ကာဇဲအင်း နဲ့ ဧကရီများ : အတွဲ ၁
အခန်း ၄ : အမျိုးသားရေးရာကလပ်စာကြည့်တိုက်ကနေ စာသင်ခန်းဆီကိုပြေး၊
တချိန်ပြီးရင် နောက်တစ်ချိန်ခဏနား၊ ပြီးရင် နောက် အဆောင်တစ်ခုဆီ ထပ်ပြေး၊ သင်ရိုးတွေကလည်း လုံးဝမတူဘူး။
နေ့လည် သုံးနာရီခွဲရောက်တော့ စာသင်ချိန်တွေ အကုန်ပြီးသွားတယ်။
"ဟူး...."
ဖိအားတွေနဲ့ဆိုတော့ တက္ကသိုလ်တက်ရတာနဲ့ မတူတော့ဘူး။ အဆောင်ပြန်နေရင်း ဖုန်းထဲ မက်ဆေ့ချ်ဝင်တော့ စာကြည့်တိုက်မှုုးအစ်မ ပို့ထားတာ၊ "အားလား"တဲ့။
ကာဇဲအင်း စာအုပ်တွေငှားပြီးတော့ သူ(မ)က သူ့ဖုန်းနံပါတ်ပါတောင်းထားတာ။
အဆောင်ပြန်ရင်း လမ်းမှာ အတွဲတွေ
တွေ့တော့လည်း ကောင်မလေးတွေက
ကောင်လေးတွေကို ခေါင်းပွတ်လိုက်၊ တင်ပါးကို ရိုက်လိုက်၊ ပွေ့ဖက်ထားလိုက်
စလိုက်နောက်လိုက်နဲ့ ဖြတ်လျှောက်သွားကြတာ၊ ပေါ်ပေါ်တင်တင်ကြီးမဟုတ်ပေမယ့်
သိသာပါတယ်။ ဒီအပြိုင်ကမ္ဘာမှာ ဒီလိုကိစ္စတွေကို မိန်းမတွေပဲ ဦးဆောင်ပုံရတယ်၊
သူ့ဟာနဲ့ သူတော့ အဆင်ပြေနေသားပဲလို့
ကာဇဲအင်း တွေးမိတယ်။
ပြီးတော့ စာကြည့်တိုက်မှုုး မမကို
"အားပါပြီ" လို့ စာပြန်ရင်း နှစ်ယောက်သား
မက်ဆေ့ချ်တွေအပြန်အလှန်ပို့နေမိတယ်။
သူ(မ)နာမည်က "ဒိုရေသီယာ"တဲ့။ အဓိပ္ပါယ်ကတော့ ဘုရားသခင်ရဲ့ လက်ဆောင်ပေါ့၊
မိသားစုနာမည်တော့ သူ့ကိုမပြောပြဘူး။
အဆောင်ပြန်ရောက်တော့ ယောင်္ကျားလေးတွေ အုပ်လိုက် အုပ်လိုက် တွေ့ရတယ်၊
အဆောင်က မနက်ဘက်နဲ့ နေ့ခင်းဘက်မှာ
မတူညီတဲ့ နေရာနှစ်ခုလိုပဲ။အော်ကျယ်အော်ကျယ် စကားပြောသံတွေ၊ ရယ်သံတွေကို ကြားနေရတယ်။အခန်း ၃၀၆ထဲဝင်တော့ သူ့အခန်းထဲမှာ အခန်းဖော် ယောင်္ကျားလေးတစ်ယောက်ကို မြင်လိုက်ရတယ်။ အဲဒီဘဲလေးက အဝတ်လဲနေတုန်း တန်းလန်းကြီး၊ အပေါ်ပိုင်းဗလာနဲ့။
ရုပ်ကတော့ ဆံပင်တွေ နီကြောင်ကြောင်နဲ့ငှက်သိုက်မုန့်လို ကောက်နေတာကလွဲလို့
မေ့မေ့ပျောက်ပျောက် သာမန်ရုပ်မျိုးပါပဲ။
နှာခေါင်းချွန်ချွန်၊ ကြောင်တောင်တောင် မျက်လုံးနဲ့ ဝက်ခြံတွေ နည်းနည်းရှိတယ်။
YOU ARE READING
ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)
Historical Fictionကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအားလုံးမှာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ခဲ့ကြတာ။ မဝါဒကြီးစိုးနေလို့ ယောက်ျာ...