ကာဇဲအင်း နဲ့ ဧကရီများ : အတွဲ ၁
အခန်း ၃ : မိန်းမတွေအုပ်ချုပ်တဲ့ကမ္ဘာ
ရုံးခန်းကနေ အဆောင်ပြန်တော့ အဆောင်က သူ့ပစ္စည်းတွေကို ယောင်္ကျားလေးတစ်အုပ်က
ကတ်ထူပုံးတွေထဲထည့်နေပြီ။ စောစောက စည်းကမ်းထိန်းသိမ်းရေးလက်ပတ်တွေနဲ့ပဲ။
သူတို့ကို ခါးထောက်ပြီး ညွှန်ကြားနေတာက
အရပ်ပုပုနဲ့ ကောင်မလေးသေးသေးလေး။"အခန်း ၃၀၆ နော်၊ မမှားစေနဲ့ဦး"
မသိရင် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ လူရဲ့ အိမ်ကို ရဲတွေဝင်စီးတာကျနေတာပဲ၊ လုပ်နေတဲ့ပုံက တော်တော့်ကို ဘောင်ကျော်လွန်းတယ်။ နောက်တော့ တံခါးဝမှာရပ်နေတဲ့ သူ့ကိုမြင်သွားတော့ "အော်...ရောက်ပြီပဲ၊ ကွက်တိပဲ သူ့ကိုပါတစ်ခါတည်းခေါ်သွားလိုက်၊ ပြီးတော့ နင် အဝတ်အစားလဲပြီး နောက် အတန်းချိန်အမှီပြေးသွားလိုက်၊ မဟုတ်ရင် မလွယ်ဘူး"
ကာဇဲအင်း စိတ်ထဲမှာ သူ့ဖြစ်တည်မှုက
သေးပြီး ပျောက်သွားသလိုပဲ။ မသိမသာ သက်ပြင်းမလိုက်ပြီး "ဟုတ် ဟုတ်" လို့ ပြန်ဖြေရင်း သူ့အဝတ်အစားတွေထည့်ထားတဲ့ပုံးတစ်ပုံးကိုဝင်မ၊ ပစ္စည်းသယ်တဲ့အဖွဲ့နောက်လိုက်သွားလိုက်တယ်။ အခုသူလုပ်ရမှာက အခန်းပြောင်းပြီးတာနဲ့ ယူနီဖောင်းလဲပြီး အတန်းသွားတက်ရမယ်၊ ပြီးရင် စာကြည့်တိုက်ကိုသွားပြီး ဒီကမ္ဘာအသစ်အကြောင်းကို လေ့လာရမယ်။ ဟိုကောင်မလေးပြောတဲ့ အခန်း ၃၀၆ က နှစ်ထပ်ကုတင်နဲ့ နှစ်ယောက်အခန်း။ အရမ်းစုတ်ပြတ်နေတာ
မဟုတ်ပေမယ့် ကာဇဲအင်းအရင်နေတဲ့
အခန်းလောက်မစွံတာတော့ အမှန်ပဲ။
လေပူ၊ လေအေးပေးစက်မရှိဘူး၊ မီးလင်းဖိုလေး တစ်ခုရှိတယ်၊ နံရံကပ်ပန်ကာလေး တစ်လုံးရှိတယ်၊ စာကြည့်စားပွဲတစ်ခုရှိတယ်၊
ရေချိုးခန်း၊ အိမ်သာ မရှိဘူး၊ အဝတ်ဗီရိုတွေ ဘာတွေမရှိဘူး၊ ခရီးဆောင်သေတ္တာတွေနဲ့ပဲ အဝတ်အစားတွေထည့်ထားကြတာ။
ကျောင်းက ဒီအဆောင်ကို သိပ်ဂရုမစိုက်တာ အသိသာကြီး။ အခန်းဖော်က စာသင်ချိန်ဆိုတော့ ဒီမှာမတွေ့ရဘူး၊ အဆောင်မှုုးကပဲ သော့အပိုနဲ့ အခန်းဖွင့်ပေးရတယ်။
အဲဒီအဆောင်မှုုးကလည်း မိန်းမပဲ။
YOU ARE READING
ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)
Historical Fictionကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအားလုံးမှာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ခဲ့ကြတာ။ မဝါဒကြီးစိုးနေလို့ ယောက်ျာ...