အချိန်တစ်ပတ်ကြာပြီးသည့်အထိ ဂျောင်ကု အဆင်ပြေရဲ့လားဆိုတာ ဂျီမင်တို့ဆီမှတစ်ဆင့်သာ သူနားစွင့်နေလိုက်သည်။ သူတို့ပြဿနာဖြစ်ပြီးမှ ဂျောင်ကုဆီသို့ ...'မင်းအချိန်လုံလုံလောက်လောက် ယူပြီးပြီဆိုရင် ငါ့ဆီကိုဆက်သွယ်ပေးပါ ဂျောင်ကု...အရမ်းချစ်တယ် 🤍'
ဆိုတဲ့...message တစ်စောင်သာပို့ထားပြီး...ဂျောင်ကုကတော့ reply မလုပ်ခဲ့။
ဂျီမင်တို့ကတော့ သူတို့နှစ်ယောက်ကိစ္စမှာ ဂျောင်ကုဘက်ကလွန်တယ်ဆိုပေမယ့် အတိတ်ကရခဲ့ဖူးတဲ့ trauma ကြောင့်...သူ့ဘက်ကနားလည်ပေးပြီး ခဏလွှတ်ထားပေးပြီး စောင့်ကြည့်ဖို့အကြံပေးသည်။
————-
ဆော့ဂျင်ဆီ တစ်လပြည့်တဲ့အထိ ဂျောင်ကုဘက်မှ ဆက်သွယ်လာခြင်းမရှိသေးပေ...။
ကိုကိုက စိတ်ပြေလက်ပျောက်ဖြစ်အောင် Australia ကိုခနပြန်လာနေကြည့်ဖို့ခေါ်သည်။ သူသွားလိုက်ရင် ဂျောင်ကု နဲ့သူ့ရဲ့အခြေအနေက ပိုဆိုးသွားနိုင်တာမို့ သူငြင်းဆန်ကာတင်းခံနေလိုက်သည်။
Social media ပေါ်သို့ မရောက်ခဲ့သော်လဲ ယွန်းဂီမှတစ်ဆင့် ဂျောင်ကုရဲ့ဓာတ်ပုံတွေသတင်းတွေကို သူအမြဲကြားသိနေရပါသည်။
သူခွင့်လွှတ်နိုင်ပါတယ်...
ရွေးချယ်ခဲ့ပြီးပြီမို့ ချစ်ရသူရဲ့ ကောင်းခြင်း. ဆိုးခြင်းတွေကို သူလက်ခံတတ်ရမှာပေါ့။နှစ်လကျော်တဲ့အချိန်မှာ ဂျီမင်ကတစ်ဆင့် ကျောင်းတုန်းက ဂျောင်ကုရဲ့ရည်စားဟောင်း ကိုရီးယားကိုပြန်ရောက်နေပြီး ဂျောင်ကုနဲ့တွဲသွားတွဲလာတွေ လုပ်နေတယ်ဆိုတာလဲသူသိခဲ့ရသည်။
သိသိချင်းမှာ သူအနည်းငယ်နာကျင်ရသော်လဲ...ဂျောင်ကုက သူ့အပေါ်သစ္စာဖောက်မယ့်သူမဟုတ်ဘူးလို့ ယုံကြည်ထားလိုက်သည်။ ဒါပေမယ့် ဂျောင်ကုကို သူပေးထားတဲ့အချိန်ဟာ ဒီလောက်ဆို လုံလောက်ပြီမလား...။
———-
ပိတ်ရက်တစ်ခုမှာ ညနေစာစားပြီး အဖွားတို့နဲ့စကားထိုင်ပြောနေတုန်း...ယွန်းဂီဆီမှဖုန်းဝင်လာ၍ သူကိုင်လိုက်တော့...
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰