မားရဲ႕ မီးငယ္ေလး
- အပိုင္း ၁၆
- GL Story
- စာေရးသူ ခ်ယ္
" ေရာ႕ျပန္လုပ္ နင္ဒါေလးေတာင္အျဖစ္ရွိေအာင္မလုပ္နိုင္ဘူးလား " နွင္း ကြန္ပ်ဳတာကိုအာရံုစိုက္ၾကည့္ၿပီး အလုပ္လုပ္ေနတုန္း ဖိုင္တစ္ထပ္ကို နွင္းေရွ႕ပစ္ခ်လာတဲ့ ဌာနမႈေၾကာင့္ နွင္းေတာင္လန္႔သြားသည္။ ဌာနမႈခ်ေပးတဲ့ ဖိုင္ေတြကို နွင္းလွန္ၾကည့္လိုက္ေတာ့ နွင္းကိုယ္တိုင္လုပ္ထားတဲ့ ဖိုင္ေတြျဖစ္သည္။
" ဌာနမႈမႀကိဳက္လို႔ဆိုၿပီး နွင္းကိုျပင္ခိုင္းေနတာ ငါးခါရွိေနၿပီး အခုလဲထပ္ျပင္ခိုင္းေနျပန္ၿပီး နွင္းဘယ္လိုလုပ္ေပးမွ ဌာနမႈစိတ္တိုင္းက်မွာလဲ "
" ငါ့ကို အပိုစကားေတြေျပာမေနနဲ႔ ငါကနင့္ရဲ႕အထက္လူႀကီးေနာ္ ငါကမႀကိဳက္လိုျပင္ခိုင္းရင္ ငါးခါမဟုတ္ဘူး အခါတစ္ရာျပင္ခိုင္းလဲ ျပင္ရမယ္ နင့္မွာ ျပန္ေျပ"
" ဟုတ္ကဲ့ပါ နွင္းျပန္ျပင္ေပးပါမယ္ဌာနမႈ နွင္းမွာအျခားအေရးႀကီးပေရာဂ်က္ေလးေတြရွိလို႔ သံုးရက္နဲ႔ၿပီးေအာင္လုပ္ေပးပါမယ္ "
" ဘာကိုသံုးရက္လဲ မနက္ျဖန္ခ်က္ျခင္းလိုခ်င္တယ္ မနက္ျဖန္အစည္းအေဝးမွာ တင္ျပရမယ့္ဖိုင္ ေသခ်ာလုပ္ ထပ္ၿပီးငါစိတ္တိုင္းမက်ဘူးဆို ကိုယ့္အေၾကာင္းကိုယ္ေတြးထားလိုက္ေနာ္ နင့္ကို အလုပ္ထုတ္ပစ္နိုင္တဲ့ အာဏာအျပည့္အဝရွိတယ္ဆိုတာ ယံုလား " သူေျပာတဲ့စကားက မွန္ေနတာေၾကာင့္ နွင္းဘာမွမေျပာေတာ့ဘဲ သူျဖစ္ခ်င္တဲ့အတိုင္ျပန္လုပ္ေပးရံုသာ တတ္နိုင္သည္။ နွင္းအလုပ္ဝင္ၿပီးတဲ့ေနာက္မွာ ကုမၼဏီနဲ႔ပတ္သတ္ၿပီး မသိနားမလည္တာေတြကို သင္ျပေပးရင္း မားရဲ႕အတြင္းေရးမွဴး မမဝတ္ရည္နဲ႔ ခင္မင္ရင္းနွီးခဲ့သည္။ မမဝတ္ရည္က ကုမၼဏီမွာ မားၿပီးရင္ အာဏာအရွိဆံုးက အမႈေဆာင္ဒါရိုက္တာႀကီးဦးနန္းမိုးျဖစ္ေၾကာင္းနဲ႔ အၿမဲတမ္းမားကိုဆန္႔က်င္ေနတဲ့သူျဖစ္တာေၾကာင့္ ဦးနန္းမိုးနဲ႔သူ႔သမီးဌာနမႈမစႏၵာတို႔ကို လိုက္ေလ်ာ္ညီေထြးဆက္ဆံရမည္ဟု ေျပာထားတာေၾကာင့္ နွင္းသည္းခံေနရံုသာတတ္နိုင္သည္။ အၿမဲတမ္းမားကို ဆန္႔က်င္ေနတဲ့သူေတြျဖစ္တာေၾကာင့္ နွင္းအတြက္နဲ႔ပါမားကိုမထိခိုက္ေစခ်င္တာေၾကာင့္ နွင္း ဌာနမႈစိတ္တိုင္းက်ျပန္ျပင္ေပးဖို႔သာ ေခါင္းၿငိမ့္လိုက္သည္။
" အခုဒီဖိုင္ေတြကို မိတၱဴကူးေပး ရံုခန္းကမိတၱဴစက္မအားဘူး ၇လႊာက မိတၱဴစက္နဲ႔သြားကူးေပး "
" ဟုတ္ကဲ့ ဌာနမႈ " နွင္း ဌာနမႈေပးတဲ့ဖိုင္ေလးကိုယူၿပီး ၇လႊာကိုတတ္ရန္ ဓာတ္ေလွကားဆီထြတ္လာခဲ့သည္။ ဓာတ္ေလွကားေရွ႕ေရာက္မွ ျပဳျပင္ေနပါသည္ဆိုတဲ့ သတိေပးစာေၾကာင့္ နွင္းေလွကားကေနဘဲ တတ္လာခဲ့ေတာ့သည္။
ဧကရီအိပ္ခန္းကေန ေအာက္ကိုဆင္းလာေတာ့ ဧကရီရဲ႕အလုပ္ခန္းက မီးလင္းေနတာေၾကာင့္ ဧကရီအလုပ္ခန္းထဲဝင္လိုက္ေတာ့ ဖိုင္တစ္ခ်ိဳ႕နဲ႔အလုပ္ရႈပ္ေနတဲ့မီးငယ္ေလး ဧကရီနာရီကိုၾကည့္မိေတာ့ ညနွစ္နာရီေက်ာ္ေနၿပီး မီးငယ္နားကိုသြားၿပီး ပုခံုးေလးကို ခပ္ဖြဖြပုတ္ကာ
" မီးငယ္ေလး နွစ္နာရီေက်ာ္ေနၿပီး မအိပ္ေသးဘူးလား ဘာေတြအလုပ္ရႈပ္ေနတာလဲ " မီးငယ္ကေတာ့ ဧကရီကိုေမာ့ေတာင္မၾကည့္ဘဲ အလုပ္လုပ္ရင္းနဲ႔ပင္ ဧကရီစကားကိုျပန္ေျဖသည္။
" မီးငယ္ေလးလုပ္ထားတာ စိတ္တိုင္းမက်လို႔ ျပန္ျပင္ခိုင္းတဲ့ အခ်က္အလတ္ေတြပါမားရယ္ သူစိတ္တိုင္းမက်လို႔ ျပန္ျပင္ခိုင္းေနတာ ငါးေခါက္ေလာက္ရွိေနၿပီး "
" အဲတာဆိုလဲ မနက္ျဖန္မွဆက္လုပ္ေလ ညဥ့္နက္ေနၿပီး သြားအိပ္ေတာ့မီးငယ္ေလး "
" မီးငယ္အိပ္လို႔မရေသးဘူးမား ဒါကမနက္ျဖန္အစည္းအေဝးမွာ တင္ရမယ့္အခ်က္အလတ္ေတြတဲ့ မနက္ျဖန္မွအဆင္သင့္မျဖစ္ရင္ မီးငယ္အလုပ္ထုတ္ခံရလိမ့္မယ္ " မီးငယ္စကားေၾကာင့္ ဧကရီမ်က္ေမွာင္ႀကံဳၾကည့္လိုက္သည္။
" အလုပ္ထုတ္မယ္ မီးငယ္ကိုဘယ္သူက အလုပ္ထုတ္မယ္ေျပာတာလဲ မားကိုေျပာ " ဧကရီမီးငယ္ေလးနဲ႔ မ်က္နွာခ်င္းဆိုင္ အေနအထားျဖစ္ေအာင္ မီးငယ္ထိုင္ေနတဲ့ခံုကို ဧကရီဘက္ဆြဲလွည့္ကာ မီးငယ္ေရွ႕ဒူးေထာက္ထိုင္ၿပီး ေမးလိုက္သည္။
" ဌာနမႈနန္းစႏၵာ " ထိုသူရဲ႕နာမည္ေၾကာင့္ ဧကရီလက္ေတြ တင္းတင္းဆုတ္ထားမိသည္။ နန္းစႏၵာဆိုတာ ဦးနန္းမိုးရဲ႕အရွိန္အဝါနဲ႔ ကုမၼဏီမွာထင္တိုင္းက်ဲေနတဲ့သူတစ္ေယာက္ပင္။ သူက အာဏာရွိသူတစ္ေယာက္ရဲ႕သမီးျဖစ္တိုင္း လက္ေအာက္ဝန္ထမ္းေတြကို အမ်ိဳးမ်ိဳးနွိပ္စက္ကာ အထက္စီးကေနဆက္ဆံတတ္တဲ့သူဆိုၿပီး ကုမၼဏီမွာသတင္းဆိုးထြတ္ေနတဲ့သူတစ္ေယာက္ျဖစ္သည္။ သားအဖနွစ္ေယာက္လံုး ဧကရီရဲ႕ေနရာကို မ်က္ေစာင္းထိုးေနမွန္းလဲ ဧကရီရိပ္မိပါသည္။ သူတို႔ရဲ႕ေနာက္ကြယ္မွာ အင္အားႀကီးတဲ့အေထာက္ပံ့တစ္ခုခုရွိေနမယ္ဆိုတာလဲ ဧကရီသိပါသည္။ ဘယ္လိုသူမ်ိဳးလဲဆိုတာကိုေတာ့ ဧကရီစံုစမ္းလို႔မရေပ။ ထိုေနာက္ကြယ္ကလူသည္ အရမ္းကိုဖံုးကြယ္ၿပီးေနနိုင္လြန္းသည္။ ဧကရီစိတ္ပူသည္မွာ သူ႔ရဲ႕ပစ္မွတ္ကိုထိေအာင္ပစ္နိုင္ဖို႔အတြက္ အသံုးခ်ခံထဲမွာ မီးငယ္ေလးပါလာမွာကိုပင္။ ဧကရီမွာ ဒီကေလးတစ္ေယာက္သာရွိတာ မီးငယ္ေလးသာတစ္ခုခုျဖစ္ရင္ ဧကရီၿပိဳလဲသြားမွာ ဧကရီသာၿပိဳလဲသြားခဲ့ရင္ ဧကရီကာကြယ္ေနခဲ့တဲ့Royal Groupကလဲ ၿပိဳလဲဖို႔ဆိုတာ က်ိန္ေသသေလာက္ပင္ျဖစ္သည္။ ဧကရီ မီးငယ္ေလးရဲ႕မ်က္နွာႏြမ္းႏြမ္းေပၚက နႈတ္ခမ္းပါးေလးကို အနမ္းေပးကာ
" အဲတာဆိုလဲ မားလဲ မီးငယ္ေလးနဲ႔ကူလုပ္ေပးမယ္ နွစ္ေယာက္လုပ္ေတာ့ပိုျမန္တာေပါ့ဟုတ္တယ္မလား " ဧကရီပါ ကူလုပ္ေပးမယ္လဲ ဆိုေရာ မ်က္နွာေလးကၿပံဳးေနသည္မွာ ခ်ိဳခ်ဥ္ရတဲ့ကေလးလိုပင္။ ဒီလိုဆိုေတာ့လဲ မီးငယ္ေလးက အရမ္းကိုျဖဴစင္ရိုးသားတဲ့ယုန္သူငယ္ေလးလိုပင္ အရမ္းခ်စ္ဖို႔ေကာင္းသည္။ မီးငယ္ေလးကို ဧကရီေပါင္ေပၚတင္ထိုင္ကာ ရႈပ္ရွက္ခတ္ေနတဲ့ဖိုင္ေတြကို နွစ္ေယာက္တူတူေသခ်ာေရးဆြဲၾကသည္။ ေတာ္ေတာ္မ်ားမ်ားေရးလို႔ၿပီးသြားေတာ့ ဧကရီကိုယ္တိုင္ဘဲအေခ်ာသတ္လိုက္သည္။ ဧကရီေပါင္ေပၚထိုင္ေနတဲ့ မီးငယ္ေလးကို တစ္ခ်က္ငံုၾကည့္ေတာ့ ဇာတ္က်ိဳးက်ေနၿပီး အိပ္ေတာင္ေပ်ာ္ေနသည္မွာ သေရေတြေတာင္စီးက်ေနသည္။ စံပယ္နံ႔ခပ္သင္းသင္းေလးရေနတဲ့ မီးငယ္ရဲ႕ဆံပင္ေလးေတြကို နမ္းရွိုက္ကာ ေပြ႕ခ်ီလိုက္သည္။ သေရစီးေၾကာင္းအကြက္ထေနတဲ့ ပါးျပင္ေလးကိုနစ္ဝင္သြားေအာင္နမ္းရႈိက္ၿပီးေတာ့
" အိပ္မတ္လွလွမတ္ပါေစ မားအခ်စ္ကေလးငယ္ "
======================
" ဝတ္ရည္ ဦးနန္းမိုးနဲ႔နန္းစႏၵာရဲ႕လႈပ္ရွားမႈေတြကဘယ္လို အေျခအေနရွိလဲ "
" ထြတ္သြားတဲ့ ရွယ္ယာရွင္တစ္ခ်ိဳ႕ရဲ႕ရွယ္ယာေတြကို မသိေအာင္ဝယ္ယူေနပါတယ္ CEO သူတို႔နွစ္ေယာက္ေပါင္းကိုင္ထားတဲ့ ရွယ္ယာက သံုးဆယ္ရာခိုင္နႈန္းဘဲရွိပါေသးတယ္ CEOရဲ႕ရွယ္ယာနဲ႔ေစာေလးရဲ႕ရွယ္ယာပါေပါင္းရင္ ေလးဆယ့္ငါးရာခိုင္နႈန္းရွိပါတယ္ "
" ဟုတ္ၿပီးေလ သူတို႔ရဲ႕လႈပ္ရွားမႈေတြကို ေသခ်ာေစာင့္ၾကည့္ထားပါ တခ်ိဳ႕သူတို႔ ဝယ္မယ့္ရွယ္ယာရွင္ေတြရဲ႕ရွယ္ယာေတြလဲ မသိေအာင္မီးငယ္နာမည္နဲ႔ျဖတ္ၿပီး ဝယ္ထားပါ "
" ဟုတ္ကဲ့ပါ CEO ၿပီးေတာ့ ေစာေလးအခုေနာက္ပိုင္း အရည္အခ်င္းေတြတိုးတတ္လာပါတယ္ ေနာက္တစ္ခ်ိန္မွာ ကုမၼဏီကိုေကာင္းေကာင္းထိန္းသိမ္းလာနိုင္မွာပါ ဒါေပမယ့္ ဌာနမႈနန္းစႏၵာ " ဧကရီဆက္မေျပာရန္ လက္ကာထားလိုက္သည္။ ဝတ္ရည္ေျပာခ်င္တာကို ဧကရီသေဘာေပါက္ပါသည္။
" မီးငယ္အေနနဲ႔ ဒီရိုက္ခတ္မႈဒဏ္ေတြကို ခံသင့္တယ္ဝတ္ရည္ မီးငယ္သာမခံနိုင္ဘူးဆိုရင္ ေခါင္းေဆာင္ေကာင္းျဖစ္နိုင္မွာမဟုတ္ဘူးေလ တစ္ခ်ိန္မွာ ေခါင္းေဆာင္ေကာင္းျဖစ္လာဖို႔အတြက္ မီးငယ္ေလးဒီရိုက္ခတ္မႈဒဏ္ေတြက တြန္းတင္ေပးလိမ့္မယ္ ဝင္ပါဖို႔မလိုေသးသ၍ ေဘးကေနဘဲၾကည့္ေနပါ ဝတ္ရည္ "
" CEOေျပာတာ ဝတ္ရည္နားလည္ပါၿပီး ဝတ္ရည္ စဥ္းစားဖို႔လိုသြားခဲ့တာကို ေထာက္ျပေပးတဲ့အတြက္ ေက်းဇူးပါ CEO "
" ရပါတယ္ဝတ္ရည္ ဧကရီရဲ႕မီးငယ္ေလးကိုသာ ေစာင့္ေရွာက္ေပးပါေနာ္ ဒါနဲ႔အစည္းအေဝးရွိတယ္မလား ဘယ္ခ်ိန္လဲ " ဝတ္ရည္ လက္ကနာရီကိုငံု႔ၾကည့္ၿပီးေတာ့
" ေနာက္ဆယ့္ငါးမိနစ္ဆိုစပါၿပီး CEO "
" ေကာင္းၿပီးေလ သြားၾကတာေပါ့ "
ဧကရီအစည္းအေဝးခန္းထဲမွာ ဌာနမႈနန္းစႏၵာရွင္းျပတဲ့ ပရိုဂ်က္တာကိုသာ စိုက္ၾကည့္ေနသည္။ သူရွင္းျပေနတာေတြကို ညက မီးငယ္ေလးနဲ႔အတူတူလုပ္ထားတာေၾကာင့္ ဧကရီၾကည့္ရံုနဲ႔သိပါသည္။
" နန္းရဲ႕ ရွင္းျပမႈၿပီးဆံုးသြားပါၿပီး "
" ဌာနမႈနန္းစႏၵာရဲ႕ရွင္းလင္းမႈက အရမ္းကိုေသသပ္ပါေပတယ္ ဦးနန္းမိုးတို႔ကေတာ့ အားကိုးရတဲ့သမီးတစ္ေယာက္ရထားတာ အရမ္းဂုဏ္ယူေနေတာ့မွာဘဲ " ရွယ္ယာရွင္ေတြရဲ႕ ခ်ီးက်ဳးစကားေတြၾကားထဲမွာ ဦးနန္းမိုးနဲ႔ နန္းစႏၵာတို႔မ်က္နွာၿပံဳးၿဖီးေနၾကသည္မွာ ျမင္ခ်င္စရာေတာင္မရွိေပ။
" ဒီစာတမ္းက ဌာနမႈနန္းစႏၵာကိုယ္တိုင္လုပ္ထားတာလား " ဧကရီရဲ႕ေမးခြန္းကို ထစ္ထစ္အအျဖင့္ျပန္ေျဖတဲ့ နန္းစႏၵာေၾကာင့္ နႈတ္ခမ္းေတြတြန္းေကြးတဲ့ထိၿပံဳးလိုက္သည္။
" ဟုတ္... ဟုတ္ပါတယ္ နန္းကိုယ္တိုင္လုပ္ထားတာပါ ဘာ... ဘာျဖစ္လို႔လဲ CEO "
" ဘာမွမဟုတ္ပါဘူး ဌာနမႈနန္းစႏၵာရယ္ ဘာေတြေၾကာက္ေနတာတုန္း ဧကရီက နားမလည္တဲ့အပိုင္းေလးေမးခ်င္လို႔ပါ ရွင္းျပေပးနိုင္တယ္မလား ဌာနမႈကိုယ္တိုင္လုပ္ထားတာဆိုေတာ့ "
" ရပါတယ္ CEO ေမးပါ နန္းျပန္ရွင္းျပေပးပါမယ္ "
" ေစာေစာက ဌာနမႈရွင္းျပသြားတဲ့ထဲမွာ ပ်က္ဆီးဆံုးရွံုးမႈကို ျပန္လည္ဖာေထးရန္ဆိုတဲ့ေနရာမွာ ဘယ္လိုျပန္ျပင္ဆင္မႈလဲဆိုတာ အေသးစိတ္ရွင္းျပေပးနိုင္မလား " တကယ္ေတာ့ ဧကရီေမးလိုက္တာကို ကိုယ္တိုင္လုပ္ထားတဲ့သူသာဆို ေခ်ာေခ်ာေမြ႕ေမြ႕ေျဖဆိုနိုင္တဲ့ေမခြန္းျဖစ္သည္။ ဖိုင္ထဲမွာက အေသးစိတ္ေရးမထားဘဲ အၾကမ္းဖ်င္းသာေရးထားတာမို႔ သူမသိျခင္းသာျဖစ္သည္။
" ရပါတယ္ နန္းအဲအပိုင္းကို ေသခ်ာျပန္ရွင္းျပေပးပါမယ္ " ဧကရီေမးတဲ့အပိုင္းကို ျပန္ရွင္းျပဖို႔ ဖိုင္ကိုအခါခါလွန္ေနေပမယ့္လည့္ အေသးစိတ္အေၾကာင္းအရာေတြမပါတာေၾကာင့္ ရွင္းျပဖို႔အခက္ေတြ႕ေနသည္။ ရွယ္ယာရွင္ေတြရဲ႕ စူးစမ္းသလိုအၾကည့္ေတြေအာက္မွာ နန္းစႏၵာမ်က္နွာေသြးမရွိတဲ့အတိုင္း ျဖဴေဖ်ာ့ေနသလို အမႈေဆာင္ဒါရိုက္တာဦးနန္းမိုးသည္လည္း မ်က္နွာပ်က္ေနၿပီး။ ဧကရီေဘးမွာ ရပ္ေနတဲ့ဧကရီရဲ႕အတြင္းေရးမွဴးကို မ်က္စပစ္ျပလိုက္သည္။ ဧကရီဆိုလိုခ်င္တဲ့အဓိပၸါယ္ကို နားလည္သည့္အလား အစည္းအေဝးခန္းထဲကေန အလ်င္အျမန္ထြတ္သြားသည္။
" ဌာနမႈနန္းစႏၵာ ရွယ္ယာရွင္ေတြကို ဘယ္ေလာက္ၾကာေအာင္ေစာင့္ခိုင္းမွာလဲ ဌာနမႈကိုယ္တိုင္ေရးထားတဲ့စာတမ္းဆို ရွင္းျပဖို႔အခက္အခဲမ်ားရွိလို႔လား အခုဧကရီရွင္းျပခိုင္းတဲ့အခ်က္က ဒီကုမၼဏီရဲ႕အျမတ္ေပၚမူတည္ေနတဲ့အခ်က္မလား မဟုတ္မွလြဲေရာ အဲအခ်က္မပါဘူးလား အဲလိုဆို ကုမၼဏီရဲ႕အျမတ္ကို ဌာနမႈက ထည့္မစဥ္းစားထားဘူးလား " ကုမၼဏီရဲ႕အျမတ္ဆိုတာနဲ႔ သြားရည္တျမားျမားက်ေနတဲ့ ရွယ္ယာရွင္လူအိုႀကီးေတြရဲ႕ စိတ္ဝင္စားမႈက ျမင့္တတ္လာသည္။ ကုမၼဏီရဲ႕အျမတ္တိုးလာရင္ ရွယ္ယာရွင္ေတြရဲ႕အိတ္ေဖာင္းသလို အျမတ္က်သြားရင္လဲ အိတ္ေတြပိန္သြားတတ္တာေၾကာင့္ စိတ္မဝင္စားဘဲေနနိုင္မလား။ စိတ္ဝင္စားမႈျမင့္တတ္ေနတုန္း ရုတ္တရက္ထြတ္ေပၚလာတဲ့အသံေၾကာင့္ အားလံုးရဲ႕အၾကည့္ေတြဆီ တိုင္ပင္စရာမလိုဘဲ အသံလားရာဆီကို ၿပိဳင္တူလွည့္ၾကည့္ၾကမိသည္။
" အဲတာကို နွင္းရွင္းျပေပးပါမယ္ " မီးငယ္ရဲ႕အေနာက္မွာ ကပ္ပါလာတဲ့ဝတ္ရည္ကို ဧကရီတစ္ခ်က္ၿပံဳးျပၿပီး သူ႔တာဝန္ေက်ေၾကာင္း အသိအမွတ္ျပဳလိုက္သည္။ ရွယ္ယာရွင္ေတြအားလံုး မီးငယ္ရဲ႕ရွင္းျပခ်က္ကို စိတ္ဝင္တစားနားေထာင္ေနၾကသည္။
" ဒီအတိုင္းသာ ေခ်ာေခ်ာေမြ႕ေမြ႕အေကာင္အထည္ေဖာ္နိုင္မယ္ဆိုရင္ ကုမၼဏီရဲ႕အျမတ္က ေရွ႕လကထက္ သံုးဆယ္ရာခိုင္နႈန္း တတ္လာပါလိမ့္မယ္ "
" သံုးဆယ္ေတာင္လား "
" မဆိုးပါဘူး "
" ဒီကေလး အရည္အခ်င္းရွိသားဘဲ "
" CEOကိုယ္တိုင္ ပ်ဳိးေထာင္ထားတဲ့ကေလးပီသပါတယ္ " ရွယ္ယာရွင္ေတြရဲ႕စကားသံေတြေၾကာင့္ မီးငယ္ေလးမ်က္ရည္ေတြ ဝဲေနရွာသည္။
" မားရဲ႕မီးငယ္ေလးက ခ်ီးက်ဳးမႈေတြနဲ႔တကယ္ထိုက္တန္ပါတယ္ ကေလးရယ္ " ဧကရီစိတ္ထဲကေနသာ တိုးတိုးေလးေရ႐ြတ္လိုက္သည္။ ရွယ္ယာရွင္ေတြ အသီးသီးထြတ္သြားၾကေတာ့ အစည္းအေဝးခန္းထဲမွာ ဦးနန္းမိုးနဲ႔နန္းစႏၵာ ဧကရီနဲ႔အတြင္းေရးမွဴးဝတ္ရည္ ေလးေယာက္သာက်န္ေတာ့သည္။ ဧကရီ နန္းစႏၵာနားနားကို ကပ္ကာ ေလသံတိုးတိုးျဖင့္သာ
" သူမ်ားေနရာကို လုယူခ်င္ရင္ သူမ်ားလိုအရည္အခ်င္းရွိေအာင္လုပ္သင့္တယ္ ဌာနမႈနန္းစႏၵာ ဟတ္ "
" ေတာက္... " ဧကရီေနာက္ေက်ာဆီမွ ေတာက္ေခါက္သံျပင္းျပင္းေၾကာင့္ အားရပါးရရယ္လိုက္မိသည္။
" ဟား... ဟား... ဟား... "
====================
" ေစာက္ရမ္းေတြ ေတာ္ေနတတ္ေနတယ္ေပါ့ေလ ငါ့ဆိုတဲ့မိန္းမဘယ္ေလာက္အဆိပ္ျပင္းလဲဆိုတာ ေကာင္းေကာင္းသိေစရမယ္ မထိသင့္တဲ့လူကို ထိမိတဲ့အက်ိဳးဆက္ကို ေသခ်ာျပေပးမယ္ "
" ေဒါက္... ေဒါက္... "
" ဝင္ခဲ့ပါ " ဆိုတဲ့ခြင့္ျပဳခ်က္ရတာနဲ႔ အခန္းထဲတန္းဝင္ကာ ညဳတုတုအသံျဖင့္
" ကိုႀကီး... နန္းက ကိုႀကီးကိုလြမ္းေနတာ ဟင့္ " ဦးေအာင္ေသာင္းကို ေနာက္ကေနသိုင္းဖတ္ကာ ရင္အုပ္က်ယ္ႀကီးကို ပြတ္သပ္ရင္း
" ကိုႀကီး နန္းဒီေန႔ေလ ဧကရီဆိုတဲ့ဟာမေၾကာင့္ လူပံုအလယ္မွာ အရွက္ခြဲခံလိုက္ရတယ္ကိုႀကီး ရွယ္ယာရွင္တခ်ိဳ႕ကလဲ ေစာနွင္းပြင့္ျဖဴက အရည္အခ်င္းရွိတဲ့သူဆိုၿပီး သူ႔ဘက္ပါခ်င္ေနၾကၿပီး နန္းတို႔ဒုကၡေရာက္ေတာ့မွာလားလို႔ "
" အဲလိုမျဖစ္ေစရပါဘူး နန္းရယ္ ကိုႀကီးစီစဥ္ထားပါတယ္ ဒါေပမယ့္နန္းရဲ႕အကူအညီေတာ့လိုေသးတယ္ "
" ေျပာေလကိုႀကီး ဧကရီနဲ႔ေစာနွင္းပြင့္ျဖဴကိုသာ ျဖဴတ္ခ်နိုင္မယ္ဆို နန္းဘာဘဲျဖစ္ျဖစ္လုပ္ေပးမယ္ "
" အိုေက ေရာ႕ဒီစာအိတ္ထဲမွာ သူ႔ကိုဆြဲခ်လို႔ရမယ့္အရာေတြပါတယ္ နန္းအသံုးခ်လို႔ရမယ့္လူေတြလဲပါတယ္ " ဦးေအာင္ေသာင္းထုတ္ေပးတဲ့စာအိတ္ထဲက ပံုတခ်ိဳ႕ကိုၾကည့္ၿပီး နန္းစႏၵာေက်နပ္သြားသည္။ ဒီေလာက္ဆို ဆြဲခ်လို႔မရရင္ေတာင္ ယိုင္လဲေအာင္လုပ္နိုင္တယ္ေလ။
" ကိုႀကီး နန္းဘယ္လိုလုပ္ရမလဲဟင္ "
" နန္းႀကိဳက္သလိုလုပ္လို႔ရတယ္ နန္းျပႆနာတတ္ခဲ့ရင္ ကိုႀကီးရွင္းေပးမယ္ ေအာင္မင္းဆိုတဲ့ေကာင္က ကိုႀကီးလက္ခုပ္ထဲကေရဘဲ နန္းခိုင္းတာလုပ္ေပးဖို႔ ကိုႀကီးေျပာထားမယ္ သြားေတြ႕လိုက္ "
" ဟုတ္ ကိုႀကီး နန္းသြားေတာ့မယ္ေနာ္ သူတို႔က်ရွံုးေအာင္လုပ္ဖို႔ကို နန္းမေစာင့္နိုင္ေတာ့ဘူး "
" ေကာင္းပါၿပီးဗ်ာ ကိုႀကီးသတင္းေကာင္ေမ်ွာ္ေနမယ္ေနာ္ ဧကရီဆိုတဲ့မိန္းမ ကိုႀကီးေျခေထာက္ေအာက္ေရာက္လာေအာင္ ဆြဲေခၚခဲ့ေနာ္ "
" ျဖစ္လာေစရမွာေပါ့ ကိုႀကီး "
နန္း ေကာ္ဖီဆိုင္တစ္ခုမွာ အကိုႀကီးေျပာတဲ့သူနဲ႔ လာေတြ႕တာျဖစ္သည္။
" ကိုေအာင္မင္း နန္းေျပာတဲ့တိုင္းျဖစ္ေအာင္လုပ္ေပးပါ "
" စိတ္ခ်ပါ မနန္း ကြၽန္ေတာ္အမိန္႔နာခံပါမယ္ ဆရာကိုယ္တိုင္ မနန္းေျပာတဲ့အတိုင္းလုပ္ေပးဖို႔ေျပာထားပါတယ္ "
" မနက္ျဖန္အဆင္သင့္ျဖစ္ေအာင္ျပင္ဆင္ထားပါ နန္းဘက္အားလံုးၿပီးတာနဲ႔ စာပို႔လိုက္မယ္ တစ္ခုခုလြဲေခ်ာ္သြားခဲ့ရင္ ကိုေအာင္မင္းအသက္ ဖက္နဲ႔ထုတ္ထားဖို႔ နန္းသတိေပးလိုက္မယ္ေနာ္ "
ေခါင္မိုးထပ္ေပၚမွာ ညအလွကိုရႈစားေနတဲ့ေကာင္မေလးတစ္ေယာက္ရွိေနသည္။ တဖ်က္ဖ်က္လတ္ေနတဲ့ၾကယ္ကေလးေတြ ၾကည့္ေနတဲ့ေကာင္မေလးရဲ႕မ်က္လံုးေတြကလဲ ေတာက္ပေနသည္။ ေလအေဝွ႔မွာ ပ်ံ႕လြင့္လာတဲ့ စံပယ္ပန္းရဲ႕ရနံ႔ေလးေတြကိုလဲ ရႈရွိုက္လိုက္ေသးသည္။ ညရႈခင္းရဲ႕လွပမႈေအာက္မွာ လြင့္ေျမာေနတဲ့ေကာင္မေလးရဲ႕ေနာက္ကို တစ္စံုတစ္ေယာက္ခ်ဥ္းကပ္လာတာကိုေတာင္ သတိမထားမိေလာက္ေအာင္ျဖစ္ေနသည္အထိပင္။ ေနာက္ကေနျဖည္းျဖည္းခ်င္းလွမ္းလာၿပီး သူရဲ႕လက္ေတြကို ေရွ႕ကေကာင္မေလးရဲ႕ ခါးဆီကို ျဖည္းျဖည္းခ်င္းတိုးကပ္သြားသည္။ တိုးကပ္သြားတဲ့ လႈပ္ရွားမႈနဲ႔အတူ အသံတစ္သံပါတစ္ၿပိဳင္တည္းထြတ္လာသည္။
" ဟိတ္... မီးငယ္ေလး ဘာေတြကိုစိတ္ပါဝင္စားနဲ႔ၾကည့္ေနတာလဲ " နွင္းရဲ႕ခါးကို တို႔ၿပီးေျပာလာတဲ့မားေၾကာင့္ နွင္းေတာက္လန္႔သြားသည္။
" ဟာ... မားကလဲလန္႔လိုက္တာ ဟိုမွာေလမားရဲ႕ ေကာင္ကင္ႀကီးက အရမ္းလွတာဘဲ ၾကယ္ေလးေတြတဖ်က္ဖ်က္နဲ႔လတ္ေနတာ " ေကာင္ကင္ႀကီးကို ေမာ့ၾကည့္ေနတဲ့ မီးငယ္ရဲေဘးတိုက္မ်က္နွာေလးကို ဧကရီေငးၾကည့္ရင္း
" ေကာင္ကင္ႀကီးထက္ မားရဲ႕မီးငယ္ေလးက ပိုၿပီးလွတယ္ ေကာင္ကင္ထက္ကၾကယ္ေတြထက္ မားရဲ႕မီးငယ္ေလးက ပိုၿပီးေတာ့ ေတာက္ပတယ္မီးငယ္ မီးငယ္ေလးကသာ မားဘဝရဲ႕အေတာက္ပဆံုးၾကယ္ေလးတစ္ပြင့္ဘဲ "
" မားကလဲ " ဧကရီရဲ႕ႏူးညံ့တဲ့အဖြဲ႕အႏြဲ႕ေတြေအာက္မွာ ရွက္ေနတာေၾကာင့္ သူပါးသူပြတ္လိုက္ လည္ပင္းပြတ္လိုက္နွင့္ျဖစ္ေနသည္။ ဒါကမီးငယ္ေလးရွက္လာၿပီးဆို ျပဳလုပ္ေနၾကပံုစံေလးပင္။ ဧကရီ္အေနနဲ႔ မီးငယ္ရဲ႕လႈပ္ရွာမႈေသးေသးေလးေတြကအစ ဘာျဖစ္လို႔ဆိုတာကို အေသအခ်ာခန္႔မွန္းနိုင္သည္။ စကားေတြအမ်ားႀကီးေျပာစရာမလိုပါဘဲ အၾကည့္ေလးတစ္ခ်က္နဲ႔တင္ နားလည္နိုင္သည္။ နွင္းကို ရႊန္းရႊန္းစားစားၾကည့္ေနတဲ့ မားရဲ႕မ်က္ဝန္းေတြမွာ နွင္းအေပၚထားတဲ့ ျမတ္နိုးမႈအတိုင္းအတာကို အထင္းသားျမင္ေတြ႕ေနသည္။ နွင္းရဲ႕မ်က္ဝန္းေတြနဲ႔ မားရဲ႕မ်က္ဝန္းေတြက ေရွာင္ဖယ္သြားျခင္းမရွိဘဲ အတန္ၾကာဆံုၿပီးတဲ့ေနာက္မွာ နႈတ္ခမ္းနွစ္လႊာခ်င္းထိကပ္သြားသည္။ ႏူးညံ့ခ်ိဳသာတဲ့ နႈတ္ခမ္းနွစ္လႊာတဲ့ထိကပ္မႈေၾကာင့္ ေလညႇင္းေလးေတြလည္းခနသာ ရပ္တန္႔သြားသလို ၾကယ္ေလးေတြေတာင္ရွက္လို႔ ထင္ပါရဲ႕ တိမ္ထူႀကီးေနာက္ကို အေျပးအလႊားဝင္ပုန္းၾကေတာ့သည္။
======================
အၾကာႀကီးေစာင့္လိုက္ရတယ္မလား ဒါဒါတို႔ feelမလာလို႔ မေရးျဖစ္တာနဲ႔ မအားလို႔မေရးျဖစ္တာနဲ႔ေၾကာင့္ နည္းနည္းေလးၾကာသြားတာ စိတ္မေကာင္းျဖစ္မိပါတယ္ေနာ္ စာဖတ္သူေလးေတြ ဘဝအေမာမ်ားေျပၾကပါေစ စိတ္ခ်မ္းသာကိုယ္က်န္းမာပါေစေနာ္ ဒီေန႔က သာသာနဲ႔သာသာေကာင္မေလးတို႔ရဲ႕ ၂နွစ္နဲ႔တစ္လျပည့္ Anniေန႔ေလးမို႔ သာသာတို႔ခ်စ္သူနွစ္ေယာက္အတြက္လဲ ဆုေတာင္းေပးသြားၾကပါဦးေနာ္ သာသာတို႔နွစ္ေယာက္ကိုလဲ ခ်စ္ေပးၾကပါဦး အားေပးၾကပါဦးေနာ္ reviewေလးေတြလဲ ေပးပါဦးေနာ္
-----------------------------------------------------------
မားရဲ့ မီးငယ်လေး
- အပိုင်း ၁၆
- GL Story
- စာရေးသူ ချယ်
" ရော့ပြန်လုပ် နင်ဒါလေးတောင်အဖြစ်ရှိအောင်မလုပ်နိုင်ဘူးလား " နှင်း ကွန်ပျုတာကိုအာရုံစိုက်ကြည့်ပြီး အလုပ်လုပ်နေတုန်း ဖိုင်တစ်ထပ်ကို နှင်းရှေ့ပစ်ချလာတဲ့ ဌာနမှုကြောင့် နှင်းတောင်လန့်သွားသည်။ ဌာနမှုချပေးတဲ့ ဖိုင်တွေကို နှင်းလှန်ကြည့်လိုက်တော့ နှင်းကိုယ်တိုင်လုပ်ထားတဲ့ ဖိုင်တွေဖြစ်သည်။
" ဌာနမှုမကြိုက်လို့ဆိုပြီး နှင်းကိုပြင်ခိုင်းနေတာ ငါးခါရှိနေပြီး အခုလဲထပ်ပြင်ခိုင်းနေပြန်ပြီး နှင်းဘယ်လိုလုပ်ပေးမှ ဌာနမှုစိတ်တိုင်းကျမှာလဲ "
" ငါ့ကို အပိုစကားတွေပြောမနေနဲ့ ငါကနင့်ရဲ့အထက်လူကြီးနော် ငါကမကြိုက်လိုပြင်ခိုင်းရင် ငါးခါမဟုတ်ဘူး အခါတစ်ရာပြင်ခိုင်းလဲ ပြင်ရမယ် နင့်မှာ ပြန်ပြေ"
" ဟုတ်ကဲ့ပါ နှင်းပြန်ပြင်ပေးပါမယ်ဌာနမှု နှင်းမှာအခြားအရေးကြီးပရောဂျက်လေးတွေရှိလို့ သုံးရက်နဲ့ပြီးအောင်လုပ်ပေးပါမယ် "
" ဘာကိုသုံးရက်လဲ မနက်ဖြန်ချက်ခြင်းလိုချင်တယ် မနက်ဖြန်အစည်းအဝေးမှာ တင်ပြရမယ့်ဖိုင် သေချာလုပ် ထပ်ပြီးငါစိတ်တိုင်းမကျဘူးဆို ကိုယ့်အကြောင်းကိုယ်တွေးထားလိုက်နော် နင့်ကို အလုပ်ထုတ်ပစ်နိုင်တဲ့ အာဏာအပြည့်အဝရှိတယ်ဆိုတာ ယုံလား " သူပြောတဲ့စကားက မှန်နေတာကြောင့် နှင်းဘာမှမပြောတော့ဘဲ သူဖြစ်ချင်တဲ့အတိုင်ပြန်လုပ်ပေးရုံသာ တတ်နိုင်သည်။ နှင်းအလုပ်ဝင်ပြီးတဲ့နောက်မှာ ကုမ္မဏီနဲ့ပတ်သတ်ပြီး မသိနားမလည်တာတွေကို သင်ပြပေးရင်း မားရဲ့အတွင်းရေးမှူး မမဝတ်ရည်နဲ့ ခင်မင်ရင်းနှီးခဲ့သည်။ မမဝတ်ရည်က ကုမ္မဏီမှာ မားပြီးရင် အာဏာအရှိဆုံးက အမှုဆောင်ဒါရိုက်တာကြီးဦးနန်းမိုးဖြစ်ကြောင်းနဲ့ အမြဲတမ်းမားကိုဆန့်ကျင်နေတဲ့သူဖြစ်တာကြောင့် ဦးနန်းမိုးနဲ့သူ့သမီးဌာနမှုမစန္ဒာတို့ကို လိုက်လျော်ညီထွေးဆက်ဆံရမည်ဟု ပြောထားတာကြောင့် နှင်းသည်းခံနေရုံသာတတ်နိုင်သည်။ အမြဲတမ်းမားကို ဆန့်ကျင်နေတဲ့သူတွေဖြစ်တာကြောင့် နှင်းအတွက်နဲ့ပါမားကိုမထိခိုက်စေချင်တာကြောင့် နှင်း ဌာနမှုစိတ်တိုင်းကျပြန်ပြင်ပေးဖို့သာ ခေါင်းငြိမ့်လိုက်သည်။
" အခုဒီဖိုင်တွေကို မိတ္တူကူးပေး ရုံခန်းကမိတ္တူစက်မအားဘူး ၇လွှာက မိတ္တူစက်နဲ့သွားကူးပေး "
" ဟုတ်ကဲ့ ဌာနမှု " နှင်း ဌာနမှုပေးတဲ့ဖိုင်လေးကိုယူပြီး ၇လွှာကိုတတ်ရန် ဓာတ်လှေကားဆီထွတ်လာခဲ့သည်။ ဓာတ်လှေကားရှေ့ရောက်မှ ပြုပြင်နေပါသည်ဆိုတဲ့ သတိပေးစာကြောင့် နှင်းလှေကားကနေဘဲ တတ်လာခဲ့တော့သည်။
ဧကရီအိပ်ခန်းကနေ အောက်ကိုဆင်းလာတော့ ဧကရီရဲ့အလုပ်ခန်းက မီးလင်းနေတာကြောင့် ဧကရီအလုပ်ခန်းထဲဝင်လိုက်တော့ ဖိုင်တစ်ချို့နဲ့အလုပ်ရှုပ်နေတဲ့မီးငယ်လေး ဧကရီနာရီကိုကြည့်မိတော့ ညနှစ်နာရီကျော်နေပြီး မီးငယ်နားကိုသွားပြီး ပုခုံးလေးကို ခပ်ဖွဖွပုတ်ကာ
" မီးငယ်လေး နှစ်နာရီကျော်နေပြီး မအိပ်သေးဘူးလား ဘာတွေအလုပ်ရှုပ်နေတာလဲ " မီးငယ်ကတော့ ဧကရီကိုမော့တောင်မကြည့်ဘဲ အလုပ်လုပ်ရင်းနဲ့ပင် ဧကရီစကားကိုပြန်ဖြေသည်။
" မီးငယ်လေးလုပ်ထားတာ စိတ်တိုင်းမကျလို့ ပြန်ပြင်ခိုင်းတဲ့ အချက်အလတ်တွေပါမားရယ် သူစိတ်တိုင်းမကျလို့ ပြန်ပြင်ခိုင်းနေတာ ငါးခေါက်လောက်ရှိနေပြီး "
" အဲတာဆိုလဲ မနက်ဖြန်မှဆက်လုပ်လေ ညဉ့်နက်နေပြီး သွားအိပ်တော့မီးငယ်လေး "
" မီးငယ်အိပ်လို့မရသေးဘူးမား ဒါကမနက်ဖြန်အစည်းအဝေးမှာ တင်ရမယ့်အချက်အလတ်တွေတဲ့ မနက်ဖြန်မှအဆင်သင့်မဖြစ်ရင် မီးငယ်အလုပ်ထုတ်ခံရလိမ့်မယ် " မီးငယ်စကားကြောင့် ဧကရီမျက်မှောင်ကြုံကြည့်လိုက်သည်။
" အလုပ်ထုတ်မယ် မီးငယ်ကိုဘယ်သူက အလုပ်ထုတ်မယ်ပြောတာလဲ မားကိုပြော " ဧကရီမီးငယ်လေးနဲ့ မျက်နှာချင်းဆိုင် အနေအထားဖြစ်အောင် မီးငယ်ထိုင်နေတဲ့ခုံကို ဧကရီဘက်ဆွဲလှည့်ကာ မီးငယ်ရှေ့ဒူးထောက်ထိုင်ပြီး မေးလိုက်သည်။
" ဌာနမှုနန်းစန္ဒာ " ထိုသူရဲ့နာမည်ကြောင့် ဧကရီလက်တွေ တင်းတင်းဆုတ်ထားမိသည်။ နန်းစန္ဒာဆိုတာ ဦးနန်းမိုးရဲ့အရှိန်အဝါနဲ့ ကုမ္မဏီမှာထင်တိုင်းကျဲနေတဲ့သူတစ်ယောက်ပင်။ သူက အာဏာရှိသူတစ်ယောက်ရဲ့သမီးဖြစ်တိုင်း လက်အောက်ဝန်ထမ်းတွေကို အမျိုးမျိုးနှိပ်စက်ကာ အထက်စီးကနေဆက်ဆံတတ်တဲ့သူဆိုပြီး ကုမ္မဏီမှာသတင်းဆိုးထွတ်နေတဲ့သူတစ်ယောက်ဖြစ်သည်။ သားအဖနှစ်ယောက်လုံး ဧကရီရဲ့နေရာကို မျက်စောင်းထိုးနေမှန်းလဲ ဧကရီရိပ်မိပါသည်။ သူတို့ရဲ့နောက်ကွယ်မှာ အင်အားကြီးတဲ့အထောက်ပံ့တစ်ခုခုရှိနေမယ်ဆိုတာလဲ ဧကရီသိပါသည်။ ဘယ်လိုသူမျိုးလဲဆိုတာကိုတော့ ဧကရီစုံစမ်းလို့မရပေ။ ထိုနောက်ကွယ်ကလူသည် အရမ်းကိုဖုံးကွယ်ပြီးနေနိုင်လွန်းသည်။ ဧကရီစိတ်ပူသည်မှာ သူ့ရဲ့ပစ်မှတ်ကိုထိအောင်ပစ်နိုင်ဖို့အတွက် အသုံးချခံထဲမှာ မီးငယ်လေးပါလာမှာကိုပင်။ ဧကရီမှာ ဒီကလေးတစ်ယောက်သာရှိတာ မီးငယ်လေးသာတစ်ခုခုဖြစ်ရင် ဧကရီပြိုလဲသွားမှာ ဧကရီသာပြိုလဲသွားခဲ့ရင် ဧကရီကာကွယ်နေခဲ့တဲ့Royal Groupကလဲ ပြိုလဲဖို့ဆိုတာ ကျိန်သေသလောက်ပင်ဖြစ်သည်။ ဧကရီ မီးငယ်လေးရဲ့မျက်နှာနွမ်းနွမ်းပေါ်က နှုတ်ခမ်းပါးလေးကို အနမ်းပေးကာ
" အဲတာဆိုလဲ မားလဲ မီးငယ်လေးနဲ့ကူလုပ်ပေးမယ် နှစ်ယောက်လုပ်တော့ပိုမြန်တာပေါ့ဟုတ်တယ်မလား " ဧကရီပါ ကူလုပ်ပေးမယ်လဲ ဆိုရော မျက်နှာလေးကပြုံးနေသည်မှာ ချိုချဉ်ရတဲ့ကလေးလိုပင်။ ဒီလိုဆိုတော့လဲ မီးငယ်လေးက အရမ်းကိုဖြူစင်ရိုးသားတဲ့ယုန်သူငယ်လေးလိုပင် အရမ်းချစ်ဖို့ကောင်းသည်။ မီးငယ်လေးကို ဧကရီပေါင်ပေါ်တင်ထိုင်ကာ ရှုပ်ရှက်ခတ်နေတဲ့ဖိုင်တွေကို နှစ်ယောက်တူတူသေချာရေးဆွဲကြသည်။ တော်တော်များများရေးလို့ပြီးသွားတော့ ဧကရီကိုယ်တိုင်ဘဲအချောသတ်လိုက်သည်။ ဧကရီပေါင်ပေါ်ထိုင်နေတဲ့ မီးငယ်လေးကို တစ်ချက်ငုံကြည့်တော့ ဇာတ်ကျိုးကျနေပြီး အိပ်တောင်ပျော်နေသည်မှာ သရေတွေတောင်စီးကျနေသည်။ စံပယ်နံ့ခပ်သင်းသင်းလေးရနေတဲ့ မီးငယ်ရဲ့ဆံပင်လေးတွေကို နမ်းရှိုက်ကာ ပွေ့ချီလိုက်သည်။ သရေစီးကြောင်းအကွက်ထနေတဲ့ ပါးပြင်လေးကိုနစ်ဝင်သွားအောင်နမ်းရှိုက်ပြီးတော့
" အိပ်မတ်လှလှမတ်ပါစေ မားအချစ်ကလေးငယ် "
======================
" ဝတ်ရည် ဦးနန်းမိုးနဲ့နန်းစန္ဒာရဲ့လှုပ်ရှားမှုတွေကဘယ်လို အခြေအနေရှိလဲ "
" ထွတ်သွားတဲ့ ရှယ်ယာရှင်တစ်ချို့ရဲ့ရှယ်ယာတွေကို မသိအောင်ဝယ်ယူနေပါတယ် CEO သူတို့နှစ်ယောက်ပေါင်းကိုင်ထားတဲ့ ရှယ်ယာက သုံးဆယ်ရာခိုင်နှုန်းဘဲရှိပါသေးတယ် CEOရဲ့ရှယ်ယာနဲ့စောလေးရဲ့ရှယ်ယာပါပေါင်းရင် လေးဆယ့်ငါးရာခိုင်နှုန်းရှိပါတယ် "
" ဟုတ်ပြီးလေ သူတို့ရဲ့လှုပ်ရှားမှုတွေကို သေချာစောင့်ကြည့်ထားပါ တချို့သူတို့ ဝယ်မယ့်ရှယ်ယာရှင်တွေရဲ့ရှယ်ယာတွေလဲ မသိအောင်မီးငယ်နာမည်နဲ့ဖြတ်ပြီး ဝယ်ထားပါ "
" ဟုတ်ကဲ့ပါ CEO ပြီးတော့ စောလေးအခုနောက်ပိုင်း အရည်အချင်းတွေတိုးတတ်လာပါတယ် နောက်တစ်ချိန်မှာ ကုမ္မဏီကိုကောင်းကောင်းထိန်းသိမ်းလာနိုင်မှာပါ ဒါပေမယ့် ဌာနမှုနန်းစန္ဒာ " ဧကရီဆက်မပြောရန် လက်ကာထားလိုက်သည်။ ဝတ်ရည်ပြောချင်တာကို ဧကရီသဘောပေါက်ပါသည်။
" မီးငယ်အနေနဲ့ ဒီရိုက်ခတ်မှုဒဏ်တွေကို ခံသင့်တယ်ဝတ်ရည် မီးငယ်သာမခံနိုင်ဘူးဆိုရင် ခေါင်းဆောင်ကောင်းဖြစ်နိုင်မှာမဟုတ်ဘူးလေ တစ်ချိန်မှာ ခေါင်းဆောင်ကောင်းဖြစ်လာဖို့အတွက် မီးငယ်လေးဒီရိုက်ခတ်မှုဒဏ်တွေက တွန်းတင်ပေးလိမ့်မယ် ဝင်ပါဖို့မလိုသေးသ၍ ဘေးကနေဘဲကြည့်နေပါ ဝတ်ရည် "
" CEOပြောတာ ဝတ်ရည်နားလည်ပါပြီး ဝတ်ရည် စဉ်းစားဖို့လိုသွားခဲ့တာကို ထောက်ပြပေးတဲ့အတွက် ကျေးဇူးပါ CEO "
" ရပါတယ်ဝတ်ရည် ဧကရီရဲ့မီးငယ်လေးကိုသာ စောင့်ရှောက်ပေးပါနော် ဒါနဲ့အစည်းအဝေးရှိတယ်မလား ဘယ်ချိန်လဲ " ဝတ်ရည် လက်ကနာရီကိုငုံ့ကြည့်ပြီးတော့
" နောက်ဆယ့်ငါးမိနစ်ဆိုစပါပြီး CEO "
" ကောင်းပြီးလေ သွားကြတာပေါ့ "
ဧကရီအစည်းအဝေးခန်းထဲမှာ ဌာနမှုနန်းစန္ဒာရှင်းပြတဲ့ ပရိုဂျက်တာကိုသာ စိုက်ကြည့်နေသည်။ သူရှင်းပြနေတာတွေကို ညက မီးငယ်လေးနဲ့အတူတူလုပ်ထားတာကြောင့် ဧကရီကြည့်ရုံနဲ့သိပါသည်။
" နန်းရဲ့ ရှင်းပြမှုပြီးဆုံးသွားပါပြီး "
" ဌာနမှုနန်းစန္ဒာရဲ့ရှင်းလင်းမှုက အရမ်းကိုသေသပ်ပါပေတယ် ဦးနန်းမိုးတို့ကတော့ အားကိုးရတဲ့သမီးတစ်ယောက်ရထားတာ အရမ်းဂုဏ်ယူနေတော့မှာဘဲ " ရှယ်ယာရှင်တွေရဲ့ ချီးကျုးစကားတွေကြားထဲမှာ ဦးနန်းမိုးနဲ့ နန်းစန္ဒာတို့မျက်နှာပြုံးဖြီးနေကြသည်မှာ မြင်ချင်စရာတောင်မရှိပေ။
" ဒီစာတမ်းက ဌာနမှုနန်းစန္ဒာကိုယ်တိုင်လုပ်ထားတာလား " ဧကရီရဲ့မေးခွန်းကို ထစ်ထစ်အအဖြင့်ပြန်ဖြေတဲ့ နန်းစန္ဒာကြောင့် နှုတ်ခမ်းတွေတွန်းကွေးတဲ့ထိပြုံးလိုက်သည်။
" ဟုတ်... ဟုတ်ပါတယ် နန်းကိုယ်တိုင်လုပ်ထားတာပါ ဘာ... ဘာဖြစ်လို့လဲ CEO "
" ဘာမှမဟုတ်ပါဘူး ဌာနမှုနန်းစန္ဒာရယ် ဘာတွေကြောက်နေတာတုန်း ဧကရီက နားမလည်တဲ့အပိုင်းလေးမေးချင်လို့ပါ ရှင်းပြပေးနိုင်တယ်မလား ဌာနမှုကိုယ်တိုင်လုပ်ထားတာဆိုတော့ "
" ရပါတယ် CEO မေးပါ နန်းပြန်ရှင်းပြပေးပါမယ် "
" စောစောက ဌာနမှုရှင်းပြသွားတဲ့ထဲမှာ ပျက်ဆီးဆုံးရှုံးမှုကို ပြန်လည်ဖာထေးရန်ဆိုတဲ့နေရာမှာ ဘယ်လိုပြန်ပြင်ဆင်မှုလဲဆိုတာ အသေးစိတ်ရှင်းပြပေးနိုင်မလား " တကယ်တော့ ဧကရီမေးလိုက်တာကို ကိုယ်တိုင်လုပ်ထားတဲ့သူသာဆို ချောချောမွေ့မွေ့ဖြေဆိုနိုင်တဲ့မေခွန်းဖြစ်သည်။ ဖိုင်ထဲမှာက အသေးစိတ်ရေးမထားဘဲ အကြမ်းဖျင်းသာရေးထားတာမို့ သူမသိခြင်းသာဖြစ်သည်။
" ရပါတယ် နန်းအဲအပိုင်းကို သေချာပြန်ရှင်းပြပေးပါမယ် " ဧကရီမေးတဲ့အပိုင်းကို ပြန်ရှင်းပြဖို့ ဖိုင်ကိုအခါခါလှန်နေပေမယ့်လည့် အသေးစိတ်အကြောင်းအရာတွေမပါတာကြောင့် ရှင်းပြဖို့အခက်တွေ့နေသည်။ ရှယ်ယာရှင်တွေရဲ့ စူးစမ်းသလိုအကြည့်တွေအောက်မှာ နန်းစန္ဒာမျက်နှာသွေးမရှိတဲ့အတိုင်း ဖြူဖျော့နေသလို အမှုဆောင်ဒါရိုက်တာဦးနန်းမိုးသည်လည်း မျက်နှာပျက်နေပြီး။ ဧကရီဘေးမှာ ရပ်နေတဲ့ဧကရီရဲ့အတွင်းရေးမှူးကို မျက်စပစ်ပြလိုက်သည်။ ဧကရီဆိုလိုချင်တဲ့အဓိပ္ပါယ်ကို နားလည်သည့်အလား အစည်းအဝေးခန်းထဲကနေ အလျင်အမြန်ထွတ်သွားသည်။
" ဌာနမှုနန်းစန္ဒာ ရှယ်ယာရှင်တွေကို ဘယ်လောက်ကြာအောင်စောင့်ခိုင်းမှာလဲ ဌာနမှုကိုယ်တိုင်ရေးထားတဲ့စာတမ်းဆို ရှင်းပြဖို့အခက်အခဲများရှိလို့လား အခုဧကရီရှင်းပြခိုင်းတဲ့အချက်က ဒီကုမ္မဏီရဲ့အမြတ်ပေါ်မူတည်နေတဲ့အချက်မလား မဟုတ်မှလွဲရော အဲအချက်မပါဘူးလား အဲလိုဆို ကုမ္မဏီရဲ့အမြတ်ကို ဌာနမှုက ထည့်မစဉ်းစားထားဘူးလား " ကုမ္မဏီရဲ့အမြတ်ဆိုတာနဲ့ သွားရည်တမြားမြားကျနေတဲ့ ရှယ်ယာရှင်လူအိုကြီးတွေရဲ့ စိတ်ဝင်စားမှုက မြင့်တတ်လာသည်။ ကုမ္မဏီရဲ့အမြတ်တိုးလာရင် ရှယ်ယာရှင်တွေရဲ့အိတ်ဖောင်းသလို အမြတ်ကျသွားရင်လဲ အိတ်တွေပိန်သွားတတ်တာကြောင့် စိတ်မဝင်စားဘဲနေနိုင်မလား။ စိတ်ဝင်စားမှုမြင့်တတ်နေတုန်း ရုတ်တရက်ထွတ်ပေါ်လာတဲ့အသံကြောင့် အားလုံးရဲ့အကြည့်တွေဆီ တိုင်ပင်စရာမလိုဘဲ အသံလားရာဆီကို ပြိုင်တူလှည့်ကြည့်ကြမိသည်။
" အဲတာကို နှင်းရှင်းပြပေးပါမယ် " မီးငယ်ရဲ့အနောက်မှာ ကပ်ပါလာတဲ့ဝတ်ရည်ကို ဧကရီတစ်ချက်ပြုံးပြပြီး သူ့တာဝန်ကျေကြောင်း အသိအမှတ်ပြုလိုက်သည်။ ရှယ်ယာရှင်တွေအားလုံး မီးငယ်ရဲ့ရှင်းပြချက်ကို စိတ်ဝင်တစားနားထောင်နေကြသည်။
" ဒီအတိုင်းသာ ချောချောမွေ့မွေ့အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ကုမ္မဏီရဲ့အမြတ်က ရှေ့လကထက် သုံးဆယ်ရာခိုင်နှုန်း တတ်လာပါလိမ့်မယ် "
" သုံးဆယ်တောင်လား "
" မဆိုးပါဘူး "
" ဒီကလေး အရည်အချင်းရှိသားဘဲ "
" CEOကိုယ်တိုင် ပျိုးထောင်ထားတဲ့ကလေးပီသပါတယ် " ရှယ်ယာရှင်တွေရဲ့စကားသံတွေကြောင့် မီးငယ်လေးမျက်ရည်တွေ ဝဲနေရှာသည်။
" မားရဲ့မီးငယ်လေးက ချီးကျုးမှုတွေနဲ့တကယ်ထိုက်တန်ပါတယ် ကလေးရယ် " ဧကရီစိတ်ထဲကနေသာ တိုးတိုးလေးရေရွတ်လိုက်သည်။ ရှယ်ယာရှင်တွေ အသီးသီးထွတ်သွားကြတော့ အစည်းအဝေးခန်းထဲမှာ ဦးနန်းမိုးနဲ့နန်းစန္ဒာ ဧကရီနဲ့အတွင်းရေးမှူးဝတ်ရည် လေးယောက်သာကျန်တော့သည်။ ဧကရီ နန်းစန္ဒာနားနားကို ကပ်ကာ လေသံတိုးတိုးဖြင့်သာ
" သူများနေရာကို လုယူချင်ရင် သူများလိုအရည်အချင်းရှိအောင်လုပ်သင့်တယ် ဌာနမှုနန်းစန္ဒာ ဟတ် "
" တောက်... " ဧကရီနောက်ကျောဆီမှ တောက်ခေါက်သံပြင်းပြင်းကြောင့် အားရပါးရရယ်လိုက်မိသည်။
" ဟား... ဟား... ဟား... "
====================
" စောက်ရမ်းတွေ တော်နေတတ်နေတယ်ပေါ့လေ ငါ့ဆိုတဲ့မိန်းမဘယ်လောက်အဆိပ်ပြင်းလဲဆိုတာ ကောင်းကောင်းသိစေရမယ် မထိသင့်တဲ့လူကို ထိမိတဲ့အကျိုးဆက်ကို သေချာပြပေးမယ် "
" ဒေါက်... ဒေါက်... "
" ဝင်ခဲ့ပါ " ဆိုတဲ့ခွင့်ပြုချက်ရတာနဲ့ အခန်းထဲတန်းဝင်ကာ ညုတုတုအသံဖြင့်
" ကိုကြီး... နန်းက ကိုကြီးကိုလွမ်းနေတာ ဟင့် " ဦးအောင်သောင်းကို နောက်ကနေသိုင်းဖတ်ကာ ရင်အုပ်ကျယ်ကြီးကို ပွတ်သပ်ရင်း
" ကိုကြီး နန်းဒီနေ့လေ ဧကရီဆိုတဲ့ဟာမကြောင့် လူပုံအလယ်မှာ အရှက်ခွဲခံလိုက်ရတယ်ကိုကြီး ရှယ်ယာရှင်တချို့ကလဲ စောနှင်းပွင့်ဖြူက အရည်အချင်းရှိတဲ့သူဆိုပြီး သူ့ဘက်ပါချင်နေကြပြီး နန်းတို့ဒုက္ခရောက်တော့မှာလားလို့ "
" အဲလိုမဖြစ်စေရပါဘူး နန်းရယ် ကိုကြီးစီစဉ်ထားပါတယ် ဒါပေမယ့်နန်းရဲ့အကူအညီတော့လိုသေးတယ် "
" ပြောလေကိုကြီး ဧကရီနဲ့စောနှင်းပွင့်ဖြူကိုသာ ဖြူတ်ချနိုင်မယ်ဆို နန်းဘာဘဲဖြစ်ဖြစ်လုပ်ပေးမယ် "
" အိုကေ ရော့ဒီစာအိတ်ထဲမှာ သူ့ကိုဆွဲချလို့ရမယ့်အရာတွေပါတယ် နန်းအသုံးချလို့ရမယ့်လူတွေလဲပါတယ် " ဦးအောင်သောင်းထုတ်ပေးတဲ့စာအိတ်ထဲက ပုံတချို့ကိုကြည့်ပြီး နန်းစန္ဒာကျေနပ်သွားသည်။ ဒီလောက်ဆို ဆွဲချလို့မရရင်တောင် ယိုင်လဲအောင်လုပ်နိုင်တယ်လေ။
" ကိုကြီး နန်းဘယ်လိုလုပ်ရမလဲဟင် "
" နန်းကြိုက်သလိုလုပ်လို့ရတယ် နန်းပြဿနာတတ်ခဲ့ရင် ကိုကြီးရှင်းပေးမယ် အောင်မင်းဆိုတဲ့ကောင်က ကိုကြီးလက်ခုပ်ထဲကရေဘဲ နန်းခိုင်းတာလုပ်ပေးဖို့ ကိုကြီးပြောထားမယ် သွားတွေ့လိုက် "
" ဟုတ် ကိုကြီး နန်းသွားတော့မယ်နော် သူတို့ကျရှုံးအောင်လုပ်ဖို့ကို နန်းမစောင့်နိုင်တော့ဘူး "
" ကောင်းပါပြီးဗျာ ကိုကြီးသတင်းကောင်မျှော်နေမယ်နော် ဧကရီဆိုတဲ့မိန်းမ ကိုကြီးခြေထောက်အောက်ရောက်လာအောင် ဆွဲခေါ်ခဲ့နော် "
" ဖြစ်လာစေရမှာပေါ့ ကိုကြီး "
နန်း ကော်ဖီဆိုင်တစ်ခုမှာ အကိုကြီးပြောတဲ့သူနဲ့ လာတွေ့တာဖြစ်သည်။
" ကိုအောင်မင်း နန်းပြောတဲ့တိုင်းဖြစ်အောင်လုပ်ပေးပါ "
" စိတ်ချပါ မနန်း ကျွန်တော်အမိန့်နာခံပါမယ် ဆရာကိုယ်တိုင် မနန်းပြောတဲ့အတိုင်းလုပ်ပေးဖို့ပြောထားပါတယ် "
" မနက်ဖြန်အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားပါ နန်းဘက်အားလုံးပြီးတာနဲ့ စာပို့လိုက်မယ် တစ်ခုခုလွဲချော်သွားခဲ့ရင် ကိုအောင်မင်းအသက် ဖက်နဲ့ထုတ်ထားဖို့ နန်းသတိပေးလိုက်မယ်နော် "
ခေါင်မိုးထပ်ပေါ်မှာ ညအလှကိုရှုစားနေတဲ့ကောင်မလေးတစ်ယောက်ရှိနေသည်။ တဖျက်ဖျက်လတ်နေတဲ့ကြယ်ကလေးတွေ ကြည့်နေတဲ့ကောင်မလေးရဲ့မျက်လုံးတွေကလဲ တောက်ပနေသည်။ လေအဝှေ့မှာ ပျံ့လွင့်လာတဲ့ စံပယ်ပန်းရဲ့ရနံ့လေးတွေကိုလဲ ရှုရှိုက်လိုက်သေးသည်။ ညရှုခင်းရဲ့လှပမှုအောက်မှာ လွင့်မြောနေတဲ့ကောင်မလေးရဲ့နောက်ကို တစ်စုံတစ်ယောက်ချဉ်းကပ်လာတာကိုတောင် သတိမထားမိလောက်အောင်ဖြစ်နေသည်အထိပင်။ နောက်ကနေဖြည်းဖြည်းချင်းလှမ်းလာပြီး သူရဲ့လက်တွေကို ရှေ့ကကောင်မလေးရဲ့ ခါးဆီကို ဖြည်းဖြည်းချင်းတိုးကပ်သွားသည်။ တိုးကပ်သွားတဲ့ လှုပ်ရှားမှုနဲ့အတူ အသံတစ်သံပါတစ်ပြိုင်တည်းထွတ်လာသည်။
" ဟိတ်... မီးငယ်လေး ဘာတွေကိုစိတ်ပါဝင်စားနဲ့ကြည့်နေတာလဲ " နှင်းရဲ့ခါးကို တို့ပြီးပြောလာတဲ့မားကြောင့် နှင်းတောက်လန့်သွားသည်။
" ဟာ... မားကလဲလန့်လိုက်တာ ဟိုမှာလေမားရဲ့ ကောင်ကင်ကြီးက အရမ်းလှတာဘဲ ကြယ်လေးတွေတဖျက်ဖျက်နဲ့လတ်နေတာ " ကောင်ကင်ကြီးကို မော့ကြည့်နေတဲ့ မီးငယ်ရဲဘေးတိုက်မျက်နှာလေးကို ဧကရီငေးကြည့်ရင်း
" ကောင်ကင်ကြီးထက် မားရဲ့မီးငယ်လေးက ပိုပြီးလှတယ် ကောင်ကင်ထက်ကကြယ်တွေထက် မားရဲ့မီးငယ်လေးက ပိုပြီးတော့ တောက်ပတယ်မီးငယ် မီးငယ်လေးကသာ မားဘဝရဲ့အတောက်ပဆုံးကြယ်လေးတစ်ပွင့်ဘဲ "
" မားကလဲ " ဧကရီရဲ့နူးညံ့တဲ့အဖွဲ့အနွဲ့တွေအောက်မှာ ရှက်နေတာကြောင့် သူပါးသူပွတ်လိုက် လည်ပင်းပွတ်လိုက်နှင့်ဖြစ်နေသည်။ ဒါကမီးငယ်လေးရှက်လာပြီးဆို ပြုလုပ်နေကြပုံစံလေးပင်။ ဧကရ်ီအနေနဲ့ မီးငယ်ရဲ့လှုပ်ရှာမှုသေးသေးလေးတွေကအစ ဘာဖြစ်လို့ဆိုတာကို အသေအချာခန့်မှန်းနိုင်သည်။ စကားတွေအများကြီးပြောစရာမလိုပါဘဲ အကြည့်လေးတစ်ချက်နဲ့တင် နားလည်နိုင်သည်။ နှင်းကို ရွှန်းရွှန်းစားစားကြည့်နေတဲ့ မားရဲ့မျက်ဝန်းတွေမှာ နှင်းအပေါ်ထားတဲ့ မြတ်နိုးမှုအတိုင်းအတာကို အထင်းသားမြင်တွေ့နေသည်။ နှင်းရဲ့မျက်ဝန်းတွေနဲ့ မားရဲ့မျက်ဝန်းတွေက ရှောင်ဖယ်သွားခြင်းမရှိဘဲ အတန်ကြာဆုံပြီးတဲ့နောက်မှာ နှုတ်ခမ်းနှစ်လွှာချင်းထိကပ်သွားသည်။ နူးညံ့ချိုသာတဲ့ နှုတ်ခမ်းနှစ်လွှာတဲ့ထိကပ်မှုကြောင့် လေညှင်းလေးတွေလည်းခနသာ ရပ်တန့်သွားသလို ကြယ်လေးတွေတောင်ရှက်လို့ ထင်ပါရဲ့ တိမ်ထူကြီးနောက်ကို အပြေးအလွှားဝင်ပုန်းကြတော့သည်။
======================
အကြာကြီးစောင့်လိုက်ရတယ်မလား ဒါဒါတို့ feelမလာလို့ မရေးဖြစ်တာနဲ့ မအားလို့မရေးဖြစ်တာနဲ့ကြောင့် နည်းနည်းလေးကြာသွားတာ စိတ်မကောင်းဖြစ်မိပါတယ်နော် စာဖတ်သူလေးတွေ ဘဝအမောများပြေကြပါစေ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေနော် ဒီနေ့က သာသာနဲ့သာသာကောင်မလေးတို့ရဲ့ ၂နှစ်နဲ့တစ်လပြည့် Anniနေ့လေးမို့ သာသာတို့ချစ်သူနှစ်ယောက်အတွက်လဲ ဆုတောင်းပေးသွားကြပါဦးနော် သာသာတို့နှစ်ယောက်ကိုလဲ ချစ်ပေးကြပါဦး အားပေးကြပါဦးနော် reviewလေးတွေလဲ ပေးပါဦးနော်
YOU ARE READING
မားရဲ႕ မီးငယ္ေလး (Completed )
RomanceGL Story Unicode နဲ႔ေရာ Zawgyi နဲ႔ေရာ နွစ္မ်ိဳးလံုးနဲ႔ ေရးေပးထားလို႔ စာဖတ္သူေတြ အဆင္ေျပၾကပါေစ