Part 05

527 69 9
                                    


ကျောင်းပိတ်ရက် တစ်ရက်မှာ ဆော့ဂျင်က Seoul မှ သူမရောက်ဖူးသေးတဲ့နေရာတွေ လိုက်ပို့ပေးဖို့ပြောလာတာကြောင့်..နှစ်ခါပြောစရာမလို ဂျောင်ကုကလိုက်လျောခဲ့သည်။ အိပ်ရာစောစောထကာပြင်ဆင်ပြီးအိမ်ကထွက်လာလိုက်သည်။ သွားချင်တဲ့သူက သူ့အိမ်ကိုဝင်ခေါ်ခိုင်းသေးတာမို့...ဒီကလဲအခေါ်တော်မရောက်ခင်ကတည်းက မော်ဖူးချင်နေသူဆိုတော့ နှစ်ခါပြောစရာမလို...တက်ကြွသောခြေလှမ်းများဖြင့် အခစားဝင်ဖို့အဆင်သင့်ဖြစ်နေ၏။

ခြံရှေ့ရောက်ပြီးဟွန်းတီးလိုက်တော့ ဆော့ဂျင်က ခြံထဲကလှစ်ခနဲထွက်လာပြီး ကားထဲဝင်ထိုင်လိုက်တော့...ဆော့ဂျင်ဆီမှ ကိုယ်သင်းနံ့လေးကိုမသိမသာခိုးရှုရှိုက်ကာ...

"ဘယ်ကိုအရင်သွားမလဲ ဆော့ဂျင်"

"နေရာတော်တော်များများ မရောက်ဖူးသေးတာမို့မင်းခေါ်တဲ့နောက်လိုက်မယ်...မောင်းချင်တဲ့ဆီသာမောင်း"

'ငါခေါ်သွားချင်တဲ့နေရာ တစ်နေရာပဲရှိတယ်ဆော့ဂျင်..အခုတော့မဟုတ်သေးဘူး'

ဂျောင်ကု သူ့အတွေးနဲ့သူသဘောကျကာပြုံးလိုက်တော့..

"ဘာတွေတွေးပြီး ပြုံးနေတာလဲ...မင်းအပြုံးကြီးကလဲကျောချမ်းချင်စရာကြီး..ငါ့ကိုလူကုန်ကူးဖို့တော့ မဟုတ်ပါဘူးနော်"

"Hahahaha..."

ဆော့ဂျင် အရွှန်းဖောက်သည်ကို နှစ်ယောက်သားပြိုင်တူရယ်မိကြသည်။

အမှန်က ဒီနေ့ဆော့ဂျင်မှ သူမရောက်ဖူးတဲ့နေရာတွေကိုသွားချင်တာထက်...တမင်သက်သက် ဂျောင်ကုကိုအပြင်ခေါ်ထုတ်လာခြင်းဖြစ်သည်။
ဂျီမင့်စကားအရ ပိတ်ရက်တွေမှာဆိုရင် ဟိုးအရင်က လမ်းသရဲလေးဂျောင်ကုဟာ သူ့မိဘတွေပြေလည်သွားပြီးနောက်ပိုင်း အိမ်မှာပဲအခန်းအောင်းကာ ဂိမ်းကစားတယ်. အိပ်တယ်၊ Workout သွားလုပ်တယ်ဟုသိရသည်။

အိမ်မှာနေတယ်ဆိုပေမယ့်လဲ မိသားစုတွေနဲ့လက်ပွန်းတတီးနေတာမဟုတ်ပဲ သီးသန့်နေ နေတာဖြစ်သောကြောင့် ဂျီမင်တို့ခေါ်ထုတ်ပေမယ့်လဲ တခါတလေ bar သွားတာကလွဲလို့...မလိုက်တာများသည်ဟုဆိုသည်။ ဂျောင်ကုက ငယ်ငယ်လေးကတည်းက သူများတွေလိုပုံမှန်အတိုင်းဘဝကိုဖြတ်သန်းခဲ့တာမဟုတ်တော့...အခုတော့လူငယ်ဘဝကိုပုံမှန်အတိုင်းဖြတ်သန်းစေချင်တာ ဆော့ဂျင်ရဲ့ စေတနာပါ။

OxygenWhere stories live. Discover now