Part 13

409 51 10
                                    


ကိုကိုနဲ့လမ်းခွဲပြီး taxi ခေါ်ကာ ဆော့ဂျင်အိမ်ကိုပြန်ခဲ့သည်။ အိမ်ပြန်တဲ့လမ်းမှာ ဂျီမင်ပို့ထားတဲ့ message တွေဖတ်ကြည့်တော့ 'ဂျောင်ကုကသူဘာမှမဖြစ်ပါဘူး ဆော့ဂျင်ဆီသူပြန်ဆက်သွယ်လိုက်မယ်' လို့ပြောသည်တဲ့။ ဒီအချိန်မှာသူစိတ်အပူဆုံးအရာက ဂျောင်ကုရင်ထဲကခံစားချက်တွေပဲဖြစ်သည်။ ထိုစဉ် ဂျောင်ကုဆီမှဖုန်းဝင်လာ၍ သူချက်ချင်းကိုင်လိုက်သည်။

"ဆောရီး ဆော့ဂျင်...ညကနောက်ကျနေလို့ ဖုန်းမကိုင်လိုက်တာ. ဒီမနက်လဲ မင်းဆက်တဲ့အချိန် ငါအိပ်ယာကမနိုးသေးလို့။ အဲ့မှာ ဘယ်လိုလဲ အစစရာရာအဆင်ပြေရဲ့လား ဆော့ဂျင်"

ဘာမှမဖြစ်တဲ့လေသံနဲ့ပြောနေတဲ့ဂျောင်ကုကို သူဘာပြန်ပြောရမှန်းမသိ. မသိချင်ယောင်ဆောင်နေတာ ဘာအတွက်လဲ. ဒါဂျောင်ကုရဲ့ပုံစံမှမဟုတ်တာ။ အရေးကြီးစကားဆိုတော့ ကားပေါ်မှာပြောလို့သိပ်အဆင်မပြေတာကြောင့်...

"ပြေတယ် ဂျောင်ကု..ငါအခု ကားပေါ်မှာ အိမ်ပြန်နေတာမို့လို့ ရောက်ရင် video call ခေါ်လိုက်မယ်နော် မင်းအချိန်ရတယ်မလား"

"ဟင့်အင်း..ခနနေရင် ငါအပြင်သွားစရာရှိတယ်။
လောလောဆယ် ဘာလုပ်စရာမှမရှိသေးတော့ အပျင်းပြေအောင် bar တစ်ခုမှာ ငါသီချင်းဆိုမလို့လေ...အဲ့ဒီကတာဝန်ခံနဲ့ စကားသွားပြောကြည့်မလို့"

"အဲ့ဒါဆိုလဲ ညကျမှဆက်လိုက်မယ်"

"ညကျရင်လဲငါမအားလောက်ဘူး..ငါသီချင်းဆိုမှာ ဒီညကစဖြစ်ဖို့များတယ်"

"ငါ့ကိုစိတ်ဆိုးနေတာလား ဂျောင်ကု"

"ငါစိတ်ဆိုးရမယ့်ကိစ္စမင်းလုပ်ထားတာရှိလို့လား ဆော့ဂျင်"

မသိချင်ယောင်ဆောင်ထားပြီး ငါ့ကိုဖြေရခက်တဲ့မေးခွန်းကို မေးနေတာလားဂျောင်ကု...

"မင်းသွားစရာရှိတယ်ဆိုရင်လဲ ဒါပဲလေ. မင်းအားတဲ့အချိန်ကျမှ ထပ်ပြောကြတာပေါ့"

"အင်း..ဒါဆိုဖုန်းချပြီနော် ဘိုင့်"

သူနုတ်ဆက်တာတောင် နားမထောင်ပဲ ဂျောင်ကုက ဖုန်းချသွားသည်။ ငါ့ကိုပေါက်ကွဲပစ်လိုက်ရင်တောင်ပိုကောင်းဦးမယ်...အခုတော့ ဒါကဘာအခြေနေကြီးလဲ ဂျောင်ကုရာ။

OxygenWhere stories live. Discover now