ကာဇဲအင်း နဲ့ ဧကရီများ : အတွဲ ၁
အခန်း ၂ : ပုံမှန်မဟုတ်တော့ဘူးကာဇဲအင်းတစ်ယောက် နိုင်ငံရေးသီအိုရီစာတမ်းပြုစုတာနဲ့ စအလုပ်ရှုပ်နေတဲ့
အချိန်မှာ နိုင်ငံပိုင်သတင်းမီဒီယာတွေက
လွှင့်နေတဲ့ သတင်းတစ်ပုဒ်ရှိတယ်။ အဲဒါက လကြတ်တဲ့ သတင်း။"ဒီဒယ်ဗယ်လျူတီဗီ သတင်းဌာနကနေ ကြိုဆိုလိုက်ပါတယ်ရှင့်။ ဒီနေ့အတွက် အထူးသတင်းတွေထဲက တစ်ခုအနေနဲ့ ပထမဆုံးကြေညာချင်တာကတော့ လကြတ်မှုဖြစ်စဥ်ပဲဖြစ်ပါတယ်၊ ရှားပါးတဲ့ လအပြည့်ကြတ်ခြင်းဖြစ်စဥ်ဖြစ်ပြီးတော့ နှစ်ပေါင်းငါးဆယ်အတွင်း ကျွန်မတို့ဂျာမဏီနိုင်ငံမှာ ပထမဆုံးအနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်"
အဲဒီ လကြတ်တဲ့ သတင်းက အရင်တစ်ပတ်ထဲက ပါပါလာတာ။ ဂျဲနာ တက္ကသိုလ်က ရှေးဟောင်းသုတေသန နဲ့ နက္ခတ္တဗေဒကျောင်းသားတွေကတော့ ကြယ်တာရာ
ကြည့်တဲ့ တယ်လီစကုပ်ကြီးနားမှာ အုံခဲနေတာပေါ့။
ကာဇဲအင်းက သတင်းနဲ့ နိုင်ငံရေးတွေ လုံးဝ မကြည့်၊ နားမထောင်တာတော့မဟုတ်ပါဘူး၊ သူစိတ်ဝင်တစားနဲ့ ယူထားတဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်အရ ရော သူ့မိဘနှစ်ပါး ဆီကရတဲ့ အလေ့အကျင့်အရရော သူက သတင်းတွေကို စိတ်ဝင်တစားနဲ့ နားထောင်တက်တဲ့
ရှားရှားပါးပါး လူငယ်တွေထဲက တစ်ယောက်ပါ၊ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း အစုံပေါ့။ ဒါပေမယ့် အာကာသ၊ နည်းပညာတွေ နဲ့ ဆိုင်တဲ့ သတင်းတွေဆို အဲဒီလောက်အထိ သူစိတ်မဝင်စားဘူး။ မလိုတာတွေကို သူ့ဦးနှောက်ထဲ မထည့်ချင်ဘူးလေ။ကာဇဲအင်းရဲ့ ဦးနှောက်က လူတစ်သိန်းမှာ တစ်ယောက်မရှိတဲ့ ဓာတ်ပုံမှတ်ဉာဏ်ပါတဲ့
ဦးနှောက်၊ ငါးနှစ်သားအရွယ်မတိုင်ခင်ကတည်းက အခုအသက် ဆယ့်ခုနှစ်နှစ်အထိဖြစ်ပျက်သမျှတွေကို အကုန်မှတ်မိတယ်။
အဲဒါက ကောင်းလားဆိုတော့ ကောင်းတာပေါ့။ ဂိမ်းထဲမှာ အလိမ်ကုဒ်တွေနဲ့ ကစားသလိုပဲ။ တခြား ကစားသမားတွေခက်ခဲနေတဲ့ နေရာမှာ သူက လွယ်လွယ်လေးကျော်သွားတာ။ အင်္ဂလိပ်စာလုံးပေါင်းပြိုင်ပွဲတွေဝင်ပြိုင်လည်း ပထမ၊ စစ်တုရင်ထိုးရင်လည်း လူကြီးတွေကိုတောင်နိုင်တယ်၊
သင်္ချာ၊ ရူပဗေဒ၊ ဂီတ အကုန်လုံးမှာ သူဘက်စုံ ထူးချွန်တယ်။ နောက်ဆုံး ကုန်ကုန်ပြော သူ့သူငယ်ချင်းမလေး လေးလုံးနဲ့ ဂိမ်းကစားရင်တောင် သူနိုင်တဲ့ပွဲက ပိုများတယ်။
အဲဒါကြောင့်လည်း လေးလုံးက သူ့ကို ခင်နေတာ။ "ငါနင်နဲ့ဆော့ရတာ စိန်ခေါ်မှုများပြီး တကယ်စိတ်လှုပ်ရှားဖို့ ကောင်းတယ်၊ လက်ရည်တက်လာသလိုလည်း ခံစားရတယ်" လို့
သူ(မ)က တစ်ခါပြောဖူးတယ်။
အဲဒီလိုတွေဖြစ်နေရတဲ့အကြောင်းအရင်းက
မွေးကတည်းကပါလာတဲ့ ဓာတ်ပုံမှတ်ဉာဏ်ကြောင့်ပဲ။ ဒါပေမယ့် တခြားလူတွေမသိတာက အဲဒါက နှစ်ဖက်သွားဓားလိုပဲ။
မေ့ပစ်ချင်တဲ့ အမှတ်တရတွေ၊ ပုံရိပ်တွေ၊
စကားသံတွေကိုလည်း သေတဲ့အထိ မေ့လို့ ရမှာမဟုတ်ဘူး။ တစ်ခါတစ်လေကျရင် ကွန်ပြူတာက ထကြောင်ပြီး ဖိုင်တွေမှားပွင့်လာသလို သူ့ဦးနှောက်ကလည်း တခြားမဆိုင်တဲ့ ဖိုင်တွေပွင့်ပွင့်လာတက်တယ်။ ဥပမာ အလယ်တန်းတုန်းက စာမေးပွဲဖြေနေတုန်း
သင်္ချာသီအိုရီတွေပြန်တွေးတာကို မတော်တဆ မြင်လိုက်ရတဲ့ သူ့အဖေနဲ့ အမေ ရဲ့ ကုတင်ပေါ်က အချစ်ပွဲဖိုင်ကို သွားဖွင့်မိသလိုမျိုးပေါ့။ အဲဒါကြောင့် သူ့ဘဝမှာ မလိုလောက်ဘူးထင်တဲ့ဟာတွေကို တက်နိုင်သမျှ ဂရုမစိုက်မိအောင်နေတယ်။

YOU ARE READING
ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)
Historical Fictionကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအားလုံးမှာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ခဲ့ကြတာ။ မဝါဒကြီးစိုးနေလို့ ယောက်ျာ...