V1 Chapter 25

79 5 0
                                    

ကာဇဲအင်းနဲ့ဧကရီများ : အတွဲ ၁
အခန်း ၂၅ : သရုပ်အမှန်

"...အဲဒါနဲ့လေ ပိုက်လိုင်းဒီဇိုင်းဆွဲပေးလိုက်တော့ သူတို့တော်တော် အံသြသွားတာ။ အဲဒီလို ပုံစံ သေးသေးလေးတွေ ဘယ်လိုဆွဲနိုင်တာလဲတဲ့၊ ဖေဖေ့ရဲ့ မိတ်ဆွေ သင်တန်းဆရာက အဲဒါမျိုးကိုနေ့တိုင်းပုံမှန်ဆွဲခိုင်းနေတာလေ။ သူတို့အစည်းအရုံးမှာဒီဇိုင်းဆွဲတဲ့လူတွေက အဲဒီလောက်အသေးစိတ်မကျဘူး" ညီမဖြစ်သူက အင်္ဂလိပ် ဗိသုကာအစည်းအရုံးတစ်ခုမှာသူ(မ)အင်တာဗျူးဖြေတဲ့အကြောင်း ကာဇဲအင်းကိုပြောပြနေတာ၊ ကာဇဲအင်းကတော့ ပြုံးပြုံးလေးနေပြီးရေလိုက်ငါးလိုက်လေးနဲ့ပေါ့။

"တော်တာပေါ့"
"ဟီး လေ့ကျင့်မှုရဲ့ ရလဒ်တွေလေ။ အဲဒီမှာအလုပ်ရသွားရင် တစ်လကို ပေါင်တစ်ထောင့်နှစ်ရာလောက်ကတော့ အသာလေးပဲ"

အခုအချိန်ခဏလေးအတွင်းမှာ သူသိလာတာတစ်ခုက သူ့ညီမလေးနဲ့သူနဲ့က တော်တော့်ကို နီးနီးကပ်ကပ်ရှိခဲ့တယ်ဆိုတာပဲ။ ပြီးတော့ သူ(မ)က တော်တော် ကလေးဆန်တယ်၊ တက်ကြွတယ်၊ စကားများတယ်။ ပြီးတော့ အံသြတာက သူကဒီမှာ တက္ကသိုလ်တက်နေတဲ့အချိန် ညီမဖြစ်သူက အထက်တန်းအောင်ပြီးတာကို ကျောင်းဆက်မတက်ဘဲ အလုပ်လုပ်ဖို့ အင်တာဗျူးဖြေနေတယ်ဆိုတာကိုပဲ။ ဆေးရုံကဆင်းလို့ အိမ်ပြန်ရင် မျိုးရိုးပြဇယားစာအုပ်နဲ့ တခြားအမှတ်တရဓာတ်ပုံတွေ၊ ဒိုင်ယာရီစာအုပ်တွေမှာ ဒီကောင်မလေးအကြောင်းရှာကြည့်ဦးမှပါလို့ ကာဇဲအင်းတွေးလိုက်တယ်။

"သမီးလေး"
အဲဒီအချိန်မှာ အဖေဖြစ်သူဆီကအသံထွက်လာတယ်။
"သမီးအစ်ကိုကြီးက အခုမှနေကောင်းခါစ
ဆိုတော့ ပြောတာလည်းပြောပေါ့။ အနားလေးဘာလေးလည်း ပေးလိုက်ပါဦး" လို့ပြောတော့မှ ရှက်ရယ်ရယ်ပြီး တိတ်သွားတယ်။

"ရပါတယ် ဖေဖေရယ်။ ကျွန်တော်လည်း
ပျင်းနေတာ" အဲဒီအချိန်မှာပဲ ပိုက်ဆံအိတ်ထဲနှိုက်ပြီး
တစ်ခုခုရှာနေတဲ့ အမေကအဖေ့ကိုလှမ်းပြောတယ်။
"ဟိုတယ်အခန်းငှားဖို့ ရှင်သွားမလား
ကျွန်မသွားရမလား"တဲ့။
"သဘောလေ ငါသွားလည်းရပါတယ်"
အမေ ဝိုက်ဆစ်ဆန်ဒါဟာ က ပိုက်ဆံအိတ်ထဲက ထာရာငါးရာတန်ငွေသားတွေကိုထုတ်လိုက်တယ်၊ ဒုတိယမြောက် ဖရယ်ဒရီကာ ဝဲလ်မာ ဧကရီပုံနဲ့ ထာရာငါးရာတန်ငွေစက္ကူက ပရပ်ရှားအင်ပါယာရဲ့ ငွေကြေးထဲမှာ တန်ဖိုးအမြင့်ဆုံးငွေစက္ကူပဲ။ ပြီးတော့ပိုက်ဆံတွေကို ရေကြည့်တယ်၊ မရှိဆို အားလုံးပေါင်း ထာရာတစ်သောင်းလောက်တော့ရှိမယ်။

ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)Wo Geschichten leben. Entdecke jetzt