V1 Chapter 22

54 5 0
                                    

ကာဇဲအင်းနဲ့ဧကရီများ : အတွဲ ၁
အခန်း ၂၂ : ပရပ်ရှားအထူးရဲတပ်ဖွဲ့

အခြေအနေတွေက ပိုရှုပ်ထွေးသွားပြီ။ နောက်ထပ်တစ်ခါ သေနတ်သံကြားရပြန်တယ်။ သေနတ်အသံက အော်တိုမစ်တစ်မောင်းပြန်ရိုင်ဖယ်အသံမျိုးမဟုတ်သလို ပရပ်ရှားရဲတွေရဲ့သေနတ်သံမျိုးလည်းမဟုတ်ဘူးဆိုတာ ချက်ဇမာသိလိုက်တယ်။အနောက်ဘက်ဂိတ်နဲ့ မြောက်ဘက်ဂိတ်ပေါက်အကွာအဝေးလောက်က ခပ်အုပ်အုပ် သေနတ်သံမျိုးမဟုတ်ဘူး။ မနီးမဝေးနေရာလောက်က စနိုက်ပါနဲ့ပစ်တာ။

ကံကောင်းစွာနဲ့ သေနတ်သမားက တစ်ချက်လွဲသွားလို့ မချိန်ဘဲအရန်ပစ်လိုက်တဲ့ ပစ်ချက်ဖြစ်တဲ့ပုံပဲ။ အယ်လာရဲ့ခြေထောက်နားက အုတ်ချပ်ကိုမှန်သွားပေမယ့် ဘယ်သူ့ကိုမှထိမသွားဘူး။ ဒါက ချက်ဇမာအစီအစဉ်ထဲမှာမပါဘူး၊ ပရပ်ရှားရဲတပ်က လက်ဖြောင့်တပ်သားကတော့ ကျောင်းသားဝတ်စုံဝတ်ပြီး ပုဝါဖြူကိုင်ထားတဲ့ နယ်စားသမီးကို ပစ်မှာမဟုတ်တာသေချာတယ်။

"သေစမ်း" တတိယအဖွဲ့ပါ ပါလာပြီဆိုတာသိလိုက်တဲ့အချိန်မှာ ချက်ဇမာနဲ့ သူ(မ)လူတွေက ပြတင်းပေါက်နားကခွာပြီး အကာအကွယ်ယူလိုက်တယ်။သူ(မ)ရှေ့ခပ်လှမ်းလှမ်းက အယ်လာမေယျာနဲ့ အနောက်ကပြေးဝင်လာတဲ့ကောင်လေးကလည်း မလှုပ်တော့ဘူး။
အမှန်တော့ လဲကျကျပြီးချင်း အယ်လာက အလန့်တကြားနဲ့ထဖို့လုပ်လိုက်ပေမယ့် မျက်နှာချင်းဆိုင်မိနေတဲ့ ကာဇဲအင်းက သွားကြားထဲက လေသံလေးနဲ့
"လုံးဝမလှုပ်နဲ့" လို့ပြောထားတာ။ ကာဇဲအင်းလောက်တော့ အခြေအနေကို ချက်ချင်းသဘောမပေါက်ပေမယ့် သေမင်းခံတွင်းဝရောက်နေတယ်ဆိုတာတော့
အယ်လာသိလိုက်တယ်။ အဲဒါကြောင့် ကာဇဲအင်း ပြောတဲ့အတိုင်း မလှုပ်မယှက်ငြိမ်နေလိုက်ဖို့ပဲ သူ(မ)ဆုံးဖြတ်လိုက်တယ်။

ဘာဘာရာက ​အလန့်တကြား ဖြစ်သွားပေမယ့် သေချာလှမ်းကြည့်တော့ သူ(မ)ရဲ့ သခင်မလေးပေါ်မှာ ဘာဒဏ်ရာမှမတွေ့ရဘူး။ အယ်လာ့အဝတ်အစားတွေပေါ်မှာ ပေနေတဲ့သွေးတွေက ကာဇဲအင်းရဲ့သွေးတွေ၊ အယ်လာလည်းအဆင်ပြေတယ်။ စနိုက်ပါလည်း ရှိနေတော့ ချက်ချင်းပြေးမဆွဲသေးဘဲ အခြေအနေကိုစောင့်ကြည့်နေလိုက်တယ်။ ပုံမှန်ဆို အစေခံဝတ်စုံဂါဝန်အောက်က သူ(မ)ပေါင်မှာ
သားရေပတ်ကြိုးနဲ့ပတ်ထားတဲ့ ပစ္စတိုသေနတ်အမြဲတမ်းပါပေမယ့် ကျောင်းလုံခြုံရေးတွေက ကျောင်းဝင်းထဲကို လက်နက်ယူဆောင်ခွင့်မပြုလို့ သူ(မ)ရဲ့ပစ္စတိုကို ဂိတ်က အစောင့်ရဲတွေကို
ပေးထားခဲ့ရတာ။ ဘာဘာရာလည်း ကာဇဲအင်းလိုပဲ သခင်မလေးကို လုပ်ကြံတဲ့ တတိယအဖွဲ့ရှိနေပြီဆိုတာ ချက်ချင်းသဘောပေါက်သွားတယ်။

ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)Where stories live. Discover now