V1 Chapter 7

115 7 0
                                    

[Warning: Adult content 18+]

ကာဇဲအင်းနဲ့ ဧကရီများ : အတွဲ ၁
အခန်း ၇ : ​လျှက်ပေး

အခု ဒိုရေသီယာရဲ့ အိမ်မှာ၊ အတိအကျပြောရရင် ဒိုရေသီယာရဲ့ အိပ်ခန်းထဲမှာ၊
သူ(မ)က အပေါ်ဝတ်ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ကုတင်ပေါ်က မွေ့ယာခင်းပေါ်မှာ
ခြေထောက်ချိတ်ပြီး ထိုင်နေတာ။
"ခြေအိတ် ချွတ်ပေး"
"အခုက...."
"အပြစ်ဒဏ်ပေးတာ"

ဘယ်ကနေဘယ်လို ဒီအထိရောက်လာလဲဆိုတာကို ပြန်တွေးကြည့်တော့ သူတို့ပန်းချီပြခန်းကပြန်ပြီး ပြင်သစ် အစားအသောက်တွေရတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ
ညနေစာ စားကြသောက်ကြတယ်။
ဒိုရေသီယာက အသီးအရွက်သုတ်တစ်ပွဲစားပြီး ဝိုင်ဖြူသောက်တယ်၊
ကာဇဲအင်းက ဆော်လမွန်ငါးဥဟင်းနဲ့ထောပတ်သီး ဖျော်ရည်ပဲသောက်ရတယ်။ ဆိုင်က တော်ဝင်အကယ်ဒမီက ယူနီဖောင်းနဲ့ဆိုတော့ ယမကာမချပေးဘူး။
ကျောင်းသားကတ်ထဲမှာလည်း အသက်က ဆယ့်ခုနှစ်ပဲရှိသေးတာကို၊ တကယ်တော့ တက္ကသိုလ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ အသက်က
ဆယ့်ရှစ်နှစ်ပြည့်ပြီးကြပြီ။ ဒါပေမယ့်
ကာဇဲအင်း မိဘတွေက သူ့ကို ကျောင်းလပိုင်းစောအပ်မိတော့ ဆယ့်နှစ်တန်းအောင်တဲ့အချိန်မှာ သူက ဆယ့်ခြောက်နှစ်ပဲရှိသေးတယ်၊ အခု ပထမနှစ်စာမေးပွဲကြီး ဖြေခါနီးမှ သူက အသက်ဆယ့်ရှစ်နှစ်ပြည့်မှာ။
စားကြသောက်ကြရင်း...
"ကာဇဲအင်းက အရင်က ကောင်မလေးတွေနဲ့ ဒိတ်ဖူးလား" လို့ မေးလာတယ်။

ဒိတ်ဖူးတယ်၊ ဒါပေမယ့် ဒီကမ္ဘာမှာမဟုတ်ဘူး။ အရင်ကမ္ဘာမှာ ဒိတ်ဖူးတာ၊ ဆိုတော့
ဒီကမ္ဘာမှာ ဒိုရေသီယာနဲ့က ပထမဆုံးပဲ။
"ဟင့်အင်း...ပထမဆုံးပဲ" လို့ ကာဇဲအင်းက
သေချာစဉ်းစားပြီး ပြန်ပြောတော့
ဒိုရေသီယာက ဝိုင်ဖြူကို အရသာခံသောက်နေရင်းနဲ့ မျက်ခုံးပင့်သွားတယ်၊
"တကယ်ပြောတာလား" ဆိုပြီး မယုံနိုင်တဲ့ လေသံနဲ့ ထပ်မေးပြန်ရော။

"ဟုတ် တကယ်ပါ မမ"
ဒိုရေသီယာက ကျေနပ်သွားတဲ့အပြုံးမျိုးနဲ့ ပြုံးတယ်၊ မသိရင် တကယ့်စစ်ပွဲကြီးတစ်ပွဲမှာ အောင်ပွဲယူပြီးပြန်လာတဲ့ ဗိုလ်ချုပ်တစ်ယောက်ရဲ့ အပြုံးမျိုးနဲ့တောင် ပိုတူတယ်။
စားသောက်ပြီး ဆိုင်ကထွက်တော့ ညနေ ခြောက်နာရီခွဲပြီးနေပြီ၊ အကယ်ဒမီ အဆောင်က ခုနှစ်နာရီပိတ်တာ၊ ပြန်ရင်တော့မှီပေမယ့်
တော်တော်တော့ ကသီမှာ။

ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)Where stories live. Discover now