ကာဇဲအင်းနှင့်ဧကရီများ : အတွဲ ၁
အခန်း ၁၄ : အကျင့်ပြိုင်ယုတ်ပွဲ
ကာဇဲအင်း ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီးနောက် အဆောင်ကိုပြန်ရောက်တော့ ကျန်တဲ့ကောင်တွေ အကုန်လုံး ခြေသလုံးတွေနှိပ်တဲ့သူကနှိပ် ဒဏ်ကြေးဆေး လိမ်းတဲ့သူကလိမ်းနဲ့။ ကက်စ်ပါက ကာဇဲအင်းကို မော့ကြည့်ပြီးမေးလိုက်တယ်။
"မင်းကျတော့ ဘာမှမဖြစ်ပါလား။ ငါတို့မှာတော့ ကိုယ်တွေလက်တွေကို ကိုက်လို့"
ကာဇဲအင်း သူတို့ကိုကြည့်ရင်း ပြုံးလိုက်မိတယ်။ ကက်စ်ပါကို အသာလေးကျောပုတ်လိုက်ရင်း "ငါက လုပ်နေကျကို" လို့ ပြန်ပြောလိုက်တယ်၊ အမှန်တော့ သူလည်းညောင်းပါတယ်။ ဒါပေမယ့် သူတို့လိုရုပ်ပျက်ဆင်းပျက်ကြီးတော့ နှိပ်ရ၊ ဒဏ်ကြေဆေးလိမ်းရတာတော့ မရှိဘူး၊ အရင်ကမ္ဘာမှာတော့ လုပ်နေကျဆိုတော့ ဘာမှမဖြစ်ပေမယ့်၊ ဝိဉာဉ်ကူးပြောင်းလာတဲ့ ဒီခန္ဓာကိုယ်က အဲဒီလိုလေ့ကျင့်ခန်းတွေနဲ့ သိပ်အသားမကျသေးတဲ့ပုံပဲ၊
ဒီခန္ဓာကိုယ်ဆိုမှ ဒီခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တဲ့အပြိုင်ကမ္ဘာက ကာဇဲအင်းရဲ့ ဝိဉာဉ်က
ဘယ်ရောက်သွားတာလဲဆိုတာ အခုမှစဉ်းစားမိတယ်။ ပြောင်းပြန်အနေနဲ့ ဒီဘဲက သူ့အရင်ကမ္ဘာက ခန္ဓာကိုယ်ထဲရောက်နေမလား၊
ဒါမှမဟုတ် သေသွားတာလား၊ သေသွားတယ်ဆိုရင်တော့ နည်းနည်းပြသာနာရှိတယ်။
ရောဂါကြောင့်လား၊ လုပ်ကြံခံရတာလားပဲ။ကိုယ့်အိပ်ရာကိုယ် ပြန်ဝင်အိပ်လိုက်ပြီးနောက်တော့ အဝတ်အစားတွေဝတ်ရင်း
ညနေက ဟိုကောင်တွေ ပြောတဲ့ကိစ္စတစ်ခုကို ပြန်သတိရလာပြီး ဖုန်းကိုထုတ် ကျောင်းဖိုရမ်ဝက်ဘ်ဆိုက်ထဲဝင်လိုက်တယ်။
သူတို့အုပ်စုစီတန်းပြီးပြေးနေတဲ့ ဗီဒီယိုကလစ်က အပေါ်ဆုံးမှာရောက်နေပြီး မြောက်မြားစွာသော ခေါင်းနှစ်လုံးသိမ်းငှက် အီမိုဂျီတွေကို သိမ်းပိုက်ထားတယ်။ မန့်တွေကို လိုက်ဖတ်ကြည့်ပြီးတဲ့နောက်မှာ ခံစားချက်နှစ်မျိုးကို ခံစားရတယ်၊ ပထမတစ်ခုက ကျောချမ်းလာတာ၊ ဒုတိယတစ်ခုက ဆော်ကြည်တယ်ဆိုပြီး ကိုယ့်ဘာသာဂုဏ်ယူမိသလိုခံစားရတာ။
မန့်တွေထဲမှာတော့ "ဘုရားရေ၊ ကောင်လေးက တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ချစ်စရာလေး"၊ "သူ့ကြက်ဥချောင်းဆိုဒ်ဘယ်လောက်လောက်ရှိမယ်ထင်လဲ"၊ "ဒါမျိုးလေးအိမ်မှာရှိရင် ထိုင်ခုံလုပ်ပြီးထိုင်မှာ"၊ "ကောင်မတွေ သူ့မှာ ရည်းစားရှိတယ်လို့ သတင်းကြားတယ်နော်"၊ "အို ရှိတော့လည်း မျှသုံးတာပေါ့"
တို့ဘာတို့လို မန့်တွေအများကြီးပဲ။

YOU ARE READING
ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)
Historical Fictionကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအားလုံးမှာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ခဲ့ကြတာ။ မဝါဒကြီးစိုးနေလို့ ယောက်ျာ...