Chapter 21

67 5 0
                                    

ကာဇဲအင်းနဲ့ ဧကရီများ : အတွဲ ၁

ခန်း ၂၁ : ကျောင်းတွင်းပစ်ခတ်မှု

အော်သံကြောင့် ကြောင်တောင်တောင်
ဖြစ်နေတဲ့လူကဖြစ်၊ မှင်သက်နေတဲ့လူက
မှင်သက်နေတဲ့အချိန် ဦးဆုံးလှုပ်ရှားတဲ့သူက
ဘာဘာရာပဲ။
"သခင်မလေး ကျွန်မတို့ ဒီကနေ ထွက်ရအောင်"
ပြောပြောဆိုဆိုနဲ့ ခြင်းတောင်းကိုချ၊
တစ်ဖက်က အယ်လာရဲ့လက်တစ်ဖက်ကို
ဆွဲပြီး နောက်လက်တစ်ဖက်က သူ့အစေခံဝတ်စုံအတွင်းအိတ်ကပ်ထဲက ဖုန်းကိုထုတ်လိုက်တယ်။
အဲဒီအချိန် တချို့လူတွေကလည်း ဘုမသိဘမသိနဲ့ ပြေးကြတယ်။
တချို့ကလည်း မယုံဘူး၊ စောစောက
အော်ပြီး ပြေးလာတဲ့ကောင်မလေးကိုတော့
စည်းကမ်းထိန်းသိမ်းရေးနဲ့ ဆရာမတွေက
ဝိုင်းဆွဲပြီး စိတ်ငြိမ်အောင်ထိုင်ခိုင်းနေတယ်။

"နေဦး"
ပြန်ပြောတဲ့ လူက အယ်လာမဟုတ်ဘဲ
ကာဇဲအင်း ဖြစ်နေတယ်၊ သူ့ရဲ့လက်တစ်ဖက်ကလည်း အယ်လာရဲ့ လက်ကောက်ဝတ်ပေါ်မှာ။
"ကာဇဲအင်း"
အယ်လာကလည်း အံသြသွားသလို
ဘာဘာရာကလည်း "နင်ဘာလုပ်တာလဲ"လို့
ဒေါသတကြီးတုံ့ပြန်တယ်။ ကာဇဲအင်းက
ပြေးလာတဲ့ မိန်းကလေးရဲ့ အော်သံကြားကတည်းက သူ့ရဲ့ခေါင်းထဲမှာ ဖြစ်နိုင်ချေတွေကို တွက်ချက်နေခဲ့တာ၊
လူသတ်သမားတွေလို့ အော်ပြီးပြေးလာတဲ့အတွက် အရင်ကမ္ဘာရဲ့ အမေရိကန်နိုင်ငံက ကျောင်းတွင်းပစ်ခတ်မှုတွေလို စိတ္တဇလူသတ်သမားတစ်ယောက်တည်း
လာသောင်းကျန်တာမျိုးမဟုတ်တာသေချာတယ်။ ပြီးတော့ ကျောင်းမှာ အရပ်လေးမျက်နှာပေါ်မူတည်ပြီး အဝင်အထွက်ဂိတ်လေးဂိတ်လုပ်ထားတာ။
အဲဒီဂိတ်တွေမှာ လုံခြုံရေးယူတဲ့ ရဲတွေက
အနည်းဆုံးနှစ်ယောက်ကနေ လေးယောက်အထိ စောင့်တာ။ သူတို့လက်ထဲမှာ
ချေမှုန်းရေးရိုင်ဖယ်တွေမရှိတောင်
လူဂါပစ္စတိုကို ခါးချိတ်ထားကြမှာပဲ။
အဲဒီကြားထဲက ကျောင်းထဲဝင်လာတယ်ဆိုတာမျိုးက လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ လက်နက်ကိုင်တစ်ဖွဲ့က ကျောင်းကိုဝင်စီးတာမျိုးပဲ ဖြစ်နိုင်ချေရှိတယ်။

ကာဇဲအင်းက ရှင်းပြတယ်။
"အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဆိုရင်
သူတို့တွေ ကျောင်းဂိတ်ပေါက်တွေကို သိမ်းပြီးသွားလောက်ပြီ။ အခုချိန်မှာ ဂိတ်ပေါက်က ပြန်ပြေးထွက်တယ်ဆိုတာ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့အတူတူပဲ"

ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)Where stories live. Discover now