V1 Chapter 8

96 8 0
                                    

ကာဇဲအင်းနဲ့ ဧကရီများ : အတွဲ ၁

ခန်း ၈ : အစမ်းစာမေးပွဲ

ကာဇဲအင်း မျက်လုံးတွေပွင့်တော့ မရင်းနှီးတဲ့မျက်နှာကြက်ကိုမြင်လိုက်ရတယ်။
ဟုတ်သားပဲ၊ မနေ့ညကသူ ဒိုရေသီယာ ရဲ့
တိုက်ခန်းမှာ ညအိပ်လိုက်တာပဲ။ အခု ကုတင်ပေါ်မှာတော့ သူတစ်ယောက်ပဲရှိတော့တယ်၊
အောက်ပိုင်းတွေဆိုတာ ညောင်းချိနေတာပဲ၊ ညကဘယ်နှစ်ချီလောက် ပြီးသွားလဲဆိုတာ သေချာမမှတ်မိဘူး၊ ပထမဆုံးအကြိမ်အနေနဲ့ဆိုရင် တော်တော်နဲ့ သုတ်မလွှတ်ဘဲ ထိန်းထားနိုင်တာ မဆိုးပါဘူးလို့ သူ့ကိုယ်သူ ပြန်အမှတ်ပေးတယ်၊ ခဏကြာတော့ ကော်ဖီ အနံ့မွှေးမွှေးလေးနဲ့အတူ ညဝတ်အင်္ကျီအပါးလေးနဲ့ အတွင်းခံဘောင်းဘီကိုပဲ ဝတ်ထားတဲ့
ဒိုရေသီယာက ကော်ဖီခွက်ကိုင်ပြီး အိပ်ခန်းထဲ ဝင်လာတယ်။

"ကောင်းသောမနက်ခင်းပါ အချစ်လေး"
ဆိုပြီး သူအိပ်နေတဲ့မွေ့ရာဘေးမှာဝင်ထိုင်ရင်း
မနက်ခင်းအနမ်းပေးပြီး နှုတ်ဆက်တယ်၊
တစ်ညလောက်အတူအိပ်လိုက်တာကို
ကာဇဲအင်းစိတ်ထဲမှာ တစ်နှစ်လောက်အတူတူ ဖြတ်သန်းလာခဲ့တဲ့ ဇနီးမောင်နှံလို
ခံစားချက်မျိုးဖြစ်သွားတယ်။
"အင်း ကောင်းသောမနက်ခင်းပါ၊
ဘယ်နှစ်နှာရီရှိပြီလဲ မသိဘူး"
"ခြောက်နာရီ ငါးမိနစ်"
"မင်နီထိထားတာ အတန်းနောက်ကျလို့မရဘူး" ဆိုပြီး ပြုံးစိစိနဲ့ အိပ်ယာထဲက ထတယ်။
သူ့ကိုယ်ပေါ်မှာ ဘာမှမဝတ်ရသေးဘူး၊
အချိန်ရသေးရင်တော့ ဒိုရေသီယာကို ချော့ခေါ်ပြီး နောက်တစ်ချီလောက်သွားလိုက်ချင်ပေမယ့် စိတ်မကောင်းစွာနဲ့ အချိန်မှီမှာမဟုတ်ဘူး။
"ရှစ်နာရီမှ အတန်းစတာမလား၊
တအားလောစရာမလိုပါဘူး၊ အတူတူသွားကြတာပေါ့။ ဒီနေ့ကလည်း ငါစာကြည့်တိုက် စောင့်ရမယ့်နေ့လေ"
"ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်က
စောရောက်ချင်တာ၊ စံပြကျောင်းသားဖြစ်ချင်လို့တော့မဟုတ်ဘူး၊ စည်းကမ်းထိန်းသိမ်းရေးကဟာမတွေနဲ့ ထပ်စကားမပြောချင်လို့"
ဆိုပြီး ကာဇဲအင်းက အိပ်ရာပေါ်က ထရင်း
ပြောတော့ ဒိုရေသီယာက အသံတိုးတိုးလေးနဲ့ ရယ်တယ်။ ပြီးတော့ ဒိုရေသီယာရဲ့ တိုက်ခန်းမှာပဲ ရေချိုး၊ ညက ကျောင်းယူနီဖောင်းကို စက်ထဲထည့်လျှော်၊ အခြောက်ခံစက်နဲ့ခြောက်အောင်လုပ်ပြီး ပြန်ဝတ်။
ဒိုရေသီယာကတော့ ကာဇဲအင်းပြီးသွားမှ
ရေဝင်ချိုးတယ်၊ တော်ကြာအတူချိုးဖြစ်ရင်
နှစ်ပါးသွားက ဆက်ရင်ဆက်သွားဦးမှာ။
ညက မွှန်နေတာနဲ့ တိုက်ခန်းကို
သေချာမကြည့်မိဘူး၊ အခုမိုးလင်းမှ သေချာ ကြည့်မိတယ်၊ အိမ်တွင်းပြင်ဆင်ထားတဲ့ ပုံစံက ရိုးရှင်းပြီးလှသားပဲ။ အရင်ကမ္ဘာက
မော်ဒန် ခေတ်ပေါ်တိုက်ခန်းတွေလိုပဲ
နံရံ၊ ကြမ်းခင်း နဲ့ မျက်နှာကြက်က အဖြူရောင်သုတ်ထားတာ၊ လျှပ်စစ်ပစ္စည်းနဲ့
တခြားအိမ်အသုံးဆောင်ပစ္စည်းဒီဇိုင်းတွေကတော့ နည်းနည်းရှေးကျတယ်။
၁,၉၁၇ ခုနှစ်ကနေ ၁,၉၃၀ ခုနှစ်အတွင်း ထုတ်ခဲ့တဲ့ ဒီဇိုင်းမျိုးတွေ၊ ဥပမာ စောစောက
သူရေချိုးခဲ့တဲ့ ရေချိုးခန်းမှာဆိုရင်
ကြွေရည်သုတ်ရေချိုးဇလားကြီးကို ထောက်ထားတဲ့ ဒေါက်တိုင်တွေ၊
ရေပိုက်ခေါင်းတွေမှာ ငွေရောင်ပန်းကနုတ်တွေကို ပုံဖော်ထားတာမျိုးပေါ့။ ကြည့်ရတာတော့ တကယ်လှပါတယ်၊ အရင်ကမ္ဘာမှာဆို
အဲဒီလို ခေတ်ဟောင်းဒီဇိုင်းလူသုံးကုန်ပစ္စည်း အသုံးအဆောင်တွေက ပိုစျေးကြီးတယ်။
ပစ္စည်းဒီဇိုင်းပုံစံတွေက ခေတ်ဟောင်း
ဆန်ပေမယ့် အရည်အသွေးတွေကလည်း
အရင်ကမ္ဘာမှာ သူသုံးခဲ့တဲ့အတိုင်းပါပဲ။

ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)Where stories live. Discover now