ကာဇဲအင်းနဲ့ဧကရီများ : အတွဲ ၁
အခန်း ၂၄ : မီးခိုးကြွက်လျှောက်လော့တာ အော်ဂတ်စတင်းဘာ့ချ်က လက်ထဲရောက် လာတဲ့ဖိုင်တွေကို မနှေးမမြန်လှန်ဖတ်ကြည့်တယ်။
"ဒါကတော့ မထင်ထားတဲ့ကိစ္စပဲ" ပထမဆုံးမြင်ရတဲ့ စာရွက်က ပုံနှိပ်စက်နဲ့ရိုက်ထားတဲ့ ထောက်ခံစာ။ အိမ်စောင့်တပ်ဖွဲ့ တပ်ရင်း(၆) အမှတ်(၁၂)လက်နက်ဂိုဒေါင်ကနေ အပေါ့စားစက်သေနတ် အိတ်ချ်ကေ ၃၃ အလက်နှစ်ဆယ်၊ ၇.၆၂မမ ကျည် အတောင့် လေးရာ၊ ၅.၅၆နဲ့ ၄၅မမ ကျည်အတောင့် သုံးရာနဲ့ ကျည်အိမ်အခု ငါးဆယ်၊ အပေါ့စားအူဇီစက်သေနတ်ဆယ်လက်၊ ၉မမ ပစ္စတိုကျည်အတောင့်ငါးရာနဲ့ ကျည်အိမ်နှစ်ဆယ်၊ အပေါ့စားစက်သေနတ် ကေ ၇ အလက်သုံးဆယ် နဲ့ ကျည်အိမ် အခုနှစ်ဆယ်။
မီးသေနတ်တစ်ခု၊ ဓာတ်ငွေ့ကာမျက်နှာဖုံး
အခုခြောက်ဆယ်၊ မျက်ရည်ယိုဗုံးနဲ့
ဓာတ်ငွေ့ဗုံးဆယ်လုံး၊ ကျည်ကာအင်္ကျီငါးဆယ့်ငါးခုကို မေယျာအိမ်တော်အစောင့်တပ်ဖွဲ့ကို ပို့ဆောင်ပေးဖို့ ရေးထားတဲ့ ပုံနှိပ်စာ။စာရွက်ရဲ့အောက်ခြေမှာ မေယျာမိသားစုတံဆိပ်ပါတယ်။ အံသြနေတဲ့ လော့တာမျက်နှာကိုကြည့်ပြီး သမီးဖြစ်သူကထပ်ပြောတယ်။ "နေရောင် နောက်ခံထားပြီး တံဆိပ်ကိုကြည့်ကြည့်ပါ" သူ(မ)သမီးပြောတဲ့အတိုင်း ပြတင်းပေါက်ကဝင်နေတဲ့နေရောင်ခြည်ကိုနောက်ခံထားပြီး ထောက်ခံစာ စာရွက်ကိုထောင်ကြည့်တော့တံဆိပ်က အတုဖြစ်နေတယ်။ အစစ်ရဲ့တံဆိပ်က နေရောင်နဲ့ကြည့်ရင် စာရွက်အသားကိုဖောက်ပြီး ဂျာမန်အက္ခရာ "အမ်" ဆိုတဲ့စာလုံးတွေကိုမြင်ရတယ်။ အခုတံဆိပ်က အပိတ်ကြီး။
"မေယျာအိမ်တော်ရဲ့ တံဆိပ်အတုနဲ့ အသုံးချသွားတယ်ဆိုတဲ့သဘောပေါ့"
"အဲဒီလိုယူဆလို့ရပါတယ်" အဲဒီထောက်ခံစာကို စားပွဲပေါ်ပြန်ချပြီး နောက်တစ်ခေါက်ထပ်ဖတ်ကြည့်တယ်။ ပြီးတော့ အသံထွက်လာတယ်။"ဒီထောက်ခံစာက ငါတို့လက်ထဲဘယ်တုန်းကရောက်တာလဲ"
"လွန်ခဲ့တဲ့သုံးဆယ့်ငါးမိနစ်ကပါ""ဒီစာကို လက်ခံယူပြီး လက်နက်တွေထုတ်ပေးလိုက်တဲ့ အိမ်စောင့်တပ်က တာဝန်ကျအရာရှိနဲ့ တပ်သားတွေကိုရော"
ESTÁS LEYENDO
ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)
Ficción históricaကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအားလုံးမှာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ခဲ့ကြတာ။ မဝါဒကြီးစိုးနေလို့ ယောက်ျာ...