- မားရဲ႕ မီးငယ္ေလး
- Extra 1
- GL Story
- စာေရးသူ ခ်ယ္
" နွင္းနဲ႔ အန္တီဧတို႔ ျပင္လို႔ဆင္လို႔ၿပီးၾကဦးမွာလား ေနာက္က်ရင္ေနပူလာမွာ ေနအရမ္းမပူခင္သြားမလို႔ပါဆို "
" ၿပီးပါၿပီးႏြယ္ရဲ႕ ဒီမွာေလမားေပါ့ နွင္းကိုရစ္ေနလို႔ "
" ဘာျဖစ္ၾကျပန္ၿပီးတုန္း ေစာေလး "
" ဘာျဖစ္ရမွာလဲဆုျမတ္ရယ္ ဟိုဟာဆိုလဲမဝတ္နဲ႔ ဒီဟာဆိုလဲမႀကိဳက္ဘူး မဝတ္နဲ႔လုပ္ေနတာေလ နွင္းလဲတစ္ထည္ၿပီးတစ္ထည္လဲေနတာနဲ႔ ၾကာသြားတာ " ေျပာရင္းဆိုရင္း အန္တီဧကိုလည္း မ်က္ေစာင္းလွည့္ထိုးလိုက္ေသးသည္။ အန္တီဧကေတာ့ နွင္းေလးဘာဘဲေျပာေျပာ ဘာဘဲလုပ္လုပ္အၿမဲတမ္းနားလည္ခြင့္လႊတ္ေနၿမဲ။
" မီးငယ္ေလးရယ္ မားကမီးငယ္ေလးကို စိတ္မခ်လို႔ေလ မီးငယ္ေလးေ႐ြးတဲ့အိကႌ်ေတြက ခါးတိုတဲ့ဟာနဲ႔ လက္တိုေနတဲ့ဟာနဲ႔ေလ မီးငယ္ေလးကို အျခားသူေတြမ်က္လံုးေလးနဲ႔ၾကည့္မွာေတာင္မားမျကိဳက္ဘူး အခုဆိုၾကည့္ လည္ေစ့ရင္ဖံုးလက္ရွည္ေလးနဲ႔ ထဘီေလးနဲ႔ မားရဲ႕မီးငယ္ေလးကအရမ္းမဟာဆန္ၿပီး လွေနေရာ "
" အေလ်ွာက္ေကာင္းလို႔ အေထာင္းသက္သာတယ္မွတ္ ကဲကဲသြားၾကမယ္ေလ ဘာလုပ္ေနတာလဲေနာက္က်ေနၿပီး "
" ေအာ္ ေအးေအး သူတို႔ကိုေစာင့္ေနလို႔႔ၾကာေနတာကို သူကဘဲျပန္ေဟာက္ရတယ္ရွိေသး ဆုသြားမယ္လာ " နွင္းကိုတစ္ဖန္ျပန္ေဟာက္ၿပီးထြတ္သြားတဲ့ႏြယ္က ဆုျမတ္ကိုပါသတိတရနဲ႔ဆြဲေခၚသြားေသးသည္။ နွင္းတို႔လဲ ေရွ႕ကေနေဘာက္ဆက္ဆက္နဲ႔ထြတ္သြားတဲ့သူနွစ္ေယာက္ေနာက္ကို အမွီလိုက္ရေသးသည္။
ဒီေန႔က ကထိန္လျပည့္ေန႔ဆိုေတာ့ ဧကရီတို႔ေလးေယာက္ေရႊတိဂံုဘုရားသြားဖူးၾကဖို႔ျဖစ္သည္။ ဧကရီတို႔ရဲ႕ကားေလးသည္ တရိပ္ရိပ္နဲ႔ေ႐ြ႕လ်ားေနသည္။ ကားလမ္းတစ္ေလ်ွာက္လည္း ပေဒသာပင္ေတြအမ်ားႀကီးစီတန္းလွည့္လည္ေနတာ ေတြ႕ျမင္ရသည္။ ဧကရီတို႔ေတြ ေရႊတိဂံုဘုရားဝင္းထဲေရာက္တာနဲ႔ ေအးခ်မ္းမႈကိုစတင္ခံစားလိုက္ရသည္။ ဒါေၾကာင့္လူႀကီးေတြကေျပာၾကတာ ဘုရားရိပ္၊ တရားရိပ္ကအရမ္းေအးခ်မ္းတယ္ဆိုတာ တကယ္အမွန္ပင္ျဖစ္သည္။ ေအးခ်မ္းတဲ့ဘုရားရဲ႕အရိပ္ကို ခ်စ္ရသူနဲ႔လက္တြဲၿပီးဝင္ခြင့္ရျခင္းဟာ ဧကရီအတြက္ႀကီးမားတဲ့ဆုလာဘ္တစ္ခုပင္ျဖစ္သည္။ ေအးခ်မ္းတဲ့ဘုရားရဲ႕အရိပ္ ျဖဴစင္တဲ့မားရဲ႕အၿပံဳး ေႏြးေထြးတဲ့မားရဲ႕အခ်စ္ေတြက နွင္းရဲ႕ဘဝကိုတစ္သက္လံုးလံုၿခံဳေစမယ္ဆိုတာ နွင္းယံုၾကည္သည္။
" မားတို႔ေတြ ဘုရားတစ္ပတ္ပတ္ရေအာင္ေနာ္မီးငယ္ေလး "
" ဟုတ္ ပတ္မယ္ေလးမား " ...
ဘုရားႀကီးတန္ေဆာင္းထဲမွာ ဘုရားရွိခိုးေနတဲ့မိန္းကေလးတစ္ေယာက္ရယ္ ေမတၲာျပည့္ဝတဲ့မ်က္လံုးေတြနဲ႔ထိုင္ၾကည့္ေနတဲ့မိန္းကေလးတစ္ေယာက္ရယ္ရွိသည္။ သူတို႔ေတြရဲ႕ကမာၻမွာ သူတို႔သက္ဆိုင္သူေလးေတြရွိေနရင္ သူတို႔ဘဝျပည့္စံုေနၿပီးဆိုတာ ေသခ်ာသည္။ ဆုျမတ္ဘုရားရွိခုိးၿပီး ေဘးကိုလည့္ၾကည့္လိုက္ေတာ့ ဆုျမတ္ကိုေသခ်ာၾကည့္ေနတဲ့ႏြယ္ေၾကာင့္ ဆုျမတ္မ်က္နွာေပၚမွာအၿပံဳးေလးတစ္ခုထြတ္ေပၚလာသည္။
" ဘာေတြအဲေလာက္ၾကည့္ေနတာလဲႏြယ္ "
" ဆုရဲ႕ကိုးကြယ္ရာျဖစ္တဲ့ဘုရားကို ရွိခိုးဦးခိုက္ေနသလို ႏြယ္ရဲ႕ကိုးကြယ္ရာျဖစ္တဲ့ဆုကိုလဲ ႏြယ္ကဖူးေျမာ္ေနတာေလ "
" အို... ဘယ္လိုေတြေျပာေနတာလဲႏြယ္ရယ္ ငရဲေတြႀကီးေတာ့မယ္ "
" ႏြယ္ရဲ႕ရင္ထဲကအခ်စ္ေတြကို ထုတ္ေဖာ္လို႔ငရဲႀကီးမယ္ဆိုလဲျကီးပါေစေလ ႏြယ္မွမေျပာဘဲမေနနိုင္တာ "
" ဒီေကာင္မေလးဒီေန႔စကားေတြ အရမ္းတတ္ေနတယ္ေပါ့ေလ "
" ဆုအေပၚထားတဲ့အခ်စ္ေတြ သိမ္းဆည္းမရေအာင္ ယိုဖိတ္လာလို႔ပါ "
" အပိုေတြ " အရွက္သည္းသြားတဲ့ ခ်စ္ရသူေလးကႏြယ္ရဲ႕ရင္ခြင္ထဲဝင္ကာခြၽဲေတာ့သည္။
ဘုရားရင္ျပင္ေတာ္ေပၚမွာ တစ္ေယာက္လက္တစ္ေယာက္ခ်ိတ္လို႔ ဘုရားကိုလက္ယာရစ္ဖူးေျမာ္ေနတဲ့မိန္းကေလးနွစ္ေယာက္ ေဘးပတ္လည္မွာလူေတြမ်ားေနနဲ႔ ဘာကိုမွဂရုမစိုက္ဘဲခ်စ္ရသူရဲ႕လက္ကိုသာဆြဲလို႔ ေရွ႕ဆက္ေလ်ွာက္ေနသည္။
" မား ဒီေန႔ဘုရားမွာလူေတြအမ်ားႀကီးဘဲေနာ္ "
" ဒီလူေတြအမ်ားႀကီးထဲမွာ မားအခ်စ္ရဆံုးသူက မီးငယ္ေလးတစ္ေယာက္တည္းရွိတာပါ "
" စကားတတ္တိုင္းေလ်ွာက္ေျပာေနျပန္ၿပီး "
" စကားတတ္တိုင္း ေလ်ွာက္ေျပာတာမဟုတ္ဘူးမီးငယ္ေလး ေရႊတိဂံုဘုရားကို သစၥာျပဳလို႔တိုင္တည္ျပမယ္ "
" မားသေဘာ "
" ေရႊတိဂံုေစတီေတာ္ျမတ္ႀကီးကို ဦးထိပ္ထားလို႔တိုင္တည္ပါသည္ဘုရား ဧကရီရဲ႕အခ်စ္ရဆံုးသူသည္ ဒီကမာၻမွာေစာနွင္းပြင့္ျဖဴဆိုတဲ့ မိန္းကေလးတစ္ေယာက္သာရွိပါသည္ ဤမွန္ကန္ေသာသစၥာစကားေၾကာင့္ ဧကရီတို႔ေတြသံသရာအဆက္ဆက္အခ်စ္ဆံုးသူေတြျဖစ္ၾကပါေစသား "
" ေနာက္ဘဝဆက္တိုင္း မီးငယ္တို႔ျပန္ဆံုၾကမယ္ေနာ္မား "
" စိတ္ခ်ပါ ေနာင္ဘဝဆက္တိုင္း မားရဲ႕မီးငယ္ေလးကိုမားလိုက္ရွာမွာမို႔ မားကိုေစာင့္ေနေပးေနာ္ "
======================
" ႏြယ္ေရ ဆုရဲ႕ဂ်င္းေဘာင္ဘီေပ်ာက္ေနတယ္ "
" ႏြယ့္ရဲ႕ အေပၚဝတ္တီရွပ္အျဖဴေလးလဲေပ်ာက္ေနတယ္ ညေနကေတာင္ေတြ႕ေသးတယ္ "
" ေဟာ ဘယ္လိုျဖစ္ၿပီးေပ်ာက္ကုန္တာတုန္း ခနေနပံသကူပစ္ရင္ ဝတ္ဖို႔ပါဆို လိုက္ရွာေပးဦးႏြယ္ "
" အင္း အင္း ႏြယ္လိုက္ရွာေပးမယ္ " ေနရင္းထိုင္ရင္းသူ႔ဘာသာရွိေနတဲ့ အိကၤ်နဲ႔ေဘာင္ဘီကရုတ္တရက္ႀကီးေပ်ာက္သြားတာေၾကာင့္ ေခါင္းမီးေတာက္ေနေအာင္လိုက္ရွာေနရသည္။ ခနေနရပ္ကြက္လမ္းတစ္ခ်ိဳ႕မွာ ပံသကူပစ္ဖို႔အတြက္သြားရင္ ဝတ္ဖို႔ထားထားျခင္းျဖစ္သည္။ အျခားအိကႌ်ဆိုရွာမေနဘဲ အဆင္ေျပတာလဲလိုက္မွာဆိုေပမယ္ ဒီေန႔ဝတ္မယ့္တီရွပ္အျဖဴနဲ႔ဂ်င္းေဘာင္ဘီအျပာေလးက ႏြယ္တို႔နွစ္ေယာက္coupleဝတ္ဖို႔အတြက္မို႔ တစ္အိမ္လံုးအနွံ႔လိုက္ရွာေနတာျဖစ္သည္။ ေပ်ာက္မယ့္ေပ်ာက္ေတာ့လည္း ဆုရဲ႕ေဘာင္ဘီ ႏြယ္ရဲ႕အိကႌ်ျဖစ္သည္။ ေဘာင္ဘီနွစ္ထည္ေပ်ာက္ရင္ေတာ့ အိကၤ်ဘဲဆင္တူဝတ္လို႔ရသလို၊ အိကႌ်ေပ်ာက္သြားရင္ေဘာင္ဘီဆင္တူဝတ္လို႔ရေသးသည္။ အခုေတာ့တစ္ေယာက္တစ္ခုစီေပ်ာက္ေနတာက ဘာမွလုပ္လို႔ကိုမရေပ။ ဆုျမတ္ဟိုဟိုဒီဒီလိုက္ရွာေနရင္း ၿပတင္းေပါက္ကတဆင့္ ျခံေရွ႕ကသစ္ပင္ႀကီးဆီကို အၾကည့္အေရာက္
" ဟမ့္ သြားပါၿပီးႏြယ္ရယ္ အီး... ဟီး... ဟီး... " ဆုျမတ္ရဲ႕ေအာ္ငိုသံေၾကာင့္ ႏြယ္လန္႔သြားၿပီးဆုျမတ္နားကိုအေျပးေရာက္လာသည္။
" ဆုဘာလို႔ငိုေနတာလဲ ႏြယ့္ကိုေျပာေလ အဲလိုငိုေနေတာ့ႏြယ္ဘာလုပ္ေပးရမွန္းမသိဘူးေလ "
" ဟိုမွာၾကည့္ပါဦးႏြယ္ရယ္ ဟင့္... ဆုတို႔ရဲ႕coupleအိကၤ်ေလး " ဆုလက္ညိဳးထိုးျပတဲ့ေနရာဆီလွမ္းၾကည့္လိုက္ေတာ့ေတြ႕ပါၿပီး ႏြယ္တို႔ရွာေနတဲ့တီရွပ္အျဖဴေလးနဲ႔ဂ်င္းေဘာင္ဘီအျပာေလးက သစ္ပင္ႀကီးေပၚမွာတလြင့္လြင့္နဲ႔ မသိရင္အလံလႊင့္ထားသလို။ ဘယ္ခ်ိန္ကဘယ္လိုထြတ္သြားမွန္းေတာင္မသိလိုက္ခ်ိန္မွာဘဲ ႏြယ္တို႔နွစ္ေယာက္လံုးသစ္ပင္ေအာက္ေရာက္ေနၿပီး။
" ဒါဘယ္သူလက္ခ်က္တုန္း ဘယ္သူလုပ္တာလဲဟင္ "
" ေစာနွင္းပြင့္ျဖဴ!!! "
" ေစာနွင္းပြင့္ျဖဴ!!! " နွစ္ေယာက္လံုးရဲ႕ပါစပ္ကေန တစ္ၿပိဳင္တည္းထြတ္ေပၚလာတဲ့နာမည္တစ္ခုက ဟိန္းခနဲထြတ္လာသည္။ ရုတ္တရက္နွင္းရဲ႕နာမည္ကို က်ယ္က်ယ္ေလာင္ေလာင္ေအာ္လိုက္တဲ့အသံေၾကာင့္ နွင္းေရာမားေရာနွစ္ေယာက္လံုး အိမ္ေရွ႕ဝရံတာကိုေျပးထြတ္လာခဲ့သည္။ ဆုျမတ္နဲ႔ႏြယ္တို႔နွစ္ေယာက္ေဒါသတႀကီးေအာ္ဟစ္ေနတဲ့အေၾကာင္းအရင္းကို သိလိုက္တဲ့နွင္းတို႔နွစ္ေယာက္လံုး မ်က္နွာတည္လို႔မရေအာင္ကို ၿပံဳးစိစိျဖစ္လာသည္။
" ေစာေလး ဒါနင္...နင့္လက္ခ်က္မလားေျပာစမ္း " ေဒါသေၾကာင့္ မ်က္နွာႀကီးနီရဲေနတဲ့ဆုျမတ္ေၾကာင့္ နွင္းရယ္ခ်င္စိတ္ကိုထိန္းမရေတာ့ေပ။
" ဟား... ဟား... ဆုျမတ္ရယ္ ဒီေန႔ကသူခိုးႀကီးညေလ နွင္းက ေပ်ာ္ေစခ်င္လို႔နည္းနည္းေလးစတာကို စိတ္ဆိုးရဘူးေလေနာ္ "
" သူခိုးႀကီးညမွာခိုးရေအာင္ နင္ကသူခိုးႀကီးငတတ္ျပာလားနွင္းရယ္ တကယ္ပါဘဲ "
" ေအးေလ ခိုးခ်င္ရင္လဲအျခားဟာခိုးေလလို႔ ဒါကငါတို႔နွစ္ေယာက္ဆင္တူဝတ္ဖို႔ထုတ္ထားတာကို ၿဗဲ... ဟဲ... "
" ဟုတ္ပါၿပီး ဆုရယ္မငိုနဲ႔ေတာ့ေနာ္ ႏြယ္သူ႔ကိုဆူလိုက္မယ္ "
" ထားလိုက္ေတာ့ သူ႔ကိုဆူလဲသစ္ပင္ေပၚကအိကႌ်ကျပန္မွမရေတာ့တာ လာေနာက္ထပ္Coupleအကႌ်သြားဝယ္မယ္ ေစာေလးနင္ၾကပ္ၾကပ္သတိထားေန "
" ဟား... ဟား... ဟား... " ဆုျမတ္နဲ႔ႏြယ္ထြတ္သြားတဲ့ထိ မီးငယ္ေလးတစ္ေယာက္အရယ္မရပ္နိုင္ေသး။ ေမႊလြန္းတဲ့မီးငယ္ေလးရဲ႕နဖူးကို ဖြဖြေလးထုကာ
" အရမ္းေမႊတယ္ေနာ္အေမႊစိန္ေလး ေတာ္ၿပီးမရယ္နဲ႔ေတာ့ ဗိုက္နာေနမယ္ "
" ဟီး... ဟုတ္ကဲ့ မီးငယ္ေလးတို႔ေတြ ပံသကူပစ္ဖို႔လုပ္ရေအာင္ေလ "
" ဟုတ္ပါၿပီး ပံတကူသြားပစ္ၾကတာေပါ့ " ပံတကူပစ္ဖို႔အတြက္ ျပင္ဆင္ထားတဲ့ဆန္တစ္ျပည္ထုတ္ေလးေတြ၊ ငါးေသတၲာဘူးေတြ၊ ငါးဆယ္သားဆီဘူးေတြ၊ ပိုက္ဆံစာအိတ္ေလးေတြကို လမ္းထဲက အရမ္းလဲေဂ်ာင္မက်၊ အရမ္းလဲမရွင္းလင္းတဲ့ေနရမ်ိဳးေလးေတြမွာလိုက္ခ်ထားသည္။ ခ်ိဳ႕တဲ့ၾကတဲ့လူတစ္ခ်ိဳ႕က ဧကရီတို႔ခ်ထားတဲ့ပစၥည္းေလးေတြကိုရွာေတြ႕ၿပီး ေပ်ာ္ရႊင္ေနၾကတဲ့သူေတြကိုၾကည့္ၿပီး ဧကရီတို႔ဆီကိုပါအေပ်ာ္ေတြကူးစက္လာသည္။ တန္ေဆာင္မုန္းလ၊ သူခိုးႀကီးည၊ ေဆးေပါင္းခတဲ့ညရဲ႕သေကၤတျဖစ္တဲ့ မယ္ဇဖူးသုတ္နဲ႔ မယ္ဇလီ႐ြက္ဟင္းရည္ေလးကိုလဲ ဧကရီတို႔ေတြေသာက္ျဖစ္ၾကေသးသည္။
====================
တန္ေဆာင္မုန္းလျပည့္ေနမွာ ေဘးအႏၲရာယ္မ်ားကင္းေဝးၾကၿပီး စိတ္ခ်မ္းသာ၊ ကိုယ္က်န္းမာၾကပါေစလို႔ သာသာနဲ႔သာသာေကာင္မေလးတို႔ကေနၿပီးေတာ့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
-----------------------------------------------------------
- မားရဲ့ မီးငယ်လေး
- Extra 1
- GL Story
- စာရေးသူ ချယ်
" နှင်းနဲ့ အန်တီဧတို့ ပြင်လို့ဆင်လို့ပြီးကြဦးမှာလား နောက်ကျရင်နေပူလာမှာ နေအရမ်းမပူခင်သွားမလို့ပါဆို "
" ပြီးပါပြီးနွယ်ရဲ့ ဒီမှာလေမားပေါ့ နှင်းကိုရစ်နေလို့ "
" ဘာဖြစ်ကြပြန်ပြီးတုန်း စောလေး "
" ဘာဖြစ်ရမှာလဲဆုမြတ်ရယ် ဟိုဟာဆိုလဲမဝတ်နဲ့ ဒီဟာဆိုလဲမကြိုက်ဘူး မဝတ်နဲ့လုပ်နေတာလေ နှင်းလဲတစ်ထည်ပြီးတစ်ထည်လဲနေတာနဲ့ ကြာသွားတာ " ပြောရင်းဆိုရင်း အန်တီဧကိုလည်း မျက်စောင်းလှည့်ထိုးလိုက်သေးသည်။ အန်တီဧကတော့ နှင်းလေးဘာဘဲပြောပြော ဘာဘဲလုပ်လုပ်အမြဲတမ်းနားလည်ခွင့်လွှတ်နေမြဲ။
" မီးငယ်လေးရယ် မားကမီးငယ်လေးကို စိတ်မချလို့လေ မီးငယ်လေးရွေးတဲ့အိင်္ကျီတွေက ခါးတိုတဲ့ဟာနဲ့ လက်တိုနေတဲ့ဟာနဲ့လေ မီးငယ်လေးကို အခြားသူတွေမျက်လုံးလေးနဲ့ကြည့်မှာတောင်မားမကြိုက်ဘူး အခုဆိုကြည့် လည်စေ့ရင်ဖုံးလက်ရှည်လေးနဲ့ ထဘီလေးနဲ့ မားရဲ့မီးငယ်လေးကအရမ်းမဟာဆန်ပြီး လှနေရော "
" အလျှောက်ကောင်းလို့ အထောင်းသက်သာတယ်မှတ် ကဲကဲသွားကြမယ်လေ ဘာလုပ်နေတာလဲနောက်ကျနေပြီး "
" အော် အေးအေး သူတို့ကိုစောင့်နေလို့ကြာနေတာကို သူကဘဲပြန်ဟောက်ရတယ်ရှိသေး ဆုသွားမယ်လာ " နှင်းကိုတစ်ဖန်ပြန်ဟောက်ပြီးထွတ်သွားတဲ့နွယ်က ဆုမြတ်ကိုပါသတိတရနဲ့ဆွဲခေါ်သွားသေးသည်။ နှင်းတို့လဲ ရှေ့ကနေဘောက်ဆက်ဆက်နဲ့ထွတ်သွားတဲ့သူနှစ်ယောက်နောက်ကို အမှီလိုက်ရသေးသည်။
ဒီနေ့က ကထိန်လပြည့်နေ့ဆိုတော့ ဧကရီတို့လေးယောက်ရွှေတိဂုံဘုရားသွားဖူးကြဖို့ဖြစ်သည်။ ဧကရီတို့ရဲ့ကားလေးသည် တရိပ်ရိပ်နဲ့ရွေ့လျားနေသည်။ ကားလမ်းတစ်လျှောက်လည်း ပဒေသာပင်တွေအများကြီးစီတန်းလှည့်လည်နေတာ တွေ့မြင်ရသည်။ ဧကရီတို့တွေ ရွှေတိဂုံဘုရားဝင်းထဲရောက်တာနဲ့ အေးချမ်းမှုကိုစတင်ခံစားလိုက်ရသည်။ ဒါကြောင့်လူကြီးတွေကပြောကြတာ ဘုရားရိပ်၊ တရားရိပ်ကအရမ်းအေးချမ်းတယ်ဆိုတာ တကယ်အမှန်ပင်ဖြစ်သည်။ အေးချမ်းတဲ့ဘုရားရဲ့အရိပ်ကို ချစ်ရသူနဲ့လက်တွဲပြီးဝင်ခွင့်ရခြင်းဟာ ဧကရီအတွက်ကြီးမားတဲ့ဆုလာဘ်တစ်ခုပင်ဖြစ်သည်။ အေးချမ်းတဲ့ဘုရားရဲ့အရိပ် ဖြူစင်တဲ့မားရဲ့အပြုံး နွေးထွေးတဲ့မားရဲ့အချစ်တွေက နှင်းရဲ့ဘဝကိုတစ်သက်လုံးလုံခြုံစေမယ်ဆိုတာ နှင်းယုံကြည်သည်။
" မားတို့တွေ ဘုရားတစ်ပတ်ပတ်ရအောင်နော်မီးငယ်လေး "
" ဟုတ် ပတ်မယ်လေးမား " ...
ဘုရားကြီးတန်ဆောင်းထဲမှာ ဘုရားရှိခိုးနေတဲ့မိန်းကလေးတစ်ယောက်ရယ် မေတ္တာပြည့်ဝတဲ့မျက်လုံးတွေနဲ့ထိုင်ကြည့်နေတဲ့မိန်းကလေးတစ်ယောက်ရယ်ရှိသည်။ သူတို့တွေရဲ့ကမ္ဘာမှာ သူတို့သက်ဆိုင်သူလေးတွေရှိနေရင် သူတို့ဘဝပြည့်စုံနေပြီးဆိုတာ သေချာသည်။ ဆုမြတ်ဘုရားရှိခိုးပြီး ဘေးကိုလည့်ကြည့်လိုက်တော့ ဆုမြတ်ကိုသေချာကြည့်နေတဲ့နွယ်ကြောင့် ဆုမြတ်မျက်နှာပေါ်မှာအပြုံးလေးတစ်ခုထွတ်ပေါ်လာသည်။
" ဘာတွေအဲလောက်ကြည့်နေတာလဲနွယ် "
" ဆုရဲ့ကိုးကွယ်ရာဖြစ်တဲ့ဘုရားကို ရှိခိုးဦးခိုက်နေသလို နွယ်ရဲ့ကိုးကွယ်ရာဖြစ်တဲ့ဆုကိုလဲ နွယ်ကဖူးမြော်နေတာလေ "
" အို... ဘယ်လိုတွေပြောနေတာလဲနွယ်ရယ် ငရဲတွေကြီးတော့မယ် "
" နွယ်ရဲ့ရင်ထဲကအချစ်တွေကို ထုတ်ဖော်လို့ငရဲကြီးမယ်ဆိုလဲကြီးပါစေလေ နွယ်မှမပြောဘဲမနေနိုင်တာ "
" ဒီကောင်မလေးဒီနေ့စကားတွေ အရမ်းတတ်နေတယ်ပေါ့လေ "
" ဆုအပေါ်ထားတဲ့အချစ်တွေ သိမ်းဆည်းမရအောင် ယိုဖိတ်လာလို့ပါ "
" အပိုတွေ " အရှက်သည်းသွားတဲ့ ချစ်ရသူလေးကနွယ်ရဲ့ရင်ခွင်ထဲဝင်ကာချွဲတော့သည်။
ဘုရားရင်ပြင်တော်ပေါ်မှာ တစ်ယောက်လက်တစ်ယောက်ချိတ်လို့ ဘုရားကိုလက်ယာရစ်ဖူးမြော်နေတဲ့မိန်းကလေးနှစ်ယောက် ဘေးပတ်လည်မှာလူတွေများနေနဲ့ ဘာကိုမှဂရုမစိုက်ဘဲချစ်ရသူရဲ့လက်ကိုသာဆွဲလို့ ရှေ့ဆက်လျှောက်နေသည်။
" မား ဒီနေ့ဘုရားမှာလူတွေအများကြီးဘဲနော် "
" ဒီလူတွေအများကြီးထဲမှာ မားအချစ်ရဆုံးသူက မီးငယ်လေးတစ်ယောက်တည်းရှိတာပါ "
" စကားတတ်တိုင်းလျှောက်ပြောနေပြန်ပြီး "
" စကားတတ်တိုင်း လျှောက်ပြောတာမဟုတ်ဘူးမီးငယ်လေး ရွှေတိဂုံဘုရားကို သစ္စာပြုလို့တိုင်တည်ပြမယ် "
" မားသဘော "
" ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဦးထိပ်ထားလို့တိုင်တည်ပါသည်ဘုရား ဧကရီရဲ့အချစ်ရဆုံးသူသည် ဒီကမ္ဘာမှာစောနှင်းပွင့်ဖြူဆိုတဲ့ မိန်းကလေးတစ်ယောက်သာရှိပါသည် ဤမှန်ကန်သောသစ္စာစကားကြောင့် ဧကရီတို့တွေသံသရာအဆက်ဆက်အချစ်ဆုံးသူတွေဖြစ်ကြပါစေသား "
" နောက်ဘဝဆက်တိုင်း မီးငယ်တို့ပြန်ဆုံကြမယ်နော်မား "
" စိတ်ချပါ နောင်ဘဝဆက်တိုင်း မားရဲ့မီးငယ်လေးကိုမားလိုက်ရှာမှာမို့ မားကိုစောင့်နေပေးနော် "
======================
" နွယ်ရေ ဆုရဲ့ဂျင်းဘောင်ဘီပျောက်နေတယ် "
" နွယ့်ရဲ့ အပေါ်ဝတ်တီရှပ်အဖြူလေးလဲပျောက်နေတယ် ညနေကတောင်တွေ့သေးတယ် "
" ဟော ဘယ်လိုဖြစ်ပြီးပျောက်ကုန်တာတုန်း ခနနေပံသကူပစ်ရင် ဝတ်ဖို့ပါဆို လိုက်ရှာပေးဦးနွယ် "
" အင်း အင်း နွယ်လိုက်ရှာပေးမယ် " နေရင်းထိုင်ရင်းသူ့ဘာသာရှိနေတဲ့ အိင်္ကျနဲ့ဘောင်ဘီကရုတ်တရက်ကြီးပျောက်သွားတာကြောင့် ခေါင်းမီးတောက်နေအောင်လိုက်ရှာနေရသည်။ ခနနေရပ်ကွက်လမ်းတစ်ချို့မှာ ပံသကူပစ်ဖို့အတွက်သွားရင် ဝတ်ဖို့ထားထားခြင်းဖြစ်သည်။ အခြားအိင်္ကျီဆိုရှာမနေဘဲ အဆင်ပြေတာလဲလိုက်မှာဆိုပေမယ် ဒီနေ့ဝတ်မယ့်တီရှပ်အဖြူနဲ့ဂျင်းဘောင်ဘီအပြာလေးက နွယ်တို့နှစ်ယောက်coupleဝတ်ဖို့အတွက်မို့ တစ်အိမ်လုံးအနှံ့လိုက်ရှာနေတာဖြစ်သည်။ ပျောက်မယ့်ပျောက်တော့လည်း ဆုရဲ့ဘောင်ဘီ နွယ်ရဲ့အိင်္ကျီဖြစ်သည်။ ဘောင်ဘီနှစ်ထည်ပျောက်ရင်တော့ အိင်္ကျဘဲဆင်တူဝတ်လို့ရသလို၊ အိင်္ကျီပျောက်သွားရင်ဘောင်ဘီဆင်တူဝတ်လို့ရသေးသည်။ အခုတော့တစ်ယောက်တစ်ခုစီပျောက်နေတာက ဘာမှလုပ်လို့ကိုမရပေ။ ဆုမြတ်ဟိုဟိုဒီဒီလိုက်ရှာနေရင်း ပြတင်းပေါက်ကတဆင့် ခြံရှေ့ကသစ်ပင်ကြီးဆီကို အကြည့်အရောက်
" ဟမ့် သွားပါပြီးနွယ်ရယ် အီး... ဟီး... ဟီး... " ဆုမြတ်ရဲ့အော်ငိုသံကြောင့် နွယ်လန့်သွားပြီးဆုမြတ်နားကိုအပြေးရောက်လာသည်။
" ဆုဘာလို့ငိုနေတာလဲ နွယ့်ကိုပြောလေ အဲလိုငိုနေတော့နွယ်ဘာလုပ်ပေးရမှန်းမသိဘူးလေ "
" ဟိုမှာကြည့်ပါဦးနွယ်ရယ် ဟင့်... ဆုတို့ရဲ့coupleအိင်္ကျလေး " ဆုလက်ညိုးထိုးပြတဲ့နေရာဆီလှမ်းကြည့်လိုက်တော့တွေ့ပါပြီး နွယ်တို့ရှာနေတဲ့တီရှပ်အဖြူလေးနဲ့ဂျင်းဘောင်ဘီအပြာလေးက သစ်ပင်ကြီးပေါ်မှာတလွင့်လွင့်နဲ့ မသိရင်အလံလွှင့်ထားသလို။ ဘယ်ချိန်ကဘယ်လိုထွတ်သွားမှန်းတောင်မသိလိုက်ချိန်မှာဘဲ နွယ်တို့နှစ်ယောက်လုံးသစ်ပင်အောက်ရောက်နေပြီး။
" ဒါဘယ်သူလက်ချက်တုန်း ဘယ်သူလုပ်တာလဲဟင် "
" စောနှင်းပွင့်ဖြူ!!! "
" စောနှင်းပွင့်ဖြူ!!! " နှစ်ယောက်လုံးရဲ့ပါစပ်ကနေ တစ်ပြိုင်တည်းထွတ်ပေါ်လာတဲ့နာမည်တစ်ခုက ဟိန်းခနဲထွတ်လာသည်။ ရုတ်တရက်နှင်းရဲ့နာမည်ကို ကျယ်ကျယ်လောင်လောင်အော်လိုက်တဲ့အသံကြောင့် နှင်းရောမားရောနှစ်ယောက်လုံး အိမ်ရှေ့ဝရံတာကိုပြေးထွတ်လာခဲ့သည်။ ဆုမြတ်နဲ့နွယ်တို့နှစ်ယောက်ဒေါသတကြီးအော်ဟစ်နေတဲ့အကြောင်းအရင်းကို သိလိုက်တဲ့နှင်းတို့နှစ်ယောက်လုံး မျက်နှာတည်လို့မရအောင်ကို ပြုံးစိစိဖြစ်လာသည်။
" စောလေး ဒါနင်...နင့်လက်ချက်မလားပြောစမ်း " ဒေါသကြောင့် မျက်နှာကြီးနီရဲနေတဲ့ဆုမြတ်ကြောင့် နှင်းရယ်ချင်စိတ်ကိုထိန်းမရတော့ပေ။
" ဟား... ဟား... ဆုမြတ်ရယ် ဒီနေ့ကသူခိုးကြီးညလေ နှင်းက ပျော်စေချင်လို့နည်းနည်းလေးစတာကို စိတ်ဆိုးရဘူးလေနော် "
" သူခိုးကြီးညမှာခိုးရအောင် နင်ကသူခိုးကြီးငတတ်ပြာလားနှင်းရယ် တကယ်ပါဘဲ "
" အေးလေ ခိုးချင်ရင်လဲအခြားဟာခိုးလေလို့ ဒါကငါတို့နှစ်ယောက်ဆင်တူဝတ်ဖို့ထုတ်ထားတာကို ဗြဲ... ဟဲ... "
" ဟုတ်ပါပြီး ဆုရယ်မငိုနဲ့တော့နော် နွယ်သူ့ကိုဆူလိုက်မယ် "
" ထားလိုက်တော့ သူ့ကိုဆူလဲသစ်ပင်ပေါ်ကအိင်္ကျီကပြန်မှမရတော့တာ လာနောက်ထပ်Coupleအင်္ကျီသွားဝယ်မယ် စောလေးနင်ကြပ်ကြပ်သတိထားနေ "
" ဟား... ဟား... ဟား... " ဆုမြတ်နဲ့နွယ်ထွတ်သွားတဲ့ထိ မီးငယ်လေးတစ်ယောက်အရယ်မရပ်နိုင်သေး။ မွှေလွန်းတဲ့မီးငယ်လေးရဲ့နဖူးကို ဖွဖွလေးထုကာ
" အရမ်းမွှေတယ်နော်အမွှေစိန်လေး တော်ပြီးမရယ်နဲ့တော့ ဗိုက်နာနေမယ် "
" ဟီး... ဟုတ်ကဲ့ မီးငယ်လေးတို့တွေ ပံသကူပစ်ဖို့လုပ်ရအောင်လေ "
" ဟုတ်ပါပြီး ပံတကူသွားပစ်ကြတာပေါ့ " ပံတကူပစ်ဖို့အတွက် ပြင်ဆင်ထားတဲ့ဆန်တစ်ပြည်ထုတ်လေးတွေ၊ ငါးသေတ္တာဘူးတွေ၊ ငါးဆယ်သားဆီဘူးတွေ၊ ပိုက်ဆံစာအိတ်လေးတွေကို လမ်းထဲက အရမ်းလဲဂျောင်မကျ၊ အရမ်းလဲမရှင်းလင်းတဲ့နေရမျိုးလေးတွေမှာလိုက်ချထားသည်။ ချို့တဲ့ကြတဲ့လူတစ်ချို့က ဧကရီတို့ချထားတဲ့ပစ္စည်းလေးတွေကိုရှာတွေ့ပြီး ပျော်ရွှင်နေကြတဲ့သူတွေကိုကြည့်ပြီး ဧကရီတို့ဆီကိုပါအပျော်တွေကူးစက်လာသည်။ တန်ဆောင်မုန်းလ၊ သူခိုးကြီးည၊ ဆေးပေါင်းခတဲ့ညရဲ့သင်္ကေတဖြစ်တဲ့ မယ်ဇဖူးသုတ်နဲ့ မယ်ဇလီရွက်ဟင်းရည်လေးကိုလဲ ဧကရီတို့တွေသောက်ဖြစ်ကြသေးသည်။
====================
တန်ဆောင်မုန်းလပြည့်နေမှာ ဘေးအန္တရာယ်များကင်းဝေးကြပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေလို့ သာသာနဲ့သာသာကောင်မလေးတို့ကနေပြီးတော့ ဆုတောင်းပေးလိုက်ပါတယ်နော်။
YOU ARE READING
မားရဲ႕ မီးငယ္ေလး (Completed )
RomanceGL Story Unicode နဲ႔ေရာ Zawgyi နဲ႔ေရာ နွစ္မ်ိဳးလံုးနဲ႔ ေရးေပးထားလို႔ စာဖတ္သူေတြ အဆင္ေျပၾကပါေစ