Intro 🐹🐰

1.3K 59 5
                                    

Jeon Jungkook

'ငါ့အနားမှာမင်းရှိနေရင် ငါလုံခြုံသလိုခံစားရတယ် ဆော့ဂျင်..မင်းနဲ့ဝေးရင် ဟိုးအရင်ကလို လောကကြီးမှာ ငါတစ်ယောက်တည်းအသက်ရှင်နေသလို ထပ်ပြီးခံစားရမှာ။ ဘဝမှာပထမဆုံးဘယ်သူနဲ့မမျှဝေနိုင်ပဲ ငါတစ်ယောက်တည်းပိုင်ဆိုင်ချင်တဲ့အရာက မင်းပါဆော့ဂျင်။ အရင်ကတွဲခဲ့ဖူးတဲ့သူနဲ့တုန်းကတောင် ဒီလိုခံစားခဲ့ဖူးတာမဟုတ်ဘူး..သူပေးလာတဲ့အချစ်နဲ့ ဂရုစိုက်မှုအပေါ်မှာ သာယာခဲ့ရုံပါ။
ငါအခု မင်းကိုချစ်နေမိတယ်ဆိုတာ သေချာတယ် ဆော့ဂျင်...မင်းသိရင် ငါ့ကိုရှောင်ဖယ်သွားမှာကြောက်တယ်။ မင်းသိနေခဲ့ရင်လဲ မသိချင်ယောင်ဆောင်နေပေးပါနော်...ငါအခု ဒီအနေအထားအတိုင်းလေးကိုပဲ ရောင့်ရဲနိုင်ပါတယ်'

-/-/-/-/

Kim Seokjin

'ငါမင်းအနားကိုလှမ်းလာခဲ့မိတာ မှားသွားပြီလား ဂျောင်ကု။ ငါ့ကို ခိုးခိုးကြည့်တတ်တဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ ၊ ငါ့အတွက်ဆိုပြီးသယ်လာပေးတဲ့ထမင်ဘူးလေးကနေအစပြုပြီး...တခါတလေအဝေးကိုငေးနေတဲ့ မင်းရဲ့တစ်စုံတစ်ခုကိုစိတ်မချ လက်မချဖြစ်နေတတ်တဲ့အရိပ်ယောင်တွေနဲ့ မျက်ဝန်းတွေကို ငါစူးစမ်းချင်ခဲ့တာ။ ငါသိချင်နေခဲ့တဲ့ မင်းဘဝအကြောင်းကိုသိရပြန်တော့ ငါမင်းကိုဂရုစိုက်ပေးချင်လာပြန်တယ် ၊ သူများတွေလို စိတ်ချလက်ချရယ်မော ပျော်ရွှင်စေချင်လာပြန်တယ်။ မင်းအတွက်ဆိုပေမယ့် ဒါဟာငါ့ရဲ့လောဘတွေဖြစ်နေခဲ့တာများလား...ဒါဟာ အချစ်မဟုတ်ဘူးဆိုတာ ငါ့ကိုယ်ငါလဲမသေချာဘူး'

-/-/-/-/

Note 📝 :

ဟိုးအရင်ကတည်းက စာရေးရတာဝါသနာပါပေမယ့်
ရေးဖို့မရဲသလို ရေးလဲမရေးတတ်ပါဘူး။ အခုမှအရဲတင်းပြီးရေးထားတဲ့ ပထမဆုံးရေးဖူးတဲ့ Fic လေးမို့ အမှားတွေ အားနည်းချက်တွေရှိရင်နားလည်ပေးကြပါနော်။
ကိုယ့်ကိုကိုယ် Author တစ်ယောက်လို့ခံယူပြီးရေးထားတာမဟုတ်ပဲ..ကောင်လေးနှစ်ယောက်ရဲ့အချစ်ကို ကိုယ့်ဖာသာစိတ်ကူးယဉ်ပြီး ပုံဖော်ကြည့်ချင်ရုံပါ။ Jinkooker Author တော်တော်များများရဲ့ Fic တွေဖတ်ဖူးတာမို့ သူတို့အရေးအသားတွေရဲ့ အရိပ်အငွေ့တွေပါနေခဲ့တယ်ဆိုရင် ခွင့်လွှတ်ပေးပါနော်။

OxygenWhere stories live. Discover now