ကာဇဲအင်းနှင့်ဧကရီများ : အတွဲ ၁
အခန်း ၆ : အပြိုင်ကမ္ဘာက ပထမဆုံးဒိတ်ဒိုရေသီယာက သူ့ကိုကဖေးဆိုင်တစ်ခုရှေ့အထိ ဆွဲခေါ်သွားတယ်။ သိပ်အဝေးကြီးတော့မဟုတ်ဘူးပေါ့။ဂျဲနာတက္ကသိုလ်ဝန်းက ဂျဲနာမြို့နဲ့ကပ်နေတာဆိုတော့လမ်းနှစ်ဘလောက်လောက် လျှောက်သွားရုံနဲ့တင်
မြို့လယ်ခေါင်ရောက်နေပြီ။
အခုလည်း သူတို့တွေ ဟိုစကားဒီစကားပြောရင်း ဆယ်မိနစ်လောက် လျှောက်ရုံနဲ့တင်
ကဖေးဆိုင်တစ်ခုရှေ့ရောက်လာတယ်။
ကဖေးဆိုင်က သိပ်မကြီးပဲ သာမန်မိသားစုတစ်ခုရဲ့အိမ်လို့တောင်ထင်ရတယ်။
ဒါပေမယ့် ဝင်ပေါက်ဝပေါ်မှာ ဝရန်တာတစ်ခုရှိနေပြီး ဝင်ပေါက်မုခ်ဝကိုဆောက်ထားတဲ့ သစ်သားက တော်ရုံရှာလို့မရနိုင်တဲ့ အာဖရိကသစ်နက်သား။ သူဖတ်မိထားသလောက်ဆိုရင် ပရပ်ရှားရဲ့ကိုလိုနီနယ်မြေတွေကနေ
တင်သွင်းရတာမလို့ အတော်စျေးကြီးတယ်။"ဒီကဖေးကို စိတ်ဝင်စားနေတာလား၊
ဂျဲနာမှာ သူတို့ဆိုင်ဖွင့်တာ နှစ်နှစ်ရာကျော်နေပြီလေ၊ဆိုင်ပိုင်ရှင်က ကဖေးအစည်းအရုံးရဲ့ဥက္ကဌဆိုတော့ နာမည်ကြီးပဲ ဘယ်လိုလဲ
ဝင်ကြမလား"ဒိုရေသီယာက ကာဇဲအင်းကို အပြုံးကြီးကြီးပြုံးပြီးပြောလိုက်တယ်။ ပြီးတော့ ကာဇဲအင်းရဲ့လက်ကိုကိုင်ပြီး လွှဲယမ်းနေလိုက်သေးတယ်။ မနေ့က စာကြည့်တိုက်မှာစတွေ့တုန်းကနဲ့ အခု ဒိတ်တဲ့အချိန်မှာ ဒိုရေသီယာက
မတူညီတဲ့ လူနှစ်ယောက်လိုဘဲ၊ မသိရင် ရုပ်ချင်းခွဲမရအောင်တူပြီး အကျင့်စရိုက်လုံးဝကွဲတဲ့ အမွှာညီအစ်မနှစ်ယောက်က သူ့ကို လှည့်ပတ်ဆော့နေသလားတောင် အောက်မေ့မိတယ်။ ကာဇဲအင်းကတော့ သူ(မ)ပြောတဲ့
ကဖေးအစည်းအရုံးဆိုတာကို သိပ်နားလည်သေးတာမဟုတ်ဘူး။ ဒါပေမဲ့ ကဖေးဆိုင်ရဲ့ဝင်ပေါက်ဝမှာရှိနေတဲ့ ကော်ဖီခွက်ပုံစံ ကြေးဆိုင်းဘုတ်ကြောင့် မျက်မှောင်ကြုပ်သွားတယ်။"နေစမ်းပါဦး၊ အဲဒီစနစ်က ရီနေးဆန့်ခေတ်တည်းက ပျောက်သွားသင့်တာမဟုတ်ဘူးလား' ကာဇဲအင်းတစ်ယောက် ဒိုရေသီယာကို အတော်ကြာတဲ့အထိ ခွန်းတုံ့မပြန်မိဘဲ ဆိုင်းဘုတ်ကိုပဲစိုက်ကြည့်နေတဲ့အတွက်
ဒိုရေသီယာက ချောင်းဟန့်လိုက်တယ်။
"အဟမ်း...."
"အို...တောင်းပန်ပါတယ်"
"ကာဇဲအင်း အဲဒီဆိုင်းဘုတ်က တို့ထက်ပိုပြီး စိတ်ဝင်စားစရာကောင်းနေလား"
"အဲ.. အဲဒီလိုတော့မဟုတ်ပါဘူး၊ ကုန်သွယ်ရေးအစည်းအရုံးတွေ ဂျဲနာမြို့မှာ ရုံးစိုက်နေသေးမယ်မထင်လို့ပါ"
YOU ARE READING
ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)
Historical Fictionကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအားလုံးမှာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ခဲ့ကြတာ။ မဝါဒကြီးစိုးနေလို့ ယောက်ျာ...