မားရဲ႕ မီးငယ္ေလး
- အပိုင္း ၂၀
- GL Story
- စာေရးသူ ခ်ယ္
" ရွယ္ယာေစ်းေတြက်ေနတယ္ CEO အခုကိစၥဘယ္လိုရွင္းမွာလဲ "
" သတင္းေတြဖံုးဖို႔ တစ္ခုခုမလုပ္ေတာ့ဘူးလား ဒီတိုင္းဆက္သြားရင္ ကုမၼဏီကေတာ့မေတြးရဲစရာဘဲ "
" CEOအေနနဲ႔ အခုကိစၥကို ဘယ္လိုလုပ္ေပးမယ္လို႔ စဥ္းစားထားလဲ "
" CEO ဒီတိုင္းထိုင္ေနလို႔မရဘူးေနာ္ တစ္ခုခုေတာ့လုပ္သင့္တယ္ "
" ........ "
" ........ "
" ........ " ဧကရီအစည္းအေဝးခန္းထဲမွာ တစ္ေယာက္တစ္ေပါက္ေျပာေနတဲ့စကားသံေတြနားေထာင္ၿပီး ဧကရီေခါင္းေတြေတာင္ကိုက္လာသည္။ ရွယ္ယာေစ်းေတြေကာင္းၿပီး အျမတ္ေတြတိုးေနတုန္းကက်ေတာ့ အသံတစ္သံမွမထြတ္ဘဲ အသာေလးအိတ္ထဲထည့္ေနၾကတဲ့သူေတြက အခုလိုရွယ္ယာေစ်းက်ေတာ့မွ ေဆြ႕ေဆြ႕ခုန္ေနၾကတဲ့ရွယ္ယာရွင္ေတြကို ၾကည့္ၿပီးဧကရီစိတ္ပ်က္လာတာေၾကာင့္
" အခုလို ငုတ္တုတ္ထိုင္ၿပီးအျပစ္ေျပာေနမယ့္အစား ရွယ္ယာေစ်းအေျခအေနၿငိမ္သြားေအာင္ ဘယ္လိုလုပ္ၾကမလဲဆိုတာ မတိုင္ပင္သင့္ဘူးလား " ဧကရီေျပာတဲ့စကားေၾကာင့္ ေပါက္ေပါက္ေဖာက္ေနတဲ့ ရွယ္ယာရွင္မ်ားမွာၿငိမ္က်သြားသည္။
" အခုလိုမ်ိဳးအေျခအေနအေပၚမွာ ရွယ္ယာရွင္ေတြအေနနဲ႔ေရာ ဘာအႀကံေတြရွိလဲ ေျပာၾကည့္ပါဦး အဆင္ေျပမယ့္နည္းလမ္းေလးဘာေလးရွိသလား " အမႈေဆာင္ဒါရိုက္တာဦးနန္းမိုးရဲ႕ေမးခြန္းအဆံုး ရွယ္ယာရွင္တစ္ေယာက္ရဲ႕အေျဖတစ္ခုက လိုက္ပါလာသည္။
" အရင္ဆံုးေတာ့ ျပန္႔ေနတဲ့သတင္းကိုအရင္ထိန္းခ်ဳပ္သင့္တယ္ ဒီသတင္းက ေကာလဟာလသတင္းတစ္ခုအျပင္မပိုဘူးဆိုတာကို ထုတ္ျပၿပီး ရွယ္ယာေစ်းေတြၿငိမ္ေအာင္အရင္ျပန္လုပ္သင့္တယ္ "
" မျဖစ္နိုင္ဘူးရွင့္ ဒီသတင္းကေကာလဟာလမဟုတ္ဘူး သတင္းအမွန္ပါ ေနာက္လေလာက္ဆိုရင္ေတာင္ ဒီသတင္းကို တရားဝင္ခ်ျပဖို႔လုပ္ထားတာ "
" ရွင္ ... "
" ဗ်ာ ... "
" ဟမ္ ... " ရွယ္ယာရွင္ေတြရဲ႕အံၾသသံေတြရဲ႕ေနာက္မွာ ဦးနန္းမိုးရဲ႕မ်က္နွာကေတာ့ ဝမ္းသာမဆံုး။ ဧကရီအေနနဲ႔ ဒီသတင္းကို ဘယ္လိုမွေကာလဟာလသတင္းတစ္ခုအေနနဲ႔မဖံုးပစ္ဘူးဆိုတာသိတယ္ေလ။
" ဒီသတင္းေၾကာင့္ ရွယ္ယာေစ်းေတြက်ေနတယ္ဆိုတာသိတယ္မလား CEOအေနနဲ႔ ေကာလဟာလလို႔ေၾကျငာမွ ရွယ္ယာေစ်းေတြျပန္ၿငိမ္မွာပါ အဲလိုမဟုတ္ဘူးဆိုရင္ အခုလိုတစ္စထက္တစ္စရွယ္ယာေစ်းက်ေနပံုနဲ႔ဆို ကုမၼဏီတစ္ခုလံုး ေဒဝါလီခံရဖို႔အေနွးနဲ႔အျမန္ဘဲ " ရွယ္ယာဝင္ထားတဲ့ရွယ္ယာရွင္တစ္ေယာက္အေနနဲ႔အေၾကာက္ဆံုးက ကုမၼဏီေဒဝါလီခံရမွာကိုပင္။ ရွယ္ယာဝင္တစ္ေယာက္က ကုမၼဏီေဒဝါလီခံရတဲ့အခါ သူတို႔ရွယ္ယာဝင္ထားတဲ့ပိုက္ဆံက ျပန္မရတာေတာ့တာေၾကာင့္ပင္။ အဲတာေၾကာင့္ ကုမၼဏီအေျခအေနမေကာင္းေတာ့တာတို႔ အေျခမခိုင္ေတာ့တာတို႔သာဆိုရင္ သူတို႔ရွယ္ယာေတြကို ရတဲ့ေစ်းနဲျပန္ေရာင္းထုတ္ၾကသည္။ ေရာင္းထုတ္လိုက္တဲ့ရွယ္ယာေတြကို ဦးနန္းမိုးတို႔က ေနာက္ကြယ္ကေန ျပန္ဝယ္စုေနတာေၾကာင့္ ဒီအႀကံကိုထုတ္ရတာျဖစ္သည္။ ကုမၼဏီရွယ္ယာေလးဆယ့္ငါးရာခိုင္နႈန္းရွိတဲ့သူသာ CEOေနရာကိုရယူနိုင္မွာမို႔ ဦးနန္းမိုးဒီေလာက္ေလာဘႀကီးေနတာျဖစ္သည္။ ရွယ္ယာရွင္ေတြကုမၼဏီေဒဝါလီခံရမွာကို စိုးရိမ္ေနတုန္း CEOေျပာတဲ့စကားတစ္ခြန္ေၾကာင့္ မ်က္နွာေတြျပန္ၿပီးဝင္းပလာၾကသည္။ CEOေျပာသည္မွာ
" အခုေလတင္ဘဲ ဧကရီရဲ႕အတြင္းေရးမွဴးဆီကေန massageရပါတယ္ ကုမၼဏီကိုကယ္တင္နိင္မယ့္နည္းလမ္းေတြ႕ပါၿပီးတဲ့ ခနေနရင္ အစည္းအေဝးခန္းထဲကိုလာရွင္းျပေပးပါလိမ့္မယ္ ခနေလာက္စိတ္ေအးေအးထားေပးၾကပါလား " ရွယ္ယာရွင္ေတြအားလံုးရဲ႕ေမ်ွာ္လင့္ခ်က္ေတြသည္ မၾကာခင္မွာပင္အခန္းတံခါးကိုျဖတ္ၿပီး ေျခသံဖြဖြေလးျဖင့္ဝင္လာသည္။ အခန္းထဲဝင္လာတဲ့နွင္းေၾကာင့္ ရွယ္ယာရွင္တစ္ခ်ိဳ႕ရဲ႕မ်က္နွာမွာ စိတ္ပ်က္ျခင္း၊အားေလ်ာ့ျခင္း အေငြ႕အသက္ေတြျဖတ္ေျပးသြားၾကသည္။ မားကို နွင္းလွမ္းၾကည့္ေတာ့ နွစ္လိုဖြယ္အၿပံဳးမ်ိဳးျဖင့္ ၿပံဳးျပလာတာေၾကာင့္ နွင္းမွာရွိတဲ့ေၾကာက္စိတ္ေတြ အေဝးကိုထြတ္ေျပးသြားသည္။
" နည္းလမ္းတစ္ခုရွိတယ္ဆိုတာ မီးငယ္ဆီမွာလား ေျပာၾကည့္ပါဦး " နွင္းရဲ႕မ်က္နွာကို ေစ့ေစ့ၾကည့္ၿပီးေမးလာတဲ့ မားရဲ႕မ်က္ဝန္းေတြမွာ နွင္းအေပၚယံုၾကည္တယ္ဆိုတဲ့ ယံုၾကည္မႈေတြကို ျမင္ေတြေနရသည္။ နွင္း မားကိုေခါင္းတစ္ခ်ပ္ၿငိမ့့္ျပၿပီး ရွယ္ယာရွင္ေတြဘက္ မ်က္နွာမူလိုက္ၿပီး ပေရာဂ်က္အေၾကာင္းရွင္းျပရန္ျပင္လိုက္သည္။
" ျပင္သစ္က ထိပ္တန္းစီးပြားေရးရင္နွီးျမႇပ္နွံသူ Mr Joe ျမန္မာနိုင္ငံကိုေရာက္ေနတယ္လို႔ သတင္းၾကားပါတယ္ အလားအလာရွိတဲ့ပေရာဂ်က္ေတြမွာ လိုက္ၿပီးရင္းနွီးျမႇပ္နွံ႔တတ္ၿပီး သူရင္းနွီးလိုက္တဲ့ ပေရာဂ်က္တိုင္းက မရွံုးေသးဘူးဆိုတာသိမွာပါ "
" သူက ေတာ္ရံုပေရာဂ်က္ေတြကို စိတ္မဝင္စားဘူးဆိုတာ မင္းသိမွာပါ မင္းမွာသူသေဘာက်ေလာက္မယ့္ ပေရာဂ်က္မ်ိဳးသာမရွိရင္ သူ႔နားကပ္ဖို႔ေတာင္မလြယ္ဘူး "
" အဲတာစိတ္ခ်ပါ အမႈေဆာင္ဒါရိုက္တာ နွင္းမွာသူစိတ္ဝင္စားေလာက္မယ့္ ပေရာဂ်က္တစ္ခုရွိပါတယ္ နွင္းအၾကမ္းဖ်င္းေရးထားၿပီးပါၿပီး အေခ်ာသတ္ၿပီးတာနဲ႔ သူ႔ကိုသြားေတြ႕မွာပါ "
" Mr Joe သေဘာက်မယ္ဆိုတာ မီးငယ္ေလးအားမခံနိုင္လား သူရဲ႕ရင္းနွီးျမႇပ္နွံမႈကိုသာရနိုင္မယ္ဆိုရင္ ကုမၼဏီကျပန္လည္ဦးေမာ့နိုင္ရံုတင္မဟုတ္ဘူး ရွယ္ယာေစ်းေတြမွာ တဟုန္ထိုးတတ္လာနိုင္တယ္ "
" ေသခ်ာပါတယ္မား သူက်ိန္ေသသေဘာက်မွာပါ "
" အိုေကေလ အဲတာဆိုႀကိဳးစားၾကည့္ပါ မီးငယ္လက္ထဲထည့္လိုက္မယ္ေနာ္ လုပ္ၾကည့္တာမမွားဘူးေလေနာ္ အဆင္ေျပသြားရင္ေတာ့ အျမတ္ေပါ့ဟုတ္တယ္မလား "
" ဟုတ္တယ္ လုပ္ၾကည့္ေပါ့ ဒီထက္ပိုၿပီးဆိုးလာရင္ေတာ့ CEOကတာဝန္ယူေပးပါ ကုမၼဏီအတြက္ျဖစ္ျဖစ္ CEOကိုျဖဳတ္ခ်သင့္ရင္ ျဖဳတ္ခ်ရမွာေပါ့ "
" စိတ္ခ်ပါ ျဖစ္လာသမ်ွ ဧကရီတာဝန္ယူပါမယ္ " အစည္းအေဝးၿပီးေတာ့မွပင္ ဧကရီသက္ျပင္းခ်နိုင္ေတာ့သည္။
=====================
" နွင္း "
" ဟယ္ ႏြယ္ ဘယ္လိုေရာက္လာတာလဲ "
" ဒီလိုပါဘဲ နွင္းရယ္ ဒီဘက္လာရင္ လမ္းႀကံဳဝင္လာတာ အဆင္ေျပရဲ႕လား နွင္း ကုမၼဏီရွယ္ယာေစ်းေတြတအားထိုးက်ေနတယ္ဆို "
" အဆင္ေျပပါတယ္နွင္းရယ္ ျပင္သစ္ကရင္နွီးျမႇပ္နွံ႔သူ Mr Joeသာ နွင္းပေရာဂ်က္ကို ေထာက္ခံေပးၿပီး ရင္းနွီးျမႇပ္နွံ႔မယ္ဆိုရင္ နွင္းတို႔အဆင္ေျပၿပီး "
" Mr Joeက အရမ္းဇီဇာေၾကာင္တယ္လို႔ ႏြယ္ၾကားဖူးတယ္ ေတာ္ရံုပေရာဂ်က္သာဆို လွည့္ေတာင္မၾကည့္ဘူးတဲ့ သူသေဘာက်တဲ့ပေရာဂ်က္ဆိုရင္ေတာ့ သိန္းေပါင္းသန္းနဲ႔ခ်ီၿပီး ရင္းနွီျမႇပ္နွံ႔တယ္တဲ့ နွင္းပေရာဂ်က္ကို သူသေဘာက်မယ္ထင္လား "
" နွင္းေရးထားတဲ့ပေရာဂ်က္ကို သူက်ိန္ေသသေဘာက်မယ္ဆိုတာ နွင္းယံုၾကည္တယ္ႏြယ္ "
" ဟုတ္ပါၿပီးနွင္းရယ္ ဒါဆိုနွင္းပေရာဂ်က္ကဆြဲၿပီးၿပီးေပါ့ Mr Joeဆီေကာ ပိုၿပီးၿပီးလား "
" ပေရာဂ်က္ကေတာ့ဆြဲၿပီးၿပီးႏြယ္ မနက္ျဖန္ပို႔မလို႔ပါ "
" အဲတာဆို အခုနွင္းအားတယ္မလား ႏြယ္တို႔ေတြမေတြ႕တာၾကာၿပီးဆိုေတာ့ တစ္ခုခုသြားစားၾကမလား ဆုျမတ္ကိုလဲလွမ္းေခၚလိုက္မယ္ေလ "
" အင္း ေကာင္းသားဘဲ သြားၾကမယ္ေလ နွင္း မားကိုသြားေျပာလိုက္ဦးမယ္ တစ္ခါတည္းလိုက္မလား "
" မလိုက္ေတာ့ဘူးေလ ႏြယ္ေအာက္မွာဘဲေစာင့္ေနေတာ့မယ္ေနာ္ အန္တီဧကိုေျပာၿပီးတာနဲ႔ လာခဲ့လိုက္ေလ အဲကိုဘဲ "
" အိုေက " ႏွင္းထြတ္သြားတာနဲ႔ ႏြယ္လဲ ဟိုၾကည့္ဒီၾကည့္လုပ္ၿပီး လူရွင္းတာနဲ႔ တစ္စံုတစ္ခုကိုရွာေဖြလိုက္သည္။ ႏြယ္ဒီကိုေရာက္လာတာသည္ တစ္ဖက္လူကခိုင္းလို႔ နွင္းေရးထားတဲ့ပေရာဂ်က္ကိုလိုခ်င္တာေၾကာင့္ပင္။ ေတြ႕ပါၿပီး နွင္းေရးဆြဲထားတဲ့ပေရာဂ်က္ဖိုင္နဲ႔ အေသးစိတ္ရွင္းျပထားတဲ့ USBတစ္ခု။ ပေရာဂ်က္ဖိုင္ကို ဓာတ္ပံုရိုက္ၿပီး USBထဲကအခ်က္ေတြကို ေကာ္ပီကူးၿပီး ႏြယ္ယူလာတဲ့ USBထဲကို ထည့္လိုက္သည္။ ၿပီးေတာ့မွ ပစၥည္းေတြကို ဟန္မပ်က္ျပန္ထားၿပီး ေအာက္ထပ္ကိုဆင္းလာခဲ့လိုက္သည္။
" မား ... " မီးငယ္ေလးတစ္ေယာက္ ဧကရီကိုေအာ္ေခၚၿပီး လည္ပင္းကိုဖတ္ကာ ေပါင္ေပၚတတ္ထိုင္တာေၾကာင့္ ျပဳတ္မက်ေအာင္ ထိန္းကိုင္ေပးထားရေသးသည္။ ခ်စ္ဖို႔ေကာင္းေအာင္ခြၽဲေနတဲ့မီးငယ္ေလးရဲ႕ နွာေခါင္းလံုးလံုးေလးကို မနာအာင္ဆြဲၿပီး
" ေျပာပါဦး ဘာကိစၥနဲ႔ေရာက္လာတာလဲ မီးငယ္ေလး "
" ေအာ္ မားဆီကိုလာတာဘဲ ကိစၥရွိမွလာရမွာလားလို႔ "
" အဲတာဆိုဘာကိစၥမွမရွိေပါ့ "
" မဟုတ္ဘူးရွိတယ္ ဟီး... "
" မီးငယ္ကေတာ့ ေျပာေလ ဘာျဖစ္လို႔လဲမီးငယ္ေလး "
" ကုမၼဏီကို ႏြယ္ေရာက္လာလို႔ မေတြ႕တာၾကာၿပီးဆိုေတာ့ ဆုျမတ္ကိုလဲေခၚၿပီးတစ္ခုခုသြားစားၾကဖို႔တဲ့ အဲတာမားဆီခြင့္လာေတာင္းတာ "
" ဟုတ္ပါၿပီး သြားေလမီးငယ္ေလး မားလိုက္ပို႔ေပးရမလား "
" ရတယ္ မားလိုက္မပို႔နဲ႔ေတာ့ ႏြယ္နဲ႔ဘဲတူတူသြားေတာ့မယ္ ဒါနဲ႔ကုမၼဏီရွယ္ယာေစ်းေတြေကာ ၿငိမ္ၿပီးလား မား "
" မၿငိမ္ေသးဘူးမီးငယ္ေလး တစ္ေန႔ကို နွစ္ရာခိုင္နႈန္းေလာက္က်ေနတုန္းဘဲ မီးငယ္ေကာ ပေရာဂ်က္ၿပီးၿပီးလား ဘယ္ေတာ့ပို႔မလဲ "
" ၿပီးၿပီးမား မနက္ျဖန္ပို႔မယ္ မပို႔ခင္ မီးငယ္ပေရာဂ်က္ကိုအရင္စစ္ေပးဦးေလေနာ္ မားအဆင္မေျပတာရွိရင္ တစ္ခါတည္းျပင္လို႔ရေအာင္ "
" အိုေက မားစစ္ေပးမယ္ေလ အခုမီးငယ္အျပင္သြားမလားသြားေလ "
" ဟုတ္ မားသြားၿပီးေနာ္ မြမြ " ဧကရီပါးကိုနမ္းၿပီးထြတ္သြားတဲ့မီးငယ္ေလးကို ဧကရီၿပံဳးၿပီးၾကည့္ေနလိုက္သည္။ အရင္လိုကေလးဆန္ေနတုန္းဘဲ။
ႏြယ္ကားေပၚမွာ ထိုင္ေစာင့္ေနတုန္း မၾကာပါဘူး နွင္းတစ္ေယာက္ ကားပါကင္ဆီကိုေလ်ွာက္လာေနသည္။
" ကဲ သြားၾကတာေပါ့ ဆုျမတ္ကိုသြားေခၚရဦးမွာမလားႏြယ္ "
" အင္း ဟုတ္တယ္နွင္း ဆုျမတ္က ကုမၼဏီျပန္ေရာက္ေနၿပီးတဲ့ ကုမၼဏီကိုဘဲသြားေခၚရေတာ့မယ္ "
" အိုေကေလ သြားၾကတာေပါ့ " နွင္းတို႔ကားေလးသည္ The Sun Groupရဲ႕ ကားပါကင္ေအာက္ကို ဝင္လာခဲ့သည္။
" နွင္း အေပၚလိုက္ခဲ့ေလ ဆုျမတ္ကိုသြားေခၚမို႔ "
" မလိုက္ေတာ့ဘူးေလ နွင္းကားေပၚမွာဘဲေစာင့္ေနေတာ့မယ္ ဒါမွမဟုတ္လဲ ဆုျမတ္ကိုဆင္းလာခိုင္းလိုက္ပါလား ႏြယ္သြားေခၚမေနနဲ႔ေတာ့ေလ "
" ရတယ္နွင္း ႏြယ္လဲရံုးခန္းမွာ လုပ္စရာေလးတစ္ခုရွိေသးလို႔ မၾကာပါဘူးခနဘဲ ဆုျမတ္ကိုပါတစ္ခါတည္းေခၚလာခဲ့မယ္ေလ "
" ဟုတ္ၿပီးေလ မၾကာေစနဲ႔ေနာ္ နွင္းဒီမွာေစာင့္ေနမယ္ ျမန္ျမန္ျပန္ဆင္းလာခဲ့ "
" ဟုတ္ပါၿပီး မၾကာပါဘူးနွင္းရယ္ " နွင္းကိုကားထဲမွာထားၿပီးတာနဲ႔ ႏြယ့္ရံုးခန္းဆီကိုတတ္လာခဲ့သည္။ တကယ္ဆိုနွင္းေျပာသလိုဘဲ ဆုျမတ္ကိုဆင္းလာခိုင္းလို႔ရပါသည္။ နွင္းဆီက ယူလာတဲ့ဖိုင္နဲ႔USBကို ကိုေအာင္မင္းဆီလွမ္းပို႔ေပးရဦးမွာမို႔လို႔ အေၾကာင္းျပလိုက္ျခင္းသာ။ ႏြယ္ယူလာတဲ့ဖိုင္နဲ႔USBကို Emailကေနတစ္ဆင့္ ကိုေအာင္မင္းဆီလွမ္းပို႔ေပးလိုက္သည္။ မနက္ျဖန္ ပေရာဂ်က္တင္မည္ဆိုတာကိုပါ အသိေပးလိုက္သည္။ ၿပီးတာနဲ႔ ဆုျမတ္ကိုေခၚၿပီး ေအာက္ျပန္ဆင္းလာခဲ့သည္။ အခုခ်ိန္ေလာက္ဆို ပေရာဂ်က္သည္ ကိုေအာင္မင္းဆီကိုေရာက္ၿပီး Mr joeဆီတင္ၿပီးေလာက္ၿပီးျဖစ္သည္။ နွင္းကမနက္ျဖန္ပို႔မွာမို႔ နွင္းမပို႔ခင္အရင္ပို႔မွသာျဖစ္မည္။ Sorryပါ နွင္း အခ်စ္နဲ႔စစ္မွာ မတရားတာမရွိပါဘူး။ အန္တီဧအနားမွာ နွင္းမရွိမွ ႏြယ္အတြက္အခြင့္အေရးရမွာပါ။ အဲလိုျဖစ္ဖို႔ကိုလဲ ႏြယ္အမ်ားႀကီးစီစဥ္ထားၿပီးသားမို႔ နွင္းမထင္မွတ္ထားတာေတြလဲ အမ်ားႀကီးဆက္တိုက္ျဖစ္လာမွာမို႔ အားေမြးထားေနာ္ နွင္း။
====================
" အင္း မဆိုးပါဘူး အေတာ္ျပည့္စံုတယ္ ဒီပေရာဂ်က္ကို Mr joeႀကိဳက္မယ္ဆိုတာ မားေျပာရဲတယ္ " နွင္းဆြဲထားတဲ့ပေရာဂ်က္ကို မားၾကည့္ေပးေနတာျဖစ္သည္။ နွင္းတို႔ေတြ ညစာစားၿပီးတာနဲ႔ မားရဲ႕အလုပ္ခန္းထဲမွာ နွင္းတို႔ ပေရာဂ်က္အေၾကာင္းတိုင္ပင္ေနတာျဖစ္သည္။
" မားဘက္က ျပင္စရာမရွိေတာ့ဘူးဆိုရင္ မနက္ျဖန္ Mr Joeဆီ ပို႔လိုက္မယ္ေနာ္မား "
" ရတယ္မီးငယ္ေလး ဝတ္ရည္ဆီဘဲ ပို႔ေပးလိုက္မယ္ မနက္က်ရင္ ဝတ္ရည္တင္ေပးထားလိမ့္မယ္ မားရဲ႕မီးငယ္ေလး ပင္ပန္းသြားၿပီး "
" မပင္ပန္းပါဘူးမားရယ္ မီးငယ္ေလးေမြးေန႔ေရာက္ေတာ့မယ္ေနာ္ မီးငယ္မွာထားတာမေမ့ဘူးမလားမား "
" မေမ့ပါဘူးမီးငယ္ေလးရယ္ ခရီးထြတ္ဖို႔မလား မားလိုက္ပို႔ေပးမွာေပါ့ "
" ဟုတ္ကဲ့ပါမား မီးငယ္ေလးတို႔သြားအိပ္ၾကတာေပါ့အခ်ိန္လဲမနည္းေတာ့ဘူးေလ မနက္အလုပ္ကိစၥေတြအမ်ားႀကီးရွိေသးတယ္မလား "
" ဟုတ္ပါၿပီးရွင္ မားတို႔ေတြအိပ္ၾကတာေပါ့ "
မနက္ရံုးေရာက္ေတာ့ ရံုးခန္းထဲတြင္ ဝတ္ရည္ရဲ႕မ်က္နွာပ်က္ယြင္းေနၿပီး ဧကရီကိုေစာင့္ေနပံုရသည္။
" ဝတ္ရည္ မ်က္နွာလဲမေကာင္းပါလား ဘာျဖစ္လို႔လဲ တစ္ခုခုအဆင္မေျပတာမ်ားရွိလို႔လား "
" ဟို... ဟိုေလ "
" ေျပာစရာရွိတာေျပာေလဝတ္ရည္ မီးငယ္ေလးဆြဲထားတဲ့ပေရာဂ်က္ေရာ Mr Joeဆီပို႔ၿပီးၿပီးလား "
" ပို႔ၿပီးၿပီးCEO သူတို႔ဘက္ကလဲ အေၾကာင္းျပန္လာတယ္ ျပႆနာကေလ "
" ေျပာစရာရွိတာေျပာ ဝတ္ရည္ တြန္႔ဆုတ္ဆုတ္နဲ႔ ဒါမင္းပံုစံမဟုတ္ဘူးေလ "
" ဟုတ္CEO ပေရာဂ်က္ကို ပို႔ေပးၿပီးဘယ္ေလာက္မွမၾကာဘူး Mr Joeရဲ႕အတြင္းေရးမွဴးက ဆက္သြယ္လာတယ္ သူတို႔ေတြ Asia Groupနဲ႔ပူေပါင္းလိုက္တယ္တဲ့ ၿပီးေတာ့ ဝတ္ရည္တို႔ဘက္ကပို႔တဲ့ပေရာဂ်က္က Asia Groupကပို႔တဲ့ပေရာဂ်က္နဲ႔ တူတူဘဲတဲ့ ဝတ္ရည္တို႔ဘက္က copyကူးထားတယ္ဆိုၿပီး ေျပာေသးတယ္ "
" မျဖစ္နိုင္တာ ဧကရီတို႔အရင္ပို႔တာမဟုတ္ဘူးလား ဘာကိစၥေကာ္ပီျဖစ္သြားရတာလဲ "
" သူတို႔က မေန႔ကညေနတည္းကပို႔ထားတာတဲ့ ဝတ္ရည္တို႔က ဒီမနက္မွပို႔တာဆိုေတာ့ ဝတ္ရည္တို႔ပေရာဂ်က္ကို ေကာ္ပီဆိုၿပီးေျပာေနတာ "
" ဒီကိစၥက မရိုးဘူး တစ္ေယာက္ေယာက္ရဲ႕ပေရာဂေတာ့ မကင္းနိုင္ဘူး မီးငယ္ရဲ႕အလုပ္စာပြဲရွိတဲ့ေနရာက CCTVေတြ ျပန္စစ္ေပး ေသခ်ာစံုစမ္းပါ "
" ဟုတ္ကဲ့ပါCEO ၿပီးေတာ့ေလ အမႈေဆာင္ဒါရိုက္တာဦးနန္းမိုးက တဘက္ခါရွယ္ယာရွင္အစည္းအေဝးေခၚထားတယ္ CEOကိုျဖဳတ္ခ်ဖို႔လုပ္ေနတယ္ "
" ဟက္ လြယ္လြယ္နဲ႔ျဖဳတ္ခ်လို႔ရမယ္ထင္ေနလား ဦးနန္းမိုးတို႔သားဖနွစ္ေယာက္ရွယ္ယာ ဘယ္ေလာက္လဲ "
" သံုးဆယ္ရာခိုင္နႈန္းပါCEO ရွယ္ယာေစ်းေတြထိုးက်ေနတဲ့အခ်ိန္ အမည္ဝွက္တစ္ခုနဲ႔ရွယ္ယာေတြဝယ္စုေနတဲ့သူတစ္ေယာက္ရွိပါတယ္ သူ႔မွာရွယ္ယာဆယ့္ငါးရာခိုင္နႈန္းကိုင္ထားပါတယ္CEO "
" အဲအမည္ဝွက္ရွယ္ယာရွင္ကို ဦးနန္းမိုးတို႔ေတြ အသည္းအသန္လိုက္ရွာေနမွာေပါ့ ရွယ္ယာေလးဆယ့္ငါးရာခိုင္နႈန္းရွိမွ CEOေနရာ ရနိုင္မွာဆိုေတာ့ "
" ဟုတ္တယ္CEO ဦးနန္းမိုးတို႔ဘက္က အဲလူကိုလိုက္ရွာေနၾကပါတယ္ "
" ေကာင္းၿပီး သူတို႔ဘက္က ရွာမေတြ႕ရင္ ဧကရီတို႔ဘက္က အရင္ေတြ႕ေအာင္ရွာရမယ္ မီးငယ္ရဲ႕ပေရာဂ်က္ကိုေပါက္ၾကားေအာင္လုပ္တဲ့သူနဲ႔ အမည္ဝွက္ရွယ္ယာရွင္ကို အျမန္ဆံုးရွာဖို႔ ဝတ္ရည္တာဝန္ယူေပးပါ "
" စိတ္ခ်ပါ CEO အဲတာဆို ဝတ္ရည္ကိုခြင့္ျပဳပါဦး "
" သြားေတာ့ "
ဝတ္ရည္ CEOရံုးခန္းကေန ထြတ္လာတာနဲ႔ CCTVခန္းထဲသြားၿပီး မေန႔ကCCTVမွတ္တမ္းေတြျပန္စစ္ၾကည့္သည္။ ပေရာဂ်က္ကို ေပါက္ၾကားေစတဲ့တရားခံရွာေတြ႕တဲ့vedioအပိုင္းေလးကို ဖ်က္ၿပီးေတာ့CEOဆီကိုယူလာခဲ့သည္။
ဧကရီ ဝတ္ရည္ယူလာတဲ့vedioကိုၾကည့္ၿပီး ေအာက္နႈတ္ခမ္းကိုဖိကိုက္ထားမိသည္။ မီးငယ္ေလးသာသိရင္ အရမ္းကိုဝမ္းနည္းသြားမယ္ဆိုတာ အေသအခ်ာပင္။ မီးငယ္ေလးယံုၾကည္ရတဲ့သူငယ္ခ်င္းတစ္ေယာက္က ေနာက္ကြယ္ကေနသစၥာေဖာက္ခံရတာကိုသာ သိရင္ မီးငယ္ေလးေတာ္ေတာ္နာက်င္ေလာက္သည္။
" ဝတ္ရည္ ဒီညေနက်ရင္ ကုမၼဏီလာခဲ့ဖို႔ သဇင္ႏြယ္ကိုေခၚလိုက္ပါ "
" ဟုတ္ကဲ့ပါCEO "
" ၿပီးေတာ့ေလ ဒီကိစၥမီးငယ္ေလးမသိပါေစနဲ႔ သူအရမ္းပင္ပန္းေနေလာက္ၿပီး သူ႔သူငယ္ခ်င္းကပါသစၥာေဖာက္တာကိုသိသြားခဲ့ရင္ ပိုၿပီးပင္ပန္းရလိမ့္မယ္ မီးငယ္ေလးကိုထပ္ၿပီး မပင္ပန္းေစခ်င္ေတာ့ဘူး ဧကရီေျပာတာနားလည္တယ္မလား ဝတ္ရည္ "
" စိတ္ခ်ပါ CEO ဝတ္ရည္နားလည္ပါတယ္ "
" ဟုတ္ၿပီး လုပ္စရာရွိတာသြားလုပ္ေတာ့ေလ ဧကရီနားခ်င္ၿပီး သဇင္ႏြယ္ေရာက္လာခဲ့ရင္ ရံုးခန္းကိုလႊတ္လိုက္ပါ "
" ဟုတ္ကဲ့ပါ CEO ဝတ္ရည္ကို ခြင့္ျပဳပါဦး " ဧကရီလဲ ဝတ္ရည္ကို လက္ကာျပၿပီးထြတ္သြားေစလိုက္သည္။
=====================
ၾကာသြားလို႔ေတာင္းပန္ပါတယ္ေနာ္ ဒါဒါေလးေတြ။ သာသာရဲ႕ ဒါဒါေလးေတြေတာ့ သစ္ကုလားအုပ္ေလးေတြျဖစ္ေနၿပီးထင္တယ္။ Reviewေလးေတြလဲ ေပးပါဦးေနာ္။ စာကေလ ဇာတ္ေျမာႀကီးျဖစ္ေနၿပီးလားဟင္ ေျပာေပးၾကဦးေနာ္ ပထမဆံုးGL Storyဆိုေတာ့ေလ ပ်င္းစရာမ်ားျဖစ္ေနလား တစ္ခုခုေတာ့ေျပာေပးေနာ္ ဖတ္ရႈသူတစ္ေယာက္ခ်င္းဆီကို ေက်းဇူးတင္ပါတယ္ေနာ္
-----------------------------------------------------------
မားရဲ့ မီးငယ်လေး
- အပိုင်း ၂၀
- GL Story
- စာရေးသူ ချယ်
" ရှယ်ယာဈေးတွေကျနေတယ် CEO အခုကိစ္စဘယ်လိုရှင်းမှာလဲ "
" သတင်းတွေဖုံးဖို့ တစ်ခုခုမလုပ်တော့ဘူးလား ဒီတိုင်းဆက်သွားရင် ကုမ္မဏီကတော့မတွေးရဲစရာဘဲ "
" CEOအနေနဲ့ အခုကိစ္စကို ဘယ်လိုလုပ်ပေးမယ်လို့ စဉ်းစားထားလဲ "
" CEO ဒီတိုင်းထိုင်နေလို့မရဘူးနော် တစ်ခုခုတော့လုပ်သင့်တယ် "
" ........ "
" ........ "
" ........ " ဧကရီအစည်းအဝေးခန်းထဲမှာ တစ်ယောက်တစ်ပေါက်ပြောနေတဲ့စကားသံတွေနားထောင်ပြီး ဧကရီခေါင်းတွေတောင်ကိုက်လာသည်။ ရှယ်ယာဈေးတွေကောင်းပြီး အမြတ်တွေတိုးနေတုန်းကကျတော့ အသံတစ်သံမှမထွတ်ဘဲ အသာလေးအိတ်ထဲထည့်နေကြတဲ့သူတွေက အခုလိုရှယ်ယာဈေးကျတော့မှ ဆွေ့ဆွေ့ခုန်နေကြတဲ့ရှယ်ယာရှင်တွေကို ကြည့်ပြီးဧကရီစိတ်ပျက်လာတာကြောင့်
" အခုလို ငုတ်တုတ်ထိုင်ပြီးအပြစ်ပြောနေမယ့်အစား ရှယ်ယာဈေးအခြေအနေငြိမ်သွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ မတိုင်ပင်သင့်ဘူးလား " ဧကရီပြောတဲ့စကားကြောင့် ပေါက်ပေါက်ဖောက်နေတဲ့ ရှယ်ယာရှင်များမှာငြိမ်ကျသွားသည်။
" အခုလိုမျိုးအခြေအနေအပေါ်မှာ ရှယ်ယာရှင်တွေအနေနဲ့ရော ဘာအကြံတွေရှိလဲ ပြောကြည့်ပါဦး အဆင်ပြေမယ့်နည်းလမ်းလေးဘာလေးရှိသလား " အမှုဆောင်ဒါရိုက်တာဦးနန်းမိုးရဲ့မေးခွန်းအဆုံး ရှယ်ယာရှင်တစ်ယောက်ရဲ့အဖြေတစ်ခုက လိုက်ပါလာသည်။
" အရင်ဆုံးတော့ ပြန့်နေတဲ့သတင်းကိုအရင်ထိန်းချုပ်သင့်တယ် ဒီသတင်းက ကောလဟာလသတင်းတစ်ခုအပြင်မပိုဘူးဆိုတာကို ထုတ်ပြပြီး ရှယ်ယာဈေးတွေငြိမ်အောင်အရင်ပြန်လုပ်သင့်တယ် "
" မဖြစ်နိုင်ဘူးရှင့် ဒီသတင်းကကောလဟာလမဟုတ်ဘူး သတင်းအမှန်ပါ နောက်လလောက်ဆိုရင်တောင် ဒီသတင်းကို တရားဝင်ချပြဖို့လုပ်ထားတာ "
" ရှင် ... "
" ဗျာ ... "
" ဟမ် ... " ရှယ်ယာရှင်တွေရဲ့အံသြသံတွေရဲ့နောက်မှာ ဦးနန်းမိုးရဲ့မျက်နှာကတော့ ဝမ်းသာမဆုံး။ ဧကရီအနေနဲ့ ဒီသတင်းကို ဘယ်လိုမှကောလဟာလသတင်းတစ်ခုအနေနဲ့မဖုံးပစ်ဘူးဆိုတာသိတယ်လေ။
" ဒီသတင်းကြောင့် ရှယ်ယာဈေးတွေကျနေတယ်ဆိုတာသိတယ်မလား CEOအနေနဲ့ ကောလဟာလလို့ကြေငြာမှ ရှယ်ယာဈေးတွေပြန်ငြိမ်မှာပါ အဲလိုမဟုတ်ဘူးဆိုရင် အခုလိုတစ်စထက်တစ်စရှယ်ယာဈေးကျနေပုံနဲ့ဆို ကုမ္မဏီတစ်ခုလုံး ဒေဝါလီခံရဖို့အနှေးနဲ့အမြန်ဘဲ " ရှယ်ယာဝင်ထားတဲ့ရှယ်ယာရှင်တစ်ယောက်အနေနဲ့အကြောက်ဆုံးက ကုမ္မဏီဒေဝါလီခံရမှာကိုပင်။ ရှယ်ယာဝင်တစ်ယောက်က ကုမ္မဏီဒေဝါလီခံရတဲ့အခါ သူတို့ရှယ်ယာဝင်ထားတဲ့ပိုက်ဆံက ပြန်မရတာတော့တာကြောင့်ပင်။ အဲတာကြောင့် ကုမ္မဏီအခြေအနေမကောင်းတော့တာတို့ အခြေမခိုင်တော့တာတို့သာဆိုရင် သူတို့ရှယ်ယာတွေကို ရတဲ့ဈေးနဲပြန်ရောင်းထုတ်ကြသည်။ ရောင်းထုတ်လိုက်တဲ့ရှယ်ယာတွေကို ဦးနန်းမိုးတို့က နောက်ကွယ်ကနေ ပြန်ဝယ်စုနေတာကြောင့် ဒီအကြံကိုထုတ်ရတာဖြစ်သည်။ ကုမ္မဏီရှယ်ယာလေးဆယ့်ငါးရာခိုင်နှုန်းရှိတဲ့သူသာ CEOနေရာကိုရယူနိုင်မှာမို့ ဦးနန်းမိုးဒီလောက်လောဘကြီးနေတာဖြစ်သည်။ ရှယ်ယာရှင်တွေကုမ္မဏီဒေဝါလီခံရမှာကို စိုးရိမ်နေတုန်း CEOပြောတဲ့စကားတစ်ခွန်ကြောင့် မျက်နှာတွေပြန်ပြီးဝင်းပလာကြသည်။ CEOပြောသည်မှာ
" အခုလေတင်ဘဲ ဧကရီရဲ့အတွင်းရေးမှူးဆီကနေ massageရပါတယ် ကုမ္မဏီကိုကယ်တင်နိင်မယ့်နည်းလမ်းတွေ့ပါပြီးတဲ့ ခနနေရင် အစည်းအဝေးခန်းထဲကိုလာရှင်းပြပေးပါလိမ့်မယ် ခနလောက်စိတ်အေးအေးထားပေးကြပါလား " ရှယ်ယာရှင်တွေအားလုံးရဲ့မျှော်လင့်ချက်တွေသည် မကြာခင်မှာပင်အခန်းတံခါးကိုဖြတ်ပြီး ခြေသံဖွဖွလေးဖြင့်ဝင်လာသည်။ အခန်းထဲဝင်လာတဲ့နှင်းကြောင့် ရှယ်ယာရှင်တစ်ချို့ရဲ့မျက်နှာမှာ စိတ်ပျက်ခြင်း၊အားလျော့ခြင်း အငွေ့အသက်တွေဖြတ်ပြေးသွားကြသည်။ မားကို နှင်းလှမ်းကြည့်တော့ နှစ်လိုဖွယ်အပြုံးမျိုးဖြင့် ပြုံးပြလာတာကြောင့် နှင်းမှာရှိတဲ့ကြောက်စိတ်တွေ အဝေးကိုထွတ်ပြေးသွားသည်။
" နည်းလမ်းတစ်ခုရှိတယ်ဆိုတာ မီးငယ်ဆီမှာလား ပြောကြည့်ပါဦး " နှင်းရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီးမေးလာတဲ့ မားရဲ့မျက်ဝန်းတွေမှာ နှင်းအပေါ်ယုံကြည်တယ်ဆိုတဲ့ ယုံကြည်မှုတွေကို မြင်တွေနေရသည်။ နှင်း မားကိုခေါင်းတစ်ချပ်ငြိမ့်ပြပြီး ရှယ်ယာရှင်တွေဘက် မျက်နှာမူလိုက်ပြီး ပရောဂျက်အကြောင်းရှင်းပြရန်ပြင်လိုက်သည်။
" ပြင်သစ်က ထိပ်တန်းစီးပွားရေးရင်နှီးမြှပ်နှံသူ Mr Joe မြန်မာနိုင်ငံကိုရောက်နေတယ်လို့ သတင်းကြားပါတယ် အလားအလာရှိတဲ့ပရောဂျက်တွေမှာ လိုက်ပြီးရင်းနှီးမြှပ်နှံ့တတ်ပြီး သူရင်းနှီးလိုက်တဲ့ ပရောဂျက်တိုင်းက မရှုံးသေးဘူးဆိုတာသိမှာပါ "
" သူက တော်ရုံပရောဂျက်တွေကို စိတ်မဝင်စားဘူးဆိုတာ မင်းသိမှာပါ မင်းမှာသူသဘောကျလောက်မယ့် ပရောဂျက်မျိုးသာမရှိရင် သူ့နားကပ်ဖို့တောင်မလွယ်ဘူး "
" အဲတာစိတ်ချပါ အမှုဆောင်ဒါရိုက်တာ နှင်းမှာသူစိတ်ဝင်စားလောက်မယ့် ပရောဂျက်တစ်ခုရှိပါတယ် နှင်းအကြမ်းဖျင်းရေးထားပြီးပါပြီး အချောသတ်ပြီးတာနဲ့ သူ့ကိုသွားတွေ့မှာပါ "
" Mr Joe သဘောကျမယ်ဆိုတာ မီးငယ်လေးအားမခံနိုင်လား သူရဲ့ရင်းနှီးမြှပ်နှံမှုကိုသာရနိုင်မယ်ဆိုရင် ကုမ္မဏီကပြန်လည်ဦးမော့နိုင်ရုံတင်မဟုတ်ဘူး ရှယ်ယာဈေးတွေမှာ တဟုန်ထိုးတတ်လာနိုင်တယ် "
" သေချာပါတယ်မား သူကျိန်သေသဘောကျမှာပါ "
" အိုကေလေ အဲတာဆိုကြိုးစားကြည့်ပါ မီးငယ်လက်ထဲထည့်လိုက်မယ်နော် လုပ်ကြည့်တာမမှားဘူးလေနော် အဆင်ပြေသွားရင်တော့ အမြတ်ပေါ့ဟုတ်တယ်မလား "
" ဟုတ်တယ် လုပ်ကြည့်ပေါ့ ဒီထက်ပိုပြီးဆိုးလာရင်တော့ CEOကတာဝန်ယူပေးပါ ကုမ္မဏီအတွက်ဖြစ်ဖြစ် CEOကိုဖြုတ်ချသင့်ရင် ဖြုတ်ချရမှာပေါ့ "
" စိတ်ချပါ ဖြစ်လာသမျှ ဧကရီတာဝန်ယူပါမယ် " အစည်းအဝေးပြီးတော့မှပင် ဧကရီသက်ပြင်းချနိုင်တော့သည်။
=====================
" နှင်း "
" ဟယ် နွယ် ဘယ်လိုရောက်လာတာလဲ "
" ဒီလိုပါဘဲ နှင်းရယ် ဒီဘက်လာရင် လမ်းကြုံဝင်လာတာ အဆင်ပြေရဲ့လား နှင်း ကုမ္မဏီရှယ်ယာဈေးတွေတအားထိုးကျနေတယ်ဆို "
" အဆင်ပြေပါတယ်နှင်းရယ် ပြင်သစ်ကရင်နှီးမြှပ်နှံ့သူ Mr Joeသာ နှင်းပရောဂျက်ကို ထောက်ခံပေးပြီး ရင်းနှီးမြှပ်နှံ့မယ်ဆိုရင် နှင်းတို့အဆင်ပြေပြီး "
" Mr Joeက အရမ်းဇီဇာကြောင်တယ်လို့ နွယ်ကြားဖူးတယ် တော်ရုံပရောဂျက်သာဆို လှည့်တောင်မကြည့်ဘူးတဲ့ သူသဘောကျတဲ့ပရောဂျက်ဆိုရင်တော့ သိန်းပေါင်းသန်းနဲ့ချီပြီး ရင်းနှီမြှပ်နှံ့တယ်တဲ့ နှင်းပရောဂျက်ကို သူသဘောကျမယ်ထင်လား "
" နှင်းရေးထားတဲ့ပရောဂျက်ကို သူကျိန်သေသဘောကျမယ်ဆိုတာ နှင်းယုံကြည်တယ်နွယ် "
" ဟုတ်ပါပြီးနှင်းရယ် ဒါဆိုနှင်းပရောဂျက်ကဆွဲပြီးပြီးပေါ့ Mr Joeဆီကော ပိုပြီးပြီးလား "
" ပရောဂျက်ကတော့ဆွဲပြီးပြီးနွယ် မနက်ဖြန်ပို့မလို့ပါ "
" အဲတာဆို အခုနှင်းအားတယ်မလား နွယ်တို့တွေမတွေ့တာကြာပြီးဆိုတော့ တစ်ခုခုသွားစားကြမလား ဆုမြတ်ကိုလဲလှမ်းခေါ်လိုက်မယ်လေ "
" အင်း ကောင်းသားဘဲ သွားကြမယ်လေ နှင်း မားကိုသွားပြောလိုက်ဦးမယ် တစ်ခါတည်းလိုက်မလား "
" မလိုက်တော့ဘူးလေ နွယ်အောက်မှာဘဲစောင့်နေတော့မယ်နော် အန်တီဧကိုပြောပြီးတာနဲ့ လာခဲ့လိုက်လေ အဲကိုဘဲ "
" အိုကေ " နှင်းထွတ်သွားတာနဲ့ နွယ်လဲ ဟိုကြည့်ဒီကြည့်လုပ်ပြီး လူရှင်းတာနဲ့ တစ်စုံတစ်ခုကိုရှာဖွေလိုက်သည်။ နွယ်ဒီကိုရောက်လာတာသည် တစ်ဖက်လူကခိုင်းလို့ နှင်းရေးထားတဲ့ပရောဂျက်ကိုလိုချင်တာကြောင့်ပင်။ တွေ့ပါပြီး နှင်းရေးဆွဲထားတဲ့ပရောဂျက်ဖိုင်နဲ့ အသေးစိတ်ရှင်းပြထားတဲ့ USBတစ်ခု။ ပရောဂျက်ဖိုင်ကို ဓာတ်ပုံရိုက်ပြီး USBထဲကအချက်တွေကို ကော်ပီကူးပြီး နွယ်ယူလာတဲ့ USBထဲကို ထည့်လိုက်သည်။ ပြီးတော့မှ ပစ္စည်းတွေကို ဟန်မပျက်ပြန်ထားပြီး အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။
" မား ... " မီးငယ်လေးတစ်ယောက် ဧကရီကိုအော်ခေါ်ပြီး လည်ပင်းကိုဖတ်ကာ ပေါင်ပေါ်တတ်ထိုင်တာကြောင့် ပြုတ်မကျအောင် ထိန်းကိုင်ပေးထားရသေးသည်။ ချစ်ဖို့ကောင်းအောင်ချွဲနေတဲ့မီးငယ်လေးရဲ့ နှာခေါင်းလုံးလုံးလေးကို မနာအာင်ဆွဲပြီး
" ပြောပါဦး ဘာကိစ္စနဲ့ရောက်လာတာလဲ မီးငယ်လေး "
" အော် မားဆီကိုလာတာဘဲ ကိစ္စရှိမှလာရမှာလားလို့ "
" အဲတာဆိုဘာကိစ္စမှမရှိပေါ့ "
" မဟုတ်ဘူးရှိတယ် ဟီး... "
" မီးငယ်ကတော့ ပြောလေ ဘာဖြစ်လို့လဲမီးငယ်လေး "
" ကုမ္မဏီကို နွယ်ရောက်လာလို့ မတွေ့တာကြာပြီးဆိုတော့ ဆုမြတ်ကိုလဲခေါ်ပြီးတစ်ခုခုသွားစားကြဖို့တဲ့ အဲတာမားဆီခွင့်လာတောင်းတာ "
" ဟုတ်ပါပြီး သွားလေမီးငယ်လေး မားလိုက်ပို့ပေးရမလား "
" ရတယ် မားလိုက်မပို့နဲ့တော့ နွယ်နဲ့ဘဲတူတူသွားတော့မယ် ဒါနဲ့ကုမ္မဏီရှယ်ယာဈေးတွေကော ငြိမ်ပြီးလား မား "
" မငြိမ်သေးဘူးမီးငယ်လေး တစ်နေ့ကို နှစ်ရာခိုင်နှုန်းလောက်ကျနေတုန်းဘဲ မီးငယ်ကော ပရောဂျက်ပြီးပြီးလား ဘယ်တော့ပို့မလဲ "
" ပြီးပြီးမား မနက်ဖြန်ပို့မယ် မပို့ခင် မီးငယ်ပရောဂျက်ကိုအရင်စစ်ပေးဦးလေနော် မားအဆင်မပြေတာရှိရင် တစ်ခါတည်းပြင်လို့ရအောင် "
" အိုကေ မားစစ်ပေးမယ်လေ အခုမီးငယ်အပြင်သွားမလားသွားလေ "
" ဟုတ် မားသွားပြီးနော် မွမွ " ဧကရီပါးကိုနမ်းပြီးထွတ်သွားတဲ့မီးငယ်လေးကို ဧကရီပြုံးပြီးကြည့်နေလိုက်သည်။ အရင်လိုကလေးဆန်နေတုန်းဘဲ။
နွယ်ကားပေါ်မှာ ထိုင်စောင့်နေတုန်း မကြာပါဘူး နှင်းတစ်ယောက် ကားပါကင်ဆီကိုလျှောက်လာနေသည်။
" ကဲ သွားကြတာပေါ့ ဆုမြတ်ကိုသွားခေါ်ရဦးမှာမလားနွယ် "
" အင်း ဟုတ်တယ်နှင်း ဆုမြတ်က ကုမ္မဏီပြန်ရောက်နေပြီးတဲ့ ကုမ္မဏီကိုဘဲသွားခေါ်ရတော့မယ် "
" အိုကေလေ သွားကြတာပေါ့ " နှင်းတို့ကားလေးသည် The Sun Groupရဲ့ ကားပါကင်အောက်ကို ဝင်လာခဲ့သည်။
" နှင်း အပေါ်လိုက်ခဲ့လေ ဆုမြတ်ကိုသွားခေါ်မို့ "
" မလိုက်တော့ဘူးလေ နှင်းကားပေါ်မှာဘဲစောင့်နေတော့မယ် ဒါမှမဟုတ်လဲ ဆုမြတ်ကိုဆင်းလာခိုင်းလိုက်ပါလား နွယ်သွားခေါ်မနေနဲ့တော့လေ "
" ရတယ်နှင်း နွယ်လဲရုံးခန်းမှာ လုပ်စရာလေးတစ်ခုရှိသေးလို့ မကြာပါဘူးခနဘဲ ဆုမြတ်ကိုပါတစ်ခါတည်းခေါ်လာခဲ့မယ်လေ "
" ဟုတ်ပြီးလေ မကြာစေနဲ့နော် နှင်းဒီမှာစောင့်နေမယ် မြန်မြန်ပြန်ဆင်းလာခဲ့ "
" ဟုတ်ပါပြီး မကြာပါဘူးနှင်းရယ် " နှင်းကိုကားထဲမှာထားပြီးတာနဲ့ နွယ့်ရုံးခန်းဆီကိုတတ်လာခဲ့သည်။ တကယ်ဆိုနှင်းပြောသလိုဘဲ ဆုမြတ်ကိုဆင်းလာခိုင်းလို့ရပါသည်။ နှင်းဆီက ယူလာတဲ့ဖိုင်နဲ့USBကို ကိုအောင်မင်းဆီလှမ်းပို့ပေးရဦးမှာမို့လို့ အကြောင်းပြလိုက်ခြင်းသာ။ နွယ်ယူလာတဲ့ဖိုင်နဲ့USBကို Emailကနေတစ်ဆင့် ကိုအောင်မင်းဆီလှမ်းပို့ပေးလိုက်သည်။ မနက်ဖြန် ပရောဂျက်တင်မည်ဆိုတာကိုပါ အသိပေးလိုက်သည်။ ပြီးတာနဲ့ ဆုမြတ်ကိုခေါ်ပြီး အောက်ပြန်ဆင်းလာခဲ့သည်။ အခုချိန်လောက်ဆို ပရောဂျက်သည် ကိုအောင်မင်းဆီကိုရောက်ပြီး Mr joeဆီတင်ပြီးလောက်ပြီးဖြစ်သည်။ နှင်းကမနက်ဖြန်ပို့မှာမို့ နှင်းမပို့ခင်အရင်ပို့မှသာဖြစ်မည်။ Sorryပါ နှင်း အချစ်နဲ့စစ်မှာ မတရားတာမရှိပါဘူး။ အန်တီဧအနားမှာ နှင်းမရှိမှ နွယ်အတွက်အခွင့်အရေးရမှာပါ။ အဲလိုဖြစ်ဖို့ကိုလဲ နွယ်အများကြီးစီစဉ်ထားပြီးသားမို့ နှင်းမထင်မှတ်ထားတာတွေလဲ အများကြီးဆက်တိုက်ဖြစ်လာမှာမို့ အားမွေးထားနော် နှင်း။
====================
" အင်း မဆိုးပါဘူး အတော်ပြည့်စုံတယ် ဒီပရောဂျက်ကို Mr joeကြိုက်မယ်ဆိုတာ မားပြောရဲတယ် " နှင်းဆွဲထားတဲ့ပရောဂျက်ကို မားကြည့်ပေးနေတာဖြစ်သည်။ နှင်းတို့တွေ ညစာစားပြီးတာနဲ့ မားရဲ့အလုပ်ခန်းထဲမှာ နှင်းတို့ ပရောဂျက်အကြောင်းတိုင်ပင်နေတာဖြစ်သည်။
" မားဘက်က ပြင်စရာမရှိတော့ဘူးဆိုရင် မနက်ဖြန် Mr Joeဆီ ပို့လိုက်မယ်နော်မား "
" ရတယ်မီးငယ်လေး ဝတ်ရည်ဆီဘဲ ပို့ပေးလိုက်မယ် မနက်ကျရင် ဝတ်ရည်တင်ပေးထားလိမ့်မယ် မားရဲ့မီးငယ်လေး ပင်ပန်းသွားပြီး "
" မပင်ပန်းပါဘူးမားရယ် မီးငယ်လေးမွေးနေ့ရောက်တော့မယ်နော် မီးငယ်မှာထားတာမမေ့ဘူးမလားမား "
" မမေ့ပါဘူးမီးငယ်လေးရယ် ခရီးထွတ်ဖို့မလား မားလိုက်ပို့ပေးမှာပေါ့ "
" ဟုတ်ကဲ့ပါမား မီးငယ်လေးတို့သွားအိပ်ကြတာပေါ့အချိန်လဲမနည်းတော့ဘူးလေ မနက်အလုပ်ကိစ္စတွေအများကြီးရှိသေးတယ်မလား "
" ဟုတ်ပါပြီးရှင် မားတို့တွေအိပ်ကြတာပေါ့ "
မနက်ရုံးရောက်တော့ ရုံးခန်းထဲတွင် ဝတ်ရည်ရဲ့မျက်နှာပျက်ယွင်းနေပြီး ဧကရီကိုစောင့်နေပုံရသည်။
" ဝတ်ရည် မျက်နှာလဲမကောင်းပါလား ဘာဖြစ်လို့လဲ တစ်ခုခုအဆင်မပြေတာများရှိလို့လား "
" ဟို... ဟိုလေ "
" ပြောစရာရှိတာပြောလေဝတ်ရည် မီးငယ်လေးဆွဲထားတဲ့ပရောဂျက်ရော Mr Joeဆီပို့ပြီးပြီးလား "
" ပို့ပြီးပြီးCEO သူတို့ဘက်ကလဲ အကြောင်းပြန်လာတယ် ပြဿနာကလေ "
" ပြောစရာရှိတာပြော ဝတ်ရည် တွန့်ဆုတ်ဆုတ်နဲ့ ဒါမင်းပုံစံမဟုတ်ဘူးလေ "
" ဟုတ်CEO ပရောဂျက်ကို ပို့ပေးပြီးဘယ်လောက်မှမကြာဘူး Mr Joeရဲ့အတွင်းရေးမှူးက ဆက်သွယ်လာတယ် သူတို့တွေ Asia Groupနဲ့ပူပေါင်းလိုက်တယ်တဲ့ ပြီးတော့ ဝတ်ရည်တို့ဘက်ကပို့တဲ့ပရောဂျက်က Asia Groupကပို့တဲ့ပရောဂျက်နဲ့ တူတူဘဲတဲ့ ဝတ်ရည်တို့ဘက်က copyကူးထားတယ်ဆိုပြီး ပြောသေးတယ် "
" မဖြစ်နိုင်တာ ဧကရီတို့အရင်ပို့တာမဟုတ်ဘူးလား ဘာကိစ္စကော်ပီဖြစ်သွားရတာလဲ "
" သူတို့က မနေ့ကညနေတည်းကပို့ထားတာတဲ့ ဝတ်ရည်တို့က ဒီမနက်မှပို့တာဆိုတော့ ဝတ်ရည်တို့ပရောဂျက်ကို ကော်ပီဆိုပြီးပြောနေတာ "
" ဒီကိစ္စက မရိုးဘူး တစ်ယောက်ယောက်ရဲ့ပရောဂတော့ မကင်းနိုင်ဘူး မီးငယ်ရဲ့အလုပ်စာပွဲရှိတဲ့နေရာက CCTVတွေ ပြန်စစ်ပေး သေချာစုံစမ်းပါ "
" ဟုတ်ကဲ့ပါCEO ပြီးတော့လေ အမှုဆောင်ဒါရိုက်တာဦးနန်းမိုးက တဘက်ခါရှယ်ယာရှင်အစည်းအဝေးခေါ်ထားတယ် CEOကိုဖြုတ်ချဖို့လုပ်နေတယ် "
" ဟက် လွယ်လွယ်နဲ့ဖြုတ်ချလို့ရမယ်ထင်နေလား ဦးနန်းမိုးတို့သားဖနှစ်ယောက်ရှယ်ယာ ဘယ်လောက်လဲ "
" သုံးဆယ်ရာခိုင်နှုန်းပါCEO ရှယ်ယာဈေးတွေထိုးကျနေတဲ့အချိန် အမည်ဝှက်တစ်ခုနဲ့ရှယ်ယာတွေဝယ်စုနေတဲ့သူတစ်ယောက်ရှိပါတယ် သူ့မှာရှယ်ယာဆယ့်ငါးရာခိုင်နှုန်းကိုင်ထားပါတယ်CEO "
" အဲအမည်ဝှက်ရှယ်ယာရှင်ကို ဦးနန်းမိုးတို့တွေ အသည်းအသန်လိုက်ရှာနေမှာပေါ့ ရှယ်ယာလေးဆယ့်ငါးရာခိုင်နှုန်းရှိမှ CEOနေရာ ရနိုင်မှာဆိုတော့ "
" ဟုတ်တယ်CEO ဦးနန်းမိုးတို့ဘက်က အဲလူကိုလိုက်ရှာနေကြပါတယ် "
" ကောင်းပြီး သူတို့ဘက်က ရှာမတွေ့ရင် ဧကရီတို့ဘက်က အရင်တွေ့အောင်ရှာရမယ် မီးငယ်ရဲ့ပရောဂျက်ကိုပေါက်ကြားအောင်လုပ်တဲ့သူနဲ့ အမည်ဝှက်ရှယ်ယာရှင်ကို အမြန်ဆုံးရှာဖို့ ဝတ်ရည်တာဝန်ယူပေးပါ "
" စိတ်ချပါ CEO အဲတာဆို ဝတ်ရည်ကိုခွင့်ပြုပါဦး "
" သွားတော့ "
ဝတ်ရည် CEOရုံးခန်းကနေ ထွတ်လာတာနဲ့ CCTVခန်းထဲသွားပြီး မနေ့ကCCTVမှတ်တမ်းတွေပြန်စစ်ကြည့်သည်။ ပရောဂျက်ကို ပေါက်ကြားစေတဲ့တရားခံရှာတွေ့တဲ့vedioအပိုင်းလေးကို ဖျက်ပြီးတော့CEOဆီကိုယူလာခဲ့သည်။
ဧကရီ ဝတ်ရည်ယူလာတဲ့vedioကိုကြည့်ပြီး အောက်နှုတ်ခမ်းကိုဖိကိုက်ထားမိသည်။ မီးငယ်လေးသာသိရင် အရမ်းကိုဝမ်းနည်းသွားမယ်ဆိုတာ အသေအချာပင်။ မီးငယ်လေးယုံကြည်ရတဲ့သူငယ်ချင်းတစ်ယောက်က နောက်ကွယ်ကနေသစ္စာဖောက်ခံရတာကိုသာ သိရင် မီးငယ်လေးတော်တော်နာကျင်လောက်သည်။
" ဝတ်ရည် ဒီညနေကျရင် ကုမ္မဏီလာခဲ့ဖို့ သဇင်နွယ်ကိုခေါ်လိုက်ပါ "
" ဟုတ်ကဲ့ပါCEO "
" ပြီးတော့လေ ဒီကိစ္စမီးငယ်လေးမသိပါစေနဲ့ သူအရမ်းပင်ပန်းနေလောက်ပြီး သူ့သူငယ်ချင်းကပါသစ္စာဖောက်တာကိုသိသွားခဲ့ရင် ပိုပြီးပင်ပန်းရလိမ့်မယ် မီးငယ်လေးကိုထပ်ပြီး မပင်ပန်းစေချင်တော့ဘူး ဧကရီပြောတာနားလည်တယ်မလား ဝတ်ရည် "
" စိတ်ချပါ CEO ဝတ်ရည်နားလည်ပါတယ် "
" ဟုတ်ပြီး လုပ်စရာရှိတာသွားလုပ်တော့လေ ဧကရီနားချင်ပြီး သဇင်နွယ်ရောက်လာခဲ့ရင် ရုံးခန်းကိုလွှတ်လိုက်ပါ "
" ဟုတ်ကဲ့ပါ CEO ဝတ်ရည်ကို ခွင့်ပြုပါဦး " ဧကရီလဲ ဝတ်ရည်ကို လက်ကာပြပြီးထွတ်သွားစေလိုက်သည်။
=====================
ကြာသွားလို့တောင်းပန်ပါတယ်နော် ဒါဒါလေးတွေ။ သာသာရဲ့ ဒါဒါလေးတွေတော့ သစ်ကုလားအုပ်လေးတွေဖြစ်နေပြီးထင်တယ်။ Reviewလေးတွေလဲ ပေးပါဦးနော်။ စာကလေ ဇာတ်မြောကြီးဖြစ်နေပြီးလားဟင် ပြောပေးကြဦးနော် ပထမဆုံးGL Storyဆိုတော့လေ ပျင်းစရာများဖြစ်နေလား တစ်ခုခုတော့ပြောပေးနော် ဖတ်ရှုသူတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်နော်
YOU ARE READING
မားရဲ႕ မီးငယ္ေလး (Completed )
RomanceGL Story Unicode နဲ႔ေရာ Zawgyi နဲ႔ေရာ နွစ္မ်ိဳးလံုးနဲ႔ ေရးေပးထားလို႔ စာဖတ္သူေတြ အဆင္ေျပၾကပါေစ