Volume 1 Chapter 1

347 12 1
                                    

ကာဇဲအင်း နဲ့ ဧကရီများ :အတွဲ ၁
အခန်း ၁ : အဆောင်နေ ကျောင်းသားတွေ

"ရောမတွေတည်ထောင်ခဲ့တဲ့ လူ့ယဥ်ကျေးမှုအဖွဲ့အစည်းက ရှေးယခင်ခေတ်တွေမှာ မရှိဖူးတဲ့အရာတစ်ခုပဲ။ အီဂျစ်၊ ဘေဘီလုံနဲ့ ဂရိတွေတောင်မှ ရောမတွေလောက် ခမ်းနားတဲ့
အင်ပါယာကြီးတစ်ခုကို မဖန်တီးနိုင်ခဲ့ကြဘူး"

စာသင်ခန်းရဲ့ရှေ့မှာတော့ သမိုင်းပါမောက္ခကြီး ဝဲလ်ဟောင်းက ကျောင်းသားတွေကို စိတ်ရှည်လက်ရှည်နဲ့သင်ခန်းစာရှည်ကြီးတစ်ပုဒ်ကို ရှင်းပြနေတယ်။ အနောက်က ပိတ်ကားပေါ်မှာ ပရောဂျက်တာနဲ့ ရုပ်ပုံတစ်ပုံကို
ထိုးပြထားတယ်၊ အဲဒီပုံက ရောမအင်ပါယာကြီးရဲ့ မြေပုံပဲ။
တပည့်တွေက အများကြီး မရှိဘူး။
အယောက်နှစ်ဆယ့်သုံးယောက်ပဲ ရှိတယ်။ ဂျာမနီနိုင်ငံက အထင်ကရတက္ကသိုလ်တစ်ခုဖြစ်တဲ့ ဂျဲနာတက္ကသိုလ်လို နေရာမျိုးမှာ စာသင်ချိန်ကို
ကျောင်းသားအယောက် နှစ်ဆယ်ပဲ
တက်တယ်ဆိုတာ တော်တော်နည်းတယ်လို့ပြောရမယ်။ အထူးသဖြင့် ပါမောက္ခကိုယ်တိုင် သင်နေတဲ့အတန်းမျိုးမှာပေါ့။
အယောက်နှစ်ဆယ်ကျော်ထဲကမှ
ကျောင်းသားတစ်ယောက်ပဲ သူများတွေထက် စိတ်ပါလက်ပါနဲ့ သင်ခန်းစာကို နားထောင်နေတာတွေ့ရတယ်။ ပါမောက္ခကတော့ တပည့်တွေရဲ့အခြေအနေကို စင်မြင့်ပေါ်ကနေ
အနောက်က ခုံတန်းတွေဆီ
တစ်ချက်မော့ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ အခန်းနဲ့ ခုံတန်းတွေရဲ့ဖွဲ့စည်းပုံအရ ဆရာစာသင်တဲ့ စင်မြင့်နဲ့ ဝေးရာကို
ဆောက်ထားတော့ ဆရာကမော့ကြည့်ရတာပေါ့။ လူနည်းနည်းများများ သူကတော့
သူ့ အာဘော်အတိုင်း သင်စရာရှိတာသင်မှာပဲလေ။

"မင်းတို့ဘာတွေးနေလဲဆိုတာ ငါသိတာပေါ့။ ရောမတွေက ဘယ်အရာကိုမှ မတီထွင်ခဲ့ကြဘူး။ အဲဒီအစား တီထွင်သူတွေကို အုပ်စိုးပြီး သူတို့ယဥ်ကျေးမှုထဲကို ပေါင်းထည့်ခဲ့တာ။ ကာသေ့ချ်တွေဆီက ရေကြောင်းနည်းပညာရလာတယ်။ ဂရိတွေဆီကနေ သင်္ချာ၊ ဒဿနနဲ့နတ်ဘုရားတွေရတယ်။ အဲဒါတွေကို သူတို့က ဒီနည်းပညာရပ်တွေကို နဂိုထက်ပိုပြီး ကျယ်ပြန့်လာအောင် လုပ်ပေးခဲ့ကြတာ"

ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)Where stories live. Discover now