Part 08

456 58 5
                                    


ထိုအဖြစ်ပျက်များအပြီး ပြစ်ဒဏ်ခံယူပြီးနောက်တစ်နေ့ကစ၍ ဂျောင်ကုကျောင်းသို့မလာတာ ငါးရက်ရှိပြီဖြစ်သည်။ ဖုန်းဆက်တော့လဲ စက်ပိတ်ထားသည်တဲ့...နောက်ဆုံး ကျောင်းဆင်းတော့ ဂျောင်ကုအိမ်သို့ ဆော့ဂျင်လိုက်လာခဲ့လိုက်သည်။

ဂျီမင်တို့က..ဂျောင်ကု အရင်လိုပြန်ဖြစ်မှာကို စိတ်ပူတာကြောင့်သူ့ကိုအရင်နေ့တွေကတည်းကသွားစေချင်နေကြတာဖြစ်သည်။ စာမေးပွဲကလဲ သုံးပတ်လောက်ပဲလိုတော့တာကြောင့်... သူလဲသွားချင်ပေမယ့် ဂျောင်ကုတစ်ယောက်ထဲနေဖို့အချိန်လိုသေးတယ်လို့ ထင်တာကြောင့် မသွားသေးပဲအချိန်တစ်ခုကိုစောင့်နေခြင်းသာ...။

ဂျောင်ကုရဲ့အိမ်ကိုရောက်တော့...

"သားကနေမကောင်းနေတာ ဆော့ဂျင်...အခုအပူမရှိတော့ပေမယ့် ကျောင်းမသွားချင်သေးဘူးပြောတယ်..သားမှာကိစ္စတစ်ခုခုရှိနေလားဟင်သား။ ဟိုနေ့ကလဲကျောင်းကပြန်လာတော့ မျက်နှာမှာဒဏ်ရာနဲ့..ဘာဖြစ်တာလဲမေးတော့ ချော်လဲတာလို့ပြောတယ်..ဘာတွေဖြစ်နေသလဲ ဆော့ဂျင်သိရင်အန်တီကိုပြောပြပေးပါလားဟင်"

"ကျွန်တော်ကတော့ ဒီကြားထဲမှာ ဂျောင်ကုကို အရင်ကထက်ပိုဂရုစိုက်ပေးပြီး...ဂျောင်ကုပြောလာတာကိုပဲအန်တီစောင့်နေပေးလိုက်တာ ပိုကောင်းမယ်လို့ထင်ပါတယ် အန်တီ"

"အင်းလေ..ဆော့ဂျင်ပြောတာလဲဟုတ်ပါတယ်. အန်တီကတော့ သားလေးကိုစိတ်ပူတာကလွဲပြီးမသိတော့ဘူးကွယ်...သားလေးအခန်းထဲမှာရှိတယ် တက်သွားလိုက်နော်သား"

ဂျောင်ကုအခန်းရှေ့ရောက်ကာ တံခါးခေါက်လိုက်တော့....

"ဂျောင်ကု...ငါပါ"

ဂျောင်ကုက မျက်လွှာလေးချကာ ဆော့ဂျင်အားမကြည့်ပဲတံခါးဖွင့်လာပေးပြီးအခန်းထဲပြန်လှည့်ဝင်သွားသည်။

"ဂျွန်ဂျောင်ကု..ဒါကဘာအချိုးလဲ"

ဆော့ဂျင်မှ အခန်းထဲလိုက်ဝင်လာကာပြောလိုက်တော့ မျက်လုံးဝိုင်းလေးဖြင့်ပြန်လှည့်ကြည့်လာ၏။

"မင်းကမပြောမဆိုနဲ့ကျောင်းပျက်တယ်. ဖုန်းကလဲစက်ပိတ်ထားသေးတယ်. အခုစိတ်ပူလို့အိမ်လိုက်လာပြီးသတင်းမေးတဲ့သူငယ်ချင်းကိုဆက်ဆံတဲ့ပုံစံကိုလဲကြည့်ဦး...ဘာလဲငါ့ကိုမလာစေချင်တာလား အခုချက်ချင်းလှည့်ပြန်ရမှာလား။ ပြီးတော့..ငါ့ကိုအကျင့်ဖြစ်အောင် လုပ်ထားပြီးမှ မင်းကကျောင်းမလာတော့ ငါကနေ့လည်စာဘယ်လိုစားရမှာလဲ...ပြော"

OxygenWhere stories live. Discover now