Part 06

494 63 9
                                    


စာအတူစလုပ်တဲ့နေ့ ပထမဆုံးရက်.
ဂျောင်ကုအိမ်ရောက်တော့ ဂျောင်ကုမေမေကထွက်ကြိုနေခဲ့သည်။ ကားပေါ်ကဆင်းဆင်းချင်းမှာပဲ....

"သားကိုတွေ့ဖူးချင်နေခဲ့တာကြာပြီ..ဆော့ဂျင်ကချောလိုက်တာကွယ်"

"သားလဲ အန်တီ့ကိုတွေ့ပြီးကျေးဇူးတင်စကားပြောချင်နေခဲ့တာ...အန်တီ့လက်ရာတွေစားပြီးမှပိုချောလာတာဖြစ်ပါလိမ့်မယ်...😁"

ဂျောင်ကုမိခင်မှာ ဆော့ဂျင်အပြောကိုသဘောကျကာ ရယ်မောရင်းဖြင့်...

"ဆော့ဂျင်ကနောက်တတ်တာပဲ...အန်တီတော့သားကိုမြင်မြင်ချင်းခင်သွားပြီ"

ပထမပိုင်းတော့ ထမင်းဘူးကို ဂျောင်ကုကသူစားဖို့လို့ပြောပေမယ့်. ဆော့ဂျင်က ကြက်သွန်ဖြူ. အာလူး စတာတွေနဲ့ ဓာတ်မတည့်တဲ့အတွက် မဖြစ်မနေအမှန်တိုင်းပြောမှရမည်ဖြစ်သောကြောင့်...ကျောင်းပြောင်းလာတဲ့သူငယ်ချင်းက ကျောင်းကန်တင်းက menu တွေက စားလို့အဆင်မပြေလို့ ကူညီပေးချင်လို့ပါဆိုပြီး ပြောလာခဲ့တာပါ။

ဂျောင်ကုမှာ သူ့အမေနဲ့ဆော့ဂျင်အပေးအယူမျှနေတာကိုဘေးနားက ကြည့်ကာကြည်နူးတဲ့ခံစားချက်လေးဖြစ်နေသည်မို့ ပြုံး၍သာကြည့်နေမိသည်။ သူ၏မိခင်က သူနဲ့တောင်အဲ့လို ဟက်ဟက်ပက်ပက်ရယ်ဖူးတာမဟုတ်..သူကလဲမိဘတွေအပေါ်တစ်ခါမှ အဲ့ဒီလိုအရွှတ်အနောက်တွေမပြောဖူးပေ..။

အပေါ်ထပ်မှ ဂျောင်ကုအခန်းထဲကစာကြည့်စားပွဲမှာပဲစာသင်ဖြစ်ကြသည်။ အခန်းကကျယ်တာမို့ ဆော့ဂျင်အတွက် သက်တောင့်သက်သာမဖြစ်မှာစိုးရိမ်စရာမလို။

ဆော့ဂျင်မှလွယ်အိတ်ထဲကစာအုပ်တွေထုတ်ရင်းဖြင့်...

"ငါကမင်းကိုစာသင်ပေးတယ်ဆိုတာထက် နေ့စဉ်ကျောင်းမှာသင်တဲ့စာကို အတူတူပြန်လုပ်တဲ့ပုံစံနဲ့ပဲသွားကြမယ်နော်...နားမလည်တာရှိရင်ငါ့ကိုတခါတည်းမေးလို့ရတယ်...တွက်စာတွေကိုဦးစားပေးပြီးအတူတူလုပ်ကြတာပေါ့..ကျက်စာတွေကတော့ ငါပြန်သွားမှမင်းဖာသာကျက်လို့ရတယ်ဆိုတော့"

ဆော့ဂျင်ပြောတာကို ခေါင်းလေးတဆတ်ဆတ်ညိမ့်ကာ မျက်လုံးလေးဝိုင်းကာဖြင့် ဂျောင်ကုနားထောင်သည်..ခုချိန်မှာသူကဆရာမို့လားနာခံရမှာပေါ့...။ အင်းးးအခုမှမဟုတ်ပါဘူး ဂျောင်ကုကဆော့ဂျင်စကားဆိုအမြဲနာခံဖို့အသင့်ဖြစ်နေသူလေ...

OxygenWhere stories live. Discover now