ကာဇဲအင်းနဲ့ ဧကရီများ : အတွဲ ၁
အခန်း ၁၃ : မတစ်ထောင် တစ်ကောင်ဖွား
ကျောင်းဆင်းချိန်ရောက်တော့ ဆရာမ
ဆိုဖီယာ ခေါ်ထားလို့ ကာဇဲအင်းတစ်ယောက်ဆရာ၊ဆရာမ နားနေခန်းဘက်ကို ဦးတည်လိုက်တယ်။"ဟိုနေ့က အချိန်အစားထိုးဝင်ပေးတာ ကျေးဇူးနော် ဆိုဖီယာ၊ အလုပ်တွေရှုပ်နေလို့အဲဒါကိုပြောမယ် ပြောမယ်နဲ့ မေ့နေတာ"
"ရပါတယ် ရပါတယ်"
တံခါးနှစ်ချပ် စေ့တယ်ဆိုရုံလေးစေ့ထားတဲ့ နားနေခန်း အပေါက်ဝရောက်တော့ ဆရာမဆိုဖီယာကို နိုင်ငံတကာဆက်ဆံရေး(သံတမန်) ဘာသာရပ် သင်တဲ့ ဆရာမ ခလီရှာညာက ကျေးဇူးတင်နေတာကို တွေ့လိုက်ရတယ်၊
တခြား ပါမောက္ခတွေ ဆရာမတွေကတော့ အကုန်ပြန်သွားကြတဲ့ပုံပဲ။ နားနေခန်းထဲမှာ သူတို့နှစ်ယောက်ကလွဲပြီး တခြား ဘယ်ဆရာမမှ ရှိမနေဘူး။အချိန်အစားထိုးဝင်တာတဲ့လား၊ ဓာတ်ပုံမှတ်ဉာဏ်ရှိတဲ့လူပီပီ ကာဇဲအင်းတစ်ယောက်
သူဒီဘက်ကမ္ဘာကို ဝိဉာဉ်ကူးပြောင်းသွားတဲ့နေ့က စာသင်ချိန်ကို ပြန်မှတ်မိသွားတယ်၊
ပုံမှန်ဆို သမိုင်းအတန်းချိန်က မနက်ပိုင်းပဲ ရှိတာ၊ ဒါပေမယ့် အဲဒီနေ့က သူစည်းကမ်းထိန်းသိမ်းရေးရောက်သွားပြီးမှ အတန်းလာတက်တာတောင် ဆရာမ ဆိုဖီယာအချိန်နဲ့ ပက်ပင်းတိုးသွားတာ။ သမ္မတစနစ်မကောင်းကြောင်း ပြောနေတဲ့အချိန်ပေါ့။ နောက်နေ့တွေကျတော့ အဲဒီအချိန်ကို နိုင်ငံတကာဆက်ဆံရေးဘာသာရပ်သင်တဲ့ ဆရာမ
ခလီရှာညာပဲ ဝင်တော့တယ်။ အဲဒီမှာ အချိန်ဇယားကို သူနည်းနည်းမျက်စိလည်သွားတာ၊ အခုမှ အကြောင်းအရင်းကို သိတော့တယ်။"တရက်လောက် မြို့ထဲမှာ ဘီယာသွားသောက်ရအောင် ဆိုဖီယာ။ ငါဝယ်တိုက်ပါ့မယ်"
"မနက်ဖြန် စနေနေ့ကတော့ ကျွန်မ
ရာသီလာမယ့်ရက်မလို့ ဆေးခန်းသွားရမှာ၊
နောက်အပတ် စနေဆိုရင်ရော"
"သိပ်ကောင်းတာပေါ့"ကျောင်းဆင်းချိန်မှာ ဆရာမနှစ်ယောက် ဘီယာသောက်ဖို့ တိုင်ပင်နေကြတာကို ကြားလိုက်မိတာ နည်းနည်းတရားမဝင်သလို ကာဇဲအင်းစိတ်ထဲခံစားလိုက်ရတယ်။ကိုယ်ရေးကိုယ်တာ ကိစ္စကို ခိုးနားထောင်နေသလိုမျိုးပေါ့။ နောက်တော့ တံခါးပေါက်နဲ့ ခပ်ခွာခွာပြန်ရပ်လိုက်ပြီး ချောင်းရှင်းရင်း
တံခါးကိုသာသာလေးခေါက်လိုက်တယ်၊
ပြီးတော့ ပါးစပ်ကလည်း
"ဝင်ခွင့်ပြုပါ" လို့ တရိုတသေ ခွင့်တောင်းလိုက်တယ်၊ သူ့အသံလည်းဆုံးသွားရော အထဲက ဆရာမ ဆိုဖီယာရဲ့အသံထွက်လာတယ်။
YOU ARE READING
ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)
Historical Fictionကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအားလုံးမှာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ခဲ့ကြတာ။ မဝါဒကြီးစိုးနေလို့ ယောက်ျာ...