ဂျောင်ကုတို့မိသားစုအကြောင်းကို ဂျီမင် ကနေတစ်ဆင့်သူအကုန်ကြားထားပြီးသားဖြစ်သည်။
ဂျီမင်က တမင်တကာနှုတ်ဖွာတာမဟုတ်ပဲ တဖြည်းဖြည်းရင်းနှီးလာပြီဖြစ်တဲ့သူငယ်ချင်းဆက်ဆံရေးကြောင့် သိထားရအောင် ပြောပြထားခြင်းသာဖြစ်သည်။
————
ဂျောင်ကုအဖေနဲ့အမေက မိဘချင်းသဘောတူပြီးပေးစားထားတာဖြစ်ပြီး...ဂျောင်ကုအဖေကတော့ လူကြီးတွေ မစီစဉ်ပေးခင်ကတည်းက ဂျောင်ကုအမေကိုတစ်ဖက်သတ်ချစ်ခဲ့ရတာဖြစ်သည်။ ဂျောင်ကုအမေမှာ ချစ်ရတဲ့သူရှိနေတာကြောင့် ဂျောင်ကုအဖေကို ငြင်းဆန်ပေးဖို့တောင်းပန်သော်လဲ မလိုက်လျောခဲ့တာကြောင့်...မချစ်မနှစ်သက်ပါပဲ လူကြီးတွေအတင်းအကြပ်စီစဉ်မှုကိုမလွန်ဆန်နိုင်ကာ လက်ထပ်လိုက်ရခြင်းသာဖြစ်၏။
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုပိုမိုဆိုးရွားသွားစေတဲ့အကြောင်းအရင်းကတော့...ဂျောင်ကုမိခင်ရဲ့ချစ်ရသူဟာ အဲ့ဒီကိစ္စကြောင့်အရက်အလွန်အကျွံ့သောက်ပြီးကားအက်စီးဒင့်ဖြစ်ကာသေဆုံးသွားသောကြောင့် ခင်ပွန်းဖြစ်သူကိုအမုန်းကြီးမုန်းနေခြင်းပင်ဖြစ်သည်။ဂျောင်ကုဖခင်ဘက်က အိမ်ထောင်ရေးအဆင်ပြေအောင် ဘယ်လိုမှလိုက်ပြီးညှိနှိုင်းလို့မရသည့်နောက်မှာတော့...ဇနီးဖြစ်သူကို ဥပေက္ခာပြုခြင်းဖြင့်သာအဆုံးသတ်လိုက်သည်။
မိခင်နဲ့ဖခင်တို့ရဲ့မပြေလည်မှုကြားမှာ မြေစာပင်ဖြစ်ရသူက ဂျောင်ကု...
သားကိုချစ်ကြသော်လဲ နှစ်ယောက်ကြားမှအေးစက်တဲ့အစိုင်အခဲတွေကြောင့် သူများတွေလိုနွေးထွေးတဲ့မိသားစုဆက်ဆံရေးမျိုးကို ဂျောင်ကုတစ်ယောက်မရရှိခဲ့..။ငယ်စဉ်ကတည်းက ကျောင်းမှာကိစ္စတစ်ခုခုရှိလို့ မိဘများတက်ရောက်ရမည့်ကိစ္စများရှိလျှင် မိခင်ဖြစ်သူကခင်ပွန်းဖြစ်သူအားအသိမပေးပဲ တစ်ယောက်ထဲတက်လေ့ရှိသည်။ ဂျောင်ကုအသိပေးလို့ ဖခင်ဘက်ကလိုက်မယ်ပြောလျှင် မိခင်ဖြစ်သူက သူမ မလိုက်တော့ဟုငြင်းဆန်သည်။
ဂျောင်ကုဟာကလေးဘဝကတည်းက..ကျောင်းမှာတစ်နေ့လုံးပျော်ရွှင်နေရသလောက် ကျောင်းဆင်းချိန်ရောက်လျှင် ခြောက်သွေ့နေတဲ့အိမ်ကိုပြန်ဖို့တွန့်ဆုတ်နေတတ်သည်။
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰