Part 12

435 49 8
                                    


ဆော့ဂျင်အိမ်ကနေထွက်တော့ မျက်ရည်လေးစမ်းစမ်းဖြစ်နေသော ဖွားကို ဂျောင်ကုကပဲပုခုံးလေးဖက်ထားပေးသည်။ ဂျောင်ကုကိုသူစေ့စေ့မကြည့်ရဲ ဂျောင်ကုမျက်ဝန်းတွေကိုတွေ့ရင် သူသွားဖို့တွန့်ဆုတ်နေမိလိမ့်မည်။ ဟိုဆော့နဲ့ ဂျီမင်လဲလိုက်ပို့ပေးဖို့ရောက်ပြီဖြစ်သဖြင့် သူနူတ်ဆက်ပြီးကားပေါ်တက်လိုက်သည်။

လေဆိပ်ကိုရောက်တော့ ဂျီမင်နဲ့ဟိုဆော့ကို ဂျောင်ကုကို စောင့်ကြည့်ပေးထားဖို့ . ဂရုစိုက်ဖို့ . တစ်ယောက်တည်းမထားဖို့ သူတဖွဖွမှာတော့ ဂျီမင်က...

"ငါအရင်က ဂျောင်ကုကမင်းကိုပိုချစ်တာလို့ထင်ခဲ့တာ ဆော့ဂျင်...အခုတော့ငါ့အမြင်ကိုပြန်သုံးသပ်ရတော့မယ်ထင်တယ်"

"ငါတို့နှစ်ယောက်ကြားမှာ ဘယ်သူကပိုတယ်ဆိုတာမျိုးမရှိပါဘူးကွာ..သုံးသပ်နေရင်မင်းပဲရူးသွားလိမ့်မယ်"

—————

ကိုရီးယားကနေ Sydney ကို ဆယ်နာရီခွဲလောက် လေယာဉ်စီးလိုက်ရ၍ သူဟိုကိုရောက်တော့ ညနေ ၄နာရီကျော်နေပြီဖြစ်သည်။ လေဆိပ်မှာလာကြိုတဲ့ ကိုကိုကသူ့ကိုတွေ့တော့ လက်လှမ်းပြနေ၏။

သူဒီကိုရောက်ရောက်ချင်း ခုနှစ်နှစ်သားကတည်းက သူ့ထက် သုံးနှစ်ကြီးတဲ့ကိုကိုနဲ့ အိမ်နီးချင်းဖြစ်၍ ကိုကိုနဲ့အတူ ကျောင်းသွား ကျောင်းပြန်လုပ်ခဲ့တာပင်။ ကိုကိုကျောင်းအရင်ပြီးသွားတော့လဲ တက္ကသိုလ်ကျောင်းသားကိုကိုကပဲ ကျောင်းပို့. ကျောင်းကြိုလုပ်ပေးခဲ့သည်။

High School ပြီးတော့လဲ ကိုကိုရွေးချယ်ပေးတဲ့မေဂျာအတူတူကိုပဲတက်ခဲ့ရသည်။ စီးပွါးရေးလုပ်ဖို့ကိုသူဝါသနာမပါပေမယ့်လဲ ကိုကိုကအကျိုးကြောင်းဆီလျော်စွာဖြင့် ရွေးချယ်သင့်ကြောင်းနားချသောကြောင့်ရော . ဆော့ဂျင်မိဘတွေကလဲ ရွေးချယ်ဖို့ သူ့ကိုဝိုင်းပြီးတွန်းအားပေးကြတာကြောင့်ရော သူတက်ခဲ့ရတာဖြစ်သည်။

ကျတော်ဝါသနာပါတဲ့ Architect တစ်ယောက်သာဖြစ်ခဲ့ရင် ဂျောင်ကုနဲ့တွေ့ရလိမ့်မည်မဟုတ်ဘူး။ ဂျောင်ကုနဲ့တွေ့ဆုံဖို့ကံကြမ္မာကို ကိုကို ကိုယ်တိုင်ဖန်တီးခဲ့လေရော့လား။

OxygenWhere stories live. Discover now