဟိန်း ကလေးကိုအရမ်းချစ်တယ် ကိုဟိန်းကို ကလေးလိုအပ်လာမယ့်အချိန်အထိ ကိုဟိန်းစောင့်နေပေးမှာမို့ အချိန်မရွေးကိုဟိန်းဆီလာခဲ့လို့ရတယ်ဆိုတာ မမေ့ပါနဲ့ "
" ကိုဟိန်းကို နှင်းအကိုတစ်ယောက်လိုဘဲ ချစ်ပါတယ် နှင်းရဲ့နှလုံးသားတစ်ခုလုံးကို မားကိုပေးထားပြီးသားမို့ ကိုဟိန်းကိုလက်မခံနိုင်တာ နှင်းတောင်းပန်ပါတယ် အခုလိုမောင်နှမဆက်ဆံရေးလေးကိုဘဲ ထိန်းသိမ်းထားပေးမယ်ဆိုရင် ကိုဟိန်းကိုနှင်းကျေးဇူးတင်မိမှာပါ "
" ရပါတယ်ကလေးရယ် ကလေးကိုယ်တိုင်ကိုဟိန်းရင်ခွင်ထဲ ခြေလှမ်းလာမယ့်အချိန်ကို ကိုဟိန်းစောင့်နေမှာပါ အဲအချိန်မရောက်ခင်အချိန်အထိ ကလေးပြောတဲ့ မောင်နှမဆက်ဆံရေးကို ကိုဟိန်းထိန်းသိမ်းကာကွယ်သွားမှာပါ "
" ကိုကို..... နှင်းနဲ့အတူရှိနေတာဘဲ " နွယ်ကိစ္စတစ်ခုကြောင့် ဒီဘက်ကိုလာရင်း ကိုကိုနဲ့နှင်းကိုတွေ့လိုက်တာကြောင့် လာနှုတ်ဆတ်တာဖြစ်သည်။
" ညီမလေး ဘာလာလုပ်တာတုန်း ကိုကိုလဲ နှင်းနဲ့မတော်တဆဆုံလို့ အအေးသောက်ရအောင်ထိုင်နေကြတာ "
" ကိုဟိန်း နွယ် အခုကအလုပ်ကိစ္စနဲ့အပြင်ထွတ်လာတာမို့ ကြာလို့မရတာကြောင့် ပြန်တော့မယ်နော် ကျောင်းမှာပြန်တွေ့ကြမယ်နော် နွယ် "
" ပြန်တော့မလို့လားကလေး ကိုဟိန်းလိုက်ပို့ပေးမယ်လေ "
" ရတယ် ကိုဟိန်းမပို့နဲ့တော့ ကုမ္မဏီကားနဲ့လာတာမို့ပါ "
" ဟုတ်ပါပြီးဗျာ ဂရုစိုက်ပြီးသွားနော်ကလေး " နွယ်ကတော့ ကိုကိုအကဲပိုကြီးကို မျက်တောင်မခတ်စိုက်ကြည့်နေလိုက်သည်။ ပြုံးပြုံးကြီးစိုက်ကြည့်နေတဲ့ ညီမငယ်လေးကြောင့် အကိုဖြစ်သူရှက်ရယ်ရယ်ကာ လည်ပင်ကိုသာ ပွတ်သက်နေတော့သည်။
" ပြောပါဦး ကိုကို ဒါဘယ်လိုဖြစ်ကြတာတုန်း ကိုကိုတို့တွေ အဆင်ပြေနေတာလား "
" မဟုတ်ပါဘူးညီမလေးရယ် မတော်တဆဆုံကြတာပါ အဆင်လဲမပြေပါဘူးလေ ညီမလေးရဲ့သူငယ်ချင်းက သူ့မားမှ သူ့မားဖြစ်နေတာ ကိုကုိ့အတွက် နေရာမရှိပါဘူး "
" နေရာမရှိလဲ ရှိအောင်အတင်းလုပ်ယူလေကိုကိုရယ် ကိုကိုယောကျာ်မဟုတ်ဘူးလား ကိုကိုချစ်တဲ့သူကို သူများနောက်အပါခံနိုင်လို့လား "
" အချစ်ဆိုတာ အတင်းလုပ်ယူလို့ရတာမှ မဟုတ်တာညီမလေးရယ် သူများနောက်အပါမခံနိုင်ပေမယ့်လည်း သူများရင်ခွင်မှာ ပျော်နေတယ်ဆိုရင် ကိုကိုကျေနပ်ပါတယ် "
" ကိုကိုဟာလေ အဲလိုပုံမျိုးနဲ့ဆို တစ်သက်လုံးလူပျိုကြီးဘဲလုပ်တော့ ညီမလေးကတော့ ညီမလေးချစ်တဲ့သူကိုပိုင်ဆိုင်ရဖို့ဆိုရင် လူသတ်ရမယ်ဆိုရင်တောင် သတ်မှာ " ဘာကိုဒေါသထွတ်သွားမှန်းမသိပေမယ့် ဒေါသတကြီးပြောသွားတဲ့ညီမလေးရဲ့စကားတွေကို ကြားပြီး ဟိန်းမင်းလတ်တောင်ကြက်သီးတွေထသွားရသည်။ ညီမလေးချစ်မိတဲ့လူရဲ့ဘဝကတော့ တကယ်မလွယ်ဘူး။ မမြင်ရသေးတဲ့ ညီမလေးရဲ့ချစ်သူဖြစ်လာမယ့်သူအတွက်ဘဲ ဟိန်းမင်းလတ်ရင်လေးမိသည်။
===================
ကြာသွားလို့ Sorryပါနော် သာသာလဲအလုပ်တစ်ဖတ်နဲ့နည်းနည်းရှုပ်နေလို့ပါ ဇာတ်ကောင်တွေများနေလို့စိတ်ညစ်နေကြပြီးလား အရမ်းစိတ်မညစ်ပါနဲ့ နောက်ထပ်ဇာတ်ကောင်တွေ ထပ်ထွတ်လာဖို့ရှိသေးတာကြောင့် စိတ်လေးလျော့ထားပေးပါလို့ မှာချင်ပါတယ် သာသာရေးတဲ့Ficက အရမ်းရှုပ်ထွေးနေလားဆိုတာလေးကို ပြောပေးပါဦးနော် ပြီးသွားတဲ့အပိုင်းက ဇာတ်ကောင်တွေနဲ့ Royal Groupရဲ့ အထပ်တွေကို ကွန်မန့်မှာ ပုံနဲ့ရှင်းပြပေးထားပါတယ်နော်Ficထဲက ဇာတ္ေကာင္ေတြနဲ႔ ျပန္မိတ္ဆတ္ေပးထားပါတယ္
Ficထဲက ဇာတ်ကောင်တွေနဲ့ ပြန်မိတ်ဆတ်ပေးထားပါတယ်Royal Group ကြန္တိုရဲ႕အထပ္ေတြကို ရွင္းျပေပးထားတာပါ
Royal Group ကွန်တိုရဲ့အထပ်တွေကို ရှင်းပြပေးထားတာပါ
YOU ARE READING
မားရဲ႕ မီးငယ္ေလး (Completed )
RomanceGL Story Unicode နဲ႔ေရာ Zawgyi နဲ႔ေရာ နွစ္မ်ိဳးလံုးနဲ႔ ေရးေပးထားလို႔ စာဖတ္သူေတြ အဆင္ေျပၾကပါေစ