မားရဲ့ မီးငယ်လေး
- အပိုင်း - ၉
- GL Story
- စာရေးသူ ချယ်" ကိုကိုက အန်တီဧကို ဘယ်လိုသိတာလဲ "
" ကိုကို ခရီးကပြန်ရောက်တုန်းက လုပ်ငန်းရှင်တွေ့ဆုံပွဲမှာ သိတာပါ ဒါပေမယ့် မဧကရီက နှင်းရဲ့မွေးစားအမေဆိုတာကိုတော့ စောစောကမှသိတာ "
" အဲတာဆို ကိုကိုနဲ့နှင်းတွေ့နေတာကို အန်တီဧကမြင်သွားတာပေါ့ ဒေါသလဲထွတ်နေတယ်ဆို ဟုတ်လားကိုကို "
" ဟုတ်တယ်ညီမလေး "
" ဒါနဲ့ ကိုကိုနဲ့ အန်တီဧက ရင်နှီးတယ်ဆိုရင် အန်တီဧကို နှင်းကိုသဘောကျနေတဲ့အကြောင်း နှင်းနဲ့သဘောတူပေးဖို့ သွားဖွင့်ပြောပါလား အဆင်ပြေရင် ကိုကိုလဲ နှင်းကိုပိုင်ဆိုင်ခွင့်ရတာပေါ့ နှင်းက အန်တီဧစကားဆိုမရှောင်လွဲနိုင်ဘူးလေ " တမင်တကာပင် နွယ် ကိုကို့ကိုမြှောက်ပေးချင်သာဖြစ်သည်။ နှင်းကိုသာ အန်တီဧဘေးကနေ မောင်းထုတ်နိုင်မှ နွယ့်အတွက် နေရာရမှာမဟုတ်လား။
" ဟုတ်ပါပြီး ကိုကို မဧကရီနဲ့ နည်းနည်းပါးပါး ဆွေးနွေးကြည့်ပါမယ် ကိုကိုညီမလေးက ယောင်းမအချောအလှလေးကို အိမ်ခေါ်ထားဖို့ မစောင့်နိုင်တော့ဘူး ထင်တယ် "
" ကိုကို့ကို ညီမလေးမေးစရာရှိလို့ "
" တကယ်လို့ ညီမလေးချစ်သူက ယောကျာ်းလေးတစ်ယောက်မဟုတ်ဘဲ မိန်းကလေးတစ်ယောက်ဖြစ်မယ်ဆိုရင် ကိုကိုလက်ခံပေးနိုင်လားဟင် "
" ဟင် ဒီလိုမေးတာ ကိုကို့ညီမလေးက ချစ်သူရနေပြီးလား "
" မဟုတ်ပါဘူးကိုကိုကလည်း ညီမလေးက သိချင်လို့မေးကြည့်တာပါ ကိုကိုစိတ်ကဘယ်လိုလဲလို့ "
" ကိုကိုကတော့ ကိုကို့ညီမလေးကို စိတ်ချမ်းသာအောင် ထားပေးနိုင်မယ့်သူ စိတ်ရင်းအမှန်နဲ့ ချစ်ပေးနိုင်တဲ့သူသာဆိုရင် မိန်းကလေးဘဲဖြစ်ဖြစ် ယောကျာ်းလေးဘဲဖြစ်ဖြစ် ကိုကိုသဘောတူပေးဖို့ အသင့်ပါဗျာ "
" တကယ်နော် ကိုကို "
" တကယ်ပေါ့ ညီမလေးရဲ့ ကိုကို့ညီမလေးကတော့ မရိုးတော့ဘူးထင်တယ် ဒါနဲ့ရော့ ဒါညီမလေးအတွက် ခရီကနေဝယ်လာတာ လက်ဆောင် " ကိုကိုပေးတဲ့ဘူးလေးကို ဖွင့်ကြည့်လိုက်တော့ ဆွဲကြိုးလေးတစ်ကုံး အနီရောင်ကျောက်ဥသေးသေးလေးပေါ်မှာမှ လိပ်ပြာပုံလေးကိုရွှေကွပ်ထားသည်မှာ ဆန်းဆန်းလေးနဲ့ ချစ်စရာလေးပင်။
" ချစ်စရာလေးကိုကိုရယ် ညီမလေးအရမ်းကြိုက်တယ် "
" ညီမလေးကြိုက်ရင် ရပြီးဗျာ ပေး... ကိုကိုဝတ်ပေးမယ် "
" ကိုကို အန်တီဧကို စေ့စပ်ကြောင်းလမ်းစကားပြောကြည့်ဦးနော် အန်တီဧသာသဘောတူရင် ပြီးပြီး "
" ဟုတ်ပါပြီးဗျာ ကိုကိုအဆင်ပြေတဲ့နေ့ ရွေးပြီးတော့ သွားဆွေးနွေးပါ့မယ် ညီမလေးလည်းအပေါ်တတ်တော့လေ ကိုကိုနားတော့မယ် "
" ဟုတ်ကဲ့ပါကိုကို ညီမလေးသွားပြီးနော် "
လူနှစ်ယောက် အခန်းတစ်ခန်းထဲမှာ တူတူထိုင်ပြီး ညစာစားနေကြပေမယ့်လည်း အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်လွန်းသည်။ နှင်း မားကို ထမင်းစားနေရင် အကဲခတ်ကြည့်နေပေမယ့်လည်း မားက နှင်းကို စိတ်ဆိုးနေတုန်းထင်သည်။ နှင်းကို စကားမပြောပေ။ နှင်းကို အမြဲဂရုစိုက်ပြီး အလိုလိုက်တတ်တဲ့မားက နှင်းကိုအခုလို စကားမပြောဘဲနေတော့ နှင်းမနေတတ်။ မားကို ဧကရီဘက်က စကားစပြောဖို့လုပ်တော့ မားကစားပြီးသွားလို့ ပန်ကန်ဆေးကာ အပေါ်တတ်ဖို့ ပြင်နေတာကြောင့် နှင်းလဲ ဒီတိုင်းဘဲနေလိုက်သည်။ နှင်းဆက်ပြီးတော့လဲ မစားချင်တော့တာကြောင့် သိမ်းဆည်းပြီးတော့ ခြံဝန်းထဲကစံပယ်ရုံကြီးနားက ခုံလေးမှာဘဲထိုင်နေလိုက်သည်။ နှင်းကြိုက်တဲ့ပန်းဖြစ်တာကြောင့် မားကိုယ်တိုင်စိုက်ပေးထားတာဖြစ်သည်။ ဒီစံပယ်ရုံကြီးကို နှင်းအရမ်းသဘောကျသည်။ နှင်းမှာ စိတ်ညစ်စရာတွေရှိနေရင်တော့ ဒီစံပယ်ပင်ကြီးပေါ်က စံပယ်ပင်ဖွေးဖွေးလေးတွေဆီကနေရတဲ့ရနံ့လေးက နှင်းရဲ့စိတ်ကို အတော်အတန်သက်သာရာရစေသည်။ ဧကရီအိပ်ခန်းပြတင်းပေါက်ကနေ လှမ်းကြည့်နေတာ ဒီကလေး စံပယ်ရုံနားမှာ ထိုင်နေတာ တော်တော်ကြာနေပြီး။ အပြင်မှာလဲ လေစိမ်းတွေတိုက်နေတာ ဒီတိုင်းသာဆက်နေနေရင် မီးငယ်အအေးပတ်ပြီး ဖျားတော့မယ်။ ဧကရီလဲ မနေနိုင်တော့တာကြောင့် အပ်ါဝတ်အိကျီ င်္ယူပြီး အောက်ဆင်းလားခဲ့သည်။ နှင်းနှာခေါင်းထဲ အရမ်းရင်းနှီတဲ့ကိုယ်သံနံ့လေးတစ်ခု နှာခေါင်းထဲတိုးဝင်လာခဲ့သည်။ ထို့အတူ နွေးထွေးတဲ့အထိအတွေ့တစ်ခုနဲ့ ထပ်တူ အပေါ်ဝတ်အိကျီ င်္လေး နှင်းရဲ့ကိုယ်ပေါ်ထပ်တင်ပေးခြင်းခံရသည်။ သေချာပါသည် နှင်းကို ဒီလိုဂရုစိုက်ပေးနိုင်တာ မားတစ်ယောက်အပြင် ထပ်မရှိတော့ပါ။ နှင်း လှည့်ကြည့်တော့ မားကနှင်းကို ကျောခိုင်းပြီး အိမ်ထဲပြန်ဝင်သွားသည်။ မီးငယ်ကို စိတ်ဆိုးနေပေမယ့်လည်း နှင်းအပေါ်မှာ ဂရုစိုက်မှုတွေ နွေးထွေးမှုတွေ မပျောက်သေးတာနဲ့ဘဲ နှင်းကျေနပ်ပါတယ်။ မား စိတ်ဆိုးပြေသွားတဲ့အချိန် နှင်းသေချာရှင်းပြလိုက်ရင် မားနားလည်သွားမှာပါ။ ဆက်ထိုင်နေရင် မားစိတ်ပူနေမည်ဆိုးတာကြောင့် နှင်းအခန်းထဲဘဲ ပြန်ဝင်လာခဲ့သည်။
======================
" နှင်း အန်တီဧဆူတာ ခံရသေးလား ကိုကိုက နွယ့်ကို ပြန်ပြောပြတယ် မနေ့က ကိုကိုနဲ့နှစ်ယောက်တုန်းရှိနေတုန်း နှင်းရဲ့မားက လာခေါ်သွားတယ်တဲ့ ပုံစံကိုကြည့်ရတာလဲ ဒေါသထွတ်နေတဲ့ပုံဘဲဆို နှင်းအဆင်ပြေရဲ့လား " တကယ်ဆို နှင်းနဲ့အန်တီဧ တော်တော်လေး ပြဿနာတတ်ထားမှန်း နှင်းရဲ့မျက်နှာကို ကြည့်တာနဲ့ နွယ်သိပါသည်။ ပိုပြီးတိကျစေချင်လို့သာ တမင်မေးတာဖြစ်သည်။
" ရပါတယ်နွယ်ရယ် ဘာမှမဖြစ်ပါဘူး မားကနည်းနည်းလေးအထင်လွဲသွားတာပါ မားစိတ်အေးသွားတဲ့အချိန် နှင်းရှင်းပြလိုက်ရင် အဆင်ပြေသွားမှာပါ "
" နွယ်မနေ့က အရေးကြီးကိစ္စရှိတာကြောင့် ရောက်မလာဖြစ်တာပါ အန်တီဧ အရမ်းစိတ်ဆိုးနေတယ်ဆိုရင် နွယ်လိုက်ရှင်းပြပေးပါမယ် "
" ပြီးတာက ပြီးသွားပါပြီးနွယ်ရယ် နှင်းဘယ်သူကိုမှ အပြစ်မဆိုချင်တော့ပါဘူး မားကိုတော့ နှင်းဘဲရှင်းပြလိုက်ပါမယ် နွယ်ခေါင်းထဲမထည့်ပါနဲ့ "
" ဟုတ်ပါပြီး နှင်းအဆင်ပြေရင်ပြီးရောလေ နှင်းအကူအညီလိုရင်တော့ပြောနော် "
" အော် ရော့နွယ် ဒါလေးကို နွယ့်ကိုကို့ကို ပြန်ပေးပေးပါနော် တန်ဖိုးကြီးတဲ့အရာမို့ နှင်းလက်မခံချင်လို့ပါလို့ နှင်းကို နားလည်ပေးပါနော် " မနေ့က ကိုဟိန်း နှင်းကိုပေးတဲ့ လည်ဆွဲလေးကို နွယ်ကို နှင်းပြန်ပေးလိုက်သည်။ နှင်းပေးတဲ့ဘူးလေးကို နွယ်ဖွင့်ကြည့်လိုက်တော့ အပြာရောင်ကျောက်လေးနဲ့ ဆွဲကြိုးလေး၊ နွယ်ကို ကိုကိုပေးထားတာလေးနဲ့ ဆင်တူလေးပင် နွယ်ကတော့ အနီရောင်ကျောက်ကလေးဖြစ်သည်။ ကိုကိုရဲ့အချစ်ကိုခံရတဲ့ သူတစ်ယောက်အနေနဲ့ နှင်းအရမ်းကံကောင်းပါတယ်။ ဒါပေမယ့် နှင်းဘာကြောင့် ကိုကို့ကို လက်မခံနိုင်ရတာလဲ။ မားက နှင်းကို ညကရော ဒီတစ်မနက်လုံးရော စကားလုံးဝ မပြောပါ။
" ဒေါက်... ဒေါက်... "
" ဝင်ခဲ့ပါ " ဧကရီရုံခန်းတံခါးကို လာခေါက်တာကြောင့် ဧကရီ ဝင်ခွင့်ပြုလိုက်တော့ ဧကရီရဲ့အတွင်းရေးမှုမလေးဝင်လာခဲ့သည်။
" CEO ဧည့်သည်တစ်ယောက်ရောက်နေပါတယ် အရင်တစ်ပတ်က လုပ်ငန်းရှင်တွေ့ဆုံပွဲမှာတွေ့ခဲ့ The Sun Group CEO ကိုဟိန်းမင်းလတ်လို့ ပြောပါတယ် "
" ဩော် ကောင်းပြီးလေ ဝင်ခွင့်ပြုလိုက်ပါ "
" ဟုတ်ကဲ့ပါ CEO " ဧကရီရဲ့ အတွင်းရေးမှုမလေး ထွတ်သွားပြီး မကြာပါ ဟိန်း ဝင်လာသည်။
" Hello ဟိန်း ထိုင်လေ ဘယ်လိုမျက်စိလည် လမ်းမှားပြီးရောက်လာတာလဲ တွေ့ဆုံပွဲပြီးတော့ ဧကရီတို့မတွေ့ဖြစ်တော့တာဘဲနော် ဘာလဲ ထမင်းတစ်နပ်ကို ကုမ္မဏီထိလာကျွေးခိုင်းတာလား "
" တကယ်တော့ မနေ့ကညနေကတောင် ကျွန်တော့တို့ တွေ့ဖြစ်ပါသေးတယ် မဧကရီသတိမထားမိတာပါ "
" ဟင် ဟုတ်လား ဘယ်မှာတွေ့တာတုန်း ဧကရီလဲမသိလိုက်ပါလား "
" ကျွန်တော်က နွယ့်ရဲ့ ကိုကိုပါ မဧကရီက ကလေးရဲ့ မွေးစားအမေဆိုတာ မနေ့ကမှ ညီမလေးပြောလို့သိတာပါ မနေ့က ကလေးနဲ့အတူရှိနေတာ ကျွန်တော်ပါ မဧကရီ "
" ဩော်... " ဧကရီဘာပြန်ပြောရမှန်းတောင် မသိပါ။ မီးငယ်လေး ချစ်ရသူဆိုတာ ဟိန်းကိုပြောတာပေါ့။ မနေ့က ဧကရီဒေါသထွတ်နေလို့သာ တစ်ဖက်လူက ဘယ်သူလဲ မကြည့်မိတာ မသိချင်တာလဲ ပါလို့ မသိချင်ယောင်ဆောင်နေကာမှ ရုံးခန်းထဲထိဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပေါ့။ တော်ပါသေးတယ် ကျွန်တော်က မီးငယ်လေးချစ်သူပါလို့ တိုက်ရိုက်မပြောတာဘဲ ကျေးဇူးတင်ရမလိုပင်။
" ကျွန်တော် မဧကရီကို ပြောစရာလေးရှိလို့ ရှေ့မျက်နှာ နောက်ထားပြီး လာတွေ့တာပါ ကျွန်တော်ပြောတာလေး နားထောင်ပေးလို့ရမလား " ဧကရီရှောင်လွှဲချင်သော်လည်း ဧကရီရှေ့တည့်တည့်ကို ရောက်လာခဲ့ပြီးဆိုတော့ ရှောင်လွှဲလို့မရတော့။ ရှေ့ဆက်ပြောမယ့်စကားတွေကို နားထောင်နိုင်စွမ်းမရှိပေမယ့်လဲ ဧကရီအားတင်းကာနားထောင်ရမည်။ မီးငယ်လေးပျော်ရွှင်ရမယ်ဆိုရင်ပေါ့
" ပြောပါ ဟိန်း "
" ကျွန်တော် ကလေးကို ချစ်ပါတယ် ကလေးနဲ့ကျွန်တော်တို့ ချစ်ခြင်းကို သဘောတူပေးဖို့ မဧကရီဆီမှာ လာခွင့်တောင်းတာပါ "
" ဒါကတော့ ဧကရီဘယ်လိုပြောရမလဲ ဟိန်း မီးငယ်လေးသဘောထားကလဲ ရှိသေးတယ်လေ ဧကရီတို့ကိုယ်တိုင် မဆုံးဖြတ်သင့်ဘူးထင်ပါတယ် ပြီးတော့ မီးငယ်က ခုမှဆယ်တန်းဘဲရှိသေးတယ်လေ ဒီကိစ္စကြောင့် မီးငယ်ပညာရေးကို အနှောက်မယှက်မဖြစ်စေချင်လို့ပါ " ဧကရီ မီးငယ်လေးကို လက်မလွှတ်ချင်တာကြောင့် ငြင်းနည်းပေါင်းစုံနဲ့ ငြင်းချက်ထုတ်ဖို့သာ ကြိုးစားနေမိသည်။ ဧကရီ တစ်နေ့ လက်လွှတ်ပေးရမယ်ဆိုတာ သိပေမယ့်လည်း မီးငယ်ကို အဆုံးရှုံးမခံနိုင်ပါ။ ဧကရီလုပ်ရပ်တွေကို မီးငယ်သိရင်လဲ သူ့ချစ်တဲ့သူနဲ့ ခွဲဖို့ကြိုးစားတယ်ဆိုပြီး ဧကရီကို မုန်းနေမှာ သေချာသည်။
" ကျွန်တော်ကလဲ ကလေးကျောင်းပြီးမှပါ ကျွန်တော်ခုပြောတယ်ဆိုတာ စေ့စပ်ကြောင်းလမ်းထားတဲ့သဘောပါ ကလေးသာကျွန်တော်နဲ့အတူရှိနေရင် အမြဲစိတ်ချမ်းသာစေရမယ်ဆိုတာ ကျွန်တော့ အာမခံပါတယ် ကလေးရဲ့သဘောကလဲ မဧကရီနဲ့တူတူဘဲဖြစ်မှာပါ " ဟိန်းက မီးငယ်ရဲ့စိတ်ကိုတောင် အပိုင်တွက်ပြီးပြောရဲလောက်အောင် မီးငယ်အကြောင်းကို သိထားတာလား။
" ဟုတ်ပါပြီး ဒီကိစ္စကို ဧကရီတို့ မီးငယ်လေးကျောင်းပြီးမှ ဆက်ပြောရအောင်လေ ဒါနဲ့ ဧကရီအခု အရေးကြီးအစည်းအဝေးလေးရှိလို့ပါ "
" ဟုတ်ကဲ့ပါ မဧကရီ ကျွန်တော့်ကို ခွင့်ပြုပါဦးနော် ကျွန်တော်တို့နှစ်ယောက်ကို မဧကရီ ခွင့်ပြုပေးဖို့ တောင်းဆိုပါရစေ "
" ဧကရီစဉ်းစားပါဦးမယ်နော် မီးငယ်လေးသာ ပျော်မယ်ဆိုရင်တော့ ဧကရီမငြင်းပါဘူး "
" ကျေးဇူးပါ မဧကရီ " ဟိန်းထွတ်သွားမှပင် ဧကရီအသက်ဝအောင်ရှုခွင့်ရတော့သည်။ အသက်ဝဝရှုရပေမယ့်လည်း ဧကရီရင်ထဲမှာတော့ တင်းကြပ်ကြပ်နဲ့ပင်။ အတော်လေးကို မွန်းကြပ်နေသည်။ ဧကရီ မီးငယ်လေးကို ဆုံးရှုံးရတော့မှာလား။ ဧကရီမီးငယ်ကို အဆုံးရှုံးမခံနိုင်ပါ။ မီးငယ်ပျော်ဖို့အတွက် ဧကရီလက်လွှတ်ပေးရမှာလား။ ဒါမှမဟုတ် ဧကရီမိုက်ရူးရဲစွာ ဆွဲထားရမှာလား။
======================
နှင်းပြန်ရောက်တည်းက မားကိုကြည့်နေတာ မားမှာ စိတ်ညစ်စရာတစ်ခုခုရှိနေတယ်ထင်တယ်။ မျက်နှာမကောင်းပေ အိမ်ထဲဝင်လာတည်းက ဧည့်ခန်းထဲမှာ ငိုင်ငိုင်ကြီးထိုင်နေတာကြာလှပြီး။ နှင်း မားရဲ့နားကို မရဲတရဲတိုးကပ်ကာ
" မား... " ဧကရီအလုပ်ကပြန်ရောက်တည်းက ဘာလုပ်လို့လုပ်ရမှန်းမသိ။ ဒီအိမ်ကြီးမှာ မီးငယ်လေးရဲ့အမှတ်တရတွေ အများကြီးဘဲရှိသည်။ မီးငယ်လေးသာ ဧကရီအနားမှာမရှိတော့ရင် ဧကရီဘယ်လို အသက်ရှင်ရမလဲ ဧကရီမသိပါ။ မီးငယ်လေး ဧကရီနားကို ကပ်လာပြီး ခေါ်တော့မှပင်
" ဟင်... မီးငယ် "
" မား ဘာဖြစ်နေတာလဲ မျက်နှာလဲမကောင်းဘူး နေရောကောင်းရဲ့လား " ဧကရီနဖူးလေးကို စမ်းပြီးစိတ်ပူနေတဲ့ ကလေးငယ်ကို ကြည့်ပြီး ဧကရီဝမ်းနည်းလာသည်။ ဒီကလေးကို ဧကရီဘယ်လို အဆုံးရှုံးခံနိုင်မှာလဲ။ မီးငယ်လေးကို ဧကရီရင်ခွင်ထဲ ထည့်ပြီး ဖတ်ထားလိုက်ကာ ဧကရီမျက်ရည်တွေ စီးကျလာသည်။
" မား ငိုနေတာလား မီးငယ်ကိုပြောလေ မားနားမှာ မီးငယ်ရှိနေတာဘဲ မား ဘာဖြစ်လို့လဲဟင် "ဧကရီမျက်ရည်တွေ မီးငယ်မမြင်အောင် သုတ်လိုက်ကာ
" မားက ဘာဖြစ်လို့ ငိုရမှာလဲ မီးငယ်အပေါ်တတ်နားတော့ မားအလုပ်ခန်းထဲမှာ အလုပ်လုပ်စရာရှိသေးတယ် "
" ဟုတ်ကဲ့ပါမား မားဘာမှမဖြစ်တာ သေချာတယ်နော် "
" အင်း သေချာတယ် တတ်တော့ " နှင်း မားကို စိတ်မချစွာနဲ့ လှည့်ကြည့် လှည့်ကြည့်နှင့်သာ အပေါ်တတ်သွားရသည်။ နှင်း မားအတွက်နဲ့ စိတ်မောရသည်။ မားက တစ်ခုခုဆို ကြိတ်ဖြေရှင်းပြီး ကြိတ်ခံစားတတ်သည့် အကျင့်ရှိသည်။ မားကြောင့်နဲ့ မားချစ်တဲ့သူတွေ စိတ်မညစ်စေချင်ဘူးဆိုကာ တစ်ယောက်တည်းစိတ်ညစ်ခံနေတတ်သူ ဖြစ်သည်။ မားရယ် ဘာဖြစ်နေတာလဲ နှင်းစိတ်ပူလိုက်တာ။ နှင်းအခန်းထဲမှာ ခနလှဲပြီးတာနဲ့ ရေချိုးပြီး အောက်ဆင်းလာတော့ ညစာစားချိန်ပင်ရောက်နေပြီး။ မားက ညနေတည်းက အလုပ်ခန်းထဲဝင်သွားတာ ခုထိထွတ်မလာသေးဘူးထင်ပါတယ်။ မားအတွက် ညစာကို စာပွဲပေါ်မှာ အဆင်သင့်ပြင်ပေးထားပြီး မားကိုသွားခေါ်လိုက်သည်။
" ဒေါက်... ဒေါက် မား မီးငယ်ပါ မားအတွက်ညစာပြင်ပေးထားတယ် ဆာရင် ထွတ်ပြီးစားလိုက်နော် မီးငယ်ကစားပြီးပြီးမို့ အပေါ်တတ်နားတော့မယ်နော် မား စားဖြစ်အောင်စားလိုက်နော် အစာစားချိန်နောက်ကျရင် အစာအိမ်ထိမှာဆိုးလို့ " ဧကရီ အလုပ်ခန်းအမှောင်ကြီးထဲမှာ အလုပ်လုပ်ဖို့လို့သာ ပြောတာ တကယ်တမ်းတော့ ဘာမှမလုပ်ဘဲ ဒီတိုင်းငူငူကြီးသာ ထိုင်နေမိသည်။ အရက်သောက်ပြီး ဖြေဖျောက်ချင်သော်လည်း မီးငယ်မကြိုက်တာကြောင့် ဧကရီမလုပ်ဖြစ်ပါ။ ဧကရီထိုင်တွေးနေရင် မီးငယ်ရဲ့အသံကြားတာကြောင့် နားစွင့်နေလိုက်သည်။ တစ်ဆက်တည်းမှာဘဲ ဧကရီကို မှာစရာရှိတာ မှာပြီး ပြန်လှည့်ထွတ်သွားတဲ့ ခြေသံကိုပါကြားလိုက်ရသည်။ မီးငယ်ပြန်ထွတ်သွားသည့်တိုင်အောင် တော်တော်ကြာတဲ့ထိမထဘဲ မလှုပ်မယှက်ထိုင်နေသည်မှာ ညတစ်နာရီပင်ထိုးတော့မည်။ ဒီချိန်ဆို မီးငယ်လေးလဲ အိပ်နေလောက်ပြီးထင်ပါတယ်။ ဧကရီ ထမင်းစားခန်းထဲကို ထွတ်လာတော့ မီးငယ်ပြင်ပေးထားတဲ့ ထမင်းလေးတွေက အေးစက်လို့တောင် နေပြီး။ ထို့အတူ ဧကရီဘဝလဲ ဒီထမင်းလိုဘဲ အေးစက်တော့မှာပါလား။ ဧကရီထမင်းမစားချင်တော့တာကြောင့် အကုန်သိမ်းဆည်းလိုက်သည်။ မီးငယ်ပြင်ပေးထားတာကို ဧကရီလုံးဝမစားမှန်း မီးငယ်လေးသိရင် စိတ်မကောင်းဖြစ်နေမှာဆိုးတာကြောင့်ဖြစ်သည်။ ဧကရီ မီးငယ်လေးမျက်နှာတွေ့ချင်လာတာကြောင့် မီးငယ်အခန်းတံခါးလေးကိုဖွင့်လိုက်တော့ ညလင်းမီးရောင်အောက်လေးမှာ ကွေးကွေးလေး အိပ်နေတဲ့ကလေးငယ်လေး။ မီးငယ်လေးနိုးသွားမှာဆိုးတာကြောင့် ကုတင်နားကို တိုးတိုးတိတ်တိတ်ပင်ကပ်သွားပြီး ကုတင်ဘေးလေးမှာ ဒူထောက်ပြီးထိုင်ချလိုက်သည်။ မီးငယ်ရဲ့နဖူးစပ်က ဆံပင်လေးတွေ ဧကရီလက်ချောင်းလေးတွေနဲ့ ဖယ်ရှားကာ
" မီးငယ်လေး မားဘယ်လိုလုပ်ရမလဲ ကြာရင် မားရူးတော့မယ် ကလေးရယ် ဒီနေ့နွယ့်ရဲ့ကိုကိုက မားဆီကိုရောက်လာတယ် မီးငယ်လေးနဲ့သဘောတူပေးပါတဲ့လေ မားဘယ်လိုအင်အားနဲ့ မီးငယ်ကို ဘယ်လိုထည့်ပေးရမလဲကွယ် မီးငယ်ကို မားအဆုံးရှုံးမခံနိုင်ဘူးမီးငယ်ရယ် ဟိန်းက မီးငယ်ကိုအရမ်းချစ်တာပါတဲ့ စိတ်ချမ်းသာအောင်လဲ ထားပါမယ်တဲ့လေ မားလဲမီးငယ်ကို အရမ်းချစ်တာ ဟိန်းစိတ်ချမ်းသာအောင် ထားနိုင်သလို မားလဲ ထားနိုင်တာပေါ့ ဒါပေမယ့်လည်း မီးငယ်ကတော့ မားထက် မီးငယ်ချစ်သူဟိန်းနဲ့ နေချင်မှာပေါ့နော် စိတ်ချပါမီးငယ်ရယ် မီးငယ်လေးသာပျော်ရွှင်ရမယ်ဆိုရင် မားကိုယ်တိုင် မီးငယ်လေးကို ဟိန်းလက်ထဲထည့်ပေးမှာပါ မီးငယ်လေးသာ ပျော်ရင် မားကျေနပ်ပါတယ်ကလေးရယ် " တကယ်တော့ နှင်း အိပ်လို့မပျော်ပါ။ မားဘာတွေစိတ်ညစ်နေတာလဲဆိုတာကို တွေးတာနဲ့တင် နှင်းပူလောင်နေတာကြောင့်ပင်။ အဲတာကြောင့် မားဝင်လာတာလဲ နှင်းသိပါသည်။ မားပြောနေတာတွေလဲ အကုန်နှင်းကြားပါသည်။ နှင်းပျော်လဲပျော်တယ် ဝမ်းလဲဝမ်းနည်းသည်။ မီးငယ်အရမ်းချစ်ရတဲ့ မားက မီးငယ်ကိုလဲ ချစ်နေတာပါတဲ့လေ။ ဒါပေမယ့်လဲ မားက မီးငယ်ကို ကိုဟိန်းနဲ့အထင်လွဲကာ ကိုဟိန်းလက်ထဲတောင် ထည့်ပေးမလို့တဲ့လား။ နှင်းရဲ့ နှုတ်ခမ်းပေါ်ကို နူးညံ့တဲ့နှုတ်ခမ်းတစ်စုံ ထိကပ်လာတာကြောင့် နှင်းခြေဖျားလက်ဖျားတွေပင် အေးစက်လာခဲ့သည်။ ဒီနှုတ်ခမ်းတွေကို နှင်းအရမ်းလိုလားတောင့်တနေတဲ့ နှုတ်ခမ်းတွေဖြစ်တာကြောင့် ဟန်မဆောင်နိုင်တော့ဘဲ မားရဲ့နှုတ်ခမ်းတွေကို ပြန်ဆွဲကာနမ်းရှိုက်လိုက်သည်။ မားနဲ့မီးငယ် နှုတ်ခမ်းချင်ခွာမှပင် မားဘက်က မဝံ့မရဲနဲ့
" မီး... မီးငယ်လေး "
" မား... မားကအရူးလား ချစ်တယ်ဆိုရင်လဲ ချစ်တယ်ဖွင့်ပြောပါလား မီးငယ်ချစ်နေတဲ့သူက မားဆိုတာမသိဘူးလား မီးငယ်ချစ်တဲ့သူက ကိုဟိန်းမဟုတ်ဘူး မားပါ " ဧကရီရင်ဘက်ကို တဖုန်းဖုန်းထုကာ ငိုပြီးပြောနေတဲ့မီးငယ်လေးကို ဧကရီရင်ဘက်ထဲ ဆွဲထည့်ကာ
" မီးငယ်ရယ် မားတောင်းပန်ပါတယ်နော် မားသတ္တိမရှိလို့ မီးငယ်ကို အကြာကြီးစောင့်ရအောင် လုပ်ခဲ့မိတာပါ ပွင့်ပွက့်လင်းလင်းမမေးရဲလို့ ထင်ချင်ရာထင်မိတာပါ မငိုနဲ့တော့နော် မီးငယ်မျက်ရည်တွေက မားကိုပူလောင်လွန်းလို့ပါ "
" ဟီး... ဟီး... မားမကောင်းဘူး မီးငယ်ကမားကို ချစ်နေတာကို မီးငယ်ကို သူများလက်ထဲထည့်ဖို့ စဉ်းစားတယ် မား မီးငယ်ကို စွန့်ပစ်ဖို့လုပ်တယ် ဟီး... "
" အေးပါကလေးရယ် ခုကစပြီး မားမီးငယ်လေးကို ဘယ်သူလက်ထဲမှ မထည့်တော့ဘူးနော် မီးငယ်လေးကို မားအနားမှာဘဲ တစ်သက်လုံးထားမယ်နော် "
" ကတိနော် မား "
" ကတိပေးပါတယ် မီးငယ်လေးရေ "
" အရမ်းချစ်တယ် မား "
" အရမ်းချစ်တယ် မီးငယ်လေး " ထိုနောက်မှာတော့ နူးညံ့တဲ့ နှုတ်ခမ်းအစုံကနေ ပျားရည်ထက်ချိုတဲ့ အနမ်းတွေ ခြွေချလိုက်တော့သည်။
=====================
သာသာလေးတွေက ကြိုက်ကြပါတော့လို့ ပြောလို့ ကြိုက်ပေးလိုက်ပြီးနော်။ နောက်အပိုင်းတွေမှာ မားနဲ့မီးငယ်လေးရဲ့ အရိုတစ်လိုင်းတွေ ဖတ်ရတော့မယ်နော် ဘယ်သူတွေကလဲ ဝင်ပြီးခလောက်ဆန်မလဲဆိုတာ စောင်ကြည့်ကြဦးနော်။စာဖတ်သူများအားလုံး ဘဝအမောတွေပြေကြပါစေ။
----------------------------------------------------------
မားရဲ့ မီးငယ်လေး
- အပိုင်း - ၉
- GL Story
- စာရေးသူ ချယ်
YOU ARE READING
မားရဲ့ မီးငယ်လေး (Completed )
RomanceGL Story Unicode နဲ့ရော Zawgyi နဲ့ရော နှစ်မျိုးလုံးနဲ့ ရေးပေးထားလို့ စာဖတ်သူတွေ အဆင်ပြေကြပါစေ