Part 21

435 48 5
                                    


မေမေ ရောက်လာတော့ သူတို့စက်ရုံငှါးဖို့နဲ့ ကုန်ကြမ်းတွေဝယ်ဖို့အတွက် ရှယ်ယာထပ်ထည့်ပေးမယ်ပြောလာသည်။
မေမေက ထပ်တိုးလာတဲ့ ရှယ်ယာရှင်အရေအတွက်ကိုကြည့်ရင်း. ကနဦး ရှယ်ယာဝင် list အဟောင်းကိုတောင်းကြည့်တော့...

"ဂျောင်ကု ဆိုတာဘယ်သူလဲ...မေမေ မသိပါလား"

"သား သူငယ်ချင်းပါ...ယွန်းဂီနဲ့လဲခင်တယ်...။
မေမေ မေ့နေတာဖြစ်မယ်..ကျောင်းတက်တုန်းက သားအတွက်ထမင်းဘူးယူ. ယူလာပေးတဲ့သူလေ"

"ဪ သိပြီ. မှတ်မိပြီ...မေမေတွေ့ပြီး ကျေးဇူးတင်စကားပြောချင်နေတာ"

"သူက အခုနာမည်ကြီး Idol တစ်ယောက်ဖြစ်နေပြီ မေမေရဲ့...သူနဲ့တွေ့ခွင့်ရဖို့ မလွယ်တော့ဘူး"

"Pub & Dining ဆိုင်လေးဖွင့်ထားတယ်ဆိုတဲ့သူငယ်ချင်းတွေရော..သူတို့ဆိုင်ကိုလဲ မေမေမပြန်ခင် သွားပြီးအားပေးရအောင်လေ"

"မေမေသွားချင်ရင် မပြန်ခင်တစ်ရက် ချိန်းလိုက်မယ်လေ"

"ဂျောင်ကုဆိုတဲ့ ကလေးကိုပါသူအားရင်ခေါ်လိုက်လေ...တစ်ခါတည်း လူစုံတက်စုံတွေ့ရတာပေါ့"

ဆော့ဂျင်က ယွန်းဂီမျက်နှာကို တစ်ချက်လှမ်းကြည့်တော့ ယွန်းဂီက...

"သူက အလုပ်များတယ် အန်တီရဲ့...လာနိုင်မယ်တော့မထင်ဘူး ခေါ်ကြည့်လိုက်မယ်လေ"

"လာနိုင်ရင်တော့ ကောင်းတာပေါ့...အန်တီကတွေ့ချင်နေတာ..."

သားတို့ ၂နှစ်ကျော်အတွင်းမှာ ခုလိုအများကြီးတိုးတက်လာတာ တော်ရုံအရည်အချင်းမဟုတ်ဘူး...။ သားအဖေဆိုလဲ သားကို သူ့အပေါင်းသင်းတွေရှေ့မှာ လူစုံရင်ချီးကျူးနေတာ...
သားက လိမ္မာလက်စနဲ့ ဆက်လိမ္မာပေးနော်"

ဘာအဓိပ္ပာယ်နဲ့ပြောနေမှန်း သေသေချာချာ မသိသော်လဲ...
မေမေ့စကားကို ဆော့ဂျင်က တစ်ခါတည်းချေပချင်သောကြောင့်..

"သားက ဖေဖေတို့မေမေတို့ဆီကနေ တော်တယ်. လိမ္မာတယ် လို့ချီးကျူးခံရဖို့လုပ်နေတာ မဟုတ်ပဲ.. သားစိတ်ဆန္ဒရှိလို့လုပ်နေတာဖြစ်တဲ့အတွက်..
သားရဲ့လုပ်ရပ်တွေက မေမေတို့အတွက် အကောင်းဘက်ကိုသွားတာရှိသလို...အဆိုးဘက်ကိုသွားတဲ့အခါလဲရှိချင်ရှိလိမ့်မယ် မေမေ...။

OxygenWhere stories live. Discover now