ဂျယ်ဂျူမှပြန်လာပြီး ဆော့ဂျင်အိမ်ပြန်ရောက်တော့. အိမ်အဝမှာ ထွက်စောင့်နေတဲ့အဖွားက ဆော့ဂျင်ကိုပွေ့ဖက်ကာ.."သူငယ်ချင်းတွေနဲ့တော်တော်ပျော်ခဲ့လား ဖွားမြေးအသည်းတုန်လေး"
"အားကြီးပျော်တယ်အဖွား ဟီးဟီးး"
"မျက်နှာလေးကြည့်တာနဲ့သိတာပေါ့ ခရီးပြန်လာရင်ပင်ပန်းပြီးနွမ်းနေရမယ့်မျက်နှာလေးက လန်းနေလို့လေ"
"ပြန်လာတဲ့လမ်းတစ်လျှောက်လုံး ဂျောင်ကုပေါင်ပေါ်မှာအိပ်လိုက်လာတာ ဖွားရဲ့...အဲ့ဒါကြောင့် နဲနဲလေးမှမပင်ပန်းတော့ဘူး"
"ဂျောင်ကုလေးသနားပါတယ် သူညောင်းနေရှာမှာပေါ့..အဲ့ကလေးလဲ သားအပေါ်အနွံ့တာခံရှာတယ်ကွယ်။ အဲ့ဒါကြောင့်လဲ ဟိုတစ်ခါ ကျောင်းမှာကိစ္စဖြစ်တုန်းက ဂျောင်ကုလေးနဲ့ပတ်သက်နေတာမို့ အဖွားက နှစ်ခါမစဉ်းစားတော့ပဲ ကူညီလိုက်တာပေါ့။ သူ့မေမေကိုလဲ သားအတွက်ထမင်းဘူးနေ့တိုင်းပြင်ပေးတာ ကျေးဇူးတင်ကြောင်းပြောချင်နေတာ ကျောင်းသာပြီးသွားတယ် မပြောရသေးဘူး။ ဒီအဖွားကြီးက အသက်ကြီးပြီဆိုတော့ စိတ်သွားတိုင်းကိုယ်မပါတော့ဘူးကွယ်"
"ဂျောင်ကုတို့အိမ် ဖွားသွားချင်ရင် သားလိုက်ပို့ပေးမှာပေါ့ဖွားရဲ့..ဘယ်နေ့သွားချင်လဲပြော"
"ဒါဆိုလဲ နောက်အပတ်သွားမယ်ကွယ်. သားအန်တီကလဲ အားမကိုးရပါဘူး. သူ့အလုပ်ကိစ္စနဲ့ အပေါင်းအသင်းတွေနဲ့သောက်စားနေတာနဲ့ပဲ အချိန်ကိုမရှိဘူး။ ညကလဲအိမ်ပြန်မအိပ်ဘူး bar ကအပြန်မူးနေလို့ သူ့သူငယ်ချင်းအိမ်မှာလိုက်အိပ်တယ်တဲ့..အပျိုကြီးများအဖွဲ့ကတော့ ထိန်းမနိုင်ဘူးကွယ်"
အဖွားက စကားအရှည်ကြီးပြောပြီးမောသွားဟန်ဖြင့် ဆိုဖာပေါ်ထိုင်လိုက်ရင်း..
"မြေးလဲသွားနားတော့လေ..."
ဆော့ဂျင်အပေါ်ထပ်သို့တက်မယ်ပြင်တော့...
"ဪ..သည်းတုန် မနေ့ကသားအမေဖုန်းဆက်တယ်..သားဆီဆက်သွယ်မရလို့တဲ့ ဒီည Video call ပြောမယ်တဲ့စောင့်နေဖို့ပြောသွားတယ်"
ဆော့ဂျင်သက်ပြင်းချလိုက်ရင်း...
"ဟုတ်ကဲ့ ဖွား"
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰