Part 11

432 59 5
                                    


သူပြန်မယ့်နေ့ မတိုင်ခင်တစ်ရက်မှာ ယွန်းဂီကိုပါခေါ်ပြီး သူတို့ငါးယောက်အပြင်မှာတွေ့ကြသည်။
ဂျောင်ကုတို့သုံးယောက်ကို ယွန်းဂီနဲ့မိတ်ဆက်ပေးတော့ ယွန်းဂီကသူ့မူပိုင်စတိုင်လ်အတိုင်းမလှုပ်မယှက်လုပ်နေ၍ ဂျီမင်ကမျက်စောင်းခဲ၏။ ယွန်းဂီကို သူမရှိခင်လိုအပ်တာရှိရင်ကူညီပေးကြပါပြောတော့ ဂျီမင်က...'အချိုးသားနားကိုကြည့်ပြီး ကူညီချင်စိတ်ရှိရင်ကူညီမယ်' ပြောလို့ ယွန်းဂီက နှုတ်ခမ်းကိုမဲ့ကာ ပုခုံးတွန့်ပြသည်။

"ယွန်းဂီ Ah..ငါ့သူငယ်ချင်း သုံးယောက်လုံးက သဘောကောင်းပါတယ်. မင်းရဲ့ပုံစံကသူတို့အတွက်အသားမကျသေးလို့ပါ"

ယွန်းဂီက...စတွေ့ကတည်းက ဆော့ဂျင်အနားမှတစ်ဖဝါးမှမခွါသော ဂျောင်ကုကိုကြည့်ကာ...သူ့အနား တိုးတိုးကပ်ပြောသည်။

"ဂျောင်ကုနဲ့မင်းနဲ့ကဘာတွေလဲ ငါ့ကိုသူငယ်ချင်းပဲလို့တော့မပြောနဲ့နော် မယုံဘူး"

"ငါ ဟိုကပြန်လာမှအစအဆုံးရှင်းပြမယ်. ခုလောလောဆယ်ဒီအတိုင်း မသိချင်ယောင်ဆောင်နေပေး"

နေ့လည်လောက်ကျတော့ အသီးသီးလမ်းခွဲလိုက်ကြပြီး..ဂျောင်ကုက အိမ်လိုက်အိပ်မယ်ဆိုပြီး သူ့နောက်ပါလာခဲ့သည်။

အဖွားက ဂျောင်ကုအားတွေ့တော့ စကားတွေရေပက် မဝင်အောင်ပြောနေသဖြင့် သူ့အနားကပ်ချင်နေတဲ့ဂျောင်ကုမှာ ကြက်ကြီးလည်လိမ်ထားသလိုဖြစ်နေသည်။ ဂျောင်ကုကိုကြက်ဥလိပ်လုပ်ကျွေးမယ်ဆိုပြီး ထသွားတော့မှ ဂျောင်ကုလဲ အပျော်လုံးဆို့ပြီး သူ့အခန်းထဲရောက်လာတော့သည်။

"အကျီတွေထည့်နေတာလား ဆော့ဂျင်...ငါဘာကူလုပ်ပေးရဦးမလဲ"

"အင်းးး..နဲနဲပါးပါးပါ ရတယ်"

ဂျောင်ကုက သူ့ကိုအနောက်မှသိုင်းဖက်ကာ သူ့ပုခုံးနဲ့လည်ပင်းကို ခေါင်းနဲ့လိုက်တိုးဝှေ့နေသဖြင့်..

"Aigoo...အာဝုလေးကဗိုက်ဆာနေတာလား"

"မင်းငါ့ကိုနာမည်အမျိုးမျိုးပေးတတ်တယ်နော်..နောက်ထပ်ဘာကျန်သေးလဲ"

"မင်းပုံစံကိုကြည့်ပြီးသင့်တော်သလိုခေါ်ရမှာပေါ့..hahaha!!!.....အခုတော့ အပြင်ကပြန်လာတာဆိုတော့ ရေသွားချိုးတော့"

OxygenWhere stories live. Discover now