ကာဇဲအင်း နဲ့ ဧကရီများ : အတွဲ ၁
အခန်း ၁၀ : ယောင်္ကျားလေးတွေရဲ့ဘဝအဆောင်က သူ့အခန်းအရှေ့ပြန်ရောက်တော့ အမွှေးအနံ့ရတယ်၊ အနံ့က ရေမွှေးအနံ့ကိုမှ တော်တော်စူးစူး။ ကာဇဲအင်းရဲ့ အရှေ့က
အခန်းတံခါးကလည်း အတွင်းကနေ လော့ခ်ချထားတာ၊ တံခါးကို ခပ်ဆက်ဆက်
သုံးချက်လောက် ခေါက်ကြည့်တော့
အထဲကနေ ကက်စ်ပါရဲ့အသံထွက်လာတယ်။
"ဘယ်သူလဲ"
"ကာဇဲအင်းပါ"
တံခါးဖွင့်လိုက်တော့ ရေမွှေးအနံ့တွေက
နှာခေါင်းထဲ ဒလဟော တိုးဝင်လာပါလေရော။ အနံ့က ပြင်းလွန်းလို့ ခေါင်းတွေပါမူးသွားတယ်။ အစက ဒီအတိုင်းလေနဲ့ဝေ့ပါလာတဲ့ ရေမွှေးအနံ့ရလိုက်တယ်ထင်နေတာ၊
တကယ်တမ်း အနံ့ကသူ့အခန်းထဲကလာတာ။
ကက်စ်ပါက ပြုံးစိစိနဲ့...
"မြန်မြန်လာ ငါ့ကောင်၊ မင်းက အချိန်ကောင်းကို ကွက်တိရောက်လာတာပဲ" ဆိုပြီး ဖိတ်ခေါ်တယ်၊ သူ့ဆီကနေ ရေမွှေးအနံ့နဲ့ရောပြီး အရက်နံ့စူးစူးပါရလိုက်တယ်။
အထဲဝင်လိုက်တော့ အခန်းထဲမှာ အမျိုးသားရေးရာကလပ်ထောင် မယ်ဆိုတဲ့ ဘရူနို ဖင်း ရယ် တခြား သူမသိတဲ့ ငနဲ တစ်ကောင်ရယ် ရောက်နေပြန်တယ်၊
အဲဒီငနဲ ကိုမြင်မြင်ချင်း မျက်လုံးထဲတန်းဝင်လာတာက သူ့ရဲ့ဘယ်ဘက်မျက်လုံးအောက်က မျက်ရည်ခံမှဲ့အကြီးကြီးပဲ၊
သူတို့ လက်ထဲမှာက ဘာတံဆိပ်မှမပါတဲ့အညိုရောင်ဖန်ပုလင်းတွေနဲ့၊ ကာဇဲအင်းကို မြင်တော့ ပြုံးစိစိနဲ့ကြည့်တယ်။သူအထဲရောက်တော့ ကက်စ်ပါက တံခါးကို အမြန်ပြန်ပိတ်ပြီး လော့ခ်ပြန်ချထား လိုက်တယ်၊ အခြေအနေကိုတော့ ရိပ်မိပေမယ့်
လက်ကိုင်အိတ်ကို မွေ့ယာပေါ်ပစ်တင်ရင်း ကာဇဲအင်း မေးလိုက်သေးတယ်။
"ရေမွှေးအနံ့တွေလား"
"ဟုတ်တယ်လေ၊ ပေါင်မုန့်တွေက တအားအနံ့ပြင်းတာ၊ အဲဒီတော့ ရေမွှေးတွေ လိုက်ဖြန်းထားမှ အဆင်ပြေတာ၊ အခုတော့ တစ်မျိုးကြီးဖြစ်နေမယ်ဆိုတာသိပေမယ့် မပူပါနဲ့၊
နောက် တဖြည်းဖြည်းနေသားကျသွားမှာပါ"ပေါင်မုန့်တွေဆိုတာ အင်္ဂလန်က
အရက်မှောင်ခိုရောင်းတဲ့ဂိုဏ်းတွေခေါ်တဲ့ အခေါ်အဝေါ်၊ အထူးသဖြင့် ချက်အရက်တွေကို ခေါ်ကြတာ။
"သောက်ပါဦး"
ကက်စ်ပါက ပြောပြောဆိုဆိုနဲ့ သူသောက်လက်စ ပုလင်းကို ကမ်းပေးတယ်။
ကာဇဲအင်းက ကမ်းပေးတာကို ယူလိုက်တယ်၊
သောက်တော့ မသောက်သေးဘူး၊
အနံ့ကို အရင်ရှုကြည့်တယ်။ အနံ့က တော်တော်ပြင်းတယ်၊ သူတို့ ရေမွှေးတွေဖြန်းထားတာလည်း မမှားပါဘူး။
"မနေ့က အပြင်မှာအိပ်တာလား"
"ဟုတ်တယ်...အဆောင်မှုုးလာစစ်သေးလား"
"လာစစ်တယ် ဒါပေမယ့် သူတို့က
အခန်းအပြင်က ကတ်ပြားရှိမရှိဘဲ ကြည့်ပြီး ပြန်သွားကြတာ၊ မင်းကတ်ပြားက အဆောင်မှာကျန်ခဲ့တာ ဆိုတော့ မနေ့ညက ငါတို့ ထည့်ပေးထားတယ်"
"ကျေးဇူး ကက်စ်ပါ" လို့ပြောပြီး တစ်ငုံမော့လိုက်တယ်၊ စူးပြီး ပူပြီး ခါးပြီး လည်ချောင်းထဲကနေ ဝမ်းခေါင်းထဲကို စီးသွားတာ သီးပါသီးချင်သွားတယ်။ အဝင်တော်တော်ဆိုးတာ၊ပြီးတော့ တော်တော်ညံ့တဲ့ အရက်ပဲ၊ တစ်ခါနှစ်ခါပဲ ပါတီမှာသောက်ဖူးတဲ့ သူ့လိုကောင်တောင် သိတယ်၊ သောက်ပြီးပြီးချင်း
ရှုံ့မဲ့သွားတဲ့ ကာဇဲအင်း ရုပ်ကိုကြည့်ပြီး
တခစ်ခစ်ရယ်သံတွေထွက်လာတယ်၊
![](https://img.wattpad.com/cover/349214227-288-k751689.jpg)
YOU ARE READING
ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)
Historical Fictionကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအားလုံးမှာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ခဲ့ကြတာ။ မဝါဒကြီးစိုးနေလို့ ယောက်ျာ...