ကာဇဲအင်းနဲ့ ဧကရီများ : အတွဲ ၁
အခန်း ၁၂ : အမွေဆက်ခံသူအတန်းချိန်ပြီးတော့ ထုံးစံအတိုင်း အယ်လာရဲ့ အိမ်က ကားက လာကြိုတယ်။
သူ(မ)ရဲ့တစ်ဦးတည်းသော ငယ်သူငယ်ချင်းလည်းဖြစ်၊ ကိုယ်ပိုင် အစေခံလည်းဖြစ်တဲ့ ဘာဘာရာ ကလည်း ထုံးစံအတိုင်း သူ(မ)ကို ကားတံခါးဖွင့်ပေးပြီး ဦးညွှတ်နှုတ်ဆက်တယ်၊ အကုန်လုံးက ပုံမှန်ဖြစ်နေကျအတိုင်းဖြစ်နေတာပဲ။ ပုံမှန်မဟုတ်တာက အယ်လာရဲ့ စိတ်ပဲ၊ ပထမဆုံးစာသင်ချိန်ပြီးကတည်းက
အယ်လာက ကာဇဲအင်းကို ခေါင်းထဲက ထုတ်မရဘူး၊ အထူးသဖြင့် သူအမှတ်ပြည့်ရအောင် ဖြေခဲ့တဲ့အဖြေလွှာကို မတရားသိချင်နေတာ၊ဘယ်လိုအဖြေမျိုးတွေ ရေးလိုက်လို့ ဆရာမက အမှတ်ပြည့်ပေးလိုက်တာလဲ။
ဘယ်လိုအဖြေမျိုးမလို့ သူ(မ)ကိုတောင် ကျော်တက်သွားတာလဲ၊ ကာဇဲအင်း ဘာဖြေထားလဲဆိုတာ အယ်လာ အရမ်းသိချင်သွားပြီ၊ ဒါပေမယ့် ဟဲ့ နင်ဘာတွေဖြေခဲ့လို့ အမှတ်တစ်ရာရသွားတာလဲဆိုပြီး အာဏာပြပြီး
သွားဖြဲဖို့ကြတော့လည်း မသင့်တော်ဘူး၊ ပြီးတော့ အယ်လာကိုယ်တိုင်ကလည်း အဲဒီလို ဗိုလ်ကျတာမျိုးတွေကို လုံးဝ ဝါသနာမပါဘူး။"သခင်မလေး နေမကောင်းဘူးလား"
ဘာဘာရာ ရဲ့ လေသံတိုးတိုးလေးနဲ့
ပြောလိုက်တဲ့ စကားသံကြောင့် အတွေးနယ်ထဲကနေ လက်ရှိအချိန်ကို ပြန်ရောက်လာတယ်။
"ကောင်းပါတယ် နည်းနည်းပင်ပန်းနေလို့ပါ"ဒရိုင်ဘာ အစ်မကြီးကလည်း ကားမောင်းနေရင်းနဲ့ နောက်ကြည့်မှန်ထဲကနေ အယ်လာ့ကို တစ်ချက်တစ်ချက်လှမ်းကြည့်နေတာကို သတိထားမိလိုက်တယ်၊ ငါ့ရုပ်က အဲဒီလောက်တောင် သိသာနေလားလို့ ကိုယ့်ကိုကိုယ် ပြန်သတိထားပြီး အတွေးတွေကို ထိန်းလိုက်တယ်၊ နောက် မနေနိုင်တော့ ဘာဘာရာကို နားအနားကပ်ပြီး တိုးတိုးလေးမေးပြန်ရော။
"ဘာဘာရာ ငါ့ပုံစံကဘယ်လိုဖြစ်နေလဲ"
"တော်တော်မျက်စိပျက် မျက်နှာပျက်ဖြစ်နေတာ သခင်မလေး၊ အားမနာတမ်းပြောရရင်တော့ တကယ့်ကိုဆိုးဆိုးရွားရွားပဲ၊ ဟော့ဒေါ့ထဲက ကြက်အူချောင်းပြုတ်ကျပြီး အဲဒီကြက်အူချောင်းကို မျက်စိရှေ့မှာတင် ခွေးချီခံလိုက်ရသလိုရုပ်-"
"ရပြီ ရပြီ အဲဒီလောက်ဆို သဘောပေါက်ပြီ"

YOU ARE READING
ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)
Historical Fictionကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအားလုံးမှာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ခဲ့ကြတာ။ မဝါဒကြီးစိုးနေလို့ ယောက်ျာ...