V1 Chapter 11

103 10 0
                                    

ကာဇဲအင်းနဲ့ ဧကရီများ : အတွဲ ၁

ခန်း ၁၁ : မှန်ပေမယ့် မှားနေတယ်

လုပ်စရာရှိတာလုပ်ပြီးတော့ ကာဇဲအင်းက အခန်းထဲကမီးကို စာဖတ်လို့ရလောက်တဲ့အထိ ပြန်ချိန်ညှိလိုက်ပြီ စာကြည့်တိုက်က ငှားလာတဲ့ စာအုပ်တွေကို စီစီရီရီထားထားတဲ့ စာအုပ်ပုံထဲကနေ ဆွဲယူလိုက်တယ်။​ နောက်တော့ ယူလာတဲ့ သမိုင်းစာအုပ်တွေကို ဆက်ဖတ်တယ်။ ဆက်ဖတ်ရင်းနဲ့ သိလာတာတစ်ခုက ဘာလို့ ဂျာမနီနိုင်ငံကို ဒီမှာပရပ်ရှားအင်ပါယာလို့ပဲ ဆက်သုံးနေရတာလည်းဆိုတာကို သိလာရတယ်။ ပြီးတော့ အကြောင်းအရင်းကလည်း ရိုးရှင်းတယ်။ ရိုးရှင်းလွန်းလို့ ဘာလို့အစကတည်းက မတွေးမိတာလဲလို့ ကာဇဲအင်းတွေးမိတဲ့အထိပဲ။

အကြောင်းက လက်ရှိနိုင်ငံကို ဂျာမနီလို့ခေါ်ရင် သိပ်မမှန်တော့ဘူး။ ဘာလို့ဆို ပိုလစ်ရှ်တွေ၊ ဩစတီးယားတွေ၊ ရုရှားတွေပါနေတဲ့ပြည်ထောင်စု ဒါမှမဟုတ်အင်ပါယာ နိုင်ငံတစ်ခုကို ဂျာမန်လို့ခေါ်ရင် တိုင်းပြည်တွင်းက တခြားမျိုးနွယ်တွေကို ဘေးဖယ်ထားသလိုဖြစ်ပြီး ပြဿနာရှိလာနိုင်တယ်။ ကာဇဲအင်းတို့ အရင်ကမ္ဘာမှာလည်း ဂျာမန်အင်ပါယာရဲ့ပထမဆုံးရက်တွေမှာ အဲဒီလိုပြဿနာမျိုးနဲ့ ကြုံခဲ့ရသေးတယ်။ ဟစ်တလာခေတ်မတိုင်ခင်ကတည်းက ပိုလစ်ရှ်တွေက ဂျာမန်အင်ပါယာကို မကျေနပ်ကြဘူး။ အခုကမ္ဘာမှာ ပရပ်ရှားအင်ပါယာကို ပိုလစ်ရှ်တွေမကျေနပ်ကြဘူးဆိုပေမယ့် အင်ပါယာနာမည်က ဂျာမန်လူမျိုးတွေကိုပဲ ကိုယ်စားပြုတာမဟုတ်တဲ့အတွက် ဂျာမန်လူမျိုးကြီးဝါဒကျင့်သုံးမနေပါဘူး

ငါတို့နာမည်ကြည့်ပါလားဆိုပြီး နိုင်ငံတကာကို ပြောလို့ရသွားရော။ တကယ်လည်း ပရပ်ရှားဆိုတဲ့နာမည်က ဒေသကိုပဲ အစွဲပြုထားတာလေ။ ဒါပေမယ့် အရင်ကမ္ဘာကလိုပဲ ပရပ်ရှားက ဂျာမန်နယ်တွေ တစ်စုတစ်စည်းတည်းဖြစ်ဖို့ဆိုတဲ့ အယူဝါဒကို လက်ကိုင်ထားနေသေးတယ်။ ဥပမာအနေနဲ့ ပြင်သစ််နယ်ထဲမှာပါနေတဲ့ ဂျာမန်စကားပြောနယ်တချို့ကို ၁,၈၇၀ ခုနစ်မှာ ပြင်သစ်ဆီကနေ သွားဓားပြတိုက်လာတာမျိုးပေါ့။ ခေါင်းဆောင်တဲ့သူကတော့ ခါတိုင်းလိုပဲ ပရပ်ရှားရဲ့ဒဏ္ဍာရီလာဝန်ကြီးချုပ် အော့တိုဗန်ဘစ်စမက်ရဲ့မိန်းကလေးဗားရှင်း အော့တလီ ပဲ။
အနိုင်ကျင့်လာတယ်လို့ ပြောရင်လွန်ရာမကျဘူး။ ကာဇဲအင်းရဲ့အရင်ကမ္ဘာမှာတုန်းက
ပြင်သစ်ကိုဦးဆောင်တာက နပိုလီယံရဲ့တူ တတိယမြောက် နပိုလီယံပါ။ ပြင်သစ်သမ္မတစနစ်ကိုဖျက်သိမ်းပြီး သူ့ဦးလေးနေရာကို ဆက်ခံခဲ့သူဖြစ်ပေမယ့် ကမ္ဘာ့သမိုင်းမှာ သိပ်မထင်ရှားခဲ့ဘူး။ ဒီဘက်ကမ္ဘာမှာကျ နပိုလီယံအန်နာဘက်က ထင်သလောက်
မအောင်မြင်ခဲ့တဲ့အတွက် သူ့တူမဖြစ်ဖြစ် ဘယ်ဆွေမျိုးဖြစ်ဖြစ် သမ္မတဖြစ်မလာနိုင်လို့ သမ္မတစနစ်ကိုဖျက်သိမ်းပြီး ဘုရင်မတက်လုပ်ဖို့ဆိုတာ ဝေးသား။

ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)Where stories live. Discover now