အပိုင္း ၁၃

1.5K 77 2
                                    

မားရဲ႕ မီးငယ္ေလး
- အပိုင္း ၁၃
- GL Story
- စာေရးသူ ခ်ယ္
              ႏြယ့္ကို လူတစ္ေယာက္က ေတြ႕ခ်င္တယ္ဆိုၿပီး ဆက္သြယ္လာတာေၾကာင့္ သူခ်ိန္းဆိုသည့္ ေကာ္ဖီဆိုင္ကို ႏြယ္ေရာက္ေနတာျဖစ္သည္။ ႏြယ္အတြက္ ေကာင္းတဲ့သူလား အႏၲရာယ္ရွိတဲ့သူလားဆိုတာ မသိနိုင္တာေၾကာင့္ ဆုျမတ္ကိုပါအေဖာ္ေခၚလာၿပီး ခပ္လွမ္းလွမ္းကေနေစာင့္ၾကည့္ေနခိုင္းထားသည္။ မၾကာပါဘူး ႏြယ့္ရဲ႕အနားကို ခပ္႐ြယ္႐ြယ္ ေယာက်ာ္းေလးတစ္ေယာက္ ေရာက္လာတာေၾကာင့္ ေမာ့ၾကည့္လိုက္သည္။
              " မသဇင္ႏြယ္လား ခင္ဗ်ာ "
              " ဟုတ္ပါတယ္ ကြၽန္မသဇင္ႏြယ္ပါ "
              " အာ ဟုတ္ကဲ့ ကြၽန္ေတာ္နာမည္ ေအာင္မင္းပါ လိုရင္းဘဲ ေျပာၾကတာေပါ့ေနာ္ ကြၽန္ေတာ့္မွာ အခ်ိန္သိပ္မရွိလို႔ပါ "
              " ဟုတ္ကဲ့ပါ ကြၽန္မမွာလဲ အခ်ိန္ေတြေပါမေနပါဘူး အထူးသျဖင့္ သူစိမ္းေယာက်ာ္းတစ္ေယာက္အတြက္ေပါ့ လိုရင္းသာေျပာပါ " ေအာင္မင္းကေမြးရင္း သမီးအ႐ြယ္ဘဲရွိတဲ့ကေလးတစ္ေယာက္က မာနေခ်မိုးေခါင္းခိုက္ေနတာေၾကာင့္ ႀကိတ္ရယ္လိုက္သည္။ ဒီလိုလူမ်ိဳးက ပိုၿပီးအသံုးခ်ရတာလြယ္တာမဟုတ္ပါလား။
              " ဟုတ္ပါၿပီး မင္းကိုေျပာမယ္ Royal Group CEO ေဒၚဧကရီကို မင္းသိတယ္မလား "
              " ရွင္က အန္တီဧနဲ႔သိတာလား ဘယ္လိုပတ္သတ္တာလဲ "
              " မေလာပါနဲ႔ဦး ကြၽန္ေတာ္ေျပာတာ ဆံုးေအာင္နားေထာင္ပါဦး မင္းသူ႔ကို ႀကိဳက္ေနတာ ကြၽန္ေတာ္သိတယ္ " ႏြယ္ၾကားလိုက္ရတဲ့ စကားေၾကာင့္ မ်က္နွာပ်က္ကာ ထိုင္ရာကေန ခ်က္ျခင္းထၿပီးေတာ့
              " ရွင္ ကြၽန္မအေၾကာင္းဘာသိလို႔လဲ ဘာကိစၥကြၽန္မအေၾကာင္းေတြ လိုက္စံုစမ္းေနတာလဲ ဘာျဖစ္ခ်င္ေနတာလဲ "
              " မင္းဘယ္လိုျဖစ္လို႔ ထေအာ္ေနတာလဲျပန္ထိုင္စမ္းပါ လူေတြၾကည့္ေနတယ္ေလ။ ငါကမင္းကိုကူညီေပးဖို႔လာတာ" ႏြယ္အသံက နည္းနည္းက်ယ္သြားတာေၾကာင့္ ဆိုင္ကလူေတြက ကြက္ၾကည့္ကြက္ၾကည့္နဲ႔ စပ္စုေနၾကသည္။ ဆုျမတ္ကလဲထိုင္ရာကေန ထလာဖို႔လုပ္ေပမယ့္ ႏြယ္ေနာက္ဆံုးၾကားရတဲ့ ကူညီေပးမလို႔ဆိုတဲ့စကားေၾကာင့္ ႏြယ္ဆီမလာဖို႔ကို ေခါင္းခါျပျပီး ျပန္ထိုင္ေနလိုက္သည္။
              " ေျပာပါဦး ရွင္က ကြၽန္မကိုကူညီေပးမယ္ဆိုတာ ဘယ္လိုကူညီေပးမွာလဲ ကြၽန္မကေကာ ရွင့္အတြက္ဘာျပန္လုပ္ေပးရမွာလဲ ဘယ္အရာမွ အလကားမရဘူးဆိုတာ ကြၽန္မသိတယ္ ရွင္သာ ပြင့္ပြင့္လင္းလင္းေျပာပါ " အသက္ငယ္ေသးေပမယ့္လဲ လိမ္မာပါးနပ္မႈရွိတာေၾကာင့္ ဒီကေလးမကို ေအာင္မင္းမေလးစားဘဲ မေနနိုင္ေတာ့ေပ။
              " မင္းဘက္က ပြင့္လင္းဆိုေတာ့လဲ ငါလဲပြင့္လင္းရေတာ့မွာေပါ့ တကယ္ေတာ့ ဧကရီနဲ႔ ငါ့ေဘာ့စ္နဲ႔က လုပ္ငန္းၿပိဳင္ဖတ္ေတြ ဧကရီရဲ႕လုပ္ငန္းကို နည္းနည္းေလးဘဲ ယိုင္နွဲ႔ေအာင္လုပ္ခ်င္တာ အဲတာကိုမင္းက ကူညီေပးမယ္ဆိုရင္ မင္းလိုခ်င္တာကို ျဖစ္ေအာင္လုပ္ဖို႔လဲ ငါကျပန္ကူညီေပးမယ္ "
              " အန္တီဧကို ထိခိုက္ေအာင္လုပ္ဖို႔ေတာ့ ကြၽန္မစိတ္ကူးမရွိဘူး sorryပါ ကြၽန္မကူညီေပးနိုင္မယ္မထင္ဘူး ကြၽန္မလိုခ်င္တာကို ကြၽန္မဘာသာရေအာင္ယူမွာမို႔ ရွင္စိတ္မပူပါနဲ႔ "
              " ငါက မင္းအန္တီဧကို မထိခိုိက္ေစရပါဘူး လုပ္ငန္းေလးနည္းနည္း မၿငိမ္မသက္ျဖစ္သြားရင္ဘဲရၿပီး ငါဘက္ကလဲ အလ်င္မလိုပါဘူး မင္းစဥ္းစားဖို႔ အခ်ိန္ယူလိုက္ပါဦး ေရာ႕ ငါလိပ္စာကဒ္ မင္းစိတ္ေျပာင္းသြားရင္ ဆက္သြယ္လိုက္ေပါ့ " သူ႔ရဲ႕လိပ္စာကဒ္ကို ႏြယ္ေရွ႕ကို တိုးေပးခဲ့ၿပီး ထိုလူကဆိုင္ထဲကေနထြတ္သြားသည္။ ထိုလူထြတ္သြားမွာ ဆုျမတ္ေရာက္လာကာ
              " ႏြယ္ အဆင္ေျပရဲ႕လား အဲလူကဘယ္သူလဲ ႏြယ့္ကိုဘာေတြေျပာသြားလဲ "
              " ဘာမွမဟုတ္ပါဘူးႏြယ္ရယ္ ဒီတိုင္းကိုကို႔ ကုမၼဏီက ဝန္ထမ္းတစ္ေယာက္ပါ သူ႔အထက္လူႀကီးက သူကိုအျပစ္မရွိဘဲအလုပ္ထုတ္လိုက္လို႔တဲ့ အဲတာကိုကို႔ကို ေျပာျပေပးဖို႔အတြက္ အကူအညီလာေတာင္းတာပါ "
              " ဟင္ အဲတာဆို ႏြယ့္ကိုိကုိ ကိုသြားေျပာသင့္တယ္မဟုတ္ဘူးလား ႏြယ္ဆီကို ဘာလို႔လာတာလဲ "
              " ေဩာ္ ဟို ကိုိကုိက အလုပ္မ်ားေနေတာ့ ေတြ႕ဖို႔ကမလြယ္ဘူးေလ အဲတာေၾကာင့္ ႏြယ္ဆီေရာက္လာတာပါ အရင္တုန္းကလဲ ႏြယ္ဆီကို အဲလိုအကူအညီလာေတာင္းဖူးတဲ့သူေတြရွိတယ္ေလ သူတို႔ကညႊန္လိုက္တာျဖစ္မယ္ " စာပြဲေပၚမွာ ရွိတဲ့လိပ္စာကဒ္ေလးကို လွမ္းယူၾကည့္ဖို႔ ဆုျမတ္ယူလိုက္ေပမယ့္ ႏြယ္ကဆြဲယူလိုက္တာေၾကာင့္ ၾကည့္ခြင့္မရလိုက္ေပ။
              " ဟုတ္ပါၿပီး ႏြယ္အဆင္ေျပရင္ ၿပီးေရာေလ "
              " ေျပပါတယ္ ဆုျမတ္ရဲ႕ " ေျပပါတယ္လို႔ေျပာေနေပမယ့္ ႏြယ္ပံုစံက အဆင္မေျပသလို ေတြးစရာရွိေနသလို မ်က္နွာမေကာင္းတာေၾကာင့္ ႏြယ့္လက္ကေလးေပၚကို အုပ္မိုးကာ
              " ႏြယ္ အဆင္မေျပတာ တစ္ခုခုရွိရင္ ဆုျမတ္ကိုေျပာေနာ္ ဘာဘဲျဖစ္ျဖစ္ဆုျမတ္ ႏြယ့္အနားမွာရွိတယ္ တစ္ေလာကလံုးက ႏြယ့္ကိုဆန္႔က်င္ေနရင္ေတာင္ ဆုျမတ္က ဘယ္ေတာ့မွ ႏြယ့္ကို စြန္႔ခြာမသြားဘူးဆိုတာ မွတ္ထားေနာ္ " ဆုျမတ္အုပ္မိုးၿပီးကိုင္ထားတဲ့ လက္ကို မသိမသာဖယ္ထုတ္လိုက္ကာ
              " အင္းပါဆုျမတ္ရယ္ ဆုျမတ္ကႏြယ္အတြက္ အေကာင္းဆံုးသူငယ္ခ်င္းပါ ႏြယ့္အနားမွာရွိေနေပးလို႔ေက်းဇူးပါေနာ္ အၿမဲတမ္းဘဲ ႏြယ့္ရဲ႕သူငယ္ခ်င္းတစ္ေယာက္အျဖစ္နဲ႔ဘဲ ေနေပးပါေနာ္" ႏြယ္တမင္ သူုယ္ခ်င္းဆိုတဲ့ အသံုးအနႈန္းကိုသံုးခဲ့တာပင္။ အားလံုးထက္ ႏြယ့္ကိုပိုၿပီး ဂရုစိုက္တတ္တဲ့အျပဳအမႈေတြ ႏြယ္အေပၚမွာ ႐ႊန္းရႊန္းစားစားၾကည့္တတ္တဲ့မ်က္ဝန္ေတြေၾကာင့္ ဆုျမတ္တစ္ေယာက္ ႏြယ့္အေပၚမွာ ခံစားခ်က္ေတြရွိေနတယ္ဆိုတာ ႏြယ္သိပါတယ္။
              ====================
              မနက္ျဖန္ဆို မီးငယ္ေလးတို႔ဆယ္တန္းေအာင္စာရင္းေတြ ထြတ္ၾကေတာ့မယ္။ မီးငယ္ေလးရဲ႕အရည္အခ်င္းေတြကို ဧကရီယံုၾကည္ၿပီးသားမို႔ ရလဒ္ကိုထူေထြးၿပီး စိတ္မပူေပးမယ့္လဲ မီးငယ္ေလးကေတာ့ စိတ္လႈပ္ရွားေနတယ္ထင္ အိပ္ရာထက္မွာ ဟိုဘက္လွိမ့္လိုက္ ဒီဘက္လွိမ့္လိုက္နွင့္ အိပ္မေပ်ာ္ေသးေပ။ ဧကရီ မီးငယ္ေလးရဲ႕ ပုခံုးေလးကိုဆြဲလွည့္ၿပီး နဖူးထက္ကို ခပ္ေႏြးေႏြးအနမ္းေလးေပးကာ
              " မီးငယ္ေလး မအိပ္ေသးဘူးလား အိပ္ေတာ့ေလကြယ္ မနက္က်ရင္ ေခါင္းမၾကည္ဘဲျဖစ္ေနမယ္ "
              " မီးငယ္အိပ္လို႔မရဘူးျဖစ္ေနတယ္မားရယ္ မီးငယ္ေျဖေတာ့ေျဖနိုင္ပါတယ္ ဒါေပမယ့္ဘာကိုေၾကာက္ေနမွန္းမသိဘူးမား "
              " မီးငယ္ေလးက ေသခ်ာေျဖထားတာဘဲမလား ဘာမွစိတ္မပူပါနဲ႔မီးငယ္ရယ္ မားရဲ႕မီးငယ္ေလးကိုယ့္ကိုယ္ကို ယံုၾကည္ထားစမ္းပါ မီးငယ္ကေတာ္ၿပီးသားပါ "
              " ဟုတ္ကဲ့ပါမား မီးငယ္စိတ္လႈပ္ရွားေနလို႔ပါ ဘယ္လိုရလဒ္မ်ိဳးဘဲျဖစ္ျဖစ္ မားလက္ခံေပးမယ္မလားဟင္ မီးငယ္ကိုစိတ္မဆိုးရဘူးေနာ္ "
              " စိတ္ခ်ပါ မီးငယ္ဘယ္လိုရလဒ္ဘဲျဖစ္ျဖစ္ မားလက္ခံေပးမယ္ေနာ္ မီးငယ္ေလးအရမ္းေၾကာက္ေနရင္လည္း မားလိုက္ခဲ့ေပးရမလား တူတူလိုက္ၾကည့္ေပးမယ္ေလ "
              " ရပါတယ္မား မီးငယ္တစ္ေယာက္တည္းသြားၾကည့္လိုက္ပါမယ္ေနာ္ စာေမးပြဲေအာင္ရင္ ရုပ္ရွင္ေတြထဲလို ေအာင္ၿပီး ေအာင္ၿပီး ဆိုၿပီးေျပးလာၿပီးေျပာခ်င္လို႔ပါေနာ္ " မီးငယ္ေလးေျပာတာေၾကာင့္ ဧကရီရယ္ခ်လိုက္မိသည္။ မီးငယ္ရဲ႕ပါးေလးကို ဖြဖြေလးဆြဲလိမ္ၿပီး
              " ဟုတ္ပါၿပီးဗ်ာ အဲတာဆိုလဲ မားအိမ္မွာထိုင္ၿပီးေစာင့္ေနမယ္ ဟုတ္ၿပီးလား "
              " ဟီး... အဲတာေၾကာင့္ မားကိုအရမ္းခ်စ္တာ " ဆိုၿပီး ဧကရီႏႈတ္ခမ္းေလးကို ဖိနမ္းလိုက္တဲ့ကေလးေၾကာင့္ ဧကရီအခ်စ္ပိုေနရသည္။
              " မားတစ္ခုေျပာဦးမယ္ မနက္ျဖန္က်ရင္ မီးငယ္ေလးနဲ႔မားရဲ႕အေၾကာင္းကို မီးငယ္သူငယ္ခ်င္းေတြကို ဖြင့္ေျပာၾကမယ္ေနာ္ "
              " ဟင္ အဆင္ေျပပါ့မလားမားရယ္ သူတို႔ေတြ မားကိုတစ္မ်ိဳးထင္သြားရင္ ဘယ္လိုလုပ္မလဲ "
              " အဆင္ေျပပါတယ္မီးငယ္ရယ္ ဘာမွမျဖစ္ပါဘူး မီးငယ္နားမွာ မားရွိေနတာဘဲေလေနာ္ အရင္ဆံုးသူငယ္ခ်င္းေတြကိုဖြင့္ေျပာၾကမယ္ ေနာက္ေတာ့မွအဆင္ေျပတဲ့အခ်ိန္ေ႐ြးၿပီးေတာ့ ေလာကႀကီးမွာ ခ်ျပၾကမယ္ေနာ္ အနည္းနဲ႔အမ်ားေတာ့ ရိုက္ခတ္မႈဒဏ္ကိုႀကံဳရမွာေနာ္ မီးငယ္ေလး မားနဲ႔အတူရင္ဆိုင္နိုင္တယ္မလား "
              " မားသာရွိေနရင္ မီးငယ္ရင္ဆိုင္နိုင္တယ္မား မီးငယ္တစ္ခုေလာက္ေတာ့ ေတာင္းဆိုလို႔ရမလားမား "
              " အင္း..... ေျပာေလမီးငယ္ေလး "
              " လူေလာကႀကီးမွာဖြင့္ခ်ဖို႔ကိုေတာ့ေလ မီးငယ္က မားရဲ႕လက္တြဲေဖာ္ျဖစ္ဖို႔ ထိုက္တန္တဲ့လူတစ္ေယာက္ဆိုတာ သက္ေသျပၿပီးမွ ဖြင့္ခ်ရေအာင္ေလေနာ္ "
              " ဖြင့္ခ်ၿပီးမွ သက္ေသျပလို႔ေရာမရဘူးလားမီးငယ္ရယ္ မီးငယ္ရဲ႕နားမွာ မားရွိေနမွာဘဲေလ မီးငယ္ကိုဘယ္သူကဘာေျပာရဲ႕မွာလဲ "
              " မီးငယ္ကိုယ့္ကိုယ္ကို အရည္အခ်င္းရွိေအာင္ႀကိဳးစားၿပီးေတာ့မွ မားနဲ႔ထိုက္တန္တဲ့သူတစ္ေယာက္ဆိုတာ လူေတြသိေစခ်င္တယ္မား အဲတာမွ မားလဲသိကၡာမက်မွာ မီးငယ္ကိုနားလည္ေပးပါေနာ္ "
              " အာ... ဟုတ္ပါၿပီး မားကခ်စ္တဲ့သူဆိုေတာ့လဲ ေစာင့္ေပးရမွာေပါ့ ဘာဘဲျဖစ္ျဖစ္မားရဲ႕မီးငယ္ေလးကို မားအၿမဲယံုၾကည္တယ္ေနာ္ "
              ဒီေန႔နွင္းတို႔ေတြ ေအာင္စာရင္းထြတ္ၿပီး။ မ်ားျပားလွတဲ့လူအုပ္ႀကီးထဲ အတင္းတိုးေခြ႕ၿပီး နွင္းရဲ႕နာမည္ကိုရွာရတာ ရင္ခုစိတ္လႈပ္ရွားစရာေကာင္းသည္။ ေတြ႕ပါၿပီး  " ဓနဖ၂၀၀ ေစာနွင္းပြင့္ျဖဴ ဦးၾကည္လြင္ 5D " နွင္းရဲ႕ေအာင္စာရင္းကို ၾကည့္ၿပီး နွင္းမ်က္ရည္ေတြ က်လာခဲ့သည္။ နွင္းငိုေနတာျမင္ေတာ့မွ ဆုျမတ္တို႔လဲ ျပာျပာသလဲနွင့္
              " ဟဲ့ ေစာေလးဘာျဖစ္လို႔လဲ နင့္နာမည္မပါလို႔လား အဲတာငိုစရာမွမဟုတ္တာ ေနာက္နွစ္ျပန္ႀကိဳးစားေပါ့ဟာ ဘာမွအားမငယ္နဲ႔ေနာ္ ငါတို႔ေတြစာျပေပးမွာေပါ့ " ဆုျမတ္ရဲ႕စကားေၾကာင့္ နွင္းအသံထြတ္ကာ ငိုခ်လိုက္ျပန္ၿပီး။ အာကာကေတာ့ ဆုျမတ္ပုခံုးကိုရိုက္ၿပီး
              " နင္ စကားေျပာမယ္ဆိုလဲ ယုတၱိရွိေအာင္ေျပာစမ္းပါဟ ေစာေလးက ငါတို႔ထက္ေတာင္စာပိုေတာ္တဲ့ဟာကို က်စရာလားဟ " ဆုျမတ္ကိုယ့္ေခါင္းကိုယ္ကုတ္ကာ
              " ေအး ဟုတ္သားဘဲ အဲတာဆိုဘာလို႔ငိုေနတာလဲ "
              " နင့္မိေထြးက ဝမ္းသာလို႔ငိုေနတာဟဲ့ ဟိုမွာလဲသြားၾကည့္ဦး ေစာနွင္းပြင့္ျဖဴ 5Dတဲ့ တကယ္တည္းမွဘဲ စဥ္းစားေတြးေခၚညဏ္ကို မရွိဘူး ဘယ္လိုဆယ္တန္းေအာင္လာလဲမသိဘူး "
              " ဟဲ့ သြားၾကမယ္ ဟင့္... အိမ္မွာ ဟင့္... မားေစာင့္ေနတယ္ ဟင့္... " ငိုၿပီး အိမ္ျပန္ဖို႔ေျပာေနတဲ့ နွင္းေၾကာင့္ သူတို႔ေတြမွာ ငိုရခတ္ ရယ္ရခတ္ပင္။ တစ္လမ္းလံုးလဲ ငိုလာတာသူ႔အသံေတြခ်ည္းဘဲ။ မီးငယ္ေလးတို႔ ေအာင္စာရင္းသြားၾကည့္တာ ၾကာလွေနၿပီး ခုထိလဲျပန္နလာေသးဘူးမို႔ ဧကရီဖင္တႂကြႂကြနွင့္ ေမ်ွာ္ေနရသည္။ ဧကရီနားထဲမွာ မီးငယ္ေလးငိုသံလိုၾကားလိုက္ရသည္။ ဧကရီစိတ္ထင္တာ ျဖစ္မွာပါဆိုၿပီးေတာ့ စိတ္ေလ်ာ့လိုက္ေပမယ့္ မီးငယ္ေလးက တကယ့္ကို ငိုၿပီး ဧကရီကိုေျပးဖတ္လာတာေၾကာင့္ ဧကရီထိပ္ထိပ္ျပာျပာျဖစ္သြားရသည္။
              " မား ဟီး..... ဟီး...... "
              " မီးငယ္ေလး ဘာျဖစ္လာတာလဲ မားကိုေျပာေလ မားစိုးရိမ္လာၿပီး " ေမးတာမေျဖဘဲ ငိုဘဲငိုေနတဲ့မီးငယ္ေၾကာင့္ ဧကရီပါေရာငိုခ်င္လာသည္။ ဧကရီလဲ စိတ္မရွည္ေတာ့ဘဲ မီးငယ္သူငယ္ခ်င္းေတြဘက္ လွည့္ကာေမးလိုက္သည္။
              " မင္းတို႔သူငယ္ခ်င္း ဘာျဖစ္လာတာလဲ အန္တီဧကိုေျပာစမ္း ေအာင္စာရင္းမွာ သူ႔နာမည္မပါလို႔လား မီးငယ္က ေသခ်ာေျဖထားၿပီးသာေျပာတယ္ အဲတာေတာ့မျဖစ္နိုင္ဘူး ေျပာစမ္းပါျမန္ျမန္ ဘာျဖစ္လာတာလဲ "
              " နာမည္မပါလို႔ ငိုေနတာမဟုတ္ဘူး အန္တီဧ နွင္းက ဝမ္းသာလံုးဆို႔ၿပီးငိုေနတာ "
              " မား..... မီးငယ္ေလးေလး ငါးဘာသာဂုဏ္ထူးပါတယ္တဲ့ ဟီး.... ဟီး.... "
              " ေဟး... မားရဲ႕မီးငယ္ေလးကေတာ္လိုက္တာ အဲတာငိုစရာပါလားကေလးရယ္ ဝမ္းသာရမွာေပါ့လို႔ မငိုနဲ႔ေတာ့တိတ္ေတာ့ " ဧဗကရီလက္ဖဝါးနဲ႔ မ်က္ရည္ေတြသုတ္ခ်ေပးလိုက္သည္။ မီးငယ္ရဲ႕ပံုစံေလးကို အားရပါးရရယ္ေမာလိုက္ၿပီး နွာေခါင္းေလးကိုညစ္ကာ
              " ညက မားကိုေျပာေတာ့ ေအာင္ၿပီး ေအာင္ၿပီးဆိုၿပီး ေျပးဝင္လာမွာဆို အခုေတာ့ဘယ္လိုျဖစ္တာလဲမီးငယ္ေလး " နွင္းရဲ႕အရူးထပံုကို ဆုျမတ္တို႔သံုးေယာက္သိေတာ့ ရယ္ခ်င္စိတ္ကို ေအာင့္ကာထားရေတာ့သည္။
              " ကဲ ထေတာ့ မငိုနဲ႔ေတာ့ေနာ္ မ်က္ရည္ေတြသုတ္ သူငယ္ခ်င္းေတြကို မုန္႔လိုက္ဝယ္ေကြၽးရေအာင္ ေျပာျပစရာလဲရွိေသးတယ္ေလေနာ္ မီးငယ္ေလး "
              " ဟုတ္ မား... "
              =========================
              နွင္းတို႔ေတြ ေအာင္စာရင္းထြတ္ၿပီးတဲ့ေနာက္မွာ နွင္းရယ္ ႏြယ္နဲ႔ဆုျမတ္တို႔သံုးေယာက္ စီးပြားေရးတကၠသိုလ္ကို တတ္ဖို႔ေ႐ြးခ်ယ္ခဲ့ၾကတယ္။ အာကာကေတာ့ ၾသဇီသြားၿပီး အစားအေသာက္ပိုင္းနဲ႔ပတ္သတ္တဲ့ ဘာသာရပ္တစ္ခုကိုေ႐ြးခ်ယ္ကာ စားဖိုမွဴးျဖစ္ဖို႔အတြက္ကို သင္ယူေနသည္။ မားနဲ႔နွင္းရဲ႕အေၾကာင္းကိုလဲ ဖြင့္ေျပာခဲ့ၾကၿပီးၿပီးမို႔ နွင္းတို႔ကို နားလည္လက္ခံေပးၾကသည္။ ႏြယ္ကလြဲရင္ေပါ့။ နွင္းတို႔ေတြ ဖြင့္ေျပာၿပီးတဲ့ေန႔ကေနစၿပီး မသိမသာေရာ သိသိသာသာေရာ ဆန္႔က်င္ေၾကာင္းေတြထုတ္ျပခဲ့သည္။ နႈတ္နဲ႔သာ ဆန္႔က်င္ေၾကာင္းေျပာခဲ့တာမို႔ နွင္းမသိခ်င္ေယာင္ေဆာင္ေပးခဲ့သည္။
              " ႏြယ္ေျပာေလ နွင္းကိုေခၚထုတ္လာၿပီး ဘာမွလဲမေျပာဘူး "
              " နွင္း ႏြယ္ေလ အန္တီဧကိုခ်စ္မိေနၿပီး " ႏြယ္ေျပာတဲ့စကားကို အံၾသဟန္မျပတာေၾကာင့္ နွင္းလဲသိေနတယ္လို႔သာ ႏြယ္ေတြးလိုက္သည္။
              " နွင္းႀကိဳသိေနတာလား သိရဲ႕သားနဲ႔မသိခ်င္ေယာင္ေဆာင္ထားတာေပါ့ေလ "
              " ႏြယ္အျပဳအမႈေတြေၾကာင့္ နွင္းရိပ္မိတာပါ ေကာက္ခ်က္မခ်ရေသးပါဘူး အခုလိုဖြင့္ေျပာေတာ့ ေသခ်ာသြားၿပီးဘဲေပါ့ "
              " နွင္းကသိသိရက္နဲ႔  ႏြယ့္ကိုစိတ္ထဲကေန ေလွာင္ေနမွာေပါ့ နွင္းတို႔က ခ်စ္သူေတြဘဲရွိေသးတာေနာ္ အန္တီဧကို နွင္းတကယ္ပိုင္ဆိုင္ရၿပီးလို႔ ထင္ရင္မွားသြားလိမ့္မယ္ "
              " မားရဲ႕ရင္ထဲမွာ ႏြယ့္အတြက္ေနရာရွိေနလိမ့္မယ္လို႔ ထင္ေနရင္လဲ ႏြယ္မွားသြားလိမ့္မယ္ေနာ္ " နွင္းရဲ႕စကားေတြက ႏြယ္အရိုက္တည့္တည့္ကို အားနဲ႔ထိုးလိုက္သလိုပင္။
              " ႏြယ္အတြက္ ေနရာရွိမရွိဆိုတာ ႏြယ္ကိုယ့္ဘာသာၾကည့္လုပ္ပါမယ္ နွင္းက ကိုယ့္ေနရာကိုယ္သိပါ အန္တီဧနဲ႔ဆက္ဆံေရးကို နွင္းေရွ႕ဆက္မတိုးတာေကာင္းမယ္လို႔ ႏြယ္ထင္တယ္ "
              " ႏြယ္ေျပာခ်င္တာက နွင္းက မားရဲ႕သမီးမို႔ သမီးေနရာေနလို႔ဆိုတာလား နွင္းအဲလိုေနေတာ့ေရာ မားရဲ႕လက္တြဲေဖာ္ေနရာက ႏြယ္ရနိုင္မယ္ထင္ေနတာလား "
              " အဲတာက ႏြယ့္ကိစၥပါ ေျပာလို႔မရဘူးေလ အန္တီဧက နွင္းထက္ပိုၿပီး ႏြယ့္ကိုခ်စ္လာမယ့္ေန႔ေရာက္လာရင္ေရာ စိတ္ခ်ပါ နွင္းသာကိုယ့္ေနရာကိုယ္သိတယ္ဆိုရင္ နွင္းကိုစြန္႔မပစ္ဖို႔ ႏြယ္ကူေျပာေပးမွာပါ ဟင္း... ဟင္း... "
              " ႏြယ္ရနိုင္မယ္ထင္ရင္ လုပ္ၾကည့္ေလ နွင္းကေတာ့ ဘာမွေၾကာက္စရာမလိုဘူး မားကိုယံုတယ္ မားရဲ႕အခ်စ္ကိုလဲယံုတယ္ နွင္းကို မားဘယ္ေတာ့မွ သစၥာေဖာက္မွာမဟုတ္ဘူးဆိုတာ နွင္းသိေနသလို ႏြယ္လဲသိလာမွာပါ "
              " နွင္းကစိန္ေခၚရင္ ႏြယ္လဲတိမ္ေပၚထိလိုက္ေပးရမွာေပါ့ ႏြယ့္ေနာက္ကို အန္တီဧတကယ္ပါလာေတာ့မွ မငိုနဲ႔ေနာ္ ဘာနည္းလမ္းဘဲ သံုးရသံုးရ အန္တီဧက ႏြယ့္အပိုင္ျဖစ္လာမွာမို႔ နွင္းက ကိုကို႔ကို စဥ္းစားထားတာပိုေကာင္းမယ္ " ေျပာၿပီးထြတ္သြားတဲ့ ႏြယ့္ရဲ႕ေနာက္ေက်ာျပင္ကိုသာၾကည့္ၿပီး နွင္းသက္ျပင္းခ်လိုက္မိသည္။ ႏြယ္ဘယ္တုန္းကစၿပီး နွင္းအေပၚမွာ ရန္သူတစ္ေယာက္လို ဆက္ဆံလာတာလဲဆိုတာ နွင္းမသိေတာ့ပါ။ နွင္းကေတာ့ အရမ္းခ်စ္တဲ့သူငယ္ခ်င္းေတြအျဖစ္နဲ႔ အရင္လိုစည္းစည္းလံုလံုေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနခ်င္ခဲ့တာ နွင္းစိတ္ရင္းအမွန္သာျဖစ္သည္။
              ႏြယ္ အန္တီဧရံုးကိုေရာက္ေနတာျဖစ္သည္။ ေလႀကီးမိုးႀကီးေျပာတတ္တဲ့နွင္းကို ႏြယ္အနိုင္ယူျပခ်င္သည္။ နွင္းေတာင္ အန္တီဧကို အရယူနိုင္ေသးတာဘဲ ႏြယ္ေကာဘာလို႔မရနိုင္ရမွာလဲ။
              " ႏြယ္ ေရာက္ေနတာလား ေစာင့္ေနတာၾကာသြားၿပီးလားႏြယ္ အန္တီဧအစည္းအေဝးလုပ္ေနလို႔ပါ "
              " မၾကာပါဘူးအန္တီဧ ႏြယ္အခုမွေရာက္တာပါ "
              " ဟုတ္ပါၿပီး ကိစၥရွိလို႔လားႏြယ္ "
              " ဒီတိုင္းဘဲ အန္တီဧဆီလမ္းႀကံဳဝင္လာတာ အန္တီဧကို ေျပာစရာရွိတယ္ "
              " ေျပာေလႏြယ္ "
              " အရင္တုန္းက အန္တီဧဆီမွာေလ ကိုကိုက ေစ့စပ္ေၾကာင္းလမ္းစကားေျပာဖူးတယ္မလား နွင္းနဲ႔သေဘာတူေပးဖို႔ေလ "
              " အင္း ဟုတ္တယ္ေလ အဲကိစၥ ႏြယ့္ကိုကိုနဲ႔ အန္တီဧေျပာၿပီးၿပီးေလ သေဘာမတူဘူးဆိုတာကို အဲတာျပႆနာရွိလို႔လားႏြယ္ "
              " ဟုတ္ ျပႆနာကေလ အဲကိစၥကို အန္တီဧသေဘာတူေပးမွျဖစ္မယ္ ႏြယ့္ကိုတစ္မ်ိဳးမထင္ပါနဲ႔ေနာ္ အန္တီဧ ႏြယ္က နွင္းအတြက္ေျပာတာပါ "
              " ဘာျဖစ္လို႔လဲ အေၾကာင္းအရင္းေျပာ " အန္တီဧအသံက နည္းနည္းမာေနတယ္ဆိုတာ ႏြယ္သတိထားမိတယ္။
              " နွင္းက ငယ္ငယ္ေလးတည္းက မိဘေတြဆံုးရွံုးခဲ့ရတဲ့စိတ္ဒဏ္ရာနဲ႔ ႀကီးျပင္းလားတဲ့သူဆိုတာ အန္တီဧလဲသိတာဘဲ အန္တီဧနဲ႔အေၾကာင္းသာ လူေတြသိသြားၾကရင္ နွင္းကိုဘယ္လိုေျပာၾကမလဲ အဲဒဏ္ေတြကို နွင္းခံနိုင္ပါ့မလား နွင္းအတြက္ေနာက္ထပ္ စိတ္ဒဏ္ရာမျဖစ္လာနိုင္ဘူးဆိုတာ အန္တီဧအာမခံနိုင္လား "
              " အဲတာ ႏြယ္စိတ္ပူရမယ့္ကိစၥမဟုတ္ဘူးလို႔ အန္တီဧထင္တယ္ေနာ္ အန္တီဧတို႔ျပႆနာ အန္တီဧတို႔ကိုယ္တိုင္ဘဲေျဖရွင္းလိုက္ပါမယ္ "
              " အန္တီဧသာ ကိုကိုနဲ႔သေဘာတူလိုက္မယ္ဆိုရင္ နွင္းကို ဘယ္သူမွဘာမွေျပာရဲမွာမဟုတ္ဘူး နွင္းက အန္တီဧရဲ႕စည္စိမ္ေတြလိုခ်င္လို႔ ကိုယ့္ေမြးစားအေမကို ျမဴဆြယ္တဲ့သူလို႔ သမုတ္ေစခ်င္တာလား အန္တီဧ "
              " ႏြယ္ရဲ႕စကားေတြ လြန္လာၿပီးလို႔ အန္တီဧထင္တယ္ေနာ္ ဒါေတြကို ႏြယ္စိတ္ပူစရာမလိုပါဘူး သူစိမ္းက သူစိမ္းလိုဘဲေနပါႏြယ္ အန္တီဧအလုပ္လုပ္စရာရွိေသးလို႔ ႏြယ္ထြတ္သြားေပးနိုင္မလား "
              " ဟုတ္ကဲ့ပါ ႏြယ္ေျပာတာေတြကို အန္တီဧေသခ်ာစဥ္းစားပါ ႏြယ္ေျပာတာ နွင္းအတြက္ဆိုတာ အန္တီဧနားလည္မွာပါ " ႏြယ္ အန္တီဧရံုးခန္းထဲကေန ထြတ္လိုက္တာနဲ႔ လူတစ္ေယာက္ဆီကို ဖုန္းဆတ္လိုက္သည္။
              " အခ်ိန္နည္းနည္းၾကာသြားလို႔ sorry ရွင္ေျပာထားတာခုထိ အႀကံဳးဝင္ေသးလား "
              " ------- "
              " ေကာင္းတယ္ ရွင္အကူအညီလိုတာကိုလဲ ကြၽန္မလုပ္ေပးမယ္ ကြၽန္မလိုတဲ့ အကူအညီကိုလဲ ရွင္ေပးဖို႔ မေမ့ပါနဲ႔ " တစ္ဖက္ကဖုန္းခ်ၿပီးတဲ့ေနာက္ ႏြယ္ရဲ႕နႈတ္ခမ္းထက္မွာ ေကာက္က်စ္တဲ့အၿပံဳးေတြ ေနရာယူလ်က္
              ======================
              ၾကာသြားလို႔ sorryပါ ဒါဒါတို႔ေျပာတဲ့ ဗီလိန္ေတြမ်ားလိုက္တာဆိုတာ မမ်ားပါဘူးေနာ္ ႏြယ္ရယ္ ဦးေအာင္ေသာင္းရယ္ နွစ္ေယာက္ဘဲရွိတာပါ က်န္တဲ့သူေတြက အသံုးခ်ခံလို႔ဘဲမွတ္ထားပါ။ ေဝဖန္ေပးၾကပါဦးသာသာစာေလးကို သာသာစာဖတ္သူေလးေတြ ခ်မ္းသာက်န္းမာေပ်ာ္ရႊင္ၾကပါေစ ဘဝအေမာေတြေျပၾကပါေစလို႔ ဆုေတာင္းေပးပါတယ္ေနာ္
----------------------------------------------------------
မားရဲ့ မီးငယ်လေး
- အပိုင်း ၁၃
- GL Story
- စာရေးသူ ချယ်
              နွယ့်ကို လူတစ်ယောက်က တွေ့ချင်တယ်ဆိုပြီး ဆက်သွယ်လာတာကြောင့် သူချိန်းဆိုသည့် ကော်ဖီဆိုင်ကို နွယ်ရောက်နေတာဖြစ်သည်။ နွယ်အတွက် ကောင်းတဲ့သူလား အန္တရာယ်ရှိတဲ့သူလားဆိုတာ မသိနိုင်တာကြောင့် ဆုမြတ်ကိုပါအဖော်ခေါ်လာပြီး ခပ်လှမ်းလှမ်းကနေစောင့်ကြည့်နေခိုင်းထားသည်။ မကြာပါဘူး နွယ့်ရဲ့အနားကို ခပ်ရွယ်ရွယ် ယောကျာ်းလေးတစ်ယောက် ရောက်လာတာကြောင့် မော့ကြည့်လိုက်သည်။
              " မသဇင်နွယ်လား ခင်ဗျာ "
              " ဟုတ်ပါတယ် ကျွန်မသဇင်နွယ်ပါ "
              " အာ ဟုတ်ကဲ့ ကျွန်တော်နာမည် အောင်မင်းပါ လိုရင်းဘဲ ပြောကြတာပေါ့နော် ကျွန်တော့်မှာ အချိန်သိပ်မရှိလို့ပါ "
              " ဟုတ်ကဲ့ပါ ကျွန်မမှာလဲ အချိန်တွေပေါမနေပါဘူး အထူးသဖြင့် သူစိမ်းယောကျာ်းတစ်ယောက်အတွက်ပေါ့ လိုရင်းသာပြောပါ " အောင်မင်းကမွေးရင်း သမီးအရွယ်ဘဲရှိတဲ့ကလေးတစ်ယောက်က မာနချေမိုးခေါင်းခိုက်နေတာကြောင့် ကြိတ်ရယ်လိုက်သည်။ ဒီလိုလူမျိုးက ပိုပြီးအသုံးချရတာလွယ်တာမဟုတ်ပါလား။
              " ဟုတ်ပါပြီး မင်းကိုပြောမယ် Royal Group CEO ဒေါ်ဧကရီကို မင်းသိတယ်မလား "
              " ရှင်က အန်တီဧနဲ့သိတာလား ဘယ်လိုပတ်သတ်တာလဲ "
              " မလောပါနဲ့ဦး ကျွန်တော်ပြောတာ ဆုံးအောင်နားထောင်ပါဦး မင်းသူ့ကို ကြိုက်နေတာ ကျွန်တော်သိတယ် " နွယ်ကြားလိုက်ရတဲ့ စကားကြောင့် မျက်နှာပျက်ကာ ထိုင်ရာကနေ ချက်ခြင်းထပြီးတော့
              " ရှင် ကျွန်မအကြောင်းဘာသိလို့လဲ ဘာကိစ္စကျွန်မအကြောင်းတွေ လိုက်စုံစမ်းနေတာလဲ ဘာဖြစ်ချင်နေတာလဲ "
              " မင်းဘယ်လိုဖြစ်လို့ ထအော်နေတာလဲပြန်ထိုင်စမ်းပါ လူတွေကြည့်နေတယ်လေ။ ငါကမင်းကိုကူညီပေးဖို့လာတာ" နွယ်အသံက နည်းနည်းကျယ်သွားတာကြောင့် ဆိုင်ကလူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ စပ်စုနေကြသည်။ ဆုမြတ်ကလဲထိုင်ရာကနေ ထလာဖို့လုပ်ပေမယ့် နွယ်နောက်ဆုံးကြားရတဲ့ ကူညီပေးမလို့ဆိုတဲ့စကားကြောင့် နွယ်ဆီမလာဖို့ကို ခေါင်းခါပြပြီး ပြန်ထိုင်နေလိုက်သည်။
              " ပြောပါဦး ရှင်က ကျွန်မကိုကူညီပေးမယ်ဆိုတာ ဘယ်လိုကူညီပေးမှာလဲ ကျွန်မကကော ရှင့်အတွက်ဘာပြန်လုပ်ပေးရမှာလဲ ဘယ်အရာမှ အလကားမရဘူးဆိုတာ ကျွန်မသိတယ် ရှင်သာ ပွင့်ပွင့်လင်းလင်းပြောပါ " အသက်ငယ်သေးပေမယ့်လဲ လိမ်မာပါးနပ်မှုရှိတာကြောင့် ဒီကလေးမကို အောင်မင်းမလေးစားဘဲ မနေနိုင်တော့ပေ။
              " မင်းဘက်က ပွင့်လင်းဆိုတော့လဲ ငါလဲပွင့်လင်းရတော့မှာပေါ့ တကယ်တော့ ဧကရီနဲ့ ငါ့ဘော့စ်နဲ့က လုပ်ငန်းပြိုင်ဖတ်တွေ ဧကရီရဲ့လုပ်ငန်းကို နည်းနည်းလေးဘဲ ယိုင်နှဲ့အောင်လုပ်ချင်တာ အဲတာကိုမင်းက ကူညီပေးမယ်ဆိုရင် မင်းလိုချင်တာကို ဖြစ်အောင်လုပ်ဖို့လဲ ငါကပြန်ကူညီပေးမယ် "
              " အန်တီဧကို ထိခိုက်အောင်လုပ်ဖို့တော့ ကျွန်မစိတ်ကူးမရှိဘူး sorryပါ ကျွန်မကူညီပေးနိုင်မယ်မထင်ဘူး ကျွန်မလိုချင်တာကို ကျွန်မဘာသာရအောင်ယူမှာမို့ ရှင်စိတ်မပူပါနဲ့ "
              " ငါက မင်းအန်တီဧကို မထိခိုက်စေရပါဘူး လုပ်ငန်းလေးနည်းနည်း မငြိမ်မသက်ဖြစ်သွားရင်ဘဲရပြီး ငါဘက်ကလဲ အလျင်မလိုပါဘူး မင်းစဉ်းစားဖို့ အချိန်ယူလိုက်ပါဦး ရော့ ငါလိပ်စာကဒ် မင်းစိတ်ပြောင်းသွားရင် ဆက်သွယ်လိုက်ပေါ့ " သူ့ရဲ့လိပ်စာကဒ်ကို နွယ်ရှေ့ကို တိုးပေးခဲ့ပြီး ထိုလူကဆိုင်ထဲကနေထွတ်သွားသည်။ ထိုလူထွတ်သွားမှာ ဆုမြတ်ရောက်လာကာ
              " နွယ် အဆင်ပြေရဲ့လား အဲလူကဘယ်သူလဲ နွယ့်ကိုဘာတွေပြောသွားလဲ "
              " ဘာမှမဟုတ်ပါဘူးနွယ်ရယ် ဒီတိုင်းကိုကို့ ကုမ္မဏီက ဝန်ထမ်းတစ်ယောက်ပါ သူ့အထက်လူကြီးက သူကိုအပြစ်မရှိဘဲအလုပ်ထုတ်လိုက်လို့တဲ့ အဲတာကိုကို့ကို ပြောပြပေးဖို့အတွက် အကူအညီလာတောင်းတာပါ "
              " ဟင် အဲတာဆို နွယ့်ကိုကို ကိုသွားပြောသင့်တယ်မဟုတ်ဘူးလား နွယ်ဆီကို ဘာလို့လာတာလဲ "
              " ဩော် ဟို ကိုကိုက အလုပ်များနေတော့ တွေ့ဖို့ကမလွယ်ဘူးလေ အဲတာကြောင့် နွယ်ဆီရောက်လာတာပါ အရင်တုန်းကလဲ နွယ်ဆီကို အဲလိုအကူအညီလာတောင်းဖူးတဲ့သူတွေရှိတယ်လေ သူတို့ကညွှန်လိုက်တာဖြစ်မယ် " စာပွဲပေါ်မှာ ရှိတဲ့လိပ်စာကဒ်လေးကို လှမ်းယူကြည့်ဖို့ ဆုမြတ်ယူလိုက်ပေမယ့် နွယ်ကဆွဲယူလိုက်တာကြောင့် ကြည့်ခွင့်မရလိုက်ပေ။
              " ဟုတ်ပါပြီး နွယ်အဆင်ပြေရင် ပြီးရောလေ "
              " ပြေပါတယ် ဆုမြတ်ရဲ့ " ပြေပါတယ်လို့ပြောနေပေမယ့် နွယ်ပုံစံက အဆင်မပြေသလို တွေးစရာရှိနေသလို မျက်နှာမကောင်းတာကြောင့် နွယ့်လက်ကလေးပေါ်ကို အုပ်မိုးကာ
              " နွယ် အဆင်မပြေတာ တစ်ခုခုရှိရင် ဆုမြတ်ကိုပြောနော် ဘာဘဲဖြစ်ဖြစ်ဆုမြတ် နွယ့်အနားမှာရှိတယ် တစ်လောကလုံးက နွယ့်ကိုဆန့်ကျင်နေရင်တောင် ဆုမြတ်က ဘယ်တော့မှ နွယ့်ကို စွန့်ခွာမသွားဘူးဆိုတာ မှတ်ထားနော် " ဆုမြတ်အုပ်မိုးပြီးကိုင်ထားတဲ့ လက်ကို မသိမသာဖယ်ထုတ်လိုက်ကာ
              " အင်းပါဆုမြတ်ရယ် ဆုမြတ်ကနွယ်အတွက် အကောင်းဆုံးသူငယ်ချင်းပါ နွယ့်အနားမှာရှိနေပေးလို့ကျေးဇူးပါနော် အမြဲတမ်းဘဲ နွယ့်ရဲ့သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ဘဲ နေပေးပါနော်" နွယ်တမင် သူုယ်ချင်းဆိုတဲ့ အသုံးအနှုန်းကိုသုံးခဲ့တာပင်။ အားလုံးထက် နွယ့်ကိုပိုပြီး ဂရုစိုက်တတ်တဲ့အပြုအမှုတွေ နွယ်အပေါ်မှာ ရွှန်းရွှန်းစားစားကြည့်တတ်တဲ့မျက်ဝန်တွေကြောင့် ဆုမြတ်တစ်ယောက် နွယ့်အပေါ်မှာ ခံစားချက်တွေရှိနေတယ်ဆိုတာ နွယ်သိပါတယ်။
              ====================
              မနက်ဖြန်ဆို မီးငယ်လေးတို့ဆယ်တန်းအောင်စာရင်းတွေ ထွတ်ကြတော့မယ်။ မီးငယ်လေးရဲ့အရည်အချင်းတွေကို ဧကရီယုံကြည်ပြီးသားမို့ ရလဒ်ကိုထူထွေးပြီး စိတ်မပူပေးမယ့်လဲ မီးငယ်လေးကတော့ စိတ်လှုပ်ရှားနေတယ်ထင် အိပ်ရာထက်မှာ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နှင့် အိပ်မပျော်သေးပေ။ ဧကရီ မီးငယ်လေးရဲ့ ပုခုံးလေးကိုဆွဲလှည့်ပြီး နဖူးထက်ကို ခပ်နွေးနွေးအနမ်းလေးပေးကာ
              " မီးငယ်လေး မအိပ်သေးဘူးလား အိပ်တော့လေကွယ် မနက်ကျရင် ခေါင်းမကြည်ဘဲဖြစ်နေမယ် "
              " မီးငယ်အိပ်လို့မရဘူးဖြစ်နေတယ်မားရယ် မီးငယ်ဖြေတော့ဖြေနိုင်ပါတယ် ဒါပေမယ့်ဘာကိုကြောက်နေမှန်းမသိဘူးမား "
              " မီးငယ်လေးက သေချာဖြေထားတာဘဲမလား ဘာမှစိတ်မပူပါနဲ့မီးငယ်ရယ် မားရဲ့မီးငယ်လေးကိုယ့်ကိုယ်ကို ယုံကြည်ထားစမ်းပါ မီးငယ်ကတော်ပြီးသားပါ "
              " ဟုတ်ကဲ့ပါမား မီးငယ်စိတ်လှုပ်ရှားနေလို့ပါ ဘယ်လိုရလဒ်မျိုးဘဲဖြစ်ဖြစ် မားလက်ခံပေးမယ်မလားဟင် မီးငယ်ကိုစိတ်မဆိုးရဘူးနော် "
              " စိတ်ချပါ မီးငယ်ဘယ်လိုရလဒ်ဘဲဖြစ်ဖြစ် မားလက်ခံပေးမယ်နော် မီးငယ်လေးအရမ်းကြောက်နေရင်လည်း မားလိုက်ခဲ့ပေးရမလား တူတူလိုက်ကြည့်ပေးမယ်လေ "
              " ရပါတယ်မား မီးငယ်တစ်ယောက်တည်းသွားကြည့်လိုက်ပါမယ်နော် စာမေးပွဲအောင်ရင် ရုပ်ရှင်တွေထဲလို အောင်ပြီး အောင်ပြီး ဆိုပြီးပြေးလာပြီးပြောချင်လို့ပါနော် " မီးငယ်လေးပြောတာကြောင့် ဧကရီရယ်ချလိုက်မိသည်။ မီးငယ်ရဲ့ပါးလေးကို ဖွဖွလေးဆွဲလိမ်ပြီး
              " ဟုတ်ပါပြီးဗျာ အဲတာဆိုလဲ မားအိမ်မှာထိုင်ပြီးစောင့်နေမယ် ဟုတ်ပြီးလား "
              " ဟီး... အဲတာကြောင့် မားကိုအရမ်းချစ်တာ " ဆိုပြီး ဧကရီနှုတ်ခမ်းလေးကို ဖိနမ်းလိုက်တဲ့ကလေးကြောင့် ဧကရီအချစ်ပိုနေရသည်။
              " မားတစ်ခုပြောဦးမယ် မနက်ဖြန်ကျရင် မီးငယ်လေးနဲ့မားရဲ့အကြောင်းကို မီးငယ်သူငယ်ချင်းတွေကို ဖွင့်ပြောကြမယ်နော် "
              " ဟင် အဆင်ပြေပါ့မလားမားရယ် သူတို့တွေ မားကိုတစ်မျိုးထင်သွားရင် ဘယ်လိုလုပ်မလဲ "
              " အဆင်ပြေပါတယ်မီးငယ်ရယ် ဘာမှမဖြစ်ပါဘူး မီးငယ်နားမှာ မားရှိနေတာဘဲလေနော် အရင်ဆုံးသူငယ်ချင်းတွေကိုဖွင့်ပြောကြမယ် နောက်တော့မှအဆင်ပြေတဲ့အချိန်ရွေးပြီးတော့ လောကကြီးမှာ ချပြကြမယ်နော် အနည်းနဲ့အများတော့ ရိုက်ခတ်မှုဒဏ်ကိုကြုံရမှာနော် မီးငယ်လေး မားနဲ့အတူရင်ဆိုင်နိုင်တယ်မလား "
              " မားသာရှိနေရင် မီးငယ်ရင်ဆိုင်နိုင်တယ်မား မီးငယ်တစ်ခုလောက်တော့ တောင်းဆိုလို့ရမလားမား "
              " အင်း..... ပြောလေမီးငယ်လေး "
              " လူလောကကြီးမှာဖွင့်ချဖို့ကိုတော့လေ မီးငယ်က မားရဲ့လက်တွဲဖော်ဖြစ်ဖို့ ထိုက်တန်တဲ့လူတစ်ယောက်ဆိုတာ သက်သေပြပြီးမှ ဖွင့်ချရအောင်လေနော် "
              " ဖွင့်ချပြီးမှ သက်သေပြလို့ရောမရဘူးလားမီးငယ်ရယ် မီးငယ်ရဲ့နားမှာ မားရှိနေမှာဘဲလေ မီးငယ်ကိုဘယ်သူကဘာပြောရဲ့မှာလဲ "
              " မီးငယ်ကိုယ့်ကိုယ်ကို အရည်အချင်းရှိအောင်ကြိုးစားပြီးတော့မှ မားနဲ့ထိုက်တန်တဲ့သူတစ်ယောက်ဆိုတာ လူတွေသိစေချင်တယ်မား အဲတာမှ မားလဲသိက္ခာမကျမှာ မီးငယ်ကိုနားလည်ပေးပါနော် "
              " အာ... ဟုတ်ပါပြီး မားကချစ်တဲ့သူဆိုတော့လဲ စောင့်ပေးရမှာပေါ့ ဘာဘဲဖြစ်ဖြစ်မားရဲ့မီးငယ်လေးကို မားအမြဲယုံကြည်တယ်နော် "
              ဒီနေ့နှင်းတို့တွေ အောင်စာရင်းထွတ်ပြီး။ များပြားလှတဲ့လူအုပ်ကြီးထဲ အတင်းတိုးခွေ့ပြီး နှင်းရဲ့နာမည်ကိုရှာရတာ ရင်ခုစိတ်လှုပ်ရှားစရာကောင်းသည်။ တွေ့ပါပြီး  " ဓနဖ၂၀၀ စောနှင်းပွင့်ဖြူ ဦးကြည်လွင် 5D " နှင်းရဲ့အောင်စာရင်းကို ကြည့်ပြီး နှင်းမျက်ရည်တွေ ကျလာခဲ့သည်။ နှင်းငိုနေတာမြင်တော့မှ ဆုမြတ်တို့လဲ ပြာပြာသလဲနှင့်
              " ဟဲ့ စောလေးဘာဖြစ်လို့လဲ နင့်နာမည်မပါလို့လား အဲတာငိုစရာမှမဟုတ်တာ နောက်နှစ်ပြန်ကြိုးစားပေါ့ဟာ ဘာမှအားမငယ်နဲ့နော် ငါတို့တွေစာပြပေးမှာပေါ့ " ဆုမြတ်ရဲ့စကားကြောင့် နှင်းအသံထွတ်ကာ ငိုချလိုက်ပြန်ပြီး။ အာကာကတော့ ဆုမြတ်ပုခုံးကိုရိုက်ပြီး
              " နင် စကားပြောမယ်ဆိုလဲ ယုတ္တိရှိအောင်ပြောစမ်းပါဟ စောလေးက ငါတို့ထက်တောင်စာပိုတော်တဲ့ဟာကို ကျစရာလားဟ " ဆုမြတ်ကိုယ့်ခေါင်းကိုယ်ကုတ်ကာ
              " အေး ဟုတ်သားဘဲ အဲတာဆိုဘာလို့ငိုနေတာလဲ "
              " နင့်မိထွေးက ဝမ်းသာလို့ငိုနေတာဟဲ့ ဟိုမှာလဲသွားကြည့်ဦး စောနှင်းပွင့်ဖြူ 5Dတဲ့ တကယ်တည်းမှဘဲ စဉ်းစားတွေးခေါ်ညဏ်ကို မရှိဘူး ဘယ်လိုဆယ်တန်းအောင်လာလဲမသိဘူး "
              " ဟဲ့ သွားကြမယ် ဟင့်... အိမ်မှာ ဟင့်... မားစောင့်နေတယ် ဟင့်... " ငိုပြီး အိမ်ပြန်ဖို့ပြောနေတဲ့ နှင်းကြောင့် သူတို့တွေမှာ ငိုရခတ် ရယ်ရခတ်ပင်။ တစ်လမ်းလုံးလဲ ငိုလာတာသူ့အသံတွေချည်းဘဲ။ မီးငယ်လေးတို့ အောင်စာရင်းသွားကြည့်တာ ကြာလှနေပြီး ခုထိလဲပြန်နလာသေးဘူးမို့ ဧကရီဖင်တကြွကြွနှင့် မျှော်နေရသည်။ ဧကရီနားထဲမှာ မီးငယ်လေးငိုသံလိုကြားလိုက်ရသည်။ ဧကရီစိတ်ထင်တာ ဖြစ်မှာပါဆိုပြီးတော့ စိတ်လျော့လိုက်ပေမယ့် မီးငယ်လေးက တကယ့်ကို ငိုပြီး ဧကရီကိုပြေးဖတ်လာတာကြောင့် ဧကရီထိပ်ထိပ်ပြာပြာဖြစ်သွားရသည်။
              " မား ဟီး..... ဟီး...... "
              " မီးငယ်လေး ဘာဖြစ်လာတာလဲ မားကိုပြောလေ မားစိုးရိမ်လာပြီး " မေးတာမဖြေဘဲ ငိုဘဲငိုနေတဲ့မီးငယ်ကြောင့် ဧကရီပါရောငိုချင်လာသည်။ ဧကရီလဲ စိတ်မရှည်တော့ဘဲ မီးငယ်သူငယ်ချင်းတွေဘက် လှည့်ကာမေးလိုက်သည်။
              " မင်းတို့သူငယ်ချင်း ဘာဖြစ်လာတာလဲ အန်တီဧကိုပြောစမ်း အောင်စာရင်းမှာ သူ့နာမည်မပါလို့လား မီးငယ်က သေချာဖြေထားပြီးသာပြောတယ် အဲတာတော့မဖြစ်နိုင်ဘူး ပြောစမ်းပါမြန်မြန် ဘာဖြစ်လာတာလဲ "
              " နာမည်မပါလို့ ငိုနေတာမဟုတ်ဘူး အန်တီဧ နှင်းက ဝမ်းသာလုံးဆို့ပြီးငိုနေတာ "
              " မား..... မီးငယ်လေးလေး ငါးဘာသာဂုဏ်ထူးပါတယ်တဲ့ ဟီး.... ဟီး.... "
              " ဟေး... မားရဲ့မီးငယ်လေးကတော်လိုက်တာ အဲတာငိုစရာပါလားကလေးရယ် ဝမ်းသာရမှာပေါ့လို့ မငိုနဲ့တော့တိတ်တော့ " ဧဗကရီလက်ဖဝါးနဲ့ မျက်ရည်တွေသုတ်ချပေးလိုက်သည်။ မီးငယ်ရဲ့ပုံစံလေးကို အားရပါးရရယ်မောလိုက်ပြီး နှာခေါင်းလေးကိုညစ်ကာ
              " ညက မားကိုပြောတော့ အောင်ပြီး အောင်ပြီးဆိုပြီး ပြေးဝင်လာမှာဆို အခုတော့ဘယ်လိုဖြစ်တာလဲမီးငယ်လေး " နှင်းရဲ့အရူးထပုံကို ဆုမြတ်တို့သုံးယောက်သိတော့ ရယ်ချင်စိတ်ကို အောင့်ကာထားရတော့သည်။
              " ကဲ ထတော့ မငိုနဲ့တော့နော် မျက်ရည်တွေသုတ် သူငယ်ချင်းတွေကို မုန့်လိုက်ဝယ်ကျွေးရအောင် ပြောပြစရာလဲရှိသေးတယ်လေနော် မီးငယ်လေး "
              " ဟုတ် မား... "
              =========================
              နှင်းတို့တွေ အောင်စာရင်းထွတ်ပြီးတဲ့နောက်မှာ နှင်းရယ် နွယ်နဲ့ဆုမြတ်တို့သုံးယောက် စီးပွားရေးတက္ကသိုလ်ကို တတ်ဖို့ရွေးချယ်ခဲ့ကြတယ်။ အာကာကတော့ သြဇီသွားပြီး အစားအသောက်ပိုင်းနဲ့ပတ်သတ်တဲ့ ဘာသာရပ်တစ်ခုကိုရွေးချယ်ကာ စားဖိုမှူးဖြစ်ဖို့အတွက်ကို သင်ယူနေသည်။ မားနဲ့နှင်းရဲ့အကြောင်းကိုလဲ ဖွင့်ပြောခဲ့ကြပြီးပြီးမို့ နှင်းတို့ကို နားလည်လက်ခံပေးကြသည်။ နွယ်ကလွဲရင်ပေါ့။ နှင်းတို့တွေ ဖွင့်ပြောပြီးတဲ့နေ့ကနေစပြီး မသိမသာရော သိသိသာသာရော ဆန့်ကျင်ကြောင်းတွေထုတ်ပြခဲ့သည်။ နှုတ်နဲ့သာ ဆန့်ကျင်ကြောင်းပြောခဲ့တာမို့ နှင်းမသိချင်ယောင်ဆောင်ပေးခဲ့သည်။
              " နွယ်ပြောလေ နှင်းကိုခေါ်ထုတ်လာပြီး ဘာမှလဲမပြောဘူး "
              " နှင်း နွယ်လေ အန်တီဧကိုချစ်မိနေပြီး " နွယ်ပြောတဲ့စကားကို အံသြဟန်မပြတာကြောင့် နှင်းလဲသိနေတယ်လို့သာ နွယ်တွေးလိုက်သည်။
              " နှင်းကြိုသိနေတာလား သိရဲ့သားနဲ့မသိချင်ယောင်ဆောင်ထားတာပေါ့လေ "
              " နွယ်အပြုအမှုတွေကြောင့် နှင်းရိပ်မိတာပါ ကောက်ချက်မချရသေးပါဘူး အခုလိုဖွင့်ပြောတော့ သေချာသွားပြီးဘဲပေါ့ "
              " နှင်းကသိသိရက်နဲ့  နွယ့်ကိုစိတ်ထဲကနေ လှောင်နေမှာပေါ့ နှင်းတို့က ချစ်သူတွေဘဲရှိသေးတာနော် အန်တီဧကို နှင်းတကယ်ပိုင်ဆိုင်ရပြီးလို့ ထင်ရင်မှားသွားလိမ့်မယ် "
              " မားရဲ့ရင်ထဲမှာ နွယ့်အတွက်နေရာရှိနေလိမ့်မယ်လို့ ထင်နေရင်လဲ နွယ်မှားသွားလိမ့်မယ်နော် " နှင်းရဲ့စကားတွေက နွယ်အရိုက်တည့်တည့်ကို အားနဲ့ထိုးလိုက်သလိုပင်။
              " နွယ်အတွက် နေရာရှိမရှိဆိုတာ နွယ်ကိုယ့်ဘာသာကြည့်လုပ်ပါမယ် နှင်းက ကိုယ့်နေရာကိုယ်သိပါ အန်တီဧနဲ့ဆက်ဆံရေးကို နှင်းရှေ့ဆက်မတိုးတာကောင်းမယ်လို့ နွယ်ထင်တယ် "
              " နွယ်ပြောချင်တာက နှင်းက မားရဲ့သမီးမို့ သမီးနေရာနေလို့ဆိုတာလား နှင်းအဲလိုနေတော့ရော မားရဲ့လက်တွဲဖော်နေရာက နွယ်ရနိုင်မယ်ထင်နေတာလား "
              " အဲတာက နွယ့်ကိစ္စပါ ပြောလို့မရဘူးလေ အန်တီဧက နှင်းထက်ပိုပြီး နွယ့်ကိုချစ်လာမယ့်နေ့ရောက်လာရင်ရော စိတ်ချပါ နှင်းသာကိုယ့်နေရာကိုယ်သိတယ်ဆိုရင် နှင်းကိုစွန့်မပစ်ဖို့ နွယ်ကူပြောပေးမှာပါ ဟင်း... ဟင်း... "
              " နွယ်ရနိုင်မယ်ထင်ရင် လုပ်ကြည့်လေ နှင်းကတော့ ဘာမှကြောက်စရာမလိုဘူး မားကိုယုံတယ် မားရဲ့အချစ်ကိုလဲယုံတယ် နှင်းကို မားဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူးဆိုတာ နှင်းသိနေသလို နွယ်လဲသိလာမှာပါ "
              " နှင်းကစိန်ခေါ်ရင် နွယ်လဲတိမ်ပေါ်ထိလိုက်ပေးရမှာပေါ့ နွယ့်နောက်ကို အန်တီဧတကယ်ပါလာတော့မှ မငိုနဲ့နော် ဘာနည်းလမ်းဘဲ သုံးရသုံးရ အန်တီဧက နွယ့်အပိုင်ဖြစ်လာမှာမို့ နှင်းက ကိုကို့ကို စဉ်းစားထားတာပိုကောင်းမယ် " ပြောပြီးထွတ်သွားတဲ့ နွယ့်ရဲ့နောက်ကျောပြင်ကိုသာကြည့်ပြီး နှင်းသက်ပြင်းချလိုက်မိသည်။ နွယ်ဘယ်တုန်းကစပြီး နှင်းအပေါ်မှာ ရန်သူတစ်ယောက်လို ဆက်ဆံလာတာလဲဆိုတာ နှင်းမသိတော့ပါ။ နှင်းကတော့ အရမ်းချစ်တဲ့သူငယ်ချင်းတွေအဖြစ်နဲ့ အရင်လိုစည်းစည်းလုံလုံပျော်ပျော်ရွှင်ရွှင် နေချင်ခဲ့တာ နှင်းစိတ်ရင်းအမှန်သာဖြစ်သည်။
              နွယ် အန်တီဧရုံးကိုရောက်နေတာဖြစ်သည်။ လေကြီးမိုးကြီးပြောတတ်တဲ့နှင်းကို နွယ်အနိုင်ယူပြချင်သည်။ နှင်းတောင် အန်တီဧကို အရယူနိုင်သေးတာဘဲ နွယ်ကောဘာလို့မရနိုင်ရမှာလဲ။
              " နွယ် ရောက်နေတာလား စောင့်နေတာကြာသွားပြီးလားနွယ် အန်တီဧအစည်းအဝေးလုပ်နေလို့ပါ "
              " မကြာပါဘူးအန်တီဧ နွယ်အခုမှရောက်တာပါ "
              " ဟုတ်ပါပြီး ကိစ္စရှိလို့လားနွယ် "
              " ဒီတိုင်းဘဲ အန်တီဧဆီလမ်းကြုံဝင်လာတာ အန်တီဧကို ပြောစရာရှိတယ် "
              " ပြောလေနွယ် "
              " အရင်တုန်းက အန်တီဧဆီမှာလေ ကိုကိုက စေ့စပ်ကြောင်းလမ်းစကားပြောဖူးတယ်မလား နှင်းနဲ့သဘောတူပေးဖို့လေ "
              " အင်း ဟုတ်တယ်လေ အဲကိစ္စ နွယ့်ကိုကိုနဲ့ အန်တီဧပြောပြီးပြီးလေ သဘောမတူဘူးဆိုတာကို အဲတာပြဿနာရှိလို့လားနွယ် "
              " ဟုတ် ပြဿနာကလေ အဲကိစ္စကို အန်တီဧသဘောတူပေးမြှဖစ်မယ် နွယ့်ကိုတစ်မျိုးမထင်ပါနဲ့နော် အန်တီဧ နွယ်က နှင်းအတွက်ပြောတာပါ "
              " ဘာဖြစ်လို့လဲ အကြောင်းအရင်းပြော " အန်တီဧအသံက နည်းနည်းမာနေတယ်ဆိုတာ နွယ်သတိထားမိတယ်။
              " နှင်းက ငယ်ငယ်လေးတည်းက မိဘတွေဆုံးရှုံးခဲ့ရတဲ့စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလားတဲ့သူဆိုတာ အန်တီဧလဲသိတာဘဲ အန်တီဧနဲ့အကြောင်းသာ လူတွေသိသွားကြရင် နှင်းကိုဘယ်လိုပြောကြမလဲ အဲဒဏ်တွေကို နှင်းခံနိုင်ပါ့မလား နှင်းအတွက်နောက်ထပ် စိတ်ဒဏ်ရာမဖြစ်လာနိုင်ဘူးဆိုတာ အန်တီဧအာမခံနိုင်လား "
              " အဲတာ နွယ်စိတ်ပူရမယ့်ကိစ္စမဟုတ်ဘူးလို့ အန်တီဧထင်တယ်နော် အန်တီဧတို့ပြဿနာ အန်တီဧတို့ကိုယ်တိုင်ဘဲဖြေရှင်းလိုက်ပါမယ် "
              " အန်တီဧသာ ကိုကိုနဲ့သဘောတူလိုက်မယ်ဆိုရင် နှင်းကို ဘယ်သူမှဘာမှပြောရဲမှာမဟုတ်ဘူး နှင်းက အန်တီဧရဲ့စည်စိမ်တွေလိုချင်လို့ ကိုယ့်မွေးစားအမေကို မြူဆွယ်တဲ့သူလို့ သမုတ်စေချင်တာလား အန်တီဧ "
              " နွယ်ရဲ့စကားတွေ လွန်လာပြီးလို့ အန်တီဧထင်တယ်နော် ဒါတွေကို နွယ်စိတ်ပူစရာမလိုပါဘူး သူစိမ်းက သူစိမ်းလိုဘဲနေပါနွယ် အန်တီဧအလုပ်လုပ်စရာရှိသေးလို့ နွယ်ထွတ်သွားပေးနိုင်မလား "
              " ဟုတ်ကဲ့ပါ နွယ်ပြောတာတွေကို အန်တီဧသေချာစဉ်းစားပါ နွယ်ပြောတာ နှင်းအတွက်ဆိုတာ အန်တီဧနားလည်မှာပါ " နွယ် အန်တီဧရုံးခန်းထဲကနေ ထွတ်လိုက်တာနဲ့ လူတစ်ယောက်ဆီကို ဖုန်းဆတ်လိုက်သည်။
              " အချိန်နည်းနည်းကြာသွားလို့ sorry ရှင်ပြောထားတာခုထိ အကြုံးဝင်သေးလား "
              " ------- "
              " ကောင်းတယ် ရှင်အကူအညီလိုတာကိုလဲ ကျွန်မလုပ်ပေးမယ် ကျွန်မလိုတဲ့ အကူအညီကိုလဲ ရှင်ပေးဖို့ မမေ့ပါနဲ့ " တစ်ဖက်ကဖုန်းချပြီးတဲ့နောက် နွယ်ရဲ့နှုတ်ခမ်းထက်မှာ ကောက်ကျစ်တဲ့အပြုံးတွေ နေရာယူလျက်
              ======================
              ကြာသွားလို့ sorryပါ ဒါဒါတို့ပြောတဲ့ ဗီလိန်တွေများလိုက်တာဆိုတာ မများပါဘူးနော် နွယ်ရယ် ဦးအောင်သောင်းရယ် နှစ်ယောက်ဘဲရှိတာပါ ကျန်တဲ့သူတွေက အသုံးချခံလို့ဘဲမှတ်ထားပါ။ ဝေဖန်ပေးကြပါဦးသာသာစာလေးကို သာသာစာဖတ်သူလေးတွေ ချမ်းသာကျန်းမာပျော်ရွှင်ကြပါစေ ဘဝအမောတွေပြေကြပါစေလို့ ဆုတောင်းပေးပါတယ်နော်

မားရဲ႕ မီးငယ္ေလး (Completed )Where stories live. Discover now