နေ့လည် အားကစားချိန်မှာ ဂျောင်ကု Basketball ဆော့အပြီး...ဆော့ဂျင်ရှိမယ့် Tennis ခန်းဘက်သို့လျှောက်လာခဲ့လိုက်သည်။ဆော့ဂျင်ကိုမျက်လုံးဝေ့ရှာလိုက်တော့..အလွတ်ရနေတဲ့ကျောပြင်ငယ်ကိုစူးစိုက်ကြည့်ရင်း တုန်ရင်နေတဲ့ရင်ဘတ်အစုံကိုထိန်းချုပ်ကာ အော်လိုက်မိသည်။
"ကင်မ်ဆော့ဂျင်!!... အဲ့ဒါဘာလုပ်နေတာလဲ!!!"
ဂျောင်ကုတွေ့လိုက်သည်က ဂျီယောင်းနဲ့နမ်းနေတဲ့သူ့ရဲ့ဆော့ဂျင်. လူတွေရှေ့မှာတောင်လေ...
ဂျောင်ကုအသံကြောင့် ဆော့ဂျင်ကိုယ်လေးတုန်သွားပြီး လှည့်ကြည့်လာသည်။ ကျန်တဲ့သူတွေရဲ့အသံတွေပါတိတ်ဆိတ်သွားပြီး အားလုံးရဲ့အကြည့်တွေကဂျောင်ကုဆီရောက်သွားပြီးနောက်...တစ်ဆက်တည်းမှာပဲ ဆော့ဂျင်ရှိရာဆီရောက်လာကြပြန်၏။
ဆော့ဂျင်နဲ့နီးကပ်စွာရှိနေတဲ့ ဂျီယောင်းလဲကြောင်တောင်တောင်လေးဖြစ်ကာ...အခုလက်ရှိအခြေအနေကိုနားမလည်နိုင်ဖြစ်နေသည်။
"ဆော့ဂျင်...ဂျောင်ကုနဲ့ နင် ဘာဖြစ်ထားလို့လဲ . သူကဘာလို့နင့်ကိုလှမ်းအော်နေတာလဲ"
ဆော့ဂျင် အခြေအနေကိုဆက်စပ်တွေးကာ...
"ဘာဖြစ်တာလဲငါနားလည်ပြီ ဂျီယောင်း..ဂျောင်ကုနောက်ကိုလိုက်သွားလိုက်ဦးမယ်"
နေရာကနေချာခနဲလှည့်ထွက်သွားတဲ့ဂျောင်ကုနောက်ကို ဆော့ဂျင်အပြေးတစ်ပိုင်းလိုက်လာရင်း...အနားသို့အရောက်မှာ လက်မောင်းကိုလှမ်းဆွဲတော့ ဂျောင်ကုကပြန်ဆောင့်ရုန်းသည်။
"ဂျောင်ကု မင်းထင်သလိုမဟုတ်ဘူးနော်..."
ဂျောင်ကုလက်ကိုထပ်ဆွဲရင်း ဆော့ဂျင်ပြောတော့ ဂျောင်ကုက ကျောခိုင်းလျက်ကပင် တုန်ရင်နေသောအသံဖြင့်....
"ငါ့နောက်ကိုလိုက်မလာနဲ့ ဆော့ဂျင်"
"မရဘူးဂျောင်ကု အခုငါပြောတာကိုနားမထောင်ပေးရင် မလိုအပ်ပဲ မင်းစိတ်ကိုပင်ပန်းစေလိမ့်မယ်...ငါနဲ့လိုက်ခဲ့"
ဆော့ဂျင်မှာ ဂျောင်ကုကို ကျောင်းခေါင်မိုးထပ်ရောက်အောင် မနည်းဆွဲခေါ်လာခဲ့ရသည်။
အပေါ်ရောက်တော့ ဘယ်သူမှတက်မလာအောင် တံခါးကို အနားကခုံတစ်လုံးဖြင့်ထောက်ကာပိတ်ထားလိုက်၏။
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰