ကာဇဲအင်းနဲ့ဧကရီများ : အတွဲ ၁
အခန်း ၂၆ : အယောင်ဆောင်ဒိုရေသီယာ ဒါမှမဟုတ် အိုပန်လီနာထွက်သွားပြီး ခဏနေတော့ အိပ်ယာခင်းနဲ့ စောင်တွေလာလဲပေးတဲ့ သူနာပြုတစ်ဖွဲ့ရောက်လာတယ်၊ ဟင်းတွေပေနေတဲ့
အိပ်ယာခင်းတွေကို အသစ်နဲ့လဲပေးတယ်။ ကာဇဲအင်း တစ်ယောက် ပြန်အိပ်မယ် လုပ်တော့ ရုပ်ရည်ချောမောတဲ့ အထက်တန်းကျကျ လူလတ်ပိုင်းတစ်ယောက် သူ့အခန်းထဲကို ဝင်လာတဲ့အတွက် ကာဇဲအင်း အံ့ဩသွားတယ်။ ဒီလူကြီးကို သူတစ်ခါမှမမြင်ဖူးသေးဘူး။ ဒါပေမယ့် တစ်ချိန်တည်းဆိုသလိုပဲ ရင်းနှီးတဲ့ ခံစားချက်ကို ရနေပြန်တယ်။ ဒီလူရဲ့ရုပ်ရည်သွင်ပြင်တချို့က အယ်လာနဲ့နည်းနည်းဆင်တယ်။"အမျိုးတစ်ယောက်ယောက်များလား"လို့တွေးမိတဲ့အချိန်မှာပဲ လူလတ်ပိုင်းက လူနာစောင့်ခုံမှာ ဝင်ထိုင်လိုက်ပြီးတော့ သူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်။
"ဦးလေးက မေယျာအိမ်တော်က လီယိုပိုး မေယျာပါ။ ငါ့တူက တူမလေးကိုကယ်ခဲ့တဲ့ ကာဇဲအင်းဖြစ်မယ်ထင်တယ်။ ဦးလေးက အယ်လာ မေယျာနဲ့ဦးလေးတော်တယ်။ မေယျာသခင်မရဲ့မောင်ပေါ့"
မေယျာအိမ်တော်ကဆိုတာ ကြားတော့မှ လီယိုပိုးဟာ မေယျာအိမ်တော်ကို ကိုယ်စားပြုပြီး လူနာလာကြည့်တာဖြစ်မှန်း ကာဇဲအင်းသိသွားပြီး ဘယ်လိုပြန်နှုတ်ဆက်ရမှန်းမသိဖြစ်သွားတယ်။ ဒါပေမယ့် လီယိုပိုးကတော့ တပြုံးပြုံးပါပဲ။
"ဒဏ်ရာရထားတာပဲ နေပါစေ။ နေသာသလိုသာနေပါ" လီယိုပိုးက သူ့ကိုအရေးတယူလုပ်ပြီး မနှုတ်ဆက်ဖို့ ပြောပြီး မကြာခင်မှာပဲ သူနာပြုတစ်ယောက်ဝင်လာပြီး လီယိုပိုးဖို့ အဆင့်မီအကောင်းစား လက်ဖက်ရည်ချပေးတယ်။ အဲဒီနောက် အသာအယာဦးညွှတ်ပြီး ပြန်ထွက်သွားပေးတယ်။
"ဒါနဲ့စိတ်မရှိရင် ဦးကိုမင်းအကြောင်း နည်းနည်းလောက်ပြောပြလို့ရမလား။ တစ်ယောက်အကြောင်းတစ်ယောက်သိတော့ ပိုရင်းနှီးတာပေါ့"
ကာဇဲအင်းလည်း ဒီလိုပုံစံမျိုးက သူကောင်းမျိုးတွေကြားမှာ စတွေ့ရင်တွေ့ချင်း လုပ်တတ်တဲ့အရာမှန်းသိတဲ့အတွက် သူ့အကြောင်းကို ပြောပြလိုက်တယ်။
"ကျွန်တော့်နာမည်က ဆာရီရ ကာဇဲအင်း
ဇန်မာမန်ပါ။ မိဘတွေကတော့ မြို့တော်ဝင်ရုံးရဲ့လက်အောက်က မြို့တော်ကောင်စီမှာ အလုပ်လုပ်ကြပါတယ်။ ကျွန်တော်က ဂျဲနာတက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပထမနှစ်တက်နေပါတယ်။ ကျောင်းပြီးရင်တော့ သံတမန်ဝင်လုပ်ဖြစ်မလား၊ မြို့တော်ဝန်ရုံးမှာပဲ ဝင်လုပ်ဖြစ်မလားမသိဘူး"

YOU ARE READING
ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)
Historical Fictionကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအားလုံးမှာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ခဲ့ကြတာ။ မဝါဒကြီးစိုးနေလို့ ယောက်ျာ...