ကာဇဲအင်းနဲ့ဧကရီများ : အတွဲ ၁
အခန်း ၁၅ : ဒုတိယအကြိမ် ချိန်းတွေ့မှု
"ဘုရားရေ ကျွန်မပြောပြီးသားလေ၊
သူ့ကို ကျွန်မတို့ ထိတောင်မထိရသေးဘူး။
မျက်မြင်သက်သေတွေလည်းရှိတယ်"
"အဲဒီအမြွှာနှစ်ကောင်က နင်နဲ့ကြံရာပါလေ၊ မျက်မြင်သက်သေမှမဟုတ်တာ။ အဲဒီအတွက် နင်တို့ပြောတာကို မယုံကြည်ဘူး၊
သူ့လက်မှာရော သူ့မျက်နှာမှာရော ဒဏ်ရာတွေနဲ့"
"ပြောပြီးသားလေ၊ ကျွန်မတို့လုပ်တာမဟုတ်ပါဘူးလို့"
"နင်တို့က ဘာကိစ္စနဲ့ သူ့ကို အဲဒီအထဲခေါ်သွားတာလဲ"
"အဲ့-အဲ့ဒါက အစမ်းစာမေးပွဲမှာ ဆရာမကို လာဘ်ထိုးပြီး အမှတ်ပြည့်ရအောင်လုပ်လို့၊ကျောင်းဂုဏ်သိက္ခာကျစေတဲ့အပြုအမူတွေလုပ်လို့ သူကောင်းမျိုးတစ်ယောက်အနေနဲ့ ဆုံးမရုံပဲဟာ"
"သူအဲဒီလိုလုပ်တယ်ဆိုတာ နင့်မှာ လက်ဆုပ် လက်ကိုင်ပြစရာ သက်သေရှိလား"
"သက်သေတော့မရှိဘူး။ ဒါပေမယ့်-"
"အဲဒါဆို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ။
ပြီးတော့ ဟုတ်တယ်ပဲထားပါဦး၊ အဲဒါနင့်တာဝန်မလို့လား။ နင့်မှာသက်သေရှိတယ်ဆိုရင်တောင် ဒီလိုလုပ်လို့မရဘူးလေ၊ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကျောင်းကောင်စီကို တိုင်ကြားစာပို့ပြီး သူတို့ အရေးယူတာကို စောင့်ရမှာမဟုတ်ဘူးလား"
"ရှင်တို့နဲ့ စကားမပြောချင်ဘူး၊ ကျွန်မ လက်ကိုင်ဖုန်းပြန်ပေး။ ကျွန်မအဖေနဲ့ ဖုန်းပြောမယ်"
ရဲမေအရာရှိက သက်ပြင်းချတယ်၊
ဘာမှတော့ ပြန်မပြောဘူး၊ လီယွန်နာကိုတော့ တော်တော် စိတ်ပျက်နေပုံပဲ။ရဲစခန်းကို ခေါ်မသွားခင် ရဲမေတစ်ယောက်က
သူတို့အဖွဲ့ကို တော်ဝင်အကယ်ဒမီဝင်းထဲက လုံခြုံရေးအဆောက်အအုံ မှာတင် စစ်မေးကြတယ်။ တော်ဝင်အကယ်ဒမီ လုံခြုံရေးအဆောက်အအုံဆိုတာ တက္ကသိုလ်ဝင်းကြီးရဲ့ တောင်ဘက်မှာရှိတဲ့ အဆောင်တစ်ခု။
အဆင့်မြင့်ရဲမေအရာရှိဆယ့်ငါးယောက်၊
ယောင်္ကျားလေး ရဲဝန်ထမ်း အယောက်လေးဆယ်ရှိပြီး ကျောင်းလုံခြုံရေးအပြင်
တော်ဝင်အစောင့်တပ်အရာရှိလောင်းတွေကိုပါ လေ့ကျင့်ရေးအတွက် လက်နက်တွေထုတ်ပေးတဲ့ အဖွဲ့ဆိုလည်းမမှားဘူး။
အဆောင်ထဲမှာ အထူးအချုပ်ခန်းသုံးခုရှိတယ်၊ အထူးအချုပ်ခန်းဆိုတာက
တပ်ထားတဲ့ အချုပ်ခန်းတံခါးပေါက်ကသာ
အချုပ်ခန်းနဲ့တူတာ အထဲမှာက စျေးအသင့်အတင့်ပေးရတဲ့ တည်းခိုခန်းလိုမျိုးပဲ၊ တော်တော်လည်းကျယ်တယ်၊
ဒီလိုတော်ဝင်အကယ်ဒမီမှာတက်နေတဲ့
ရဲတွေက သူကောင်းမျိုးသားသမီးတွေကိုတော့ သာမန်လူတွေကို ထားတဲ့အချုပ်ခန်းမျိုးမှာ မထားရဲဘူးလေ။

YOU ARE READING
ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)
Historical Fictionကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအားလုံးမှာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ခဲ့ကြတာ။ မဝါဒကြီးစိုးနေလို့ ယောက်ျာ...