အပိုင်း ၁

3.1K 149 0
                                    

မားရဲ့မီးငယ်လေး
- အပိုင်း - ၁
- GL Story
-စာရေးသူ ချယ်

                Royal Group CEO ရုံးခန်းတွင်ဖြစ်သည်။ အရေးကြီးအစည်းအ​ဝေးပြီးလို့ ဆုံလည်ကုလားထိုင်မှာ ထိုင်ရင်းမျက်စိမှိတ်ကာ အနားယူနေတုန်း ဖုန်းဝင်လာခဲ့သည်။ ဖုန်းပေါ်မှာ ပေါ်နေတဲ့ contact nameလေးကြောင့်တစ်ချက်ပြုံးလိုက်မိသည်။ " မမဥမ္မာ " မမနဲ့ မတွေ့ဖြစ်တာတောင်ငါးနှစ်ရှိပြီး။ မမ သမီးလေးမွေးတုန်းက ဆေးရုံးမှာနောက်ဆုံးတွေ့ဖြစ်ခဲ့ခြင်းပင်။ နောက်ပိုင်းဖုန်းနဲ့သာဆက်သွယ်ဖြစ်ကြသည်က များသည်။ အရင်က မမနဲ့ဧကရီတို့က အိမ်နီးချင်းခြံချင်းကပ်ရပ်ဖြစ်သည်။ မမဖေဖေနဲ့ ဧကရီဖေဖေတို့ကလဲ စီးပွားတူလုပ်ဖော်ကိုင်ဖတ်တွေ၊ အစ်မလိုချင်နေတဲ့ဧကရီအတွက် လေးနှစ်ကြီးတဲ့မမဥမ္မာကို ဧကရီရဲ့အစ်မအရင်းတစ်ယောက်လို့ ခင်တွယ်ခဲ့သည်။ မမဖေဖေနဲ့ဧကရီဖေဖေနှစ်ယောက်လုံး ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားပြီးတဲ့နောက် ဧကရီက မေမေ့ကိုစောင့်ရှောက်ပြီး ဖေဖေ့ကုမ္မဏီကိုဦးစီးကာ အဖေတစ်ခု သမီးတစ်ခုနေခဲ့တဲ့ မမကတော့ အိမ်ထောင်ပြုပြီး မမအမျိုးသားနဲ့အတူ လက်ရှိအင်းစိန်ကအိမ်လေးမှာဘဲနေနေသည်။ ဧကရီကတော့ ကုမ္မဏီနဲ့နီးရာ ဗိုလ်တစ်ထောင်ဘက်ကို ပြောင်းခဲ့သည်။ ဖုန်းနဲ့သာအဆက်အသွယ်ရှိပြီး လူချင်းမတွေ့ဖြစ်တာကြာပြီးဖြစ်တဲ့မမ ဒီနေ့မမသမီးလေးငါးနှစ်ပြည့်မွေးနေ့ဆိုတော့ လှမ်းကြွားတာဘဲဖြစ်ရမယ်။
             " ဟယ်လို မမ "
             " သ မီး လေး ကို စိတ် ချ ပါ ရ စေ " အဲတစ်ခွန်းသာ ပြောပြီး မမအသံပျောက်သွားတာကြောင့် ဧကရီပူထူသွားသည်။
            " မမ.... မမ.... ပြန်ထူးပါဦးမမရေ မမတစ်ခုခုဖြစ်နေတာလား ဧကရီအခုလာခဲ့မယ်၊ မမခနလောက်တောင့်ခံထားပေးပါနော်၊ မမဘာမှမဖြစ်ရ
ဘူးနော် " ဧကရီကားသော့ကို ဆွဲယူပြီး မမရှိရာဆီထွတ်လာခဲ့သည်။ ကားကိုလျင်မြန်တဲ့အရှိန်နဲ့ဂရုစိုက်မောင်းရင်း ဖုန်းကိုလဲမချရဲပေ မမဆီက တုံ့ပြန်မှုတစ်ခုခုရလိုရငြား မမကိုသာအော်ခေါ်နေမိသည်။ ဧကရီအရင်ကနေခဲ့ဖူးတဲ့ရပ်ကွက်ဘဲမို့ မမအိမ်ကို ရှာတွေ့ဖို့က ဧကရီအတွက် မခက်ခဲပေ၊ မမအိမ်ရှေ့အရောက် ကားစက်ပင်မသတ်တော့ဘဲ မမအိမ်ထဲပြေးဝင်လိုက်တာနဲ့ ဧကရီကို ဆီးကြိုနေတဲ့မြင်ကွင်က သွေးပျက်စရာ။ သမီးငယ်လေးစောနှင်းပွင့်ဖြူ ငါးနှစ်ပြည့် ဆိုတဲ့ ကိတ်မုန့်လေးက အရာမယွင်း မပျက်မစီး သမီးလေးကိုစိတ်မချတာကြောင့် မျက်စိပင်မမှိတ်နိုင်ဘဲ သေဆုံးသွားတဲ့ မမတို့ဇနီးမောင်နှံရဲ့မျက်လုံးတွေကို ဧကရီကိုယ်တိုင်ညှင်သာစွာပိတ်ပေးခဲ့ပြီး သတိလစ်နေတဲ့ကလေးငယ်လေးကို ပွေ့ချီကာ ဆေးရုံဆီကို ဦးတည်လိုက်သည်။
           =========================
ဒီကလေးငယ်လေး ဆေးရုံမှာ သတိလစ်မေ့​မြောနေတာ တစ်ရက်နဲ့နေ့တစ်ပိုင်းရှိပြီး ခုထိသတိမရလာသေး ဒေါက်တာကတော့ ကလေး​က အသက်အန္တရာယ်မစိုရိမ်ရတော့ပေမယ့် ထိတ်လန့်မှုက ကြီးမားတာကြောင့် ရက်နည်းနည်းလောက်စောင့်ကြည့်ရမယ်ဟုပြောသွားသည်။ ကလေးနားမှာဘဲ နည်းနည်းတောင်မရွေ့ဘဲ ဧကရီစောင့်နေမိသည်။ ဒီကလေးနိုးလာရင် သူ့နားမှာ ဘယ်သူမှမရှိဘူးဆိုတာမျိုးမဖြစ်ချင်ပေ။ မိဘနှစ်ပါးလုံးမရှိတော့ပေမယ့် ဒီကလေးနားမှာ ဧကရီရှိတယ်ဆိုတာသိစေချင်သည်။ ဧကရီစောင့်ရကျိုးနှပ်တယ်ပြောရမည် ထိုကလေးငယ်လူးလွန့်ကာ သတိရလာသည်။ မျက်စိသူငယ် နားသူငယ်နှင့် ကျီးကန်တောင်မှောက်လိုက်ကြည့်နေသည်က သနားစရာ။ ညှိုးငယ်နေတဲ့မျက်နှာ တောက်ပမှုကင်းမဲ့နေတဲ့မျက်လုံးတွေက အားကိုးရှာနေသယောင် ကလေးငယ်နားတိုးကပ်သွားမိတော့ ကြောက်လို့ထင်တယ် နောက်နည်းနည်းဆုတ်သွားတာသတိထားမိတယ်။
             " မကြောက်ပါနဲ့ မီးငယ် ကိုယ်က မီးငယ်မေမေရဲ့ သူငယ်ချင်းပါ "  မေမေဆိုတဲ့ အသံကြောင့် မျက်ရည်လေးတွေ​ဝေ့တတ်လာပြီး ခေါင်းအောက်စိုက်သွားတဲ့ ကလေးကြောင့် စိတ်မကောင်း ကလေးခေါင်းလေးကို ပွတ်ပြီးနှစ်သိပ်လိုက်တော့ ခါးကိုဖတ်ကာ ရင်ခွင်ထဲခေါင်းတိုးပြီး ရှိုက်ကြီးတငင်ငိုလာတဲ့ကလေးကို ဧကရီအလိုက်သင့်လေးပြန်ဖတ်ထားမိသည်။ ငိုလို့ဝသွားတော့မှ မျက်ရည်ဥလေးတွေက ဧကရီလွဲဖယ်ပေးပြီး ကလေးငယ်နှင့် မျက်နှာတည့်တည့်ဖြစ်အောင် ဧကရီခါးနည်းနည်းကိုင်းလိုက်ပြီး ကလေးရဲ့လက်ကို ဆုတ်ကိုင်ကာ
            " မီးငယ်လေး နာမည်က စောနှင်းပွင့်ဖြူမလား " ကလေးငယ်ရဲ့ ခေါင်းညိမ့်အဖြေပေးပြီးတဲ့နောက် ဧကရီဆက်ပြောလိုက်သည်။
           " ကိုယ့်နာမည်က ဧကရီစံပါ မီးငယ်မေမေရဲ့သူငယ်ချင်းပါ " ကလေးငယ်ခေါင်းညိမ့်ပြီး ဧကရီကို စကားပြောဖို့ ပါစပ်ဟလိုက်ပေမယ့် အသံကထွတ်မလား ပြောဖို့ကြိုးစားလိုက်တိုင်းအသံထွတ်မလာတာကြောင့် ဧကရီစိတ်ပူပြီး ဒေါက်တာကို​ပြေးခေါ်ရသည်။ ဒေါက်တာက လာရောက်စမ်းသပ်ပေးတာကို မျက်နှာငယ်လေးနဲ့ငြိမ်သတ်စွာခံယူနေတဲ့ ထိုကလေးငယ်လေးကို ကြည့်ပြီး ဧကရီရင်တွေ ဆွဲဆုတ်ထားသလိုနာကျင်ရသည်။ ဒေါက်တာစမ်းသပ်ပြီးထွတ်သွားတော့ ကလေးငယ်ရဲ့ခေါင်းလေးကို ပွတ်ပေးပြီး ဒေါက်တာနောက်လိုက်လာခဲ့သည်။ ဒေါက်တာရုံးခန်းတံခါးခေါက်ပြီး ၀င်လိုက်ကာ
              " ဒေါက်တာ ကလေးအခြေအနေ ဘယ်လိုရှိပါသလဲ "
             " ကလေးက မိဘတွေ မျက်စိရှေ့မှာတင် ဆုံးရှုံးလိုက်ရတာကြောင့် ​တအားအကြောက်လွန်သွားတယ်ထင်တယ် စိတ်ပိုင်းဆိုင်တာ ထိခိုက်မှုကြီးမားတာကြောင့် အဲကလေးရဲ့အသံကို ဆုံးရှုံးလိုက်ရပြီးသမီး "
            " တစ်သက်လုံးဘဲလားဒေါက်တာ ကလေးဘယ်တော့မှ စကားပြန်မပြောနိုင်တော့ဘူးလား "
            " အခုဟာက စိတ်ကြောင့်ဖြစ်တဲ့ရောဂါဆိုတော့ ဆရာ့မှာ ကုသဖို့နည်းလမ်မရှိဘူးသမီး ဆရာ့အသိစိတ်ရောဂါကုဒေါက်တာတစ်ယောက်တော့ ဆရာညွှန်ပေးလို့ရတယ် အရမ်းတော်တဲ့ဆရာဝန်ပါ သူ့ကြောင့် ကောင်းသွားတဲ့သူတွေအများကြီးပါ "
            " ကျေးဇူးတင်ပါတယ်ဒေါက်တာ ဧကရီကို ခွင့်ပြုပါဦးနော် " ဒေါက်တာကို ရိုရိုသေသေနှုတ်ဆတ်ပြီးတာနဲ့ ကလေးရဲ့အခန်းဆီကို လေးလံတဲ့ ​ခြေလှမ်းတွေနဲ့ ပြန်လာခဲ့သည်။

မားရဲ့ မီးငယ်လေး (Completed )Tempat cerita menjadi hidup. Temukan sekarang