Part 19

398 49 9
                                    


ဂျောင်ကုရဲ့ပွဲဦးထွက်သီချင်းက ထွက်ပြီးသုံးလအတွင်းမှာတင်အတော်လေးအောင်မြင်ခဲ့ပြီး music chart တော်တော်များများမှာ 1 to 5 ဝင်နိုင်ခဲ့သည်။
အဲ့နောက်ပိုင်း အင်တာဗျူးတွေ ကြော်ငြာတွေအတွက် ရက်ချိန်းတွေပြည့်နေပြီး သီချင်းနောက်တစ်ပုဒ်ထွက်ဖို့အတွက်လဲပြင်ဆင်နေရသောကြောင့် တစ်နှစ်အတွင်းမှာဆော့ဂျင်နဲ့ လေး.ငါးခေါက်သာတွေ့ဖြစ်သည်။

ဂျောင်ကုကတော့ ဖုန်းထဲမှာ စိတ်ရှုပ်ကြောင်းခနခနပြောသည်။ သူလဲဆော့ဂျင်နဲ့တွေ့ပြီး နားနားနေနေ နေချင်သော်လဲ Entertainment ဘက်ကလက်ခံထားတဲ့အရာတွေဆိုတော့ ငြင်းမရပေ။

ဆော့ဂျင်နဲ့ယွန်းဂီရဲ့ Company ဟာလဲမျှော်လင့်ထားတာထက် ပိုပြီးမြန်မြန်ဆန်ဆန်တိုးတက်အောင်မြင်ခဲ့ပြီး ဆိုးလ်မြို့ရဲ့နံပါတ်ဝမ်း Business Tower တစ်ခုမှာ ရုံးခန်းပြောင်းရွှေ့ဖွင့်နိုင်ခဲ့ပြီဖြစ်သည်။

သူနဲ့ယွန်းဂီလဲ ရုံးမှာအလုပ်ရှုပ်တာကတစ်မျိုး...
နိုင်ငံခြားစျေးကွက်ကိစ္စအတွက်နဲ့ ခရီးတွေတစ်လှည့်စီ သွားလိုက်...
ဆော့ဂျင်ဆိုရင် သူ့အဖေ အရင်ကရှယ်ယာထည့်ထားတဲ့ Company တွေမှာ အစည်းဝေးပြေးတက်ရတာကတစ်မျိုးနှင့် အနားယူချိန်ကိုမရှိပါ။

——————

အဆိုတော်သက်တမ်း ၂နှစ်မှာ...အသံချိုချို. muscle တွေနဲ့တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့အတူ ညာဘက်လက်တစ်ခုလုံး tattoo တွေအပြည့်နဲ့ ဂျောင်ကုဟာ...
ပရိတ်သတ်အင်အားအများကြီးတောင့်ခဲ့ပြီး မိန်းကလေး fan ကပိုများခဲ့သည်။

ဆော့ဂျင် ပုံစံကတော့ ကုမ္ပဏီသို့လာရင် သူဌေးတစ်ယောက်နဲ့လိုက်ဖက်တဲ့ fashion ပုံစံဝတ်စားဆင်ယင်တာအပြင် ကျန်တာမပြောင်းလဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဆော့ဂျင် ပုံစံကတော့ ကုမ္ပဏီသို့လာရင် သူဌေးတစ်ယောက်နဲ့လိုက်ဖက်တဲ့ fashion ပုံစံဝတ်စားဆင်ယင်တာအပြင် ကျန်တာမပြောင်းလဲ...

OxygenWhere stories live. Discover now