ကိုကိုက ဆော့ဂျင်မိဘတွေကို အကြောင်းစုံရှင်းပြထားပြီး ဂျောင်ကုကိုလက်ခံပေးလိုက်ရန်နားချထားပေမယ့် အင်တင်တင်လုပ်နေတဲ့မိဘနှစ်ပါးကိုကြည့်ပြီး ဆော့ဂျင်စိတ်မရှည်တော့။ဂျောင်ကုလက်ကိုတင်းတင်းဆုပ်ကိုင်ကာ...
"ဂျောင်ကုကိုလက်မခံပေးဘူးဆိုရင် ဆေးကုသမှုမခံယူတော့ဘူး။ ကျွန်တော်ဒီထက်ပိုပြီးစကားအများကြီးမပြောချင်တာမို့လို့ ဖေဖေနဲ့မေမေဆုံးဖြတ်ကြပါ"
"ဘယ်လိုပြောလိုက်တာလဲသားလေးရယ် မေမေရင်ကွဲအောင်မလုပ်ပါနဲ့ မေမေတို့ကိုအချိန်လေးနဲနဲပေးပါဦး"
"နမ်ဂျွန်းမိဘတွေကိုလဲ ဖေဖေတို့အသိပေးရဦးမယ်လေ သားရယ် မလောပါနဲ့"
"အဲ့ဒီကိစ္စအတွက်တော့ စိတ်မပူပါနဲ့အန်ကယ်လ် ကျွန်တော့်မိဘတွေကို သေသေချာချာရှင်းပြထားလို့ သူတို့လဲနားလည်ပေးကြပါတယ်။ အန်ကယ်လ်တို့ဖာသာစဉ်းစားဆုံးဖြတ်ကြပါ"
ဆော့ဂျင်ဖခင်က ခေါင်းလေးအောက်ငုံ့ကာစိတ်လှုပ်ရှားနေပုံရတဲ့ ဂျောင်ကုကိုတစ်ချက်လှမ်းကြည့်ကာ...
"လူနှစ်ယောက်ပေါင်းဖက်ဖို့ဆိုတာ ချစ်နေကြရုံနဲ့မပြီးဘူး။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကူညီဖေးမကာကွယ်ရင်း. ယုံကြည်နားလည်ရင်း. တစ်ယောက်ကလမ်းပျောက်ရင်တစ်ယောက်ကလမ်းပြပေးပြီး ၊ ကိုယ့်အတ္တကိုနောက်ပို့ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ ဘဝကိုရှေ့ဆက်ကြရမှာ။
နှစ်ယောက်စလုံးအဲ့ဒီလိုလုပ်နိုင်ပါတယ်လို့ ယုံကြည်ချက်ရှိကြလား"
တစ်ချိန်လုံးငြိမ်နေတဲ့ဂျောင်ကု...
"ကျွန်တော်တို့ယုံကြည်ချက်ရှိပါတယ်..ဆော့ဂျင်ကိုတစ်သက်လုံးကျွန်တော်စောင့်ရှောက်သွားမှာပါ။ ဆော့ဂျင်စိတ်ချမ်းသာဖို့ကိုပဲဦးစားပေးပြီး ကျွန်တော့်ရဲ့မကောင်းတဲ့အမူအကျင့်မှန်သမျှကို ပြုပြင်ပြောင်းလဲပစ်မှာပါ။ ကျွန်တော်အဲ့ဒီလိုလုပ်ဖို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိလို့ ဒီကိုလိုက်လာခဲ့တာပါ ဖေဖေ"
ဆော့ဂျင်ဖခင်က ယုံကြည်မှုအပြည့်နဲ့လေးလေးနက်နက်ပြောလာတဲ့ဂျောင်ကုစကားကို ခေါင်းတညိမ့်ညိမ့်နဲ့နားထောင်ပြီး အဆုံးသတ်မှာသူ့အာဖေဖေလို့ခေါ်လိုက်၍ မျက်ခုံးတစ်ချက်ပင့်တက်သွားသည်။
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰