Part 09

444 63 8
                                    


နောက်ဆုံးနှစ် စာမေးပွဲပြီးသွားတော့ သူတို့လေးယောက် ဂျယ်ဂျူကျွန်းကိုနှစ်ညအိပ်ခရီးထွက်ဖြစ်ခဲ့ကြတယ်။ ဂျောင်ကုနဲ့သူက တစ်လှည့်စီကားမောင်းပေးတော့ အပြန်ကျသူတို့မောင်းမယ်ဟု ဟိုဆော့ကပြောသည်။

ဟိုတယ်ရောက်တော့ ဂျောင်ကုနဲ့သူကတစ်ခန်း. ဟိုဆော့နဲ့ဂျီမင်ကတစ်ခန်း နေလိုက်သည်။ ခြောက်နာရီကျော်လောက် ကားမောင်းခဲ့ရသဖြင့်ရောက်ရောက်ချင်း အခန်းထဲခဏနေကြပြီးမှ နေ့လည်စာ ထွက်စားခဲ့ကြသည်။

ညနေကျတော့ ကမ်းစပ်မှာ လမ်းလျှောက်. ဓာတ်ပုံရိုက်. ဘောလုံးကန်ပြီး ဟိုတယ်က ရေကူးကန်မှာရေကူး. နောက် ရေချိုး. ညစာစားပြီးတော့ ကိုယ့်အခန်းထဲကိုယ်ပြန်လာကြသည်။

ဒီနေ့ တစ်နေ့လုံးဂျောင်ကု စိတ်လွတ်လက်လွတ်ပျော်နေတာတွေ့ရသည်။ သူဂျယ်ဂျူကျွန်းကို လာချင်ပေမယ့် ဘယ်သူနဲ့လာရမယ်မှန်းမသိလို့ မရောက်ဖူးပါဘူးတဲ့..ငယ်ငယ်ကမင်းမိဘတွေကို လိုက်ပို့ဖို့ပြောဖူးလားမေးတော့ ခေါင်းခါပြသည်။

အခန်းထဲပြန်ရောက်တော့...ဆော့ဂျင်က ကုတင်ပေါ်ပစ်လှဲချလိုက်ပြီး...

"အားး...ပင်ပန်းလိုက်တာကွာ. အိပ်ကြရအောင် မီးတွေပိတ်လိုက်တော့ဂျောင်ကု"

ညအိပ်မီးလေးပဲဖွင့်ထားပြီး ကျန်တဲ့မီးတွေအကုန်ပိတ််ပေးပြီးတော့..ကုတင်နားရပ်ကာ သူ့အားကြည့်နေသော ဂျောင်ကုအား လက်နှစ်ဖက်ဆန့်တန်းကာ..

"လာလေ အဲ့မှာဘာရပ်လုပ်နေတာလဲ..ကုကီလေးက အားလာသွင်းပေးပါဦး"

ထိုအခါမှ ကုတင်ပေါ်တက်လာပြီ သူ့အားနာမည်အမျိုးမျိုးပေးတတ်သော သိုးပေါက်အားရင်ခွင်ထဲဆွဲသွင်းလိုက်ကာ...

"ဘယ်လိုလဲ အားပြည့်သွားပြီလားအခု"

"နဲနဲလိုသေးတယ်..အဲ့ဒါကြောင့်ငြိမ်ငြိမ်လေးနေ"

ဂျောင်ကုလဲ ဆော့ဂျင်ဆံပင်မှ shampoo နံ့သင်းသင်းလေးကို ခိုးရှုရင်း ခဏငြိမ်နေပေးလိုက်သည်။

"အိပ်ပြီလား ဆော့ဂျင်"

"မအိပ်သေးဘူး..မင်းဘာပြောစရာရှိလို့လဲ ပြောလေ"

OxygenOnde histórias criam vida. Descubra agora