Part 24

487 48 12
                                    



ဂျောင်ကုဆီဖုန်းဆက်၍မရသောကြောင့် ဆော့ဂျင် ခေါင်းခြောက်နေရသည်။ သူနဲ့လဲဘာပြဿနာမှမဖြစ်ထား၍ သူ့ကိုရှောင်နေစရာအကြောင်းတော့မရှိ။

"စပရိုက်လုပ်မယ့်သူက အခုကျတော့ ဘယ်ဂြိုလ်ကိုအလည်ထွက်နေပြန်ပြီလဲမသိဘူး...ဟွန်း"

ဂျောင်ကုရဲ့ မန်နေဂျာကိုလှမ်းမေးတော့ သူလဲမသိဘူးဟုပြောသည််။ ဒါပေမယ့် ဂျောင်ကုက တခါတလေ အဲ့လိုပျောက်သွားတတ်လို့ သူ့ဖုန်းထဲမှာ သူမသိအောင် GPS tracker apps တစ်ခုထည့်ထားပေး၍ သူကြည့်ပေးမယ်ဟုပြောသည်။ တော်သေးတာပေါ့ ဒီနေ့စပရိုက်အတိုက်မခံရတော့ဘူးထင်နေတာ..

တအောင့်ကြာတော့ location share လာပေး၍ကြည့်လိုက်တော့ သူတို့ရဲ့ကွန်ဒိုရှိတဲ့နေရာမှာဖြစ်နေသည်။ လက်စသတ်တော့ စပရိုက်လုပ်မယ့်နေရာက သူ့တို့အိမ်လေးထဲမှာပေါ့လေ။

ဆော့ဂျင်ကားကိုအမြန်မောင်းခဲ့၍ သိပ်မကြာခင်ကွန်ဒိုသို့ရောက်သွားသည်။ အခန်းရှေ့ရောက်တော့ ဘဲလ်တီးမလို့ပြင်ပြီးမှ ဂျောင်ကုကိုစချင်တာကြောင့် တိတ်တိတ်လေးဝင်သွားဖို့ ဆုံးဖြတ်လိိုက်သည်။

တံခါးဖွင့်လိုက်တော့...ဖိနပ်နှစ်ရံတွေ့လိုက်ရ၍
ဧည့်သည်ရောက်နေသည်ဟု ထင်လိုက်မိသည်။ ဧည့်ခန်းထဲမှာဘယ်သူ့ကိုမှမတွေ့သောကြောင့် မင်ဂယူနေသွားတဲ့အိပ်ခန်းအပိုရဲ့တံခါးကိုဖွင့်ကြည့်တော့...ဘယ်သူမှမရှိ၍ သူတို့အခန်းကိုဖွင့်မည်အလုပ်..အထဲမှခပ်သဲ့သဲ့ကြားရသော အသံတချို့ကြောင့် အခန်းတံခါးရှေ့ရပ်ကာ ဆော့ဂျင်စိတ်တွေလေးလံလာသည်။

သတ္တိမွေးကာဆွဲဖွင့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက ကမ္ဘာကြီးခဏရပ်တန့်သွားသလိုပင်။ သူ့တစ်ကိုယ်လုံးအေးစက်သွားပြီး စကားလုံးတွေကလည်ချောင်းဝမှာတစ်ဆို့နေသည်။

တံခါးဆွဲဖွင့်လိုက်တဲ့အသံကြောင့် ဂျောင်ကု သတိပြန်ဝင်ကာ လှည့်ကြည့်လိုက်တော့ နှုတ်ခမ်းလေးတွေတဆတ်ဆတ်တုန်ကာ မယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်နေတဲ့ ချစ်ရသူ...။

'ငါက video file လေးပဲပိို့ဖို့လုပ်ထားပေမယ့်.. မျက်စိနဲ့တပ်အပ်မြင်လိုက်ရတော့လဲ သံသယဖြစ်စရာမလိုတော့ဘူးပေါ့ ဆော့ဂျင်ရာ...ဟားဟားဟားးး..'
မင်ဂယူက သူ့အတွေးနဲ့သူ ကျေနပ်စွာပြုံးလိုက်သည်။

OxygenDove le storie prendono vita. Scoprilo ora