V1 Chapter 17

57 7 0
                                    

ကာဇဲအင်းနဲ့ဧကရီများ : အတွဲ ၁
အခန်း ၁၇ : တနင်္ဂနွေနေ့

လူ့ထရာ့ ပလာဇာ(၂) ရပ်ကွက်က ရှဗားဇား ဟိုတယ်မြေညီထပ် ဘားမှာညတစ်နာရီအထိ လူတွေရှိတုန်းပဲ။
ဟိုတယ်က ကြယ်လေးလုံးဟိုတယ်။ အဲဒီဟိုတယ်မှာရှိတဲ့လူတွေက သူကောင်းမျိုးမဟုတ်တောင် သူကောင်းမျိုးတွေရဲ့အဆက်အနွယ်တွေ။ သူတို့ရဲ့စီးပွားရေးပါတနာတွေလောက်ပဲ တည်းနိုင်တဲ့ ဟိုတည်ဆိုလည်းမမှားဘူး။

ဝါကြင့်ကြင့် ဖန်ပဒိုင်းမီးရောင်တွေအောက်ကဘားမှာထိုင်နေတဲ့ လူတွေထဲမှာ တချို့ကြတော့လည်း ညဘက်အိပ်မပျော်လို့၊ တချို့ကြတော့လည်း ညဦးပိုင်းထဲက
ထိုင်သောက်နေတဲ့ လူတွေ။ ကြယ်လေးလုံး ဟိုတည်ဆိုတော့ တရားမဝင် မြေအောက်ကလပ်တွေလိုအရှုပ်အရှင်းတွေမရှိဘူးပေါ့။ အေးအေးလူလူ သောက်လို့ စကားပြောလို့ရတယ်။

"ရောက်တာ ကြာပြီလား" ပြတင်းပေါက်ဘေးက စားပွဲဝိုင်းမှာထိုင်ပြီး ဟီဘရူးကျမ်းစာ ဖတ်နေတဲ့ ယောင်္ကျားက အသံလာရာကို မော့ကြည့်လိုက်တယ်။ မိန်းမတစ်ယောက်၊ ပုံစံက နှစ်ဆယ်ကျော်ဆိုပေမယ့် အသက်ကတော့ ခန့်မှန်းလို့မရဘူး။

တကယ်နှစ်ဆယ်ကျော်လည်းဖြစ်ချင်ဖြစ်မယ်၊ လေးဆယ်ကျော်ကို နုပျိုဆေးတွေသုံးထားတာလည်းဖြစ်ချင်ဖြစ်မယ်။ အဲဒီအမျိုးသမီးက ဝှက်စာထဲမှာရေးထားတဲ့အတိုင်း ဆင်စွယ်ရောင် ပိုးသားဘလောက်အင်္ကျီနဲ့၊ လည်ပင်းမှာ ရေညှိရောင်ဖဲပြားလေးတစ်ခုချည်ထားတယ်။ ဝတ်ထားတဲ့ဂါဝန်ကလည်း ဖဲပြားလို ရေညှိအရောင်ပဲ။ လက်ထဲမှာ ကိုင်ထားတာက ထာရာ
သုံးထောင်တန် ကျားသစ်ကွက် ပိုက်ဆံအိတ်လေး။
ဖတ်လက်စ စာမျက်နှာမှာ စာမှတ်ကတ်ပြားလေးညှပ်ရင်း စာအုပ်ကိုပိတ်ပြီး စားပွဲပေါ်တင်ထားလိုက်တယ်။

"ထိုင်ပါဦး"
"မေယျာနယ်​ထဲက ကြယ်လေးလုံးဟိုတယ်ထဲမှာ ဟီဘရူးကျမ်းစာဖတ်ရဲတယ်ဆိုတော့၊ ရှင့်သတ္တိက မခေဘူးပဲ"

အမျိုးသမီးက ပြောပြောဆိုဆိုနဲ့ မျက်နှာချင်းဆိုင်က ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။ "ကိုယ်ယုံကြည်ကိုးကွယ်တဲ့ တရားစာအုပ်ကို ဖတ်တာ ဘယ်သူ့ခွင့်ပြုချက်ကိုမှတောင်းစရာမလိုဘူးထင်တယ်"
"ရှင့်လိုလူမျိုးကို ဗီရှင်စကာတို့ မော်စကိုတို့ပို့ပြီး အဲဒီစကားပြောနိုင်သေးလားဆိုတာကို ကြည့်ချင်မိတယ်။
ဆိုဗီယက်ပြည်ထောင်စုမှာတော့ နိုင်ငံရေးမှူးတွေလက်ချက်နဲ့ ဂျူးသူဌေးတွေမှာ ခြုံစရာစောင်တောင်မရှိတော့ဘူး" သူတို့ပြောဆိုနေတုန်း စားပွဲထိုးကောင်လေးရောက်လာတော့ စကားစပြတ်သွားတယ်။

ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)Dove le storie prendono vita. Scoprilo ora