မားရဲ့ မီးငယ်လေး
- GL Story
- အပိုင်း ၂၈
- စာရေးသူ ချယ်
" မီးငယ်လေး ခါးအရမ်းကိုက်နေပြီးလား ဒီမှာသကြားညိုဖျော်ရည်လေးယူလာတယ် သောက်လိုက်နော် "
" ..... " နှင်းအနေနဲ့ ဘာမှမပြောနိုင်ဘဲ မားရဲ့အပြုံးလှလှနဲ့ ကြည်ကြည်လင်လင်မျက်နှာလေးကိုဘဲ မျက်တောင်မခတ်ငေးမောနေမိသည်။ နှင်းရဲ့ဆံပင်တွေကို လက်ချောင်းလေးတွေနဲ့တိုးဖွပြီး
" မီးငယ်လေး ဘာတွေအဲလောက်ကြည့်နေတာလဲ ခါးအရမ်းကိုက်နေလို့လားမီးငယ်လေး မားရေနွေးအိတ်ကပ်ပေးမယ်နော် ခနနေသက်သာသွားမှာပါ " နှင်းရဲ့အနားကနေထပြီး ရေနွေးအိတ်သွားယူမယ့်မားရဲ့လက်ကို အလျင်အမြန်လှမ်းဆွဲပြီး မားရဲ့ကိုယ်လုံးလေးကိုပျောက်ပျက်မသွားအောင် တင်းတင်းဖတ်ထားလိုက်သည်။ နှင်းဖတ်လိုက်တာက မားကိုဆိုပေမယ့် တကယ်တမ်းဖမ်းဆုပ်မိတာက လေဟာနယ်တစ်ခုကိုသာ။ နှင်းရဲ့စိတ်ထဲအရမ်းဝမ်းနည်းဆို့ကျပ်လာတာကြောင့် မျက်ဝန်းထဲမှာမျက်ရည်တွေပြည့်လျှံလာသည်။ လုံခြုံတဲ့မားရဲ့ရင်ခွင်ကနေထွတ်ပြီး ကိုရီယားကိုရောက်နေတာ တစ်နှစ်ရှိပြီး။ အချိန်ကတစ်နှစ်ကြာပြီးဆိုပေမယ့် မားနဲ့ပတ်သတ်တဲ့ခံစားချက်တွေက နေသားမကျနိုင်သေးဘဲ အမြဲတမ်းထိရှလွယ်နေတုန်းဘဲ။ ကျန်တဲ့အချိန်တွေမှာတော့ စာကိုဘဲကုန်းလုပ်နေတာကြောင့် မားကိုလွမ်းတဲ့စိတ်တွေကို ချိုးနှိမ်ထားလို့ရပေမယ့် အခုလိုနေမကောင်းဖြစ်တဲ့အချိန်တွေဆို မားကိုသတိရတဲ့စိတ်တွေကိုလိုမှထိန်းချုပ်လို့မရနိုင်ပေး။
" မားသာသိရင် ပျော့ညံ့လိုက်တဲ့ကလေးဆိုပြီး ဆူနေမလားဟင် မားသိရဲ့လား မားကိုမီးငယ်လေးအရမ်းလွမ်းတာဘဲ ဖြစ်နိုင်ရင် မားရဲ့ဆီကိုအပြေးလာခဲ့ချင်နေပြီးမား ဒါပေမယ့်မီးငယ်လေးရဲ့ပညာရည်မပြည့်ဝသေးဘူး အခုချိန်မှာပြန်လာခဲ့ရင် မားကိုကာကွယ်နိုင်မှာမဟုတ်သေးဘူးမားရယ် နည်းနည်းလောက်စောင့်ပေးနေမယ်မလား မားရဲ့ရင်ထဲမှာမီးငယ်လေးရှိနေတုန်းလား မီးငယ်လေးကို မေ့နေပြီးလားဟင် နှုတ်မဆတ်ဘဲထွတ်သွားတဲ့အတွက်ရော အရမ်းစိတ်ဆိုးနေမလားမားရယ် " နစ်ဝင်နေတဲ့အတွေးတွေကြားထဲကနေရုန်းထွတ်လိုက်ပြီး ဓမ္မတာလာတာကြောင့်တစ်ဆစ်ဆစ်ကိုက်နေတဲ့ခါးကိုလျစ်လျူရှုလိုက်ပြီး ထမင်းစားရန်မီးဖိုချောင်းဆီကို ထွတ်ခဲ့လိုက်သည်။ အစားကိုမှန်မှန်စားမယ် ကျန်းမာရေးကိုသေချာဂရုစိုက်မယ် စာကိုသေချာလုပ် အလုပ်ကိုကြိုးစားပြီး မားဆီအမြန်ဆုံးပြန်နိုင်ဖို့ နှင်းကြိုးစားရမည်။ ထမင်းပန်ကန်လေးကိုနှစ်ယောက်စာပြင်ပြီး တစ်ဖက်ကပန်ကန်ထဲကို ဟင်းနည်းနည်းလောက်ဦးချပြီးနဲ့ နှင်းရဲ့ပန်ကန်ထဲဟင်းထည့်ပြီး ထမင်းတစ်လုပ်ကိုပါစပ်ထဲသွင်းလိုက်သည်။ ထမင်းတစ်လုပ်စာပါစပ်ထဲဝင်သွားပြီးတဲ့နောက် နှင်းရဲ့မျက်နှာကြီးကရှုံ့မဲ့သွားပြီး မျက်နှာချင်းဆိုင်မှာရှိနေတဲ့သူအား
" မားသိရဲ့လား ဒီကအစားအစာတွေက မားရဲ့လက်ရာကိုလုံးဝမမှီဘူး မီးငယ်လေးစားရတာအဆင်မပြေဘူး မားလဲမကြိုက်ဘူးမလား မီးငယ်လေးထည့်ပေးထားတာကို လက်ဖျားနဲ့တောင်မတို့မထိဘူး " ကြက်ရိုးချဉ်စပ်ဟင်းရည်လေးကို တစ်ဇွန်းခပ်သောက်လိုက်ပြီး တစ်ဖက်ကိုပြန်ကြည့်ကာ
" သောက်ကြည့်ပါဦးမားရယ် မားချက်ထားတဲ့လက်ရာရဲ့အဖျားတောင်မမှီဘူး ကြက်သားကိုရေရောထားတဲ့အတိုင်းဘဲ သောက်ကြည့် " နှင်းတစ်ယောက်မျက်ရည်တွေတသွင်သွင်စီးကျရင်း စားလိုက် ရှေ့ကိုစကားပြောလိုက်နှင့် ဘေးလူသာမြင်ရင်သေချာပေါက် အရူးလို့သာအပြောခံရမည်။ အရင်တုန်းကဆို နှင်းရဲ့မျက်ရည်တွေမြင်တာနဲ့ ပြာယာခတ်နေတတ်တဲ့မားက အခုတော့နှင်းဘယ်လာက်ဘဲငိုငို ဓာတ်ပုံထဲကနေသာ နှင်းကိုပြုံးပြုံးကြီးကြည့်နေသည်။ ထမင်းစားခြင်းအမှုကိုလက်စသတ်ပြီး ကော်ဖီနှစ်ခွက်ဖျော်ကာ ဝရံတာကိုထွတ်လာခဲ့သည်။ မားရဲ့ကိုယ်ပွားဖြစ်တဲ့မားဓာတ်ပုံလေးလဲ မပါမဖြစ်ပေါ့။ ဝရံတာကစာပွဲပေါ်မှာ မားရဲ့ပုံလေးကိုတင်ထားပြီး မီးငယ်ဖျော်ပေးတာကိုဘဲကြိုက်တဲ့ကော်ဖီတစ်ခွက်ကိုပါ မားရဲ့ရှေ့ချထားပေးလိုက်သည်။ တိမ်တွေကင်းစင်နေတဲ့ကောင်းကင်ကြီးမှာ ကြယ်ရောင်တလတ်လတ်ဖြင့်လှပနေသည်။ ညကောင်းကင်ကြီးကို မော့ကြည့်ပြီးနောက် ခုံတန်းလေးမှာဝင်ထိုင်ပြီး ပြုံးရယ်နေတဲ့မားရဲ့ပုံလေးကိုတစ်လှည့် မားရဲ့ရှေ့မှာချထားတဲ့ကော်ဖီခွက်ကိုတစ်လှည့်ကြည့်ပြီး
" မားကော်ဖီမသောက်ဘူးလားဟင် ဒီညလဲအေးစက်နေတဲ့ကော်ဖီကိုသွန်ပစ်ရဦးမှာလားမားရယ် ပြောတော့မီးငယ်လေးဖျော်ပေးတဲ့ကော်ဖီကို အရမ်းကြိုက်တာပါဆို ဘာလို့မသောက်တော့လဲ ဘာလဲမီးငယ်လေးဖျော်တာ မားမကြိုက်တော့တာလား "
" ......... " ဘာမှပြန်မပြောဘဲပြုံးပြီးဘဲကြည့်နေတဲ့မားကိုကြည့်ပြီး နှင်းရဲ့စိတ်တွေထိန်းမရဘဲ လွတ်ထွတ်ကုန်သည်။
" မား!! တစ်နှစ်... တစ်နှစ်ရှိပြီး ဒီတစ်နှစ်လုံးမီးငယ်ကိုလဲစကားပြန်မပြောဘူး မီးငယ်နဲ့လဲထမင်းအတူမစားဘူး မားအရမ်းကြိုက်ပါတယ်ဆိုတဲ့ မီးငယ်ဖျော်ပေးတဲ့ကော်ဖီတောင်မသောက်တော့ဘူး မားဘာတွေပြောင်းလဲနေတာလဲ မီးငယ်လေးကိုမချစ်တော့တာလား ဘာလဲ နွယ့်ကိုချစ်မိနေတာလား မရဘူးနော် ချစ်လို့မရဘူး မားက မီးငယ်လေးအပိုင်ဘဲဖြစ်ရမှာ "
" ဒုန်း... ခွမ်း... ဂလွမ်း... " နှင်းရဲ့မျက်လုံးထဲ ဘာမှမမြင်တော့ဘဲ စာပွဲပေါ်မှာရှိတာတွေကို လက်နဲ့တွန်းတိုက်ပေါက်ခွဲပစ်လိုက်သည်။ နှင်းရဲ့လက်ချက်နဲ့ စာပွဲပေါ်မှာရှိတဲ့ရှိတဲ့ပန်းအိုးတစ်အိုးရယ် ကော်ဖီခွက်နှစ်ခွက်ရယ် မားရဲ့ဓာတ်ပုံလေးရယ်က အောက်ဘက်မှာ အစိတ်စိတ်အမွှာမွှာ။ အကျိုးအပဲ့မှန်ကွဲစတွေကြားထဲရောက်နေတဲ့ မားရဲ့ဓာတ်ပုံလေးကိုမြင်တော့မှ နှင်းအထိပ်တလန့်ဖြင့် ဆွဲယူလိုက်ပြီး မှန်ကွဲနေတဲ့ဓာတ်ပုံကို လက်ဖဝါးနဲ့ပွတ်သပ်ကာ
" မားရယ် မီးငယ်တောင်းပန်ပါတယ် အီ... ဟီး... ဟီး... အရမ်းနာသွားလား ဟင့်... sor... sorryနော် မီးငယ်တမင်လုပ်တာမဟုတ်ပါဘူး ရွှတ်... " အလျင်စလိုဆွဲယူလိုက်တာကြောင့် ဓာတ်ပုံကနေကွဲထွတ်လာတဲ့မှန်စက နှင်းရဲ့လက်ဖဝါးကိုကန့်လန့်ဖြတ်ထိမိတာကြောင့် သွေးတွေဖြာခနဲ့ထွတ်လာပြီး ဓာတ်ပုံတစ်ခုလုံးရဲရဲနီသွားသည်။
" ဟင်... သွေး... မားသွေးတွေထွတ်နေပြီး အီး... ဟီး... မားကိုကယ်ကြပါဦး လာကြပါဦး မားသွေးတွေအရမ်းထွတ်နေပြီး မားဘာမှမဖြစ်ဘူးနော် မီးငယ်ရှိတယ်နော် အီး... ဟီး... " အရမ်းငိုလိုက်ရတာကြောင့် တဖြည်းဖြည်းပင်ပန်းလာပြီး နှင်းရဲ့မျက်လုံးအစုံကမှိတ်ကျသွားသည်။ သတိမလွတ်ခင်ခနလေးအတွင်းမှာ လေသံတိုးညှင်းညှင်းလေးတစ်ခုထွတ်ပေါ်လာသေးသည်။
" မီးငယ်လေးကို ထားမသွားပါနဲ့မားရယ် "
======================
" ကောင်းပါပြီး ဒီပရောဂျက်ကအဆင်ပြေပါတယ် ရှယ်ယာရှင်လူကြီးမင်းတို့လဲ ဘာမှပြောစရာမရှိဘူးဆိုရင် ဒီပရောဂျက်ကို စလိုက်တော့မယ်နော် " ကျန်တဲ့ရှယ်ယာရှင်တွေဆီက ဘာမှခွန်းတုံ့ပြန်သံထွတ်မလာတော့တာကြောင့် အစည်းအဝေးသိမ်းပြီး ဧကရီရုံးခန်းကိုပြန်လာခဲ့သည်။ ဧကရီ့စာပွဲအံဆွဲလေးဖွင့်လိုက်ပြီး အပြာရောင်စာရွက်ခေါက်လေးနဲ့ဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်သည်။ အပြာရောင်စာရွက်ခေါက်လေးကို ဖြန့်လိုက်တော့ ရေမွှေးဘောပင်အနံ့လေးနဲ့ မီးငယ်လေးရဲ့လက်ရေးဝိုင်းဝိုင်းလေးတွေထွတ်ပေါ်လာသည်။
" သို့... မီးငယ်ချစ်ရတဲ့မား နှုတ်မဆတ်ဘဲထားသွားရတဲ့အတွက် မီးငယ်လေးကိုနားလည်ပေးပါနော် မီးငယ်လေးကိုလက်ပြနှုတ်ဆတ်နေတဲ့မားကိုကြည့်ဖို့ အင်အားမရှိလို့ပါမားရယ် မီးငယ်လေးက တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါလို့ပြောရင် မားမကြိုက်ဘူးမလား အဲတာကြောင့် နားလည်ပေးပါ မားရဲ့အဝေးမှာတစ်ခါမှ မနေဖူးတဲ့အတွက် အဆင်ပြေပါ့မလားဆိုတာတော့မသိပေမယ့် မားအတွက်တွေးပြီးဖြစ်ဖြစ် အဆင်ပြေအောင်နေမှာမို့စိတ်ချပါ မီးငယ်လေးလဲ မားကိုစိတ်ချချင်ပါတယ် မီးငယ်မရှိတဲ့အတောအတွင်း ထမင်းကိုမှန်မှန်စားပါ ကျန်းမာရေးကိုဂရုစိုက်ပေးပါ အလုပ်တွေလဲအရမ်းမလုပ်ပါနဲ့ ပြီးတော့မီးငယ်လေးကိုလဲ မားရဲ့ရင်ထဲကနေမထုတ်လိုက်ပါနဲ့ အဲတာလေးတော့ ကတိပေးမယ်မလားမား မီးငယ်လေးကိုယ့်ကိုယ်ကိုအားကိုးနိုင်ပြီး မားကိုကာကွယ်ပေးနိုင်တဲ့အချိန်ကျရင် မီးငယ်လေး မားဆီကိုပြန်လာမို့ စောင့်နေပေးနော်မား ပြီးတော့ဒီလက်စွပ်လေးကို မီးငယ်လေးပြန်လာရင် ကိုယ်တိုင်ဝတ်ပေးပြီး ခမ်းခမ်းနားနားလက်ထပ်မယ် မီးငယ်လေးကိုယုံတယ်မလား... အရမ်းချစ်တယ်မား... " စာလဲဆုံးရော မျက်ဝန်းထက်ကမျက်ရည်တစ်စက်က စာရွက်ပေါ်ကို ပေါက်ခနဲ့ခုန်ဆင်းလာသည်။ မီးငယ်လေးနောက်ဆုံးရေးထားတဲ့စာလေးကို သတိရတိုင်းဧကရီဖွင့်ဖတ်ဖြစ်သည်။ ဖွင့်ဖတ်တိုင်းလဲ ခံစားချက်တွေအသစ်ပြန်ဖြစ်ကာ မျက်ရည်တို့က ပြိုကျနေဆဲ။
" ဒေါက်... ဒေါက်... " တံခါးခေါက်သံကြောင့် ဧကရီမျက်ရည်တွေကို လက်ချောင်းတွေနဲ့ဖယ်ရှားလိုက်ပြီး စာရွက်ခေါက်လေးကို အံဆွဲထဲပြန်ထည့်သိမ်းထားလိုက်သည်။ ဧကရီ့လည်တိုင်ထက်က ပလပ်တီနမ်ဆွဲကြိုးမျှင်သေးသေးလေးနဲ့ တွဲဝတ်ထားတဲ့လက်စွပ်လေးကို ထိကိုင်လိုက်ပြီး သက်ပြင်းဖွဖွလေးချလိုက်သည်။
" ဒေါက်... ဒေါက်... "
" ဒေါက်... ဒေါက်... ဒေါက်... "
" ဝင်ခဲ့ပါ " လက်ဆစ်ဖြုတ်ထွတ်မတတ် ခေါက်နေတဲ့အသံတွေက ဧကရီရဲ့ခွင့်ပြုချက်နောက်မှာတိခနဲရပ်သွားပြီး ဖွင့်ဟသွားတဲ့တံခါးချပ်တွေရဲ့ကြားကနေပြီးတော့ အလှပဆုံးအပြုံးတွေနဲ့မိန်းမငယ်လေးတစ်ယောက် သုံးဆင့်ထမင်းဘူးလေးနဲ့အပူခံစတီးဘူးလေးကိုင်ပြီး ဝင်ရောက်လာခဲ့သည်။ ထိုမိန်းမငယ်လေးရဲ့အပြုံးတွေက အခြားသူတွေအတွက်တော့ လှပပြီးချစ်စဖွယ်ကောင်းချင်ကောင်းလိမ့်မယ် ဧကရီအတွက်တော့ သူ့ရဲ့အပြုံးတွေကိုမြင်ရတာ တစ်စုံတစ်ယောက်ရဲ့အပြုံးတွေလိုမအေးချမ်းစေဘဲ ရင်ထဲတင်းကြပ်နေသည်။
" အန်တီဧ နေ့လည်စာစားချိန်ရောက်နေပြီး ထမင်းမစားရသေးဘူးမလား အဲတာသိလို့ နွယ်ထမင်းဘူးယူလာတာ ထမင်းကိုအချိန်မှန်စားပါလို့ နွယ်မှာထားတာကို အန်တီဧနားလဲမထောင်ဘူး " ပါစပ်ကလဲတတွတ်တွတ်ပြော လက်ကလဲပါလာတဲ့ထမင်းဘူးကို တစ်ဆင့်ချင်းဖွင့်နေတဲ့နွယ့်ကိုကြည့်ပြီး ဧကရီခေါင်းတွေထိုးကိုက်ချင်လာသည်။ ထမင်းဘူးကိုအလုံးစုံဖွင့် စာပွဲပေါ်မှာခင်းကျင်းပြီးတာနဲ့ ဧကရီလက်ထဲကို ဇွန်းနဲ့ခတ်ရင်းကိုထိုးထည့်ကာ စာပွဲပေါ်ကထမင်းဘူးကို စားစေသည်။ အတင်းထိုးထည့်ပေးလာတဲ့ ဇွန်းနဲ့ခတ်ရင်းကို စာပွဲပေါ်ပြန်ချလိုက်ပြီး ဧကရီ့အတွင်းရေးမှူးဝတ်ရည်ကို ဖုန်းဆတ်ခေါ်လိုက်သည်။ ဖုန်းဆတ်ပြီးမကြာခင် ဝတ်ရည်ရောက်လာပြီး စာပွဲပေါ်မှာပြင်ဆင်ထားတဲ့ထမင်းဘူးကိုမြင်တာနဲ့ အလိုက်တသိဖြင့် ထမင်းဘူးကိုသိမ်းဆည်ပြီးယူသွားသည်။ ဆယ်မိနစ်လောက်ကြာတဲ့အခါမှာ နွယ်ရဲ့ထမင်းဘူးအလွတ်ကိုပြန်ယူလာပြီး အန်တီဧအတွက် ထမင်းပွဲတစ်ပွဲပါယူလာသည်။ အန်တီဧအတွက်ပြင်ပေးထားတဲ့ထမင်းပွဲက ဟင်းတွေက စောစောကနွယ်ချက်ပေးတဲ့ဟင်းတွေအတိုင်းဘဲဖြစ်သည်။ မတူတာက နွယ်ကိုယ်တိုင်ချက်ထားတာမဟုတ်ဘဲ ဆိုင်ကနေမှာထားတာဖြစ်သည်။ အန်တီဧပေးချင်တဲ့massageက ဟင်းမကြိုက်လို့မစားတာမဟုတ်ဘဲ နွယ်ကိုယ်တိုင်ချက်ထားတဲ့ဟင်းတွေမို့လို့မစားချင်တာလို့ ပြောနေသယောင်။ တစ်နှစ်ရှိပြီး အန်တီဧကို နွယ်ကိုယ်တိုင်ဟင်းချက်ပြီးအခုလိုပို့ပေးတာတစ်နှစ် အဲတစ်နှစ်အတွင်းမှာ အခုလိုဘဲတုံ့ပြန်နေကျ နွယ်ချက်ပေးတဲ့ဟင်းကို ဘယ်တော့မှမစားဘဲ ကုမ္မဏီဝန်ထမ်းတွေကိုကျွေးပစ်ပြီး သူကကျဟိုတယ်ကနေ နွယ်ချက်တဲ့ဟင်းတွေနဲ့တစ်ထေရာတည်းတူတဲ့ဟင်းတွေကို မှာပြီးစားသည်။ စစပို့ပေးတုန်းကဆို နွယ်ပြင်ပေးထားတဲ့ထမင်းဘူးကို လွှတ်ပစ်တာတွေ ခွေးကျွေးပစ်တာတွေလုပ်သည်။ အခုနောက်ပိုင်းမှသာ ဝန်ထမ်းတွေကိုကျွေးတာဖြစ်သည်။ နှင်းထွတ်သွားပြီးနောက်ပိုင်းတည်းက အန်တီဧကအပြုံးအရယ်သိပ်မရှိတော့ အမြဲတမ်းရုပ်တည်ကြီးနဲ့သာမှုန်ကုတ်နေတတ်သည်။ နှင်းနဲ့ယှဉ်ပြိုင်ထားသလို အန်တီဧကပြန်ပြီးစိတ်ဝင်စားဖို့ နေနေသာသာ အကြည့်တစ်ချက်တောင်မပေးဘဲ လုံးလုံးလျားလျားကြီး လျစ်လျူရှုထားသည်။ အတွေးလွန်နေတာတွေက အန်တီဧရဲ့ချောင်းဟန့်လိုက်တဲ့အသံကြောင့် လက်ရှိအချိန်ကိုပြန်ရောက်လာသည်။
" မသဇင်နွယ် CEOထမင်းစားနေပြီးမို့လို့ အထွေအထူးကိစ္စမရှိရင်ထွတ်သွားပေးလို့ရမလား CEOအနှောက်အယှက်ဖြစ်လို့ပါ "
" ကောင်းပါပြီး " အမြဲတမ်းပြောစရာရှိရင်တောင် တိုက်ရိုက်မပြောဘဲ တစ်ဆင့်အနေနဲ့သာပြောတတ်သည်။ အန်တီဧကိုကြည့်ရတာ နွယ့်ကိုတော်တော်စိတ်ဆိုးနေသေးတဲ့ပုံပင်။
====================
X Top Business Universityဆိုတာ ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးဆိုင်ရာတက္ကသိုလ်တစ်ခုဖြစ်သည်။ ထိုတက္ကသိုလ်ကိုဝင်ရောက်ဖို့အတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုရသည်။ အမှတ်ပေါင်း 70ကျော်တဲ့ကျောင်းသူကျောင်းသားတွေသာ ထိုတက္ကသိုလ်ကိုဝင်ခွင့်ရပြီး 95မှတ်ကျော်တဲ့ကျောင်းသူကျောင်းသားတွေက အတော်ဆုံးကျောင်းသူကျောင်းသားအဖြစ်ရွေးချယ်ပြီး စာသင်နှစ်သုံးနှစ်လုံး အခမဲ့ပညာသင်ကြားခွင့်ရသည်။ X Top Business Universityကနေ အောင်လက်မှတ်ရလာတဲ့သူတိုင်းအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပေါများသလို အတော်ဆုံးသူသုံးယောက်ကလဲ ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းကုမ္မကြီးတွေကနေ အပြိုင်အဆိုင်ခေါ်ယူခြင်းခံရမည်ဖြစ်သည်။ ထိုတက္ကသိုလ်က ကမ္ဘာအသိအမှတ်ပြုတက္ကသိုလ်တစ်ခုဖြစ်တဲ့အတွက် ကိုရီယားနိုင်ငံတွင်းသာမက ပြည်ပနိုင်ငံအသီးသီးမှလဲ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရရှိနိုင်သေးသည်။ X Top Business Universityမှာ သုံးနှစ်တိတိတတ်ရောက်ရသည်။ First yearမှာ စာတွေ့၊ Second yearမှာ လက်တွေ့၊ Final yearမှာ စာတွေ့နဲ့လက်တွေ့ပေါင်းပြီး အတွေ့အကြုံဖလှယ်ကြရသည်။ Final yearပြီးတာနဲ့ Examကျင်းပကာ အတော်ဆုံးစီးပွားရေးပညာရှင်တွေကို သုံးနှစ်တစ်ကြိမ်မွေးထုတ်ပေးလေ့ရှိသည်။ နာမည်ကြီးထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သလို ဝင်ချင်တဲ့သူတွေကလဲပေါများသည်။ လူတစ်ထောင်ဝင်ခွင့်ဖြေရင် လူတစ်ရာလောက်သာဝင်ခွင့်ရပြီး ဆယ်ယောက်လောက်သာအောင်မြင်ကြသည်။ ထိုဝင်ခွင့်ဖြေခဲ့သည့် တစ်ထောင်သောလူတို့တွင် စောနှင်းပွင့်ဖြူသည်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ အစတည်းကတော်လွန်းထက်မြတ်လွန်းတဲ့နှင်းသည် ဝင်ခွင့်စာမေးပွဲကို 97မှတ်နဲ့စကော်လားရှစ်ရခဲ့ပြီး ပညာသင်ကြားနေစဉ် သုံးနှစ်လုံးပညာသင်စရိတ်ကို Universityကနေထောက်ပံ့ပေးသည်။ အတော်ဆုံကျောင်းသူတစ်ယောက်အနေနဲ့နှင်းသည် လက်တွေ့အလုပ်သင်တစ်နှစ်ဆင်းရန်အတွက် Universityမှချိတ်ဆတ်ပေးတဲ့ ကိုရီယားနိုင်ငံရဲ့ထိပ်တန်းကုမ္မဏီကြီးသုံးခုထဲကတစ်ခုမှာ အလုပ်သင်ဆင်းရမည်ဖြစ်သည်။ စာတွေ့တစ်နှစ်လုံးမှာထူးချွန်တဲ့ကျောင်းသူမို့ ကုမ္မဏီသေးသေးလေးတွေသာမက ထိပ်တန်းကုမ္မဏီကြီးတွေကပါ နှင်းကိုလာဖို့အတွက် ကမ်းလှမ်းကြသည်။ ထိုကုမ္မဏီတွေထဲမှာမှ ဒေဝါလီခံရဖို့နှစ်အနည်းငယ်သာလိုတဲ့ ကုမ္မဏီသေးသေးလေးတစ်ခုကိုသာ ရွေးချယ်ခဲ့သည်။ နာမည်ကြီးကုမ္မဏီကြီးတွေကိုဖယ်ပြီး မထင်မရှားပိတ်သိမ်းရတော့မည့် ကုမ္မဏီသေးသေးလေးကို ရွေးချယ်လိုက်တဲ့နှင်းကို Universityက ဆရာ၊ဆရာမတွေအစ ကျောင်းသူကျောင်းသားအဆုံး နားမလည်နိုင်ဟန် အံသြကြသည်။ အခွင့်အရေးကို လက်ဆုပ်မကိုင်နိုင်ဘူးဆိုပြီး စုတ်တသပ်သပ်နဲ့အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ကြသည်။ လက်ရှိတွင် အလုပ်သင်ဆင်းဖို့အတွက် နှင်းရွေးချယ်ခဲ့တဲ့ကုမ္မဏီသေးသေးလေးဆီကို ရောက်ရှိနေပြီး ကုမ္မဏီဥက္ကဌနှင့်တွေ့ဆုံရန် ရုံးခန်းတွင်ထိုင်စောင့်နေခြင်းဖြစ်သည်။ မကြာခင်မှာဘဲ ကုမ္မဏီဥက္ကဌဟုထင်ရသူ အသက်70အရွယ်အဘိုးတစ်ယောက်က နှင်းကိုလက်ကမ်းပေးပြီးနှုတ်ဆတ်သည်။
" မင်္ဂလာပါသမီး အန်ကယ်က Deam Goldကုမ္မဏီဥက္ကဌမွန်လုယောင်ပါ ဒီကသမီးက "
" ဟုတ်ကဲ့ပါဥက္ကဌမွန် ကျွန်မက X Top Business Universityက Top10ဝင်ကျောင်းသူ စောနှင်းပွင့်ဖြူပါ ဥက္ကဌမွန်ရဲ့ကုမ္မဏီမှာ အလုပ်သင်ဆင်းဖို့ရွေးချယ်လိုက်တာပါ "
" အို... မိန်းကလေးစောဘက်က အန်ကန်ရဲ့ကုမ္မဏီအသေးစားလေးကို ရွေးချယ်ပေးတဲ့အတွက် အန်ကယ်ဂုဏ်ယူပါတယ် "
" ရပါတယ်ဥက္ကဌကြီး ဒီကုမ္မဏီကိုကျွန်မရွေးချယ်ခဲ့တာအတွက် ကမ်းလှမ်းချက်တစ်ခုရှိပါတယ် ဥက္ကဌကြီးဘက်ကလိုက်လျောပေးနိုင်တယ်ဆိုရင် ဒီမှာအလုပ်သင်ဆင်းပါမယ် မလိုက်လျောပေးနိုင်ရင် အခြားကုမ္မဏီပြောင်းမှာပါ "
" ပြောကြည့်ပါ မိန်းကလေးစောရဲ့ကမ်းလှမ်းချက်ကို အန်ကယ်အတတ်နိုင်ဆုံးလိုက်လျောပေးပါမယ် "
" အရင်ဆုံးဥက္ကဌကြီးသိထားရမှာက ဒီကုမ္မဏီရဲ့အခြေအနေတွေကို ကျွန်မအကုန်စုံစမ်းထားပြီးပါပြီး သိပ်မကြာခင်မှာဒေဝါလီခံရမယ်ဆိုတာလဲသိပြီးသားပါ ပြောချင်တာက ဒီကုမ္မဏီကို တစ်နှစ်အတွင်းမှာ ထိပ်တန်းကုမ္မဏီထက်မကျော်ရင်တောင် တန်းတူဖြစ်အောင် ကျွန်မဘက်ကလုပ်ပေးပါမယ် " နှင်းရဲ့စကားအဆုံး ဥက္ကဌရဲ့မျက်ခုံးအစုံက အပေါ်ကိုပင့်တတ်သွားသည်။
" ဥက္ကဌဘက်ကနေတော့ ကျွန်မကိုကုမ္မဏီရဲ့ဒုဥက္ကဌနေရာမှာထားပေးပါ ဥက္ကဌကြီးတစ်ခုစိတ်ချထားနိုင်တာက အလုပ်သင်ကာလတစ်နှစ်ပြီးသွားရင် ဥက္ကဌလက်ထဲအကုန်လွှဲပေးသွားမှာပါ "
" ဟုတ်ပြီးလေ အန်ကယ်ဘက်က ရှယ်ယာရှင်တွေနဲ့တိုင်ပင်ပြီးရင် မိန်းကလေးစောကို အကြောင်းပြန်ပေးပါမယ်နော် "
" ဟုတ်ကဲ့ပါ အဲတာဆိုကျွန်မကိုသွားခွင့်ပြုပါဦး " ထိုမိန်းကလေးရဲ့ပုံစံက တောက်ပပြီးထက်မြတ်ပုံပေါ်တယ်။ တစ်ခုကိုဆုံးဖြတ်ပြီးရင် အဲတိုင်းမရရအောင်လုပ်နိုင်တဲ့ဇွဲလဲရှိတယ်။ မဟုတ်ရင်လဲ ဒေဝါလီခံရမယ့်အတူတူ ဒီမိန်းကလေးလက်ထဲအပ်လိုက်တာလဲမဆိုးဘူးဟုတွေးမိသည်။ အထူးသဖြင့် သူ့ရဲ့မျက်ဝန်း သူရဲ့မျက်ဝန်နက်နက်က သမီးဖြစ်သူနဲ့အရမ်းတူတယ်။ သမီးကလဲ သူ့လိုဘဲ ထက်မြတ်တယ်၊ တော်တယ်။ အဲလိုတော်လွန်း၊ ထက်မြတ်လွန်းလို့ မနာလိုသူလူတစ်စုရဲ့လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည်။ ဒီကလေးမလေးရဲ့အဆုံးသတ်က ဘယ်လိုလဲဆိုတာမသိပေမယ့် ဒီကလေးမလေးအပေါ်ယုံကြည်ချင်စိတ်က တားမရတောင်ပေါ်ထွတ်လာသည်။ ဒီကလေးမလေးတောင်းဆိုတာကို လိုက်လျောပေးဖို့အတွက်သာ အခိုင်အမာဆုံးဖြတ်လိုက်သည်။
======================
အရမ်းအရမ်းကြာသွားလို့တောင်းပန်ပါတယ်နော် စိတ်တိုင်းမကျလို့ ရေးလိုက်ဖျက်လိုက်လုပ်နေတာကြောင့် ကြာသွားတာပါ သာသာကိုမမေ့သေးဘူးမလား မားနဲ့မီးငယ်လေးကိုရော မေ့နေကြပြီးလား မားနဲ့မီးငယ်လေးကိုအတတ်နိုင်ဆုံးအလှဆုံးဖြစ်အောင် သာသာကိုယ်တိုင်ပုံဖော်ထားပါတယ်နော် လှရဲ့လားကြည့်ပေးကြပါဦး
မားပုံ
YOU ARE READING
မားရဲ့ မီးငယ်လေး (Completed )
RomanceGL Story Unicode နဲ့ရော Zawgyi နဲ့ရော နှစ်မျိုးလုံးနဲ့ ရေးပေးထားလို့ စာဖတ်သူတွေ အဆင်ပြေကြပါစေ