- မားရဲ႕ မီးငယ္ေလး
- Extra 2
- GL Story
- စာေရးသူ ခ်ယ္
" Happy 5years Anniversary ပါ မားရဲ႕မီးငယ္ေလး "
" me too happy anniversary ပါ မား "
" ဘာလိုလိုနဲ႔ မားတို႔ရဲ႕ အိမ္ေထာင္သက္က ငါးနွစ္ေတာင္ရွိၿပီးေနာ္ မီးငယ္ေလး "
" အဲေတာ့ မားက ၿငီးေငြ႕ေနၿပီးလို႔ဆိုလိုခ်င္တာလား "
" မဟုတ္တာ မားရဲ႕မီးငယ္ေလးကို မားကခ်စ္လို႔ေတာင္မဝေသးတာ ၿငီးေငြ႕စရာလားေနာ္ "
" ေအာ္ ခ်စ္လို႔ဝသြားရင္ ၿငီးေငြ႕သြားမွာေပါ့ ဟုတ္လား "
" ေပါက္ကရေတြေလ်ွာက္ေတြးေနျပန္ၿပီးမီးငယ္ေလးရယ္ မားေျပာျပမယ္ ေရေသာက္ျမစ္မရွိတဲ့အပင္က ေျခာက္ေသြ႕ၿပီးေတာ့ေသဆံုးနိုင္သလို မီးငယ္ေလးမရွိတဲ့မားရဲ႕ဘဝကလဲ ေျခာက္ကပ္ၿပီးေသဆံုးနိုင္တာမို႔ မီးငယ္ေလးကမားရဲ႕ဘဝတစ္ခုလံုးထက္အေရးပါဆံုးသူဘဲ ဘယ္ေတာ့ၿငီးေငြ႕သြားမွာမဟုတ္ဘူးစိတ္ခ်ေနာ္ "
" ဒီလိုစကားေတြနဲ႔ဘဲ ဒီငါးနွစ္လံုးေျခြခ်ေနတာဘဲေနာ္မား "
" ရင္ထဲလာတဲ့ အစစ္အမွန္စကားေတြပါမီးငယ္ေလးရယ္ "
" ေပး... " ဧကရီဆီကေန လက္ျဖန္႔ၿပီးေတာင္းေနတဲ့ မီးငယ္ေလးကိုၾကည့္ၿပီး ဧကရီစခ်င္လာတာနဲ႔ဘဲ မသိခ်င္ေယာင္ေဆာင္ကာ
" ဘာလဲ မီးငယ္ေလးရဲ႕ "
" ဟမ္! ဘာကို ဘာလဲတုန္း မဂၤလာနွစ္ပတ္လည္ေန႔လက္ေဆာင္ေလ "
" အာ အဲတာလား နွစ္တိုင္းေပးေနတာဘဲေလ ဒီနွစ္မေပးလို႔မရဘူးလား မားက မီးငယ္ေလးနားမွာရွိေနၿပီးေလ လက္ေဆာင္ေတြဆိုတာ လိုေသးလို႔လား "
" ဘာလဲ လက္ေဆာင္တကယ္မျပင္ထားတာလား "
" ဟို... အဲတာကေလ " မီးငယ္ေလးရဲ႕မ်က္နွာက တျဖည္းျဖည္းညိႈးက်လာတာေၾကာင့္ ဧကရီလဲဆက္မစေတာ့ဘဲ မီးငယ္ေလးကိုေပြ႕ခ်ီကာ အမွတ္တရခန္းေလးဆီကိုေခၚခဲ့သည္။ ရုတ္တရက္ေပြ႕ခ်ီလိုက္တာေၾကာင့္ နွင္းလန္႔ၿပီး မားရဲ႕လည္ပင္းကိုခ်ိတ္တြယ္လိုက္မိသည္။ မားဦးတည္ေနတဲ့ေနရာကို နွင္းသိေနတာေၾကာင့္ မားကိုဘာမွမေမးဘဲ တိတ္တိတ္ဆိတ္ဆိတ္သာၿငိမ္ေနသည္။ အမွတ္တရခန္းေလးထဲေရာက္တာနဲ႔ မီးငယ္ေလးကို ထိုင္ခံုတစ္ခုေပၚတြင္ခ်ေပးကာ မီးငယ္ေလးေရွ႕မွာ ဧကရီဒူးေထာက္ထိုင္လိုက္သည္။ တီရွပ္အနက္ေရာင္ကို ဂ်င္းေဘာင္ဘီအျပာနဲ႔တြဲဝတ္ထားတဲ့မားက ရွင္းသန္႔ျဖဴဝင္းေနတဲ့အသားအရည္နဲ႔လိုက္ဖက္လွသည္။ ဘယ္ခ်ိန္ၾကည့္ၾကည့္ တည္ၾကည္ေအးခ်မ္းတဲ့မားဆိုတဲ့လူသားေလးကို နွင္းအသက္သမ်ွခ်စ္ျမတ္နိုးရသည္။ ဂ်င္းေဘာင္ဘီအိတ္ကပ္ထဲကေန တစ္စံုတစ္ခုကိုထုတ္ယူေနတဲ့မားကို နွင္းမ်က္ေတာင္မခတ္တမ္းၾကည့္ေနမိသည္။ နွင္းရဲ႕မ်က္စိေရွ႕ကိုေရာက္လာတဲ့အရာေလးတစ္ခု။ တိတိက်က်ေျပာရရင္ နွင္းတို႔ရဲ႕5နွစ္ျပည့္ မဂၤလာနွစ္ပတ္လည္ေန႔လက္ေဆာင္။ ေရႊေရာင္အသည္းပံုေသာ့ခ်ိတ္ေလးတစ္ခု မားဆိုတဲ့စာလံုးေလးနဲ႔ မီးငယ္ေလးဆိုတဲ့စာလံုးေလးကို စိန္ပြင့္ေသးေသးေလးေတြနဲ႔ မ်က္နွာျပင္တစ္ဖက္စီမွာေရးထိုးထားသည္။ ေရႊအစစ္၊ စိန္အစစ္နဲ႔ျပဳလုပ္ထားတာေၾကာင့္ ျပတင္းေပါက္ကေနျဖတ္ဝင္လာတဲ့ေနေရာင္ေအာက္မွာေသာ့ခ်ိတ္ေလးသည္ တလက္လက္ေတာက္ပေနသည္။
" ႀကိဳက္ရဲ႕လားမီးငယ္ေလး မားကိုယ္တိုင္ဒီဇိုင္းအပ္ထားတာ "
" အြန္း... အရမ္းလွတယ္မား မီးငယ္ေလးအရမ္းႀကိဳက္တယ္ မြ... "
" အရမ္းခ်စ္တယ္မီးငယ္ေလး ေက်းဇူးတင္ပါတယ္ မားရဲ႕အနားကိုေရာက္လာေပးတဲ့အတြက္ " နွင္းရဲ႕နႈတ္ခမ္းဆီေရာက္လာတဲ့ မားရဲ႕အနမ္းေတြကို နွင္းအျမတ္တနိုးခံယူရင္း အသက္ရႈၾကပ္လာတဲ့အထိ နွင္းတို႔ရဲ႕အနမ္းေတြရွည္ၾကာခဲ့သည္။
===================
" ကိုကို ညီမေလးလာတယ္ ဆုလဲပါလာတယ္ ဒီမွာကိုိကုိႀကိဳက္တဲ့နွင္းဆီအျဖဴေလးေတြလဲပါတယ္ သေဘာက်ရဲ႕လား ကိုကိုနဲ႔စကားေျပာဦးေလဆု "
" ကိုဟိန္း အဆင္ေျပေနတယ္မလား ႏြယ့္ကိုဆုေသခ်ာဂရုစိုက္ၿပီးခ်စ္ေပးမွာမို႔ ကိုဟိန္းစိတ္ခ်ႀကီးမလားဟင္ "
" ကိုကိုကအဆင္ေျပမွာပါေနာ္ ဆု ႏြယ္ေလကိုကိုရွိေနတုန္းက ကိုကို႔ကိုစိတ္ညစ္ေအာင္အရမ္းလုပ္ခဲ့တာ ႏြယ္အရမ္းဆိုးတာဘဲေနာ္ "
" ႏြယ္ငယ္႐ြယ္စဥ္တုန္းက မွားခဲ့တဲ့အမွားတစ္ခုပါဘဲ ကိုဟိန္းလဲအဲတာကိုနားလည္မွာပါ အခုႏြယ္လဲလိမ္မာေနၿပီးဘဲေလ ႏြယ့္အတြက္ကို ကိုဟိန္းကတမလြန္မွာအရမ္းဂုဏ္ယူေနမွာပါ ေလ်ွာက္မေတြးနဲ႔ေနာ္ "
" အင္းပါ... ဆုကိုႏြယ္အရမ္းေက်းဇူးတင္တယ္ေနာ္ အမွားေတြအမ်ားႀကီးလုပ္ခဲ့တဲ့ႏြယ္လိုလူကို ခ်စ္ေပးခဲ့လို႔ ၿပီးေတာ့ လမ္းမွန္ကိုေရာက္ေအာင္ျပန္ၿပီးဆြဲတင္ေပးခဲ့တာေရာေပါ့ "
" လူတစ္ေယာက္က အမွားေတြဘယ္ေလာက္ဘဲလုပ္လုပ္ အမွန္ျပန္ျပင္ခ်င္စိတ္ရွိတဲ့လူကို အားေပးရမွာဓမၼတာဘဲေလႏြယ္ရဲ႕ ၿပီးေတာ့ အခ်စ္ကိုတန္ဖိုးထားတတ္တဲ့လူသားတိုင္းက ျဖဴစင္တဲ့ခ်စ္ျခင္းေတြကိုရဖို႔ထိုက္တန္ပါတယ္ "
" ႏြယ္သိလာရတာကေလ အခ်စ္ဆိုတာ အျပန္အလွန္တန္ဖိုးထားတတ္တဲ့သူေတြအတြက္ေတာ့ ေအးခ်မ္းၿပီးေတာ့ တန္ဖိုးမထားတတ္တဲ့သူေတြအတြက္ေတာ့ ပူေလာင္တယ္ေနာ္ အန္တီဧကိုတြယ္တာမိတာကို အခ်စ္လို႔အထင္မွားၿပီး အတင္းလိုက္ကပ္တုန္းကဆိုရင္ ႏြယ္မွာအရမ္းပူေလာင္ေနရတာ အခုလိုထပ္တူက်တဲ့အခ်စ္မ်ိဳးနဲ႔ေတြ႕ခဲ့ျပန္ေတာ့လည္း အရမ္းေအးခ်မ္းလြန္းတယ္ေနာ္ဆု "
" ဟုတ္တာေပါ့ႏြယ္ရဲ႕ တစ္ေယာက္ကအရမ္းကိုခ်စ္ေနၿပီး ေနာက္တစ္ေယာက္ကတန္ဖိုးမထားတတ္ရင္ တစ္ဖက္ကလူရဲ႕အခ်စ္က သူ႔အတြက္ပူေလာင္စရာျဖစ္ၿပီး တစ္ဖက္လူကိုစြန္႔ပစ္တတ္ၾကတယ္ တကယ္ေတာ့တစ္ဖက္လူကသူ႔ကိုေပးတာက ေအးခ်မ္းတဲ့အခ်စ္ပါဘဲ တန္ဖိုးမထားတတ္ေတာ့ ပူေလာင္တယ္ထင္ၿပီးစြန္႔ပစ္လိုက္ေရာ ေနာက္က်ေတာ့ သူ႔လိုမ်ိဳးတန္ဖိုးမထားတတ္တဲ့လူအခ်င္းခ်င္းလဲေတြ႕ေရာ အရင္လူရဲ႕ေကာင္းျခင္းေတြကို ျပန္ေတြးမိၿပီးေနာင္တရေနတာဘဲ အဖတ္တင္တယ္ေလ "
" အဲတာဆို အခုႏြယ္က ဆုရဲ႕အခ်စ္ကိုတန္ဖိုးထားတတ္ေတာ့ ေအးခ်မ္းတာေပါ့ေနာ္ "
" အမွန္ဘဲေပါ့ ႏြယ္ရဲ႕ "
" ျပန္ၾကရေအာင္ေလေနာ္ ေတာ္ၾကာကိုကိုက သူ႔အေရွ႕မွာ လာroေနတယ္ဆိုျပီး ထရိုက္ေနဦးမယ္ သြားၿပီးေနာ္ကိုကို ေနာက္တစ္ေခါက္က်ရင္ နွင္းတို႔နဲ႔အတူလာလည္မယ္ေနာ္ " ကိုကို႔ကိုႏႈတ္ဆတ္ၿပီးတာနဲ႔ ႏြယ္တို႔ေတြ ျပန္လာခဲ့သည္။ ခ်စ္ရသူရဲ႕လက္ကိုတြဲၿပီး ေလ်ွာက္ရတဲ့လမ္းတစ္ေလ်ွာက္မွာ ခလုတ္တိုက္မိေခ်ာ္လဲမွာကိုစိတ္မပူရဘူးဆိုတာေသခ်ာပါတယ္။ ေဘးကေနေဖးမေပးမွာျဖစ္သလုိ ေရွ႕မွာရွိေနတဲ့ခလုတ္ကန္သင္းေတြကိုလဲ ဖယ္ရွာေပးမွာျဖစ္သည္။ မေတာ္လို႔ လဲက်ခဲ့ရင္ေတာင္ ျပန္ထနိုင္ေအာင္အားေပးကူညီေပးမွာပင္။ စာဆိုေတြေျပာၾကတဲ့ အခ်စ္သာေဘးမွာရွိရင္ ဓားေတာင္ကိုလဲေက်ာ္ရဲၿပီး မီးပင္လယ္ကိုျဖတ္ကူးဝံ့တယ္ဆိုတာ အမွန္ဘဲျဖစ္သည္။ ဒါေတြကိုလဲ အခ်စ္မရွိတဲ့လူေတြကေတာ့ ဘယ္နားလည္နိုင္ပါ့မလဲ။ အပိုေတြလုပ္တယ္လို႔ဘဲဆိုဆို သူတို႔မွမႀကံဳဖူးၾကတာေလ။
===================
Extraနွစ္ပိုင္းလံုးၿပီးၿပီးမို႔ သာသာအစအဆံုးကို linkျပန္စုေပးပါမယ္ေနာ္။ ၿပီးေတာ့ေလ သာသာတစ္ခုေလာက္ေမးခ်င္လို႔ မားရဲ႕မီးငယ္ေလးFicကို အိမ္ေခၚထားခ်င္တဲ့သူရွိၾကလား။ commentမွာတစ္ခ်က္ေလာက္ေျပာေပးၾကပါလားေနာ္။ ေခၚထားခ်င္တဲ့သူမ်ားတယ္ဆိုရင္ သာသာဘက္ကတစ္ခုခုလုပ္ေပးခ်င္လို႔ပါ။ စာအုပ္တိုက္ကေနထုတ္တာမ်ိဳးမဟုတ္ဘဲ ကြန္ပ်ဴတာစာစီစာရိုက္ကေနၿပီးေတာ့ ထုတ္ေပးမလို႔ပါ။ သာသာကိုယ္တိုင္သိမ္းထားဖို႔ရယ္ သာသာ့ေကာင္မေလးအတြက္ရယ္ နွစ္အုပ္ေလာက္ထုတ္ျဖစ္မွာဆိုေတာ့ေလ လိုခ်င္တဲ့သူရွိရင္ပိုထုတ္ေပးဖို႔ပါ။
-----------------------------------------------------------
- မားရဲ့ မီးငယ်လေး
- Extra 2
- GL Story
- စာရေးသူ ချယ်
" Happy 5years Anniversary ပါ မားရဲ့မီးငယ်လေး "
" me too happy anniversary ပါ မား "
" ဘာလိုလိုနဲ့ မားတို့ရဲ့ အိမ်ထောင်သက်က ငါးနှစ်တောင်ရှိပြီးနော် မီးငယ်လေး "
" အဲတော့ မားက ငြီးငွေ့နေပြီးလို့ဆိုလိုချင်တာလား "
" မဟုတ်တာ မားရဲ့မီးငယ်လေးကို မားကချစ်လို့တောင်မဝသေးတာ ငြီးငွေ့စရာလားနော် "
" အော် ချစ်လို့ဝသွားရင် ငြီးငွေ့သွားမှာပေါ့ ဟုတ်လား "
" ပေါက်ကရတွေလျှောက်တွေးနေပြန်ပြီးမီးငယ်လေးရယ် မားပြောပြမယ် ရေသောက်မြစ်မရှိတဲ့အပင်က ခြောက်သွေ့ပြီးတော့သေဆုံးနိုင်သလို မီးငယ်လေးမရှိတဲ့မားရဲ့ဘဝကလဲ ခြောက်ကပ်ပြီးသေဆုံးနိုင်တာမို့ မီးငယ်လေးကမားရဲ့ဘဝတစ်ခုလုံးထက်အရေးပါဆုံးသူဘဲ ဘယ်တော့ငြီးငွေ့သွားမှာမဟုတ်ဘူးစိတ်ချနော် "
" ဒီလိုစကားတွေနဲ့ဘဲ ဒီငါးနှစ်လုံးခြွေချနေတာဘဲနော်မား "
" ရင်ထဲလာတဲ့ အစစ်အမှန်စကားတွေပါမီးငယ်လေးရယ် "
" ပေး... " ဧကရီဆီကနေ လက်ဖြန့်ပြီးတောင်းနေတဲ့ မီးငယ်လေးကိုကြည့်ပြီး ဧကရီစချင်လာတာနဲ့ဘဲ မသိချင်ယောင်ဆောင်ကာ
" ဘာလဲ မီးငယ်လေးရဲ့ "
" ဟမ်! ဘာကို ဘာလဲတုန်း မင်္ဂလာနှစ်ပတ်လည်နေ့လက်ဆောင်လေ "
" အာ အဲတာလား နှစ်တိုင်းပေးနေတာဘဲလေ ဒီနှစ်မပေးလို့မရဘူးလား မားက မီးငယ်လေးနားမှာရှိနေပြီးလေ လက်ဆောင်တွေဆိုတာ လိုသေးလို့လား "
" ဘာလဲ လက်ဆောင်တကယ်မပြင်ထားတာလား "
" ဟို... အဲတာကလေ " မီးငယ်လေးရဲ့မျက်နှာက တဖြည်းဖြည်းညှိုးကျလာတာကြောင့် ဧကရီလဲဆက်မစတော့ဘဲ မီးငယ်လေးကိုပွေ့ချီကာ အမှတ်တရခန်းလေးဆီကိုခေါ်ခဲ့သည်။ ရုတ်တရက်ပွေ့ချီလိုက်တာကြောင့် နှင်းလန့်ပြီး မားရဲ့လည်ပင်းကိုချိတ်တွယ်လိုက်မိသည်။ မားဦးတည်နေတဲ့နေရာကို နှင်းသိနေတာကြောင့် မားကိုဘာမှမမေးဘဲ တိတ်တိတ်ဆိတ်ဆိတ်သာငြိမ်နေသည်။ အမှတ်တရခန်းလေးထဲရောက်တာနဲ့ မီးငယ်လေးကို ထိုင်ခုံတစ်ခုပေါ်တွင်ချပေးကာ မီးငယ်လေးရှေ့မှာ ဧကရီဒူးထောက်ထိုင်လိုက်သည်။ တီရှပ်အနက်ရောင်ကို ဂျင်းဘောင်ဘီအပြာနဲ့တွဲဝတ်ထားတဲ့မားက ရှင်းသန့်ဖြူဝင်းနေတဲ့အသားအရည်နဲ့လိုက်ဖက်လှသည်။ ဘယ်ချိန်ကြည့်ကြည့် တည်ကြည်အေးချမ်းတဲ့မားဆိုတဲ့လူသားလေးကို နှင်းအသက်သမျှချစ်မြတ်နိုးရသည်။ ဂျင်းဘောင်ဘီအိတ်ကပ်ထဲကနေ တစ်စုံတစ်ခုကိုထုတ်ယူနေတဲ့မားကို နှင်းမျက်တောင်မခတ်တမ်းကြည့်နေမိသည်။ နှင်းရဲ့မျက်စိရှေ့ကိုရောက်လာတဲ့အရာလေးတစ်ခု။ တိတိကျကျပြောရရင် နှင်းတို့ရဲ့5နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လက်ဆောင်။ ရွှေရောင်အသည်းပုံသော့ချိတ်လေးတစ်ခု မားဆိုတဲ့စာလုံးလေးနဲ့ မီးငယ်လေးဆိုတဲ့စာလုံးလေးကို စိန်ပွင့်သေးသေးလေးတွေနဲ့ မျက်နှာပြင်တစ်ဖက်စီမှာရေးထိုးထားသည်။ ရွှေအစစ်၊ စိန်အစစ်နဲ့ပြုလုပ်ထားတာကြောင့် ပြတင်းပေါက်ကနေဖြတ်ဝင်လာတဲ့နေရောင်အောက်မှာသော့ချိတ်လေးသည် တလက်လက်တောက်ပနေသည်။
" ကြိုက်ရဲ့လားမီးငယ်လေး မားကိုယ်တိုင်ဒီဇိုင်းအပ်ထားတာ "
" အွန်း... အရမ်းလှတယ်မား မီးငယ်လေးအရမ်းကြိုက်တယ် မွ... "
" အရမ်းချစ်တယ်မီးငယ်လေး ကျေးဇူးတင်ပါတယ် မားရဲ့အနားကိုရောက်လာပေးတဲ့အတွက် " နှင်းရဲ့နှုတ်ခမ်းဆီရောက်လာတဲ့ မားရဲ့အနမ်းတွေကို နှင်းအမြတ်တနိုးခံယူရင်း အသက်ရှုကြပ်လာတဲ့အထိ နှင်းတို့ရဲ့အနမ်းတွေရှည်ကြာခဲ့သည်။
===================
" ကိုကို ညီမလေးလာတယ် ဆုလဲပါလာတယ် ဒီမှာကိုကိုကြိုက်တဲ့နှင်းဆီအဖြူလေးတွေလဲပါတယ် သဘောကျရဲ့လား ကိုကိုနဲ့စကားပြောဦးလေဆု "
" ကိုဟိန်း အဆင်ပြေနေတယ်မလား နွယ့်ကိုဆုသေချာဂရုစိုက်ပြီးချစ်ပေးမှာမို့ ကိုဟိန်းစိတ်ချကြီးမလားဟင် "
" ကိုကိုကအဆင်ပြေမှာပါနော် ဆု နွယ်လေကိုကိုရှိနေတုန်းက ကိုကို့ကိုစိတ်ညစ်အောင်အရမ်းလုပ်ခဲ့တာ နွယ်အရမ်းဆိုးတာဘဲနော် "
" နွယ်ငယ်ရွယ်စဉ်တုန်းက မှားခဲ့တဲ့အမှားတစ်ခုပါဘဲ ကိုဟိန်းလဲအဲတာကိုနားလည်မှာပါ အခုနွယ်လဲလိမ်မာနေပြီးဘဲလေ နွယ့်အတွက်ကို ကိုဟိန်းကတမလွန်မှာအရမ်းဂုဏ်ယူနေမှာပါ လျှောက်မတွေးနဲ့နော် "
" အင်းပါ... ဆုကိုနွယ်အရမ်းကျေးဇူးတင်တယ်နော် အမှားတွေအများကြီးလုပ်ခဲ့တဲ့နွယ်လိုလူကို ချစ်ပေးခဲ့လို့ ပြီးတော့ လမ်းမှန်ကိုရောက်အောင်ပြန်ပြီးဆွဲတင်ပေးခဲ့တာရောပေါ့ "
" လူတစ်ယောက်က အမှားတွေဘယ်လောက်ဘဲလုပ်လုပ် အမှန်ပြန်ပြင်ချင်စိတ်ရှိတဲ့လူကို အားပေးရမှာဓမ္မတာဘဲလေနွယ်ရဲ့ ပြီးတော့ အချစ်ကိုတန်ဖိုးထားတတ်တဲ့လူသားတိုင်းက ဖြူစင်တဲ့ချစ်ခြင်းတွေကိုရဖို့ထိုက်တန်ပါတယ် "
" နွယ်သိလာရတာကလေ အချစ်ဆိုတာ အပြန်အလှန်တန်ဖိုးထားတတ်တဲ့သူတွေအတွက်တော့ အေးချမ်းပြီးတော့ တန်ဖိုးမထားတတ်တဲ့သူတွေအတွက်တော့ ပူလောင်တယ်နော် အန်တီဧကိုတွယ်တာမိတာကို အချစ်လို့အထင်မှားပြီး အတင်းလိုက်ကပ်တုန်းကဆိုရင် နွယ်မှာအရမ်းပူလောင်နေရတာ အခုလိုထပ်တူကျတဲ့အချစ်မျိုးနဲ့တွေ့ခဲ့ပြန်တော့လည်း အရမ်းအေးချမ်းလွန်းတယ်နော်ဆု "
" ဟုတ်တာပေါ့နွယ်ရဲ့ တစ်ယောက်ကအရမ်းကိုချစ်နေပြီး နောက်တစ်ယောက်ကတန်ဖိုးမထားတတ်ရင် တစ်ဖက်ကလူရဲ့အချစ်က သူ့အတွက်ပူလောင်စရာဖြစ်ပြီး တစ်ဖက်လူကိုစွန့်ပစ်တတ်ကြတယ် တကယ်တော့တစ်ဖက်လူကသူ့ကိုပေးတာက အေးချမ်းတဲ့အချစ်ပါဘဲ တန်ဖိုးမထားတတ်တော့ ပူလောင်တယ်ထင်ပြီးစွန့်ပစ်လိုက်ရော နောက်ကျတော့ သူ့လိုမျိုးတန်ဖိုးမထားတတ်တဲ့လူအချင်းချင်းလဲတွေ့ရော အရင်လူရဲ့ကောင်းခြင်းတွေကို ပြန်တွေးမိပြီးနောင်တရနေတာဘဲ အဖတ်တင်တယ်လေ "
" အဲတာဆို အခုနွယ်က ဆုရဲ့အချစ်ကိုတန်ဖိုးထားတတ်တော့ အေးချမ်းတာပေါ့နော် "
" အမှန်ဘဲပေါ့ နွယ်ရဲ့ "
" ပြန်ကြရအောင်လေနော် တော်ကြာကိုကိုက သူ့အရှေ့မှာ လာroနေတယ်ဆိုပြီး ထရိုက်နေဦးမယ် သွားပြီးနော်ကိုကို နောက်တစ်ခေါက်ကျရင် နှင်းတို့နဲ့အတူလာလည်မယ်နော် " ကိုကို့ကိုနှုတ်ဆတ်ပြီးတာနဲ့ နွယ်တို့တွေ ပြန်လာခဲ့သည်။ ချစ်ရသူရဲ့လက်ကိုတွဲပြီး လျှောက်ရတဲ့လမ်းတစ်လျှောက်မှာ ခလုတ်တိုက်မိချော်လဲမှာကိုစိတ်မပူရဘူးဆိုတာသေချာပါတယ်။ ဘေးကနေဖေးမပေးမှာဖြစ်သလို ရှေ့မှာရှိနေတဲ့ခလုတ်ကန်သင်းတွေကိုလဲ ဖယ်ရှာပေးမှာဖြစ်သည်။ မတော်လို့ လဲကျခဲ့ရင်တောင် ပြန်ထနိုင်အောင်အားပေးကူညီပေးမှာပင်။ စာဆိုတွေပြောကြတဲ့ အချစ်သာဘေးမှာရှိရင် ဓားတောင်ကိုလဲကျော်ရဲပြီး မီးပင်လယ်ကိုဖြတ်ကူးဝံ့တယ်ဆိုတာ အမှန်ဘဲဖြစ်သည်။ ဒါတွေကိုလဲ အချစ်မရှိတဲ့လူတွေကတော့ ဘယ်နားလည်နိုင်ပါ့မလဲ။ အပိုတွေလုပ်တယ်လို့ဘဲဆိုဆို သူတို့မှမကြုံဖူးကြတာလေ။
===================
Extraနှစ်ပိုင်းလုံးပြီးပြီးမို့ သာသာအစအဆုံးကို linkပြန်စုပေးပါမယ်နော်။ ပြီးတော့လေ သာသာတစ်ခုလောက်မေးချင်လို့ မားရဲ့မီးငယ်လေးFicကို အိမ်ခေါ်ထားချင်တဲ့သူရှိကြလား။ commentမှာတစ်ချက်လောက်ပြောပေးကြပါလားနော်။ ခေါ်ထားချင်တဲ့သူများတယ်ဆိုရင် သာသာဘက်ကတစ်ခုခုလုပ်ပေးချင်လို့ပါ။ စာအုပ်တိုက်ကနေထုတ်တာမျိုးမဟုတ်ဘဲ ကွန်ပျူတာစာစီစာရိုက်ကနေပြီးတော့ ထုတ်ပေးမလို့ပါ။ သာသာကိုယ်တိုင်သိမ်းထားဖို့ရယ် သာသာ့ကောင်မလေးအတွက်ရယ် နှစ်အုပ်လောက်ထုတ်ဖြစ်မှာဆိုတော့လေ လိုချင်တဲ့သူရှိရင်ပိုထုတ်ပေးဖို့ပါ။
YOU ARE READING
မားရဲ႕ မီးငယ္ေလး (Completed )
RomanceGL Story Unicode နဲ႔ေရာ Zawgyi နဲ႔ေရာ နွစ္မ်ိဳးလံုးနဲ႔ ေရးေပးထားလို႔ စာဖတ္သူေတြ အဆင္ေျပၾကပါေစ