ကျောင်းခန်းထဲဝင်လိုက်တာနှင့် ဂျောင်ကုထိုင်ခုံဆီလှမ်းကြည့်လိုက်တော့ အရှေ့ခုံနှင့်အနောက်ခုံထိုင်ပြီးခေါင်းချင်းဆိုင်ကာ စကားပြောနေကြသော ဂျီမင်နဲ့ဟိုဆော့ကိုတွေ့သည်။ ဂျောင်ကုလာတာကိုတွေ့သွားတဲ့ဂျီမင်မှ..."ဂျောင်ကု မင်းဒီနေ့စောသားပဲ...ဒီမှာ ဟိုဆော့ကို ဒီနေ့ကျောင်းသားအသစ်ရောက်မယ့်အကြောင်းပြောပြနေတာ. Ausi ကနေကျောင်းပြောင်းလာတာတဲ့... မင်းရောသိပြီးပြီလား"
"မသိဘူး..သိလဲမသိချင်ဘူး"
ပြောပုံကနားရင်းထအုပ်ချင်စရာ... ဒါပေမယ့်မအုပ်ရဲပါဘူး. ကိုယ့်မှာက သူ့လို့ဗလတွေဘာတွေရှိတာမဟုတ်. သူကိုင်ပေါက်ရင်တစ်ချက်စာပဲရှိတာမို့လား။
Business Management နောက်ဆုံးနှစ်ကျောင်းသားများဖြစ်သော ဂျောင်ကု . ဂျီမင် နှင့်ဟိုဆော့ တို့သုံးယောက်မှာ တက္ကသိုလ်ရောက်မှစခင်ကြသည်ဖြစ်သော်လဲ ငယ်ပေါင်းများထက်ပင်ပိုသံယောဇဉ်ရှိကြပြီး အချင်းချင်းဖေးမတတ်ကြ၏။
ထိုစဉ် တီချယ်ဝင်လာသောကြောင့် ကိုယ့်ခုံကိုယ်နေရာယူလိုက်ကြပြီး အရှေ့ကိုသာအာရုံစိုက်လိုက်ကြသည်။
"တီချယ် မင်းတို့ကိုဒီနေ့မှရောက်လာတဲ့ကျောင်းသားသစ်လေးနဲ့မိတ်ဆက်ပေးချင်တယ် ခနလောက်ငြိမ်ငြိမ်နေပေးကြပါ..."
'ကျောင်းသားအသစ်ကဘယ်မှာလဲ'
တီချယ်တစ်ယောက်ကိုပဲတွေ့တော့ အတန်းသားတွေအားလုံးဘေးဘီလိုက်ကြည့်တော့ လူဟောင်းတွေကိုပဲတွေ့သည်။"ဝင်လာခဲ့လို့ရပြီ သား"
"ဝါးးး"
"ဝိုးးး"
"ချောလိုက်တာဟယ်"
"နုဖတ်နေတာပဲ"
"သက်ရှိနတ်သားလေးလားကွာ"အတန်းသားတွေအားလုံးရဲ့မှတ်ချက်အမျိုးမျိုးကအခန်းထဲမှာဆူညံသွားသည်။
"ကိုယ့်နာမည် Kim Seokjin ပါ"
အားလုံးကဘာဆက်ပြောမလဲမျှောင်လင့်နေကြပေမယ့် သူ့ရဲ့ကိုယ့်ကိုယ်ကိုမိတ်ဆက်မှုက ဒီလောက်နဲ့ပင်ပြီးသွား၏။
"ရုပ်လေးတင်မကဘူး အသံလေးကလဲ တည်တည်ကြည်ကြည်လေးနဲ့ ဆွဲဆောင်မှုရှိလိုက်"
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰