Chapter 20

47 4 0
                                    

ကာဇဲအင်းနဲ့ ဧကရီများ : အတွဲ ၁
အခန်း ၂၀ : စာမေးပွဲဖြေမယ့်နေ့

ဂျဲနာမြို့ စက်မှုဇုန်ဟောင်းနယ်မြေ။

ညနေစောင်း ညီအစ်မမသိတသိအချိန်မှာ
မုန့်ဖုတ်သမား ကတ်ဦးထုပ်တွေဆောင်းထားတဲ့ လူတစ်စုက အမှောင်ရိပ်ခိုပြီး စက်ရုံတစ်ရုံထဲကို တိတ်တိတ်လေးဝင်နေကြတယ်။ တချို့တွေက ဦးထုပ်အပြင် အမည်းရောင်နှာခေါင်းစည်းပါစည်းထားကြသေးတာ။ လူအုပ်က ဖြည်းဖြည်းချင်းလှုပ်ရှားနေကြပြီး စက်ရုံရဲ့အလယ်က နေရာကျယ်ကြီးမှာစုမိကြတယ်။

"ဆင်ဒီကယ်လစ် လုပ်သားညီအစ်မတွေအားလုံးကို ကြိုဆိုပါတယ်။ ဒါ့ဘရိုဝါစကီ၊ မာဇူကာ"

ငါတို့ရှိနေသမျှ ပိုလှစ်ရှ်ပြည်ကြီး မကျဆုံးသေးဘူး ဆိုတဲ့စကားစုကို ခေါင်းဆောင်ဖြစ်ပုံရတဲ့ အမျိုးသမီးက ပြောလိုက်တာနဲ့ ကျန်တဲ့ မိန်းမ ယောင်္ကျားတွေကလည်း နှာခေါင်းစည်းအောက်က မတိုးလွန်းမကျယ်လွန်းတဲ့အသံနဲ့ လိုက်ကြွေး​ကြော်ကြတယ်။

"ဒါ့ဘရိုဝါစကီ၊ မာဇူကာ"

၁,၇၉၅ ခုနစ်ကတည်းက လွတ်လပ်ရေးဆုံးရှုံးခဲ့ကြပေမယ် ပိုလစ်ရှ်ပြည်သူတွေဟာ မျိုးချစ်စိတ်ဓာတ် ရှင်သန်နေကြဆဲပဲ။ ကွန်မြူနစ်ရဲ့ညီအစ်မဝါဒကိုကိုင်စွဲထားတဲ့ ပိုလန်ပြည်ဆင်ဒီကယ်လစ်ပါတီရဲ့ဦးဆောင်မှုအောက်မှာ ၂,၀၀၀ပြည့်နှစ်အစောပိုင်းကာလအထိ လက်နက်ကိုင်ပုန်ကန်မှုက ထကြွခဲ့တာ၊
ဒါပေမယ့် ပရပ်ရှားအင်ပါယာရဲ့လျှို့ဝှက်ရဲတပ်ဖွဲ့လက်ချက်နဲ့ နှိမ်နင်းခံရတာ အခုဆို အင်အားနည်းနည်းလေးပဲရှိတော့တယ်၊ ကျန်တဲ့လူတွေကအခုစက်ရုံထဲက လူတွေအကုန်ပဲလို့တောင်ပြောလို့ရတယ်။

"ရဲဘော်ချက်ဇမာ၊ အဖွဲ့ဝင်အကုန်လုံးကို ခေါ်လိုက်တာ အကြောင်းထူးရှိလို့လား" ဆင်ဒီကယ်လစ်ရဲဘော်တွေထဲက တစ်​ယောက်က မေးလိုက်တယ်။
ဘာလို့ဆို ပရပ်ရှားထောက်လှန်းရေးတွေကြောင့် အဖွဲ့သားတွေအကုန်လုံးက စုဝေးဖို့နေနေသာသာ တတ်နိုင်သမျှ ခြေရာဖျောက်ထားကြတာ။ အခုလို လူစုလူဝေးကိုသာဝင်ဆွဲရင် အကုန်ပါကုန်မှာလေ။

ချက်ဇမာလို့အခေါ်ခံလိုက်ရတဲ့ ခေါင်းဆောင်က ခေါင်းညိတ်ပြလိုက်တယ်။ ချက်ဇမာက နာမည်အရင်းမဟုတ်ဘဲ ဆင်ဒီကယ်လစ်အရေးတော်ပုံအတွက်သုံးတဲ့ နာမည်ပြောင်တစ်ခု။

ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)Where stories live. Discover now