ညကဘားမှအပြန်ညဉ့်နက်ပေမယ့် ဆော့ဂျင်အတွက်ထမင်းဘူးလုပ်ပေးချင်တာကြောင့် သူစောစောထလိုက်သည်။ သူ့ပုခုံးနားခေါင်းလေးမှေးကာ ဘေးမှာအိပ်ပျော်နေတဲ့ဆော့ဂျင်နဖူးလေးကို နိုးသွားမှာစိုး၍ ဖွဖွနမ်းကာဖြည်းဖြည်းချင်းထလိုက်သည်။သူအားလုံးချက်ပြုတ်ပြီးခါနီးမှ ဆော့ဂျင်အိပ်ရာမှနိုးလာကာ kitchen ထဲဝင်လာပြီး သူ့အနောက်ကနေသိုင်းဖက်ကာ သူ့ပုခုံးပေါ်မေးလေးတင်ပြီး...
"ဘာတွေချက်နေတာ ဂျောင်ကု"
"Breakfast အတွက် ဆော့ဂျင်ကြိုက်တဲ့ Naengmyeon ရယ်၊ lunch box အတွက် Lobster ကိုအသားနွှင်ပေးထားပြီး. အာလူးမပါတဲ့ beef stew ရယ်. ပြီးတော့ ဂင်မ်ချီပါထည့်ပေးထားတယ်"
"ငါ့အချစ်ကအကောင်းဆုံးပဲ အူးးးမွ"
"လူကိုပွတ်သီးပွတ်သပ်လုပ်နေတာရပ်ပြီး ရေသွားချိုးလိုက်တော့ ပထမဆုံးနေ့မှာနောက်ကျနေရင်မကောင်းဘူး"
"Yes, sir...ပြွတ် ပြွတ် ပြွတ်"
ဆော့ဂျင်က သူ့မျက်နှာကို နေရာလပ်မကျန်အောင်နမ်းရှုံ့ပြီး အခန်းထဲလှစ်ခနဲနေအောင်ပြန်လှည့်ပြေးဝင်သွားသည်။ ဂျောင်ကုမှာ လူကိုတစ်နေ့ထက်တစ်နေ့ ပုံစံအမျိုးမျိုးနဲ့ ရူးအောင်လုပ်နေတဲ့ ဆော့ဂျင်အားလိုက်ကြည့်ရင်း ခေါင်းတခါခါနှင့်သဘောတွေကျကာ ကျန်ခဲ့ပြီးဆေးစရာရှိတဲ့အိုးခွက်တွေကို ဆက်ဆေးနေလိုက်သည်။ အစားအသောက်ကြိုက်တဲ့ yeabo အတွက် ဟင်းချက်နည်းတွေလေ့လာပြီး လေ့ကျင့်ထားတာ အလကားတော့မဖြစ်ဘူးပဲ။
————
ဂျောင်ကုနေ့စဉ်ချက်ထည့်ပေးတဲ့ ဟင်းတွေကိုယွန်းဂီကပါကြိုက်နှစ်သက်ပြီး သူလဲဟင်းချက်တတ်တဲ့ ရည်းစားတစ်ယောက်ထားဦးမှပဲ ပြောတော့...
"မင်ယွန်းဂီ...ဂျောင်ကုကငါ့ကိုသူကိုယ်တိုင်ချက်ကျွေးချင်လွန်းလို့ ငါနဲ့တွေ့ပြီးမှဟင်းချက်သင်ထားတာကွ။ မင်းက ဟင်းချက်တတ်တဲ့သူကိုရည်စားထားမယ်ဆိုရင်တောင် ငါနဲ့မင်းက အနေအထားချင်း ခံစားမှုခြင်းမတူဘူးနော်"
"အေးပါ..ဟုတ်ပါပြီ မင်းတို့ကသာအချစ်တတ်ဆုံးလင်လင်တွေပါ ဟုတ်ပြီလား"
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰