V1 Chappter 18

58 6 0
                                    

ကာဇဲအင်းနှင့်ဧကရီများ : အတွဲ ၁

ခန်း ၁၈ : နာမည်ကြီးပုဂ္ဂိုလ်လေး

ဒီနေ့လည်း ပုံမှန်ကျောင်းသွားတဲ့နေ့တွေလိုပဲ ဖြစ်သင့်တာဆိုပေမယ့် ကာဇဲအင်းရဲ့
မသိစိတ်က တစ်ခုခုကွဲပြားသွားသလိုမျိုး ခံစားနေရတယ်။ နိုင်ငံရေးသိပ္ပံအဆောင်မှာ သူတွေ့သမျှ ကျောင်းသူတွေအကုန်လုံးက
သူ့ကိုတွေ့တာနဲ့ နောက်ကိုရွံ့သွားတတ်ကြပြီး အချင်းချင်းတီးတိုးစကားဆိုနေကြတာများတယ်။ အတန်းထဲရောက်တော့ ပုံမှန်မဟုတ်တာ ပိုသေချာသွားရော။အကုန်လုံးတီးတိုးပြောနေကြတာဆိုပေမယ့် အခန်းတစ်ခုတည်းမှာဆိုတော့ သူ့နားကနေ သူတို့ဘာပြောနေလဲဆိုတာ ကြားနေရတယ်။

"ဟဲ့၊ နင်သိပြီးပြီလား။ လီယွန်နာက ဒမ်ဇင်တက္ကသိုလ်ကို ကျောင်းပြောင်းသွားရပြီတဲ့"
"မဖြစ်နိုင်တာ၊ ဟိုကိစ္စကြောင့်များလား"

ပုံမှန်ဆိုရင်တော့ သူတို့ဘာတွေပြောနေလဲ ကာဇဲအင်း စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာဆိုပေမဲ့ လီယွန်နာဆိုတဲ့ နာမည်ကိုကြားလိုက်တာရယ်၊ ဒမ်ဇင်တက္ကသိုလ်နာမည်ကို ကြားလိုက်တာရယ်ကြောင့် စိတ်ဝင်စားသွားတာ။
"ကြည့်ရတာ ဟိုရဲအရာရှိမမ တိုင်စာပို့လိုက်ပြီနဲ့တူတယ်၊ ဆိုကာမှ ဒမ်ဇင်တက္ကသိုလ်က
ဒမ်ဇင်စီရင်စုထဲမှာ ရှိတာထင်တယ်"

စိတ်ထဲမှာ မှတ်မိနေတဲ့ သမိုင်းထဲက ပရပ်ရှားမြေပုံကို ပြန်တွေးစမြင်ယောင်ကြည့်ရင်း ကာဇဲအင်းမျက်နှာက တစ်မျိုးတစ်မည်ပြောင်းလဲသွားတယ်။ ဒမ်ဇင်စီရင်စုက ပရပ်ရှားအင်ပါယာရဲ့အရှေ့မြောက်ဘက်အကျဆုံးက စီရင်စုပဲ။ ပိုလန်-လစ်သူရေးနီးယန်း ဓနဿဟာရနိုင်ငံကိုသုံးခြမ်းခြမ်းပြီးတဲ့နောက် ရလာတဲ့စီရင်စုတွေထဲက တစ်ခု။ ၁,၇၉၃ ခုနစ်ကျမှ
ပရပ်ရှားပိုင်နက်ထဲပါလာတာ။ အရင်ကမ္ဘာမှာတော့ ဒုတိယကမ္ဘာစစ်အပြီးမှာ ပိုလန်ဆီ ပြန်ပေးလိုက်ရပေမယ့် အခုကမ္ဘာမှာက
ကိုင်ဇာခေတ်လေ။ ဒီတော့ ပရပ်ရှားပိုင်နက်ထဲမှာပဲ။ ပြီးတော့ ဂျာမန်လူမျိုး သုံးဆယ်ရာခိုင်နှုန်းပဲနေတာဖြစ်ပြီး ကျန်တာတွေက
ပိုလန်သားတွေ။ ဂျဲနာနဲ့ယှဉ်ရင် ခေတ်နောက်ကျလွန်းပြီး ပညာရေးလည်းမတိုးတက်ဘူး။ အဲဒီတစ်ယောက် အပြစ်ပေးခံရလောက်မယ်လို့ သူတွေးမိပေမယ့်
ဒီလောက်ထိပြင်းထန်မယ်လို့မထင်ထားတာအမှန်ပဲ။ လီယွန်နာရဲ့အမေက ဘာရွန်၊
အဖေက ရဲမှူး။ ဂျဲနာတက္ကသိုလ်မှာ တကယ့်အကောင်ကြီးတော့မဟုတ်သေးပေမယ့် အလယ်တန်းစားထဲမှာပါတယ်။ သူ့လိုသာမန်လူတစ်ယောက်အတွက် ဒီလောက်ထိပြစ်ဒဏ်ခံရစရာအကြောင်းမရှိဘူးမလား။

ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)Donde viven las historias. Descúbrelo ahora